Wednesday, December 18, 2013

ဘော်လုံး (အားကစား) နဲ့ နိုင်ငံရေး ဆက်နွယ်မှု


ဆီးဂိမ်း မှာ မြန်မာဘော်လုံး အသင်း ရှုံး တာကို တော်တော် ခံပြင်း ကြပါတယ်။

တခါမှ မရှုံးဖူးပဲ ရှုံးရတာဆိုရင် တမျိုးပေါ့။ အခုတော့ မြန်မာ့ ရှုံးပွဲကို အဆန်းတကျယ် လုပ်နေတယ် လို့ မြင် မိ ပါတယ်။ ဟုတ်ပါတယ်။ ဒူဝါ တသက် အားပေးလာသမျှ မြန်မာ့ ဘော်လုံးအသင်း ဘယ်တော့မှ အနိုင်နဲ့ ပြန်လာတာ မရှိသလောက် ပါပဲ။

တချို့က ဒိုင် ကို အပစ်တင်ကြတယ်။ တချို့က နည်းပြ၊ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဠ် ကတော့ ကစားသမား များကို အပစ်တင် သလိုလို နဲ့ ရေးထားတာ တွေ့ရတယ်။

Monday, December 16, 2013

အခြေခံ ဥပဒေ ပြင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ကို သီးသန့် မြင်နိုင်ရမည်။

အခြေခံ ဥပဒေ ပြုပြင် ရေးဆွဲရေးအတွက် NLD ပါတီဝင် ပြည်သူများ စုရုံးကြစဉ်။ 
အန်အယ်ဒီပါတီကို အားပေး နေတဲ့ သာမန်လူငယ် တော်တော်များများဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် အဓိက လိုအပ်ချက် ဆိုပြီး ရှေ့တန်းတင် ဆွေးနွေးလာတာ တွေ့ရတယ်။ တဖက်မှာလဲ စစ်ဝါဒီတွေက ဒီအချက်ကိုပဲ အဓိက ထောက်ပြပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲရေး (သို့) အသစ်ရေး ဆွဲရေး ဆိုပြီး ပြောကြဆိုကြတဲ့ အထဲမှာ ဒေါ် အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ကြိုးစားနေတယ် ဆိုပြီး ကလော်လာတာ တွေ့ရပါတယ်။

Friday, December 13, 2013

အတိုက်အခံခေါင်းဆောင် ဆိုတဲ့ နာမည်ကို ခါးသီး နေသူများသို့......



မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်မျှ အတိုက်အခံ ဆိုတဲ့ ခေါင်းစဉ်ဟာ လူဆိုး ဖြစ်နေခဲ့တာပါ။ အဲဒီရဲ့ အကျိုးဆက်ကတော့ မြန်မာနိုင်ငံသားတွေရဲ့ စိတ်မနောမှာ ညှိကျန်ခဲ့တာပဲ။ အဲဒါကတော့ အတိုက်အခံ ဆိုတာ သူပုန် ပုံစံ ဖြစ်သွားပါတယ်။ အတိုက်အခံ လုပ်သူဟာ အဆိုးမြင် ပေါ့။

လူ့အခွင့်အရေး နဲ့ ဒီမို ဟာ မြန်မာ့အမျိုးသားရေး ရန်သူလား?


ဒီပိုစ့်က Michael Thu ကို တိုက်ခိုက်တဲ့ ပိုစ့် မဟုတ်ဘူးနော်။
သူ့ပိုစ့်မှာ မန့် မရလို့ ဒီမှာ တင်ဆွေးနွေးတာပါ။

အကောင်းမြင်မခံရတဲ့သူများရဲ့ နောက်ကွယ်က ကောင်းခြင်းမင်္ဂလာ


အင်အားကြီးသူ နဲ့ ဖိနှိပ်သူ လူတန်းစားများဟာ အင်အားနည်းသူ၊ သူတို့ ဖိနှိပ်ထားသူများရဲ့ ကောင်းကွက်ကို အမြဲတမ်း ချိုးနှိမ်ထားတတ်ကြပါတယ်။

အခုလဲ ကြည့်ပါ။ တောင်အာဖရိကနိုင်ငံရဲ့ တော်လှန်ရေး ခရီးစဉ်မှာ အမြဲတစေ ကူညီခဲ့တဲ့ Cuba နိုင်ငံနဲ့ ခေါင်းဆောင်များကို အင်အားကြီးနိုင်ငံနဲ့ နိုင်ငံတကာ မီဒီယာ တွေက အကောင်းမြင်ခဲ့တာ မဟုတ်ပါဘူး။ နယ်လ်ဆင် မန်ဒဲလား လွတ်မြောက်ခြင်း နဲ့ Apartheid ဥပဒေ ချုပ်ငြိမ်းဖို့ လောက်သာ လူဖြူနိုင်ငံတချို့က ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်လာဖို့ ကျူဘား နိုင်ငံသားတွေ ကျခဲ့တဲ့ သွေးတွေအတွက် အသိအမှတ်ပြု မခံရပါဘူး။

Thursday, December 12, 2013

ကိုယ့်ဆီမှာ ရှိဖို့တော့ မကြိုက်.. သူများဆီကိုတော့သွားမယ်။ တဲ့



Trinity College ဆိုတာ သုံးပါး တစ်ဆူ ကောလိပ် ပါ။ ခရစ်ယာန် ကျောင်း ဆိုပါတော့။

မြန်မာနိုင်ငံသားတွေ နိုင်ငံခြားတိုင်းပြည်တွေမှာ ရှိတဲ့ ခရစ်ယာန် သက္ကသိုလ် တွေမှာ ၀င်ခွင့်ရဖို့ တော်တော် ကျိုးစားကြပါတယ်။ ၀င်ခွင့်ရရင်လဲ ၀မ်းသာအားရ ကြွားလုံးထုတ်တတ်ကြပြီး တကယ်လဲ ထက်ထက်မြတ်မြတ် ပညာသင်ကြပါတယ်။

SEA Games 2013 မှာ ကမ္ဘာကျော်တဲ့ မြန်မာ့သတင်းများ။


SEA Games 2013 ဟာ မြန်မာက ကမ္ဘာကို အစွမ်းပြလိုက်တဲ့ပွဲ ဖြစ်တယ် "မြန်မာ့ အမျိုးသားအောင်ပွဲ" လို့ တချို့က ဆိုကြပါတယ်။

ဒူဝါကလဲ အင်္ဂလိပ်စာတွေ နဲနဲ ဖတ်တတ်တော့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဘာရေးထားတယ် ဆိုတာ သိနေတယ်။ မြန်မာ့ ညစ်ပုံ ညစ်နည်း နာမည်ကြီးသွားတာကတော့ အသေအခြာ ပါ။

ဘာတဲ့။

KIA နဲ့ မူဆလင် ကို တွဲထားခြင်း ရဲ့ ရည်ရွယ်ချက်များ။

KIA နဲ့ မူဆလင် ကုလား အဖွဲ့ ဆိုတဲ့ ၀ါဒဖြန့် လော်နေတာ အွန်လိုင်းမှာပဲ စိတ်မနံ့တဲ့ လူတစုလို့ပဲ ထင်မိတာ နေပြည်တော် စည်ပင်ဆိုင်းပုတ်မှာ တောင် ရောက်နေတယ်။

ဒီတော့ ပေါ့သေးသေး တော့ ထားလို့ မရတော့ဘူး။ ဝေဖန်ကြည့်တာပေါ့။

ရေးထားတာက KIA နဲ့ မူဆလင် အကြမ်းဖက်သမားတွေက ဗုံးခွဲဖို့ ကြံတာတဲ့။ ဗိုလ်ကြီးအဆင့်တွေက ကရင်လူမျိုးတွေ ဖြစ်သွားပြန်တယ်။ နောက် ကချင် တစ်ယောက်က ဗမာ နာမည်နဲ့ ဖြစ်ပြန်ရော။

Tuesday, December 10, 2013

အာဏာရှင်များရဲ့ လုပ်နည်း လုပ်ဟန်များ

အာဏာရှင်များသည် အကျိုးတူ နောက်လိုက်အမာခံများ ရှိခြင်းကြောင့် အာဏာတည်နေခြင်း ဖြစ်သည်။ အာဏာရှင်များ အတွက် အလိုအပ်ဆုံး အရာမှာ အာဏာတည်မြဲဖို့သာ ဖြစ်သည်။ အာဏာတည်မြဲဖို့ မည်သည့် နည်းမဆို လက်တွန့်မနေတော့ပေ။ သူတို့ အဓိက သုံးတတ်သော နည်းစနစ်မှာ နောက်လိုက်များ အပေါ် မဟုတ်မမှန် ၀ါဒမှိုင်းတိုက်ပြီး အုပ်ချုပ်ခြင်း ဖြစ်သည်။ ကိုယ်ပိုင်အကျိုးကို နိုင်ငံ့အကျိုး ဖြစ်သယောင် ပြောသည်၊ ကိုယ်ပိုင်အာဏာ ကို နိုင်ငံ့ အချုပ်အချာ အာဏာ ဖြစ်သယောင် ဟောသည်။ ကိုယ့်သိက္ခာကို နိုင်ငံ့သိက္ခာဟု သုံးနှုန်းသည်။ ကိုယ့်ကို ဝေဖန်ရင် နိုင်ငံတောင်ကို ဝေဖန်သယောင် ပြောတတ်လေသည်။

တိုင်းရင်းသား ၁၃၅ မျိုး ဆိုတာ တကယ်မရှိတဲ့ လူမျိုးကို ခေါ်သည်။

မြန်မာ့နည်း မြန်မာ့ဟန် ပညာရှင်များ အဖွဲ့ရဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲက ကချင် အုပ်စု ဖြစ်ပါသတဲ့။

Friday, December 6, 2013

ခရစ္စမတ် ကို တော်လှန်ရေး အမြင်ဖြင့် ရှုမြင်ခြင်း



တော်လှန်ရေး ဆိုတာ ဖိနှိပ်သူ လူတန်းစား ရှိနေလို့ ဖြစ်လာရတာချည်းပါ။

ဒါကြောင့် ဖိနှိပ်သူ လူတန်းစား ရှိနေသမျှ တော်လှန်ရေး ဆိုတာလဲ ရှိနေအုံးမှာပဲ။

ဖိနှိပ်သူ လူတန်းစား ဆိုတာလဲ ပုံစံအမျိုးမျိုးပြောင်းတတ်ကြပါတယ်။ ဒါကြောင့် တချို့က တော်လှန်ရကောင်းမှန်းတောင် မသိလိုက်တာတွေအများကြီးပါ။

ဥပမာ...

Tuesday, November 19, 2013

လူမျိုးတိုင်းမှာ အမှီအခိုကင်းတဲ့ ဘ၀ လိုအပ်တယ်။

ကချင်ပြည်နယ်မှာ ဆင်းရဲတယ် ဆိုတာ ဟုတ်တယ်... ဒါပေမယ့် အဲလို ဆင်းရဲအောင် ကချင်ပြည်သူတွေ ရွေးချယ်ခဲ့တာ မဟုတ်ဘူး။

ကချင်ပြည်နယ်မှာ ဖွံ့ဖြိုးရေး လုပ်ပေးချင်တယ် ဆိုပြီး တက်လာတဲ့ စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေ... ဖါးကန့်က ကျောက်လဲ ကုန်ပြီ ဖါးကန့်လမ်းတောင် ကောင်း အောင် မလုပ်ဖြစ်သေးဘူး.. ပူတာအိုမှာ ဖွံ့ဖြိုးရေး ပြန်လုပ်ချင်ပြီတဲ့....

ပူတာအို က ဆင်းရဲသားတွေကိုမှ ရွေးချစ်ရတဲ့ အကြောင်းရင်းကလဲ စဉ်းစားစရာ ပေါ့ကွာ... ရန်ကုန်လို မြို့ကြီးနားက ကျူးကျော်ရပ်ကွက်နေကလေးတွေ.. လက္ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ ကလေးတွေကော ကျောင်းမတက်ချင်ဘူးတဲ့လား... 

Tuesday, November 5, 2013

ကချင်လူငယ်များ ဆုတောင်းသံ

(“ကျုပ်တို့လိုအပ်နေတာ ဆန်လဲ မဟုတ်.. ဆားလဲ မဟုတ်.. နေစရာ အိမ်လဲ မဟုတ်ဘူး... ကျုပ်တို့ကို ဘာမှ ပေး စရာ မလိုဘူး... ဗမာ စစ်တပ်ပြန်ရုတ်သိမ်းသွားဖို့ ကမ္ဘာကို ပြောပေးပါ... ဗမာ စစ်တပ် ပဲ ရှိနေသမျှ ဘယ်တော့မှ မငြိမ်းချမ်းဘူး.. သူတို့ မဖျက်ဆီး ပေးရင် ကျုပ်တို့ ဘာသာ ဘာမဆို ရှိလာအောင် ပြန်လုပ်ယူလို့ ရတယ်...” လို့ ဆိုသတဲ့။)

မြစ်ကြီးနားမြို့မှ ကချင်လူငယ်များ ၀တ်ပြုအစည်းအဝေး

နှလုံးသားမှာ ဆာငတ်နေတဲ့ လွတ်လပ်ခြင်း အတွက် ၀ိုင်းဝန်းဆုတောင်းကြတယ် လို့ ဆိုပါတယ်။

အဲဒီ ဆုတောင်းအစည်းအဝေး ကတော့ နှစ်ခြင်းလူငယ်များနေ့ အတွက် အထူးနေ့ ဆုတောင်းအစည်းအဝေး အစီအစဉ်ပါ။ ဒါပေမယ့် ခံစားနေရတဲ့ ဝေဒနာ တွေ အောက်မှာ သူတို့ မတိုင်ပင်ပဲ ဆုတောင်းဖြစ်တာက “လွတ်မြောက်ရေး” အတွက် ပါ။

ဒီနေ့ ကချင်ပြည်နယ်ဟာ တိုးတက်သင့်လျှက် မတိုးတက်တဲ့မြေ၊ မဆင်းရဲသင့်ပဲလျှက် ဆင်းရဲနေရတဲ့နယ် ပါ။

Wednesday, October 30, 2013

တရားတဲ့ နည်းလမ်းနဲ့ မြန်မာပြည်ကြီးကို မအုပ်ချုပ်နိုင်ရခြင်း အကြောင်းများ။


မြန်မာပြည်ရဲ့ ပြည်တွင်း စစ် ပြဿနာကို အမျိုးမျိုးတွေးတောယူဆ ကြပါတယ်။ အထူးသဖြင့်၊ ဗမာခေါင်းဆောင်များ စိုးမိုးထားတဲ့ ဗဟိုအစိုးရ နဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသား လူနည်းစု ပြည်နယ်များကြား အာဏာခွဲဝေရေးနဲ့ ပတ်သက်ပြီး ပြောကြဆိုကြတဲ့ အခါ၊ မြန်မာပြည်ကြီးကွဲသွားဖို့ အရေးကို တွေးပူတဲ့ အကြောင်း အလေးထားပြောကြတာ တွေ့ရတတ်ပါတယ်။

ဗမာ၊ ဗမာ လို့ ပြောကြတဲ့ အခါ ဗမာ သူငယ်ချင်းတွေက မကြိုက်တတ်ပါဘူး။ ဗမာ မဟုတ်ဘူး၊ စစ်တပ်ပါ၊ လို့လဲ ဆိုတတ်ပါတယ်။ ဟုတ်ပါတယ်။ မှန်သင့်သလောက် မှန်ပေမယ့် တကယ့်တကယ် ဗမာစစ်ခေါင်းဆောင်ကြီးတွေနဲ့ ဗမာနိုင်ငံရေး ခေါင်းဆောင်တိုင်းမှာ တူညီနဲ့ ယူဆ ချက်ရှိတယ်။ အဲဒါကတော့ မြန်မာပြည်ကြီးကို တရားနည်းလမ်းတကျ အုပ်ချုပ်လို့ မရနိုင်ဘူး ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ယဉ်ကျေးတဲ့ နိုင်ငံတွေလို တရားနည်းလမ်းတကျ၊ အရှက်တရား၊ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး တွေကို တန်ဖိုးထားပြီး အုပ်ချုပ်ရင်၊ အင်္ဂလိပ်အစိုးရ လို လွတ်လပ်ရေးတွေ ပေးလိုက်ရတော့မယ်။ တကယ့်တကယ် စားပွဲပေါ်မှာ ကမ္ဘာ့လူထုရှေ့ အားရ ပါးရ နိုင်ငံရေးစကား လွတ်လွတ်လပ်လပ် ငြင်းခုန်ကြ၊ ပြောကြစတမ်း ဆိုရင် တိုင်းရင်းသား နယ်တွေဟာ လွတ်လပ်ရေး မပေးလို့ မရတဲ့ အနေအထား ဖြစ်နေပါတယ်။ အဲဒါ အမှန်တရားပါ။ ကချင်၊ ရှမ်း၊ ကယား၊ ချင်း နယ်မြေတွေဟာ ဗမာဘုရင်များ မပိုင်ခဲ့ပါဘူး။ ဗမာ ဘုရင်များ ကျဆုံးသွားသည့်တိုင်အောင် တိုင်းရင်းသား နယ်မြေတွေဟာ နှစ်ပေါင်း တော်တော်ကြာတဲ့ အထိ အင်္ဂလိပ် အောက် မရောက်သေးပါ။ လွတ်လပ်ရေး ပေါင်းယူကြတဲ့ သမိုင်းအမှန်ကိုတောင် လိမ်ထားဆဲ အဖြစ်အပျက်က သက်သေပြ နေပါတယ်။ ဥပမာ.. ပင်လုံညီလာခံ ကို ကျောင်းသင်ခန်းစာ တွေမှာ ဘယ်တော့မှ မထည့်ခဲ့ပါ။ မြန်မာပြည် သမိုင်းကျောင်းသားတွေ ဘွဲ့သာ ရသွားတယ်၊ ပင်လုံစာချုပ်အကြောင်း တခါမှ မမြင်ဘူးပါ။ အထူးသဖြင့် အင်္ဂလိပ်ခေတ်မှာတောင် ကချင်ပြည်နယ်ဟာ အချုပ်အချာ အာဏာပိုင် ကချင်ဒူဝါများ ကိုယ်ပိုင် နယ်စားများ အုပ်ချုပ်ခဲ့တဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး ဆိုတာ အနည်းဆုံး အခွင့်အရေး ကို တောင်းဆို နေခြင်း ဖြစ်တယ်။ တကယ်တော့ ကိုယ့် နိုင်ငံ ကိုယ် လွတ်လွတ်လပ်လပ် တည်ထောင်ခွင့် ရှိတဲ့ လူမျိုးတွေ ဖြစ်တယ်။

Saturday, October 26, 2013

သက်တန့်ရောင် ဘာဖြစ်လို့ လှနေသလဲ...

အရောင်စုံလို့ လှတယ် လို့ ပြောကြပါတယ်။

မူကြိုကလေးတွေရဲ့ အကြိုက်လဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကလေးတွေဟာ ဖြူစင်တယ်။ သူတို့မှာ စစ်မှန်တဲ့ စိတ်သဘောထားရှိတယ်။ အရွယ်ကြီးလာလေ အရောင်စုံတာ မကြိုက်လေ ဖြစ်တတ်တယ်။ တဲ့။ အဲဒါ အရောင်တခုခု ကို အကြိုက်တွေ့လာလို့လဲ ဖြစ်ပါတယ်။

အရောင်တွေစုံတယ်၊ တရောင်နဲ့ တရောင်ကြား ညီမျှမှု (Harmony) ရှိတယ်။ အဲဒါ သက်တန့်ရဲ့ ငြိမ်းချမ်းခြင်း လက္ခဏာ ပါ။

အဲဒါကြောင့် ဒီနေ့ ခေတ်သစ် ကမ္ဘာမှာ ပညာရှင်တွေ ပြောနေတာက ကမ္ဘာမြေလှပ စေဖို့ အရောင်တွေ စုံတဲ့ Unity in Diversity သဘောတရားကို လက်ခံရမယ်၊ လို့ ဆိုပါတယ်။ တစ်ရောင်ထဲ ထီးထီးရှိခြင်း Uniformity သဘောတရား မဟုတ်ပါ။

မြန်မာပြည်ကြီးရဲ့ ပြဿနာ ကတော့ Uniformity သမားတွေ ကြောင့်ပါ။ ကိုယ့်အရောင်နဲ့ မတူရင် ကိုက်မယ် ဖဲ့မယ်... တိုက်မယ် သတ်မယ်.. ခုတ်ဟေ့.. ချဟေ့.. ဆိုတဲ့ သဘောတွေ ကြောင့် ဖြစ်ပါတယ်။

မတူညီတဲ့ သဘောတရား၊ ဘာသာတရား၊ ယဉ်ကျေးမှု၊ လူမျိုး၊ အသားအရောင် အားလုံးကို လေးစား တတ်တဲ့ စိတ်ထားဟာ သက်တန့် ရောင်ဝါဒ ဖြစ်ပါတယ်။ အဲဒါဟာ ငြိမ်းချမ်းခြင်း ရဲ့ ဇစ်မြစ်ပါပဲ။

ဖက်ဒရယ် ကို ဘာဖြစ်လို့ ကြောက်နေသလဲ?

ဖက်ဒရယ် ကို ကြောက်နေခြင်းဟာ လူမျိုးတမျိုး၊ သို့ မဟုတ် လူတစ်စု က အာဏာ ကို လက်မလွတ်ချင်လို့သာ ဖြစ်ပါတယ်။

ဒီအတွက် ဖက်ဒရယ် ဟာ နိုင်ငံကို ခွဲထွက်စေတယ် လို့ အကြောင်းပြပါလိမ့်မယ်။

မအောင်မြင်ခဲ့တဲ့ ဖက်ဒရယ် တိုင်းဟာ အာဏာရှင်ကြောင့်သာ ဖြစ်ပါတယ်၊ တနည်းပြောရရင် ဒီမိုကရေစီ ကင်းမဲ့တဲ့ ဖက်ဒရယ် စနစ်ကြောင့် ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ် မစစ်လို့ ဖြစ်တယ်။ စစ်မှန်တဲ့ ဖက်ဒရယ် စနစ်မှာ ခွဲထွက်စရာ အကြောင်းမရှိ။

အောင်မြင်နေတဲ့ ဖက်ဒရယ် နိုင်ငံတိုင်းက ခွဲထွက်ဖို့ ဘယ်တော့မှ မဖြစ်နိုင်ပါ။ ခွဲထွက်စရာလဲ မလိုပါ။

မြန်မာနိုင်ငံလဲ ပြည်တွင်းစစ်အားလုံး ရပ်တန့်ဖို့ ဖက်ဒရယ် ကို သုံးကြစို့။ နိုးထ သင့်ပါပြီ။

မော်တော်ယဉ် တင်သွင်းမှု ပေါ်လစီ ရန်ကုန် တနေရာထဲ မကြည့်ပါနဲ့။

မော်တော်ယဉ် တင်သွင်းမှု သို့မဟုတ် လိုင်စင်ပေးမှု နဲ့ ဆိုင်တဲ့ ပေါ်လစီ ချမှတ်ရာမှာ ရန်ကုန် အခြေအနေ လောက်သာ မကြည့်ပဲ နယ် အသီးသီး မှာ ကိုယ် တတ်နိုင်တဲ့ ယဉ်အမျိုးအစား နဲ့ မော်ဒယ် ၀ယ် သုံး နိုင်အောင် ဖွင့်ပေးထားသင့်ပါတယ်။

လိုင်စင် ပေးတာလဲ အကန့်အသတ်မရှိပဲ ဘယ်အချိန် လာလုပ်လုပ် လုပ်ခွင့်ဖွင့်ထားပေးသင့်ပါတယ်။ ယဉ်ကြပ်တဲ့ မြိုပြတွေအတွက် ကတော့ ဒေသန္တရ အခြေအနေပေါ် မူတည်ပြီးတော့ ယဉ်မ၀င်ရ နယ်မြေတွေ သတ်မှတ်ပါ။ ပြီးတော့ မြို့ဝင် ဘီးခွန် ဆောင်ထားပြီးသား ယဉ် တွေကိုပဲ ယဉ်ဝင်ခွင့် ပေးတာမျိုးတွေနဲ့ ကန့်သတ် နိုင်ပါတယ်။

ဥပမာ တရုတ် နိုင်ငံမြို့ကြီး အချို့မှာ ဟောင်းနေတဲ့ကား၊ မော်ဒယ် အောက်နေတဲ့ ယဉ်တွေ မြို့ထဲ ၀င်လို့ မရပါဘူး။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာ ဘယ်လို ယဉ်အမျိုးအစား ကိုပဲ သုံးရမယ် ဆိုတာ မရှိပါ။ တောရွာ တွေမှာ ဘယ်လောက် ဟောင်းတဲ့ ယဉ်ဖြစ်ဖြစ် လိုင်စင် ပေးတယ်။ သုံးနေကြတယ်။ အဆင်ပြေနေတာပါပဲ။

Thursday, October 17, 2013

အချုပ်အခြာ အာဏာ ဆိုပြီး လုပ်စား နေသူများ

မြန်မာနိုင်ငံမှာ ခေတ် အဆက်ဆက် လုပ်စားလာတဲ့ အာဏာရှင်တွေက အချုပ်အခြာ အာဏာ ဆိုတဲ့ ခေါင်းစဉ် နဲ့ ပါ။

အချုပ်အခြာ အာဏာ ကို ထိပါးလို့ မရဘူး... အချုပ်အခြာအာဏာ ကို ကာကွယ်ရမယ် လို့ ပြောတတ်ကြပါတယ်။

ကချင်တွေ အပါအ၀င်၊ တိုင်းရင်းသားအားလုံး.. အချုပ်အခြာအာဏာ ပိုင်ရှင်တွေ ဖြစ်တယ် ဆိုတာ တခါမှ သတိရဟန်မရှိပါဘူး။

အချုပ်အခြာ အာဏာ ဆိုတာ ပြည်သူတွေက ဆင်းသက်လာတာ ဖြစ်တယ်။ အဲဒီ အာဏာကို သေနတ် နဲ့ ပြန်ပေးဆွဲထားတာ။ အဲဒါကို အာဏာ လို့ ပြောပါတယ်။ ဒီတော့ အာဏာ ရှင်လို့ ပြောပြန်လဲ မကြိုက်။

ဒီတော့... အခုလဲ
အချုပ်အခြာအာဏာ ကို ဘယ်သူ ပိုင်သလဲ ဆိုတာ ရဲရဲ စဉ်းစား ရမယ်။ ရဲရဲ တွေးရမယ်။ စစ်တပ် တခုပဲ ပိုင်တာ မဟုတ်ဘူး။ အချုပ်အခြာအာဏာ ဆိုတာ ကချင်ပြည်နယ်မှာ ကချင်တွေ ပိုင်သင့်သလို... ရခိုင်ပြည်နယ်မှာ ရခိုင်တွေ ပိုင်သင့်တယ်။ ဗမာပြည်မှာ ဗမာတွေ ပိုင်ပေါ့၊ ဘယ်သူမှ မကန့်ကွက်ဘူး။ ပန်ဝါလို ဗမာ မရှိဖူးတဲ့ မြို့လေးမှာ ဗမာ ၀န်ထမ်းခန့်မှ အချုပ်အခြာအာဏာ တည်မယ် လို့ ယူဆ နေသမျှ မြန်မာပြည်ရဲ့ အချုပ်အခြာ အာဏာ ဆိုတာ နေပြည်တော်အစိုးရပဲ ပိုင်တယ် ဆိုတဲ့ သဘော ဖြစ်နေတယ်။

လက်ရှိစစ်တပ်ကသာ ကြားနေမည် ဆိုလျှင် သမိုင်းအမှန်ပေါ်ပေါက်စေရန် ဦးသန်းရွှေ နှင့် မျက်နှာချင်းဆိုင် ဖြေရှင်းလိုသည်ဟု ဦးခင်ညွန့်မှ ပြောကြား

လက်ရှိစစ်တပ်ကသာ ကြားနေမည် ဆိုလျှင် သမိုင်းအမှန်ပေါ်ပေါက်စေရန် ဦးသန်းရွှေ နှင့် မျက်နှာချင်းဆိုင် ဖြေရှင်းလိုသည်ဟု ဦးခင်ညွန့်မှ ပြောကြား ၁၉၈၈ ကနေ ၂၀၁၀ အထိ မြန်မာနိုင်ငံ သမိုင်းကို အမှန်သိစေရန် မျက်နှာချင်းဆိုင် ဖြေရှင်းမှုများ ပြုလုပ်ရန် လိုအပ်ဟု ဦးခင်ညွန့်မှပြောကြားလိုက်ပါတယ် ၊ အမိုင်းအမှန်ပေါ်ပေါက်ဖို့အတွက် လက်ရှိစစ်တပ်ကိုယ်တိုင်က လိုလိုလားလားရှိရမှာဖြစ်ပြီး တိတိကျကျကြားနေဖို့လည်း အထူးလိုအပ်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။

 မြန်မာပြည်အပေါ် စေတနာထားကြတဲ့ အငြိမ်းစား ပြန်တမ်းဝင်အရာရှိတွေ အများအပြားရှိကြပါတယ် ၊ သူတို့က အသက်အရွယ်အရရော အတွေ့အကြုံအရပါ မြန်မာနိုင်ငံကြီးကို အမှား သံသရာထဲ ဆက်ပြီးမျော နေတာကို မမြင်လိုကြတော့ပါဘူး လို့လည်း သူကပြောကြားခဲ့ပါတယ် အထူးသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်မည်ဆိုပါက အနာဟောင်းအနာဆွေးများ ဖြစ်နေသော သမိုင်းဆိုင်ရာ အချက်အလက်အမှားများကို ဦးသန်းရွှေ နှင့် မျက်နှာချင်းဆိုင် ဖြေရှင်းသွားချင်တယ်ဟုလည်း ပြောကြားခဲ့ပါတယ်။

Saturday, October 12, 2013

စီးပွါးရေး သမားများရဲ့ နယ်ရုပ်များ



ပြီးခဲ့တဲ့ ၂၀၁၁ မှ ၂၀၁၃ ထိ ဗမာ စစ်တပ်ရဲ့ အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သော တိုက်ပွဲများရဲ့ ရလဒ်အနေဖြင့် ကျဆုံးသူများ၊ ဒဏ်ရာရ ဒုက္ခိတ ဖြစ်လာ ရသူများနှင့် မုဆိုးမ ဖြစ်လာသူများ၊ ပူဆွေးသောက ရောက်ရသူများ၊ စစ်ပြေးဒုက္ခသည်များ၊ ရွာပျက်များ နှင့် မြန်မာ နိုင်ငံသား တိုင်းရဲ့ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် အများအပြား ဆုံးရှုံးခြင်း ပင် ဖြစ်သည်။

လိုင်ဇာ ထိုးစစ်မစခင်မှာ တရုတ်ဘက်ခြမ်း (လိုင်ဇာ တဖက်ကမ်း) မှာ တရုတ် အစိုးရ မှ နယ်စပ်ကုန်သွယ်ရေး ဂိတ် အကြီးကြီး (ပုံတွင်ဖေါ်ပြထားသော အဖြူရောင် ဂိတ်ကြီး) တခု စဆောက်လာသည်။ ၂၀၀၆ ခုနှစ်က ထွက်လာတဲ့ တရုတ် (ယူနန်) အစိုးရ ရဲ့ အစီရင်ခံစာ အရ၊ လိုင်ဇာ အပေါက်သည် တရုတ် စီးပွါးရေးအတွက် အိန္ဒိယထွက် ပေါက်တခု ဖြစ်သည်။ တရုတ်အစိုးရ အနေနဲ့ ဗမာ စစ်တပ်ကို လိုင်ဇာ သိမ်းပေးရန် စစ်ရေးအရ အထောက်အပံ့များ၊ လက်နက်များ ရောင်းပေးရန် အပေးအယူ လုပ်လာသည်။

Wednesday, October 9, 2013

ရှမ်းတိုင်းရင်းသား တို့ရဲ့ ဟော်နန်း နေ၀င်ချိန် ပုံရိပ်များ

ဗိုလ်ချုပ်ကြီး နေ၀င်း လက်စ ဖြောင့်လိုက်တဲ့ ရှမ်းတို့ရဲ့ ပဒေသရာဇ် နန်းတော်... ဧရာဝတီသတင်းဌာနက တင်ပြထားပါတယ်။

အင်္ဂလိပ်နယ်ချဲ့က ဗမာ ဘုရင်ကို စစ်ရှုံးလို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အိန္ဒိယနိုင်ငံ ကာလာကတ္တားမြို့မှာ တခန်းတနား နဲ့ နေရာချပေးထားတယ်။ ပြန်လာလို့ ရပေမယ့် သူတို့ အမျိုးတွေ တစ်ယောက်မှ ပြန်လာတာ မကြားသေးပါ။ စည်းစိမ်ယစ်မှူးနေတာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာ့သမိုင်း၊ တီဗီ တွေမှာတော့ လွမ်းခန်း ဆွေးခန်းတွေနဲ့ ဖွဲ့နွဲ့ခဲ့ကြပါတယ်။

ရှမ်းစော်ဘွား တွေ စစ်ရှုံးတာ မဟုတ်... ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွက် လက်မှတ်ထိုးခဲ့သူများ အဖမ်းခံရတယ်... အသေသတ်ခြင်းခံရတယ်။ သူတို့ရဲ့ နန်းတော်တွေ တခုမှ ရစရာ မရှိ။ စုတ်ပြတ်သပ်အောင် လုပ်ထားတယ်။ သမိုင်းမှာ တခါမှ မလွမ်းသေးပါ။

http://blog.irrawaddy.org/2013/10/blog-post_3120.html



Thursday, October 3, 2013

အင်ခါဂါး သို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်သွားရောက် ကူညီ

အင်ခါဂါး ဆိုတဲ့ မချမ်းဘောမြို့အောက် နားမှ အရင်က ကေအိုင်အေ ထိန်းချုပ်နေရာ ဖြစ်ပြီး အခု ဗမာ စစ်တပ် သိမ်းထားသော (ဗိုလ် ဇော်မျိုးထက်ကျသော)၊ နုန်လုံမီ (ကချင်မျိုးနွယ်စု၊ ရ၀မ်အနွယ်ဝင်) လူမျိုးများနေထိုင်ရာ ဒေသ သို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ သွားရောက် ကူညီခဲ့ကြောင်း သိရပါတယ်။




Wednesday, September 18, 2013

နယ်မြေရှင်းလင်းရေး ဆိုတာ တိုင်းရင်းသား ဒေသခံ မောင်းထုတ်ရေးလား။

အခုတလော တိုင်းရင်းသား ဒေသ (အပစ်ရပ်ထားတဲ့နေရာ အပါအ၀င်) တွေမှာ ခေတ်စားလာတာကတော့ ဗမာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ နည်းမျိုးစုံသုံးပြီး ဒေသခံတွေ နေရခက်အောင် လုပ်တဲ့ နည်း ဖြစ်ပါတယ်။

ပြည်တွင်းစစ် စောင့်ကြည့်လေ့လာတဲ့ ပညာရှင်တွေရဲ့ အဆိုအရ၊ နယ်မြေရှင်းလင်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်ပြေးဒုက္ခသည် ပိုများလာတယ် လို့ ဆိုပါတယ်။

ပိုမိုပြတ်သားတဲ့ စကားနဲ့ ပြောမယ် ဆိုရင် နယ်မြေရှင်းလင်းရေး ဆိုတာ ဗမာလူထုကို မောင်းထုတ်တာတော့ မဟုတ်ပါဘူး။ အများအားဖြင့် တိုင်းရင်းသား ဒေသတွေမှာပဲ လုပ်နေကျ ဆိုတော့ တိုင်းရင်းသား ဒေသခံတွေပဲ မောင်းထုတ်ခံနေရတာ ဖြစ်ပါတယ်။

ပြည်သူအတွက်လို့တော့ ဆိုတာပဲ၊ ဒါပေမယ့် ဒေသခံတွေက ဗမာ စစ်တပ်ကိုပဲ ကြောက်နေရတာ အမှန်ဖြစ်ပါတယ်။

ဒီတော့ ဘယ်က ပြည်သူတွေအတွက်လဲ? တိုင်းရင်းသားဒေသခံ တွေအတွက် ဆိုရင်တော့ ဗမာ စစ်တပ် မရှိတာက သူတို့အတွက် အငြိမ်းချမ်းဆုံးပါ။ အပျော်ဆုံး လို့ ဆိုနိုင်ပါတယ်။

ပူတာအို ဒေသ မှာ ဟိုး ခေတ်အဆက်ဆက် ရှမ်း နဲ့ ကချင်မျိုးနွယ်စုများသာ နေထိုင်တဲ့ နေရာ ဖြစ်ပါတယ်။ ဗမာအစိုးရ မရောက်ခင်အထိ (လွတ်လပ်ရေး ရပြီးမှ ဗမာရောက်တာဖြစ်တယ်။) အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း၊ ခိုးဆိုးလုယက် ဒမြတိုက်ခြင်း၊ အချင်းချင်း အနိုင်ကျင့်ဗိုလ်ကျခြင်း ဆိုတာ မရှိဖူးပါဘူး။ ဗမာ အစိုးရ ရောက်ပြီး နောက်မှ ဒုက္ခမျိုးစုံ ဖြစ်လာရပါတယ်။ (ကေအိုင်အေ မရှိခင်ကစလာတဲ့ ဒုက္ခ ကို ပြောတာပါ။)

အခု နောက်ဆုံး နယ်မြေရှင်းလင်းရေး လုပ်တဲ့နေရာဖြစ်တဲ့ အင်ခန်ဂါး ဆိုတဲ့ ပတ်ဝန်းကျင် နယ်မြေမှာ ခေတ်အဆက်ဆက် နေထိုင်လာတဲ့ ဒေသခံ ရွာသားတွေ ထွက်ပြေးနေရပါတယ်။ တချို့ပျောက်နေတယ်၊ တချို့ ညှဉ်းပန်းနှိပ်စက်ခံရပြီး၊ တချို့ အသတ်ခံရတယ်။ ဘယ်က ပြည်သူအတွက် နယ်မြေရှင်းလင်းရေး လုပ်တာလဲ။ ဘယ်သူ့အကျိုးအတွက်လဲ။

ဗိုလ်ဇော်မျိုးထက် ပါဝင်ခဲ့တဲ့ ထိုးစစ်မှာ အင်ခန်းဂါး (Nhka Ga) မှ ဓမ္မဆရာတစ်ပါး နဲ့ ရွာသားတစ်ယောက် ကို မချမ်းဘော ကို ခေါ်သွားပြီး ညှင်းပန်းနှိပ်စက် သတ်လိုက်ကြောင်း


 
ဗိုလ်ဇော်မျိုးထက် ပါဝင်ခဲ့တဲ့ ထိုးစစ်မှာ အင်ခန်းဂါး (Nhka Ga) မှ ဓမ္မဆရာတစ်ပါး နဲ့ ရွာသားတစ်ယောက် ကို မချမ်းဘော ကို ခေါ်သွားပြီး ညှင်းပန်းနှိပ်စက် သတ်လိုက်ကြောင်း ဆွေမျိုးတွေဆီမှ သတင်းရတဲ့ အကြောင်း၊ မြောက်ပိုင်းဒေသ အတွက် အထူးဆုတောင်းပေးလိုကြောင်း ကို ရ၀မ် လို ရေးထားတာပါ။

နောက်ဆက်တွဲ သူပြောထားတာက (ဒီပိုစ့်ရဲ့ အောက်က ကွန်မန့်မှာ) အဲဒီ ထိုးစစ်မှာ ဒေသခံ ပြည်သူ့စစ်တွေကို ဓါးစာခံအဖြစ် အသုံးပြုပြီး ထိုးစစ်ဆင်ခဲ့တာ ဖြစ်ကြောင်း၊ ကချင်လူမျိုး အချင်းချင်း တိုက်ခိုင်းခဲ့ကြောင်း၊ တွေပါ။

သေဆုံးစာရင်းမှာ ရ၀မ် ပြည်သူ့စစ်များကို စာရင်းမထည့်ထားပါဘူး။ အခု သေဆုံးသူတွေအတွက် အလှူခံနေတဲ့ အဖွဲ့အားလုံးလဲ ကျဆုံးသွားတဲ့ ရ၀မ် ပြည်သူ့စစ် တွေအတွက် မပါပါ။

Sunday, September 15, 2013

ရွာသားများ နှိပ်စက်ခံရမှု သတင်းကို ဖုံးကွယ်ဖို့ စစ်ဗိုလ်ဇာတ်ထွင်ခဲ့

အင်ခန်ဂါး ကချင်ရွာသားများကို ရက်ရက်စက်စက် ညင်းပန်းနှိပ်စက်မှု သတင်း ထွက်လာအပြီး ဗိုလ် ဇော်မျိုးထက် သတင်းကို ဇာတ်နာအောင် ဖန်တီးကြတယ် လို့ ဆိုပါတယ်။ ထိုစစ်ကြောင်းမှာ ပါခဲ့တဲ့ ရ၀မ်အမျိုးသား တစ်ယောက် ပြောလာပါတယ်။

`စစ်ဗိုလ်ဆုံးတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့ ပြောသလို ခေါင်းဖြတ်သတ်တယ် ဆိုတာ မဟုတ်ဘူး၊ ဗုံးဒဏ်နဲ့ ဗိုက်ပေါက်သွားတယ် ဆိုတာတော့ ဟုတ်တယ်၊´ လို့ ဆိုပါတယ်။

အင်ခန်းဂါး ကျေးရွာသားများ ၁၀၀ ကျော် ပျောက်ဆုံး နေဆဲ လို့ သိရပါတယ်။ သေလား၊ ရှင်လား ဆိုတာ မသိရသေးပါ။ တောင်ပေါ်သားများ တောမှာ လမ်းမှားရိုး ထုံးစံမရှိပါ။

ဖြစ်စဉ်ကတော့...

Friday, September 13, 2013

ဗိုလ်ဇော်မျိုးထက် ကျတဲ့ နောက်ကွယ် ဖြစ်ရပ်အမှန်များ...


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း ကေအိုအေ တပ်မဟာ (၁) လက်အောက် ကေအိုအေ တပ်ရင်း (၇) ဒေသဖြစ်သော ပူတာအိုခရိုင် အင်ခဂါးကျေးရွာအထက်တွင် အခြေစိုက်တပ်စွဲထားသော ကေအိုင်အေ အမှတ် (၂) ပြည်သူ့စစ်တပ်ရင်မှ ဗိုလ်ကြီး ပခေါင်တန်ခမ့် ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၁၂) ဦးနှင့် ပူတာအိုတွင် တပ်ရင်းထိုင်သော ဗမာအစိုးရစစ်တပ် ခလရ (၁၃၇) တပ်ဖွဲ့နှင့် တန်ဂူးတန်တပ်ဖွဲ့များပူပေါင်းပါဝင်သော အင်အား (၂၀၀) ခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်များသည် ကေအိုင်အေများ တပ်စွဲထားသော အင်ခဂါး ဘက်သို့ ထိုးစစ်ဆင် ရောက်ရှိလာသောကြောင့် ယခုလိုတိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ တိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ ဗိုလ်ကြီးဇော်မျိုးထက် နှင့် တပ်သား (၃) ယောက် သေဆုံးကြောင်းနှင့် ကေအိုင်အေဘက်မှလည်း တပ်သား တစ်ဦး ကျဆုံး သွားကြောင်း သိရှိရပါသည်။

Thursday, September 12, 2013

ကေအိုင်အေ ကို ပြန်တိုက်ရန် ဗမာစစ်တပ် မှ ပြင်ဆင်မှုများ


ကေအိုင်အေ ကို ဗမာ စစ်တပ် ပြန်တိုက်ရန် ပြင်ဆင်မှုများ ရှိနေကြောင်း အတွင်းထဲမှ သတင်းများအရ သိရသည်။

အထူးသဖြင့် စစ်တပ် လော်ဘီ ဖစ်ဘွတ် အကောင့်များမှလဲ ကေအိုင်အေ မကောင်းကြောင်း၊ ကေအိုင်အေက စစ်ဗိုလ်တစ်ယောက်ကို ခေါင်းဖြတ်သတ်ကြောင်း သတင်းအမှားများနဲ့ အမုန်းတရားဖန်တီး နေမှုတွေ သိသိသာသာ တိုးလာသည်။ ဥပမာ ပုံထဲက Ko John ရဲ့ ပိုစ့်မှာ သတ်ပုံ သတ်နည်း အသေးစိတ် ကို ရဲဘော်တွေရှေ့မှာ လုပ်ပြသလို ဇာတ်နာအောင် ရေးထားပြီး အဲဒီ ရဲဘော်တွေ တစ်ယောက်မှ လွတ်လာတာ မရှိဘူး... အကုန်အသတ်ခံရတယ် လို့ ရေးပြန်တယ်.. ဒီတော့ အဲဒီ သတင်းကို ဘယ်သူက ပေးတာလဲ... တကယ်ကော အဖမ်းခံရပြီးမှ အသတ်ခံရသလား.. ပွဲချင်းပြီး သေသလား.. ဘယ်သူမှ မသိ... အတွင်းသတင်းအရ သိတာကတော့ ပွဲချင်းပြီး သေခြင်းသာ ဖြစ်သည်။

တပ်မ ၆၆ နဲ့ အားမရတော့ တပ်မ ၈၈ ပြန်တက်မယ်တဲ့။


ဒီပုံကတော့ ဒီရက်အတွင်း ဗမာတပ်မ ၆၆ က ကေအိုင်အေ တပ်မဟာ (၁) ဌာနချုပ် (ပူတာအို) ဖက် ထိုးစစ်ဆင် တုန်းက ကျဆုံးသွားတဲ့ ရ၀မ်လို့ယူဆရတဲ့ တိုင်းရင်းသား ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေပါ။

တချို့က ကေအိုင်အေ ဟာ ဒီလို ဓါတ်ပုံတွေနဲ့ ၀ါဒ ဖြန့်တယ် ဆိုပြီး ပြောတယ်။ တကယ်တော့ ကေအိုင်အေ စစ်တပ်မှာ စစ်သားတိုင်းက ဖုန်းကိုင်တယ်၊ ဘယ်သူ ရိုက်တင်လိုက်မှန်းတောင် မသိလိုက်ပဲ ဒီလို ပုံ တွေ ထွက်လာတာ ဖြစ်တယ်။ ကေအိုင်အေစစ်တပ်မှာ သတင်းလွတ်လပ်ခွင့်ရှိလို့ ဘယ်သူ့ကိုမှ “ဒီလို လုပ်ရမယ်၊ မလုပ်ရဘူး” လို့ ကန့်သတ်ထားတာ မရှိဘူး။ ဒီတော့ ၀ါဒဖြန့်ဖို့ ၀ါဒလဲ မရှိသလို၊ ပြင်ဆင်ထားတာလဲ မရှိတာ အမှန်ဖြစ်တယ်။

Tuesday, September 10, 2013

“ငြိမ်းချမ်းရေး” ဆိုတဲ့ ခေါင်းစဉ် အရေးကြီးလာ သလား။

မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) အတွက် အရေး အကြီးဆုံး အရာဟာ တနိုင်ငံလုံး အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ ဂိုး ဖြစ်ပုံ ရပါတယ်။ ဦးအောင်မင်း နဲ့ ဦး လှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့ဟာ ကရင် (KNU) နဲ့ ရှမ်း (RCSS) အဖွဲ့တွေနဲ့ တွေ့စုံပွဲမှာ တနိုင်ငံလုံး အတိုင်းအတာ (Nationwide Ceasefire) အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ ကို လာမည့် အောက်တိုဘာလမှာ ကျင်းပဖို့ အစီအစဉ် တင်ပြလာပါတယ်။

တကယ်တော့ ကချင်တော်လှန်ရေး အဖွဲ့ နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အားလုံး အစဉ်တစိုက် နှစ်ပေါင်း ၆၀ ကျော်ကြာ တောင်းဆိုလာတာဟာ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ ပါ။ အခုချိန်ထိ အစိုးရ လက်ရှိ အာဏာရ ပုဂ္ဂိုလ်များအပါအ၀င် ငြိမ်းချမ်းရေး စင်တာမှ ပညာရှင်များ ဖက်ဒရယ် အကြောင်း တခွန်းမှ မဟသေးပါဘူး။ NLD ပါတီအထဲမှ ပုဂ္ဂိုလ်တချို့လောက်သာ မီဒီယာမှ မေးမှ ပြောထွက်တတ်ပါတယ်။

Sunday, August 25, 2013

စနစ်အရင်ပြောင်းပါ။ လူကောင်းတွေ နေရာရလာမယ်။

မြန်မာ့ အပြောင်းအလဲ နဲ့ ပတ်သက်ပြီး ပြောကြဆိုကြတဲ့အထဲမှာ လူတော်တော်များများက လူကို အသားပေး ပြောကြတာ တွေ့ရပါတယ်။

နောက်ပြီး အစိုးရ၀န်ထမ်းတွေရဲ့ အကျင့်ပျက်ချစားမှု နဲ့ ပတ်သက်ပြီး သြဂုတ်လ ၁၇ ရက်နေ့ ဘီဘီစီ ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပညာရှင်တွေကအစ လူတွေရဲ့ အကျင့်သီလ ကို ဦးစားပေး ပြောကြတာတွေ့ရပြန်တယ်။ အကျင့်သီလကောင်းဖို့ အရေးကြီးတယ်ပေါ့။

ဒူဝါ အနေနဲ့ မြင်မိတာက စနစ် ကို အရင် ကောင်းအောင် လုပ်ရမှာပါ။ မြန်မာနိုင်ငံသားတွေ အကျင့်ပျက်လာရတာဟာ စနစ်မကောင်းရာက အစပြုလာရတာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားရောက်သွားတဲ့ ရွှေမြန်မာတွေ အစပိုင်းမှာ အဲဒီ အကျင့်က်ဆိုးတွေကပ်ပါလာတာ ရှိတယ်။ ဒါပေမယ့် အချိန်ကြလာတာနဲ့အမျှ ရောက်ရာအရပ်က စနစ်ကောင်းရဲ့ လောင်းရိပ်အောက်က အကျင့်ကောင်းတွေ ပြန်ရလာတယ်။

Friday, August 23, 2013

ကုလ ကိုယ်စားလှယ် ကင်တားနား နဲ့ မိတ္ထီလာ လူထု ပြဿနာ


မိတ္ထီလာမှာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား စီးလာတဲ့ ကားကို ဆန္ဒပြနေတဲ့ လူအုပ်ရဲ့ ပုံ ဖြစ်ပါတယ်။

ကင်တားနား က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားရာမှာတော့ မိတ္ထီလာ မှာ ရဲတွေရှိနေသော်လည်း အကာအကွယ်မဲ့သလို ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။ ကင်တားနား နဲ့ ပတ်သက်ပြီးမှလဲ ကန့်ကွက်သူတော်တော်များနေတာ တွေ့ရပါတယ်။ ပိုဆိုးလာတာက လူ့အခွင့်အရေး ဆိုရင် ခါးခါးသီးသီး ဖြစ်နေတဲ့ မြန်မာနိုင်ငံသားအချို့ရဲ့ အဖြစ်တွေပါ။

မြန်မာ့ရဲ နဲ့ မြန်မာ နိုင်ငံသား တော်တော်များများက နိုင်ငံတကာ လုံခြုံရေး စံနှုန်း ကို နားမလည် ကြပါဘူး။ ဗမာ စကားတတ်တဲ့ လူတစ်ယောက် အတွက်တော့ ဓါတ်ပုံပါ လူအုပ်က ဘာပြောတယ် ဆိုတာ နားလည်ပေမယ့်၊ စကားနားမလည်သူ နိုင်ငံတကာလူကြီး တစ်ယောက် အနေနဲ့ အော်ဟစ်နေတဲ့ လူအုပ်၊ ရန်မူ နေတဲ့ လူအုပ်လို့ပဲ သိထားမှာပါ။ နောက်ပြီး အော်သံတွေကလဲ ငြင်ငြင်သာသာ ရှိမှာ မဟုတ်။ တကယ်လဲ မကျေနပ်ချက်တွေနဲ့ ပွဲကြမ်းနေတဲ့ လူအုပ် ဖြစ်နေတယ်။ အဲဒီလို လူအုပ် ဆိုတာ အချိန်မရွေးရန်ပြုနိုင်တယ် ဆိုတာ လုံခြုံရေး တာဝန်ယူထားတဲ့ ရဲတွေ သိရမှာပါ။ အဲဒီလို စိတ်ကြွနေတဲ့ လူအုပ်နဲ့ အနည်းဆုံး ပေ ၂၀ အကွာ ကာကွယ်ပေးထားရမှာ ဖြစ်ပါတယ်။ နောက်မှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ရန်မမူဘူး၊ ဒီလိုပဲ ပြောတာပါ။ တီရှပ်လေး ပေးတာပါ၊ စာပေးရုံလေးပါ၊ ဆိုတဲ့ အပြောမျိုးနဲ့တော့ အဲဒီအချိန်တုန်းက တကယ်တွေ့ကြုံခဲ့သူရဲ့ ခံစားချက်ကို နားလည်နိုင်မှာ မဟုတ်ပါ။

Monday, August 19, 2013

အမေရိကန် စစ်သား ကချင်လူငယ် တစ်ယောက် ပါ။


သူ့အိပ်ခန်းနံရံပေါ်မှာ အမေရိကန် အလံ မကပ်ပဲ ကေအိုင်အေအလံ ကပ်ထားတာ တွေ့ရပါတယ်။

 
သူ့ရဲ့ ဖွစ်ဘွတ်ထဲမှာ ကေအိုင်အေ စစ်သားတွေရဲ့ ဆုတောင်းနေတဲ့ ဓါတ်ပုံထည့်ထားပြီး စစ်မှန်တဲ့ လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားတွေပါ၊ တနေ့တချိန်အတူ ပူးပေါင်းနိုင်ဖို့ မျော်လင့်ပါတယ် ဆိုပြီး ချီးကျူးထားတာ တွေ့ရပါတယ်။

သူ့ရဲ့ အကောင့်ကတော့

https://www.facebook.com/Mr.NickBlack

Thursday, August 8, 2013

ကိုယ့်ဟာကိုယ် မတတ်မှန်းကို မသိခြင်းက ပိုဆိုးစေတယ်။


နိုင်ငံရေး ပညာရှင်တိုင်း နိုင်ငံရေး သမားတွေ မဟုတ် သလို
စီးပွါးရေး ပညာရှင်တိုင်းလဲ စီးပွါးရေး သမားတွေ မဟုတ်၊

ဘော်လုံး ပညာရှင်တိုင်း ဘော်လုံးသမားတွေ မဟုတ်သလို
စစ်ရေးကျွမ်းကျင်သူတိုင်းလဲ စစ်ဗိုလ်ချုပ်ကြီးတွေ မဟုတ်ပါ။

သို့သော် တိုးတက်တဲ့ နိုင်ငံတိုင်းဟာ အရေးကြီးလာရင် ပညာရှင် တွေကို အားကိုးတတ်တဲ့ ဓလေ့ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာ စစ်တုန်းက ဗြိတိန်နိုင်ငံဟာ ဂျာမန် စစ်တပ်တွေရဲ့ ဗုံးဒဏ် အလူးအလဲခံခဲ့ရပါတယ်။ ဂျာမန်တွေရဲ့ ခြေလျှင်တပ်ဝင်သိမ်းဖို့ပဲ ကျန်တော့တာပါ။ အဲဒီအချိန်မှာ  ဗြိတိန်ဝန်ကြီးချုပ် ၀န်စတန်ချာချီ ဟာ နေမ၀င် အင်ပါရာ စစ်တပ်ကြီးကို ဦးဆောင် နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ခေါ်ပြီး အချိန်တိုအတွင်းမှာ အမြန်ဆုံး ပြန်လည် တုန့်ပြန် တိုက်ခိုက်နိုင်ဖို့ စစ်ဆင်ရေး အစီရင်ခံစာ ရေးခိုင်းပါတော့တယ်။ တခြား ခြေလျှင်တပ် တို့လို နေရာအတွက်တော့ အင်အားဖြည့်ဖို့ အခက်အခဲ မရှိပေမယ့် လေတပ်လို နေရာအတွက်တော့ အချိန်တိုအတွင်း မဖြစ်နိုင်ပါ။

Friday, July 26, 2013

ဘေးမဲ့တော ဥပဒေ ကို ကျားတွေကို ရေးဆွဲခိုင်းသလို ဖြစ်မနေဘူးလား။




ဘေးမဲ့တော ဥပဒေ ကို ကျားတွေကို ရေးဆွဲခိုင်းသလို ဖြစ်မနေဘူးလား။
***********************************************

၁၉၄၇ အခြေခံ ဥပဒေဟာ တိုင်းရင်းသား ခေါင်းဆောင်များရှေ့မှာ မူကြမ်းရေးဆွဲခဲ့ပြီး၊ ဖဆပလ ပါတီ အတွင်းမှာ ဗမာ နိုင်ငံရေး ခေါင်းဆောင်များက စိတ်ကြိုက် ပြန်ပြင်ရေးဆွဲခဲ့လို့ တိုင်းရင်းသားများ ရဲ့ မူလရပိုင်ခွင့်များ ဆုံးရှုံးခဲ့ရပြီး၊ ခွဲထွက်ရေး တောင်းဆိုမှုတွေ ဆူညံခဲ့ရပါတယ်။ ဖဆပလ အတွင်းမှာ မရိုးမသားလုပ်တာကို အရင်ကြိုသိနေတာက ကရင်အမျိုးသားအစည်းအရုံး (KNU) ပေါ့။ အဲဒီတုန်းက ကရင်တွေက တော်လှန်ရေး မစသေးဘူး၊ အင်းစိန် ခ၀ဲခြံမှာ ရှိတဲ့ ကေအိုင်ယူပါတီ ရုံး ကို ဖဆပလ ပါတီက အတင်းဖြိုလိုက်တယ်။ (နိုင်ငံရေး ပါတီအချင်းချင်း ရွေးကောက်ပွဲ မနိုင်မှာ စိုးလို့ လုပ်ကြံတာလဲ ဖြစ်နိုင်ပါတယ်။ အင်းစိန်ဖက်မှာက ကရင်တွေများတော့ ဖဆပလ ပါတီ ရှုံးမှာ သေချာသလောက် ဖြစ်နေချိန်ပေါ့။) အဲဒီနောက်တော့ ကေအိုင်ယူဟာ သူပုန် ဖြစ်သွားတယ်။ တိုင်းရင်းသားတွေကပဲ အကြောင်းမဲ့ ခွဲထွက်ချင်သလိုလို အစိုးရ အဆက်ဆက်က သမိုင်းလိမ်ထားခဲ့တယ်။ (အမှန်ဆိုရင် အဲဒီ မူကြမ်းအတိုင်း မပြင်ပဲ ထားခဲ့သော် တိုင်းရင်းသားတော်လှန်ရေး ဆိုတာလဲ မရှိတော့ပဲ အခုလောက်ဆို မြန်မာပြည်ကြီး တိုးတက်နေမှာ အမှန် ဖြစ်ပါတယ်။)

Thursday, July 18, 2013

ဘိန်းဘုရင် တို့ရဲ့ သုခဘုံ နိုင်ငံ

ဘိန်းဘုရင် တစ်ယောက်က မြန်မာပြည်မှာ ဦးနေ၀င်း ထက်တော့ ကံကောင်းတဲ့လူပေါ့။ ပြည်ထောင်စု ၀ံကြီးအဆင့်တွေရဲ့ ဈာပန ပန်းခွေတွေနဲ့ ဆိုတော့...

အသက်ရှင်စဉ်ကလဲ ဖူးဖူးမှုတ်ထားခံရသူ..... သေတော့လဲ ၀မ်းနည်းတဲ့ ၀ံကြီးတွေနဲ့ ဟန်ကို ကျလို့။

၂၀၀၈ မြစ်ကြီးနား မနောပွဲမှာ ဘိန်း တိုက်ဖျက်ရေး ကို တာဝန်ယူထားတဲ့ ကေအိုင်အေ ဗိုလ်မှူး တစ်ယောက် နဲ့ ညပိုင်း မီးပုံဝိုင်းမှာ စကား စမြည် ပြောရင်း သူတာဝန်ယူထားတဲ့ ဘိန်းတိုက်ဖျက်ရေးနဲ့ ပတ်သက်တာတွေ မေးဖြစ်ပါတယ်။ လူငယ်တွေ အကျင့်စာရိတ္တပျက်လာတာတွေ၊ ကေအိုင်အို အနေနဲ့ ထိထိရောက်ရောက်တာဝန်ယူပြီး အရေးယူရင် ကောင်းတဲ့ အကြောင်း သူ့ကို အကြံပေးတော့။ သူတို့ အသေးစိပ် စုံစမ်းသိရှိရသလောက် မြန်မာပြည်မှာ ဘိန်းအမြစ်ပြတ် ဖို့ မဖြစ်နိုင်ဘူးတဲ့။ မြန်မာ အစိုးရ ၀န်ကြီးအဆင့် တွေနဲ့ ယူနန်ပြည်နယ် အစိုးရ ၀န်ကြီး အဆင့်တွေက ဘိန်းဘုရင်တွေနဲ့ ပေါင်းလုပ်နေတာဖြစ်တယ်၊ လို့ ပြောလာတော့ ဒူဝါ က မယုံ့တယုံ ပေါ့။ ဒီလူကြီးက ညာဖီးနေတာလား ပေါ့။

Thursday, July 11, 2013

မျိုးစောင့် ဥပဒေ ကန့်ကွက်ရခြင်း အကြောင်းရင်း ရှင်းတမ်း။

(၁) လူမျိုးတိုင်း ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်သင့်တယ်၊ ဆိုတာ မူအရ လက်ခံတယ်။ လုပ်ပုံ လုပ်နည်း ကို ဝေဖန် နေတာ ဖြစ်တယ်။

(၂) ဗုဒ္ဓဘာသာ တမျိုးထဲအတွက် တနိုင်ငံလုံး ဆိုင်ရာ ဥပဒေ ရေးဆွဲခြင်းသည် ကျန် ဘာသာခြား နိုင်ငံသားတွေကို မထီမဲ့မင် ပြုလိုက်တဲ့ သဘော ဖြစ်ပါတယ်။ ခွင့်ထူးခံ ဘာသာတရား အဖြင့် လုပ်ဖို့ ကြိုးစား ခြင်း ဖြစ်တယ်။ နောက် တဆင့် တက်လာမှာကတော့ သီအိုကရေစီ နိုင်ငံ ဖြစ်လာရေး ပါ။ ဘာသာရေး အခြေခံ တဲ့ မူဆလင်အစွန်းရောက် နိုင်ငံတွေလို ဖြစ်လာမယ်။

(၃) ကျန်ဘာသာတွေ ဥပဒေ ရှိတယ်၊ ဗုဒ္ဓဘာသာက ဥပဒေ မရှိသေးဘူး လို့ ပြောပါတယ်။ မူဆလင်အကြောင်း မသိလို့ မပြောဘူး။ ခရစ်ယာန်တွေရဲ့ လက်ထပ်မှုဆိုင်ရာ ကျင့်ထုံးတွေက ဥပဒေ မဟုတ်ပါ။ ယုံကြည်မှုဆိုင်ရာ ကျင့်ထုံး ဖြစ်တယ်။ မလိုက်နာနိုင်တဲ့ လူတွေကို ထောင်ချ လို့ မရဘူး။ ဥပဒေ က ခရစ်ယာန်ယုံကြည်မှုအရ (Christian Marriage) လက်ထပ်ခြင်းကို တရားဝင် ခွင့်ပြုထားတာပဲ ရှိတယ်။ အဲဒါ မလုပ်မနေရ မဟုတ်ဘူး။ ကိုယ့် ယုံကြည်မှု အရ ဘုရားကျောင်းမှာ လက်ထပ်ကြတယ်။ ဥပဒေအရ မဟုတ်ဘူး။

Tuesday, July 9, 2013

၂၀၀၈ ကတည်းက ပြဋ္ဌာန်းထားတဲ့ အခြေခံ ဥပဒေ ကို မွန် ပြည်နယ် ၀န်ကြီးတွေ မဖတ်။


"အရင်တုန်းက အစိုးရ အဖွဲ့တွေ အနေနဲ့ ကိုယ့် လုပ်ပိုင်ခွင့်က ဘာမှန်းမသိဘဲ နှစ်နှစ်လောက် ငုတ်တုတ်ထိုင်နေရတယ်။" လို့ မွန်ပြည်နယ် အစိုးရ၀န်ကြီး တစ်ယောက်က ပြောတယ် ဆိုတော့.... ဒီလူတွေ အခြေခံ ဥပဒေ တောင် မဖတ်ပဲ အုပ်ချုပ်နေတာ သိသာတာပေါ့။

၂၀၀၈ အခြေခံ ဥပဒေ အရ ဗဟိုချုပ်ကိုင်မှုကို လျော့ချ တယ် တဲ့။ မြန်မာ့ ကြံ့ဖွတ် နိုင်ငံရေး ပညာရှင်ကြီးတွေ ပြောလိုက်မှ တွတ်ပီရဲ့ သေနတ် မရှောင်ရင် လွတ်တဲ့ ကိန်း ဖြစ်နေပြီ။

အာဏာရှင် စနစ်ကနေ ဖက်ဒရယ် စနစ်ကို သွားနေတာပါ။ ဆိုပြီး power sharing လဲ မဟုတ်ဘူး၊ တဲ့။ ဘုရား ဘုရား... သူတို့ ပြောလိုက်မှ မကြားဖူးတဲ့ ဖက်ဒရယ် စနစ်သစ် အကြောင်းတွေ ပညာရှင်တွေတောင် ခေါင်းမှုးလောက်တယ်။

၂၀၀၈ အခြေခံ ဥပဒေမှာ ပါနေပြီးသားတောင် အစိုးရ သစ် တက်လာပြီး ၂နှစ် သက်တမ်းကျော်မှ ဗဟိုအစိုးရ ခွင့်ပြုချက်ရမှ လုပ်ပိုင်ခွင့် ရတာကို ဗဟိုချုပ်ကိုင်မှု စနစ်လျော့ချတယ် လို့ ပြောရဲသေးတယ်။

မူရင်းသတင်းလင့်
http://www.news-eleven.com/politics/20848

ဒါက မြန်မာပြည်သား ကချင်လူမျိုးများလို့ ခေါ်ပါတယ်။

ကိုယ့်ဟာကိုယ် အစိုးရ တပ်မတော် လို့ မည့်ခေါ်တဲ့ အောက်ပိုင်းက တက်လာတဲ့ ဗမာစစ်တပ်က ဒီလို ကချင်ပြည်နယ်၊ ကိုယ့်ရွာ၊ ကိုယ့်ဌာနေမှာ အေးချမ်းစွာ နေထိုင်တဲ့ ဒေသခံ ကချင်အိမ်တွေ၊ ကချင်ဘုရားကျောင်းတွေ၊ ကချင်ရွာတွေကို ဖျက်တယ်လေ။ ငါတို့ကချင်တွေက နိုင်ငံခြားသားလား၊ ဧည့်နိုင်ငံသား မို့လို့လား။ ခိုးဝင်လာတဲ့လူတွေ မို့လို့လား။

ကေအိုင်အေ ကြောင့် လို့ ပြောပါလိမ့်မယ်။ ကေအိုင်အေ ရှိတဲ့ နေရာက တောင်ကုန်း ၂ ခု ပဲ ရသေး တာပါ။ အခု ဖျက်ဆီး လိုက်တဲ့ အိမ်၊ ဘုရားကျောင်း၊ ရွာ အားလုံးဟာ ဗမာ စစ်တပ်စခန်း ထိုင်ထားတဲ့ ရွာ တွေ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ မီဒီယာ တွေကို မ၀င်ခိုင်းတာဟာ ဒီလိုဟာတွေ ဖုံးကွယ်ချင်လို့ ဖြစ်ပါတယ်။

Monday, July 8, 2013

ဥပဒေ ရေးဆွဲရင် ပြဿနာ တခုပေါ် အခြေခံပြီး ၀ါးလုံးရမ်း မဖြစ်ဖို့ အရေးကြီး ပါတယ်။

ဥပမာ... အခု ဖြစ်နေတဲ့ မီဒီယာ ပုံနှိပ်ဥပဒေ ကိစ္စမှာ ပြန်ကြားရေးဝန်ကြီးဌာန နဲ့ လွတ်တော်အမတ် တွေ ဆင်ခြေပေးတာကတော့ လူမျိုးခြား၊ ဘာသာခြား မုန်းတီးမှုတွေ မဖြစ်ပွါးအောင် မရေးသင့်၊ မထုတ်သင့်တဲ့ စာအုပ်မျိုးမထွက်အောင် ထိန်းချုပ်ရမယ် ပေါ့။ ဒါပေမယ့် ဒီလို အကြောင်းပြချက် တခုထဲ နဲ့ မီဒီယာ တခုလုံးကို ထိန်းချုပ်ဖို့ ဖြစ်လာတယ်။ တကယ်တော့ ဒီလို ပြောရင်၊ ရေးရင်၊ ရေးတဲ့လူ၊ ပြောတဲ့လူကို တရားဥပဒေ အရ အရေးယူဖို့ ဥပဒေ ရှိပြီးသားပါ။ အရေး မယူလို့ ဖြစ်လာရတဲ့ ပြဿနာ တွေ ဖြစ်ပါတယ်။

နောက်ပြီး လွတ်လပ်ရေး ရကတည်းက ဗုဒ္ဓဘာသာဝင်တွေ (အထူးသဖြင့် ရန်ကုန် လို မြို့ကြီးက မြန်မာတွေ) က မူဆလင် (ကုလားမျိုးနွယ်ဝင်တွေ) နဲ့ ရန်ဖြစ်လာတယ်။ အဲဒီ အကြောင်းပြချက် နဲ့ ဗုဒ္ဓဘာသာ ကို ဥပဒေအရ ခွင့်ထူးခံ အဖြင့် သိမ်းသွင်းဖို့ ကြိုးစားလာရာက တခြား မူဆလင် မဟုတ်တဲ့ တိုင်းရင်းသား ခရစ်ယာန်တွေနဲ့ပါ ပြဿနာ တက်လာရတယ်။ မြို့ပေါ်နေ မူဆလင် (ကုလား) များကတော့ ဘာပဲ ဖြစ်ဖြစ် သူတို့ရဲ့ ကိုယ်ပိုင် စီးပွါးရေး၊ လူမှုရေး အရ မြန်မာလူထုထက် အစစ အရာရာ သာလို့၊ လွမ်းမိုးချုပ်ချယ်သွားမလား ဆိုပြီး စိုးရိမ်စရာရှိပေမယ့်၊ တိုင်းရင်းသားခရစ်ယာန် မြန်မာ ဗုဒ္ဓဘာသာ လူထု ကို ဘယ်လို မှ ယှဉ်နိုင်စရာ အကြောင်းမရှိသလို ချုပ်ချယ် လွမ်းမိုးဖို့လဲ မတတ်နိုင်ပါ။ နကိုယ်ကတည်းက နိုင်ငံရေးအရတောင် အခွင့်အရေး ဆုံးရှုံးနေရတဲ့ အထဲ ကိုးကွယ်တဲ့ ဘာသာတရား အရ နေရင်း ထိုင်ရင်း ဒုတိယ နိုင်ငံသားပုံစံ ဖြစ်သွားတော့ ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိတော့ပါ။ အဲဒါရဲ့ အကျိုးဆက် အနေနဲ့ မပြီးဆုံး နိုင်တဲ့ တော်လှန်ရေး တွေ အစားထိုးလာရပါတယ်။

Sunday, July 7, 2013

မြန်မာက မောင်း၊ ထိုင်း က ဖေါင်း

မြန်မာပြည်မှာ ရှိနေပြီးသား နိုင်ငံသားတွေကြား အိမ်ရှင်၊ ဧည့်သည် ဆိုပြီး ခွဲခြားမှုတွေ ကြီးထွားနေချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံက သူတို့ နိုင်ငံထဲ ပြေးဝင်လာတဲ့ မြန်မာနိုင်ငံသား စစ်ပြေး ဒုက္ခသည်တွေကို နိုင်ငံသား လက်မှတ်ပေးလိုက်တယ် ဆိုတဲ့ သတင်း ကြား ရတော့ ကိစ္စတခု ဖျက်ကနဲ စဉ်းစားခန်း ၀င်လာတယ်။

ပြီးခဲ့တဲ့ ၂ နှစ် လောက်မှ စပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေဟာ ပိုက်ဆံပိုက်ပြီး ထိုင်းနိုင်ငံကို ကျောခိုင်းဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ အဲဒါကတော့ ထိုင်းမှာ ရေ ခဏခဏ ကြီးတာရယ်။ ထိုင်းလူမှု အဖွဲ့အစည်းက စည်းကမ်းကြီးလာတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ လက်မခံတော့ဘူး၊ သပိတ်တွေ မှောက်လို့ စက်ရုံတွေ ပိတ်လိုက်ရတာတွေ ရှိလာတော့ ပွင့်လင်းခါစ မြန်မာပြည်ကို မျက်စ ပစ်လာကြတယ်။

ထိုင်း နိုင်ငံသား ရိုးရိုးသာမန် လူလတ်တန်းစားတွေတောင် မြန်မာပြည်ထဲ သူတို့ Boss တွေ ၀င်သွားရင် ဒုက္ခပဲ ဆိုပြီး စိုးရိမ်သံ သဲ့သဲ့ တွေ ကြားရတယ် လို့ ဆိုပါတယ်။

Saturday, July 6, 2013

မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံလိုသူတွေ အတွက် အဟန့်အတားဖြစ်စေတဲ့ အချက်များ။

(၁) စွမ်းအင် (လျှုပ်စစ်မီး) လုံလောက်စွာ မရရှိပဲ ဘယ်လိုမှ အလုပ် မဖြစ်။

(၂) အင်တာနက် မြန်နှုန်း (အခုခေတ်က ငွေကြေး အ၀င်အထွက် ကိစ္စကို လုပ်ငန်း ဌာနချုပ်ကနေ အချိန်တိုင်း အွန်လိုင်းပေါ်ကနေ စောင့်ကြည့်တဲ့ ခေတ် ဖြစ်ပါတယ်။ နောက်ပြီး ငွေပေးချေတဲ့ အခါ အွန်လိုင်းပေါ်မှ ပေးချေခြင်း၊ ခရေဒိတ်ကပ် များဖြင့် ပေးချေခြင်းများဟာ အင်တာနက် မြန်နှုန်း နဲ့ တိုက်ရိုက် ဆက်စပ် နေတယ်။)

(၃) လုပ်ငန်းလိုင်စင် အတွက် စိတ်မချ ရခြင်း။ (ကုမ္မဏီတခု ထောင်ရင် လိုအပ်တဲ့ စာရွက်စာတမ်း၊ ရုံးလုပ်ထုံးလုပ်နည်းများ ကို ထင်သာ မြင်သာ ဖြစ် အောင် ဖေါ်ပြထားခြင်း မရှိ။ သူများ နိုင်ငံတွေမှာက ၀န်ကြီးဌာန တွေရဲ့ ၀က်ဆိုက် မှာ အားလုံး တင်ထားတယ်။ နောက်ပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ အတွက် လုပ်ငန်းလိုင်စင်ကို နေပြည်တော် အဆင့်က ၀န်ကြီး အစည်းအဝေး မှာ ဆုံးဖြတ်တာ မြန်မာပြည်ပဲ ရှိ ပါတယ်။ အမှန်ဆိုရင် ၀န်ကြီး အဆင့်မှာ ဆုံးဖြတ်ရမှာက လုပ်ငန်း စာရင်း တွေ ထုတ်ပြန် ဖို့ပါ။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ၊ အသေးစား၊ အလတ်စား၊ အကြီးစား ရင်းနှီးမြုပ်နှံသူတွေ အတွက် ဘယ်လုပ်ငန်းတွေ ဘယ်လို ပုံစံ နဲ့ လုပ်နိုင်တယ် ဆိုတဲ့ အချက်တွေကို တိတိကျကျ ဖေါ်ပြထားပြီး သက်ဆိုင်ရာ တိုင်းဒေသ၊ ပြည်နယ် ၀န်ကြီးဌာန နဲ့ စည်ပင်သာယာ မှာ မှတ်ပုံတင် လျှောက်ထား ရမှာပါ။ မလေးရှားမှာ မြန်မာ ကုမ္မဏီ အသေးစား တွေ ဒီလိုပဲ လုပ်နေကြပါတယ်။ လက်ရှိ နိုင်ငံတော် ပိုင်တဲ့ လုပ်ငန်း တွေ မဟုတ်ရင် အသေးစားလုပ်ငန်းတွေကို နေပြည်တော် အဆင့်က လိုင်စင်ချပေးတာ ကျန့်ကြာမှု ဖြစ်စေပါတယ်။)

နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံစာ ဟာ နိုင်ငံ အတွက် တကယ် အကျိုးပြုသလား?

လူမှန်ရင် နိုင်ငံရေး နဲ့ မကင်းပါ၊ ဒါပေမယ့် လူတိုင်းက နိုင်ငံရေး နားမလည်တတ်ပါ။ နိုင်ငံသား တစ်ယောက်ကို နိုင်ငံရေး မလုပ်ပါနဲ့ လို့ ပြောခြင်းဟာ ထမင်းမစား နဲ့ ပြောလိုက်တာ ဖြစ်တယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေး သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ၊ ထမင်းစားခြင်းသည် နိုင်ငံရေးတွေးခေါ်မှုအတွက် အခြေခံ အုတ်မြစ် ဖြစ်တယ်၊ ဆိုခြင်း အတွက် ပါ။ သဘောမှာ လူတစ်ယောက်ရဲ့ အိပ်ကောင်းခြင်း၊ စားကောင်းခြင်း သည်၊ နိုင်ငံ့ အရေး ဖြစ်လေသည်။

ပေါ်လစီ ချမှတ်သူတိုင်းဟာ နိုင်ငံရေးသမား များ ဖြစ်တယ်။ ဒါပေမယ့် ပေါ်လစီချမှတ်သူတိုင်း နိုင်ငံရေး ပညာရှင်များ မဟုတ်။

နိုင်ငံရေး ပညာရှင်များဟာလဲ ပေါ်လစီ ချမှတ်သူများ မဟုတ်လေတော့ ..... နိုင်ငံရေး ပညာရှင်များကို နေရာပေးတတ်သော ဓလေ့ရှိတဲ့ နိုင်ငံတိုင်းဟာ ကြီးပွါးချမ်းသာ စမြဲ ဖြစ်တယ်။

ပညာရှင်တွေကို မောင်းထုတ်တတ်တဲ့ ဓလေ့ဟာ လူပြိန်းကြိုက်နိုင်ငံရေးသမားများ ကြီးစိုးတဲ့ နိုင်ငံတွေမှာ ဖြစ်လေ့ ဖြစ်ထရှိတယ်။ အဲဒီ နိုင်ငံတွေရဲ့ သွင်ပြင်လက္ခဏာဟာ "ဆင်းရဲနှုံချာခြင်း၊ လူမျိုးရေးမုန်းတီးခြင်း၊ နာကျည်းဘွယ် ဖြစ်ရပ်များ၊ အကြမ်းဖက်မှုများ... " စသည်များ ဖြစ်တယ်။

Friday, July 5, 2013

ဘယ်သူ့ အတွက် အမျိုး ဘာသာ၊ သာသနာ လဲ...

အမျိုးဘာသာ၊သာသနာ လှုပ်ရှားမှု ကြောင့် ဘယ်သူတွေ ဘာအကျိုးရှိမလဲတော့ မသိသေးဘူး.. လောလောဆယ်တော့

(၁) ခရစ်ယာန် တိုင်းရင်းသား နဲ့ ဗုဒ္ဓတိုင်းရင်းသားတွေကြား အမြင်မတူမှုတွေ ရှိလာတယ်။

(၂) မြန်မာဗုဒ္ဓဘာသာဝင် ဒီမိုကရေစီဖက်တော်သားတွေနဲ့ ခရစ်ယာန် တိုင်းရင်းသားတွေကြား အမြင်မတူမှု ပိုများလာတယ်။ (အရင်က တဖွဲ့တည်းသားတွေ ဂိုဏ်းကွဲလာတယ်။)

(၃) ဒီမိုကရေစီ နဲ့ အမျိုးသား လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်၊ ၈၈ ကျောင်းသား ခေါင်းဆောင်များ ကို အရင်က ထောက်ခံသူတွေရဲ့ ဝေဖန်မှု ပိုများလာတယ်။

အဲဒါဘယ်သူ့ အကျိုးအတွက်လဲ?????????

လူမျိုးကြီး ၀ါဒ ဆိုတာ....



ဒီ ကွမ်မန့်မှာတော့ ပြည်ထောင်စု တိုင်းရင်းသားတွေကို စည်းလုံးရေး စကား ပြောနေတာက ကရင်တိုင်းရင်းသား ဖြစ်နေတယ်။ (အမေရိကန် မှာ ဆိုရင်တော့ ဥပဒေ ပြစ်မှုကျူးလွန်ခြင်း ဖြစ် ပါတယ်။)

လူမျိုးကြီး ၀ါဒ ဆိုတာကို တိုင်းရင်းသား တွေ ပြောတိုင်း ဗမာ တွေက မရှိပါဘူး... ဘယ်မှာ ရှိလို့လဲ ဆိုပြီး မေးတတ်ကြပါတယ်။။ အားလုံး ချစ်ချစ်ခင်ခင် နေနေတာပဲ ပေါ့။ ချစ်ချစ်ခင်ခင် နေနိုင်တာက မူ နဲ့ မဆိုင်ဘူး လူ နဲ့ ဆိုင်ပါတယ်။ ချစ်ချစ်ခင်ခင် နေနိုင်တာ၊ မနေနိုင်တာက လူတစ်ယောက်ချင်းရဲ့ စရိုက်နဲ့လဲ ဆိုင်ပါတယ်။ တရားမျှတ တဲ့ နိုင်ငံ မှာတောင် ချစ်ချစ်ခင်ခင် မနေနိုင်တဲ့ လူတွေ ရှိတယ်။ လူမျိုးခြား မပြောနဲ့ လူမျိုးအချင်းချင်း၊ ညီအစ်ကို အရင်းတွေတောင် တစ်ယောက် နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် မနေနိုင်တဲ့ လူတွေ အများကြီးပါ။ ဒါပေမယ့် လူတိုင်းလူတိုင်းတော့ အမြဲတမ်း ရန်ဖြစ်နေတာ မဟုတ်ပါဘူး။

မေရီလန်း ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် ၈ နှစ်သမီး ကျမ်းကျိန်။



အမေရိကန် နိုင်ငံ Maryland ပြည်နယ် မှာ ၈ နှစ် အရွယ် အမျိုးသမီး ငယ် ကို လက်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူး Martin O'Malley ရဲ့ နေရာ အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့ တနေ့တာ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူဖို့ ရွေးချယ် လိုက်တာ ဖြစ်ပါတယ်။

Friday, June 28, 2013

စံပြ မဖြစ်တဲ့ စံပြ စခန်းများ...

စံပြမဟုတ် တဲ့ စံပြ စခန်းများ by Duwa Kachin

ဗုဒ္ဓဘာသာဝင် နိုင်ငံသား တမျိုးထဲအတွက် ဥပဒေ မလိုလား...

ဦးဝီရသူ ရဲ့ ခြင်ထောင်စောင့်ဥပဒေကို ဒူဝါ က ဘာဖြစ်လို့ သဲသဲမဲမဲ လိုက်ဖဲ့နေသလဲ ဆိုတော့... ဗမာဗုဒ္ဓဘာသာရဲ့ ဘာသာခြားလို့ ပြောထားလို့ပါ။ မူဆလင် ကို ကြောက်တယ် ဆိုရင် မူဆလင် လို့ အသိအလင်း ရေးပေါ့။ အခုတော့ မဆီမဆိုင် ကချင်ခရစ်ယာန်တွေ၊ ချင်းခရစ်ယာန်တွေ၊ ကရင် ခရစ်ယာန်တွေကို ပြည်ထောင်စု ညီနောင်ပွါးများ ဆိုပြီး သူတို့ကြိုက်သလို ရမ်းတုတ်နေရင် ဘယ်ခံတော့မလဲ။ ၁၉၅၄ မှာ ပြဠာန်းတဲ့ ဗမာဗုဒ္ဓဘာသာ အမျိုးသမီးများရဲ့ ထိန်းမြားခြင်းဆိုင်ရာ အမွေဆက်ခံ ဥပဒေ တောင် တော်တော် လွန်လှပါပြီ။

အဲဒီတုန်းက ကချင် နဲ့ ချင်း ကျောင်းသားတွေ ကန့်ကွက်ခဲ့တယ်။ နောက်ဆက်တွဲအနေနဲ့ ကေအိုင်အေ ဆိုတဲ့ တော်လှန်ရေး ပေါ်လာရတာပဲ။ ကျနော်တို့ကို အဆိုးမဆိုနဲ့။ နောက်ဆက်တွဲ တော်လှန်ရေးတွေ အဆင်သင့်ပါ။ အဲဒီတုန်းက မြန်မာနိုင်ငံသား အမျိုးသမီးထု အားလုံးအတွက် ဥပဒေ ဖြစ်ခဲ့ရင် ဘာမှ ပြဿနာ မရှိပါ။

မြန်မာ့ သံသရာ တပတ်ပြန်လည်မလား?



လွတ်လပ်ရေး မရခင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ အဖွဲ့က ခရစ်ယာန် တိုင်းရင်းသားများ ဖြစ်တဲ့ ကချင် နဲ့ ချင်း တွေကို မရမက ဗမာပြည်နဲ့ ပေါင်းပြီး လွတ်လပ်ရေး ယူဖို့ စည်းရုံးခဲ့ပါတယ်။ အဲဒါကတော့ တန်းတူ အခွင့်အရေး ပါ။ တန်းတူ အခွင့်အရေး ဆိုတာ ဗမာဗုဒ္ဓဘာသာ တမျိုးထဲကို ကာကွယ်တဲ့ သီသန့် ဥပဒေ တွေ ထုတ်ဖို့ မဟုတ်ဘူး။ (မြန်မာနိုင်ငံသား အမျိုးသမီးထု အားလုံးကို ကာကွယ်တဲ့ ဥပဒေ ဆိုရင်တော့ တမျိုးစဉ်းစားရမှာပေါ့။)

အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်းကို သံဃာတွေ ဦးဆောင်တဲ့အဖွဲ့တွေက အမျိုးမျိုးဖိအားပေးခဲ့တယ်။ အဲဒါကတော့ နိုင်ငံတော် ဘာသာ ကိစ္စပါ။ အဲဒီတုန်းက မီဒီယာကလဲ အခုလောက်မကောင်း ဆိုတော့ ဗမာလူထုကြား ဘာဖြစ်နေတယ် ဆိုတာ ကချင်ဒူဝါ တွေ မသိခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်း က သူ့ မစ်ရှင်ကျဆုံးမှာကြောက်လို့ (ကချင် နဲ့ ချင်း တွေ ဗမာတွေရဲ့အကြံအစည်သိသွားပြီး သီးသန့်ခွဲထွက်သွားမှာစိုးလို့) ရန်ကုန်လူထု ကို ခတ်ရိုင်းရိုင်းတောင် ပြောခဲ့တယ်။ "ခွေးဟောင်တိုင်း ထ မကြည့်နိုင်ဘူး" ဆိုတာပါ။

Wednesday, June 26, 2013

လာမည့် ၂၀၁၅ မှာ နိုင်ငံရေး ဇာတ်ခုံ ၃ ခုရှိလာမယ်။

(၁) လူပြိန်းကြိုက် နိုင်ငံရေးသမားတွေက - ဗမာလူထု အများ အကြိုက် အမျိုး၊ ဘာသာ၊ သာသနာ စောင့် တရားဟောပြီး ဗမာလူထုကြားမှာ အနိုင်ယူဖို့ ကြံမယ်။ တကယ်တော့ ဒီလိုလုပ်ခြင်းဟာ မြန်မာနိုင်ငံသားအားလုံးအတွက် ပုံရိပ်မကောင်းပါ။ လူ့အခွင့်အရေး နဲ့ လွတ်လပ်ခြင်းပျက်သုန်းပြီး လူတစ်စု ရဲ့ ခြိမ်းခြောက်ခြင်းကို အမြဲတစေ မလွဲမသွေ တွေ့လာရမဲ့ နိုင်ငံရေး ဇာတ်လမ်း ဖြစ်ပါတယ်။ တနိုင်ငံလုံး စီးပွါးဖွံ့ဖြိုးမှု နှေးကွေးမယ်။ ဒါပေမယ့် ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုတဲ့အတိုင်း ဒီလို တရားဟောတဲ့ နိုင်ငံရေး သမားကတော့ အမတ်ဖြစ်လာမယ်။

Saturday, June 22, 2013

ခေတ်သစ် လူ့ယဉ်ကျေးမှု နားမလည်တဲ့ ဦးဝီရသူ

ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းက ဦးဝီရသူ ကို မျက်နှဖုံးရှင် လုပ်ထားပြီး အကြမ်းဖက်သမား ဘင်လာဒင်နဲ့ ခိုင်းနှိုင်းထားတော့ မြန်မာနိုင်ငံသား တော်တော်များများအတွက် ဘ၀င် မကျ စရာ ဖြစ်လာရပါတယ်။ မြန်မာ နိုင်ငံသား ဖြစ်နေတဲ့ ဒူဝါ တို့လဲ ငါးခုံးမ တစ်ကောင်ကြောင့် တလယ်လုံးပုပ်သွား တာပေါ့ကွာ။ ဘာပဲ ဖြစ်ဖြစ် ရှက်တတ်တဲ့လူတွေ အတွက်တော့ ရှက်စရာကြီးပေါ့ကွာ... မြန်မာ နိုင်ငံသားတွေ အရိုင်းအစိုင်းကောင် ဖြစ်သွားတာကိုး။

မိတ္ထီလာအဓိကရုဏ်းအပြီးမှာ တိုင်းမ် မဂ္ဂဇင်း သတင်းထောက်က ဦးဝီရသူ ကို သွားဗျူးတဲ့အခါ ဘာပြောလဲ ဆိုတော့၊ ၉၆၉ ကို လူတွေက အကြမ်းဖက်ဂိုဏ်းလိုလို အမျိုးမျိုးပြောကြတယ်။ ဗုဒ္ဓဘာသာလဲ သိက္ခာကျနေတယ်။ အဲဒါကြောင့် ကမ္ဘာက ဖြစ်ရပ်အမှန်သိရအောင် ပြောပြပေးပါ။ လို့ တောင်းဆိုသတဲ့။

အဲဒါကို ဦးဝီရသူ က ကမ္ဘာ့ဇာတ်ခုံအကြောင်း ဘာမှ နားမလည်။ သူ့ခံစားချက်အတိုင်း မူဆလင် ဆန့်ကျင်ရေး ကို ပြောင်ပြောင်တင်းတင်း ပြောချလိုက်တယ်။ မိတ္ထီလာမှာ ဥပဒေမဲ့ လူသတ်တာ သူပဲ ဦးဆောင်သလိုလို၊ ဗမာတွေလုပ်တာအားလုံးမှန်သလို၊ အဲဒီ လူသတ်ပွဲက အမျိုး၊ ဘာသာ၊ သာသနာကာကွယ်သယောင် ပြောတော့ ပိုဆိုးပြီပေါ့။ တကယ်တော့ အဲဒီ သတင်းထောက်မျော်လင့်တာက ၉၆၉ ဆိုတာ အဲဒီ ကုလားသတ်ပွဲနဲ့ မဆိုင်တဲ့ အကြောင်း၊ ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါး အနေနဲ့ မိတ္ထီလာလူသတ်ပွဲကို အားပေးခြင်းမရှိ၊ အဲဒီလို လုပ်တဲ့လူတွေကို ရှုံ့ချတဲ့ အကြောင်း၊ အဲဒီ ဥပဒေမဲ့လူသတ်တာဟာ ဗုဒ္ဓဘာသာတရားနဲ့ ဆန့်ကျင်တဲ့ အကြောင်း၊ တွေ ပြောဖို့ မျော်လင့်တာပါ။

Thursday, June 13, 2013

နိုင်ငံခြားဧည့်သည်များကို ဟိုတယ် မှာ တည်းခိုင်းတဲ့ ကိစ္စ နဲ့ Home Stay ခေါ် အိမ်မှာ တည်းခွင့်ပြုတဲ့ ကိစ္စ နိုင်ငံ့ အကျိုးပြုပုံ ကွာခြားချက်။

မြန်မာအစိုးရ အနေနဲ့ ခေတ်အဆက်ဆက် နိုင်ငံခြားသား ဧည့်သည်များကို ဟိုတယ် ကလွဲပြီး နေအိမ် နဲ့ ရိုးရိုး တည်းခိုခန်း တွေမှာ မတည်းခိုင်းပါဘူး။ သူတို့ ပြောတာကတော့ လုံခြုံရေးအရ လို့ ပြောပါလိမ့်မယ်။ နိုင်ငံခြားသားတွေရဲ့ လုံခြုံရေးလား၊ နိုင်ငံ့လုံခြုံရေးလား သေချာရေရာမသိ၊ ဆင်ခြေ အသေးစိတ်ကိုတော့ မသိပေမယ့်၊

- အာဏာရှင်တွေက သူတို့ လုပ်ရပ်တွေအတွက် နိုင်ငံခြားသတင်းထောက်တွေ မေးချင်ရာ လျှောက်မေးမှာ ကြောက်လို့လား၊
-ဒါမှ မဟုတ်၊ စုတ်ပဲ့နေတဲ့ မြန်မာနိုင်ငံသား အခြေခံလူတန်းစားတွေရဲ့ ဘ၀ကို ဖုံးကွယ်ထားချင်လို့လား။
- မြန်မာဟာ ကမ္ဘာမှာ အယဉ်ကျေးဆုံး၊ အဆင့်မြင့်တယ် ဆိုတာ ပြချင်လို့ ဟိုတယ် မှာပဲ တည်းခိုင်းသလား။ ဟိုတယ်မှာ ဆိုရင် မြန်မာ ဆန်ဆန် ၀တ်ပြမယ်ပေါ့။ ယဉ်ယဉ်ကျေးကျေး ဧည့်ကြိုတွေ ရှိမယ်... စသည်ဖြင့်ပေါ့။
- ဒါမှ မဟုတ် ... ဟိုတယ် လုပ်ငန်းရှင်တွေ အတွက် ၀င်ငွေရှာပေးတာလား... ဒါမှ ဟိုတယ် လိုင်စင်အတွက် ၀န်ကြီးတွေ ပွမှာလေ.... တခုခုတော့ တခုခုပဲ။

ဟိုတယ် မှာ တည်းခိုင်းတဲ့ ကိစ္စမှာ နိုင်ငံခြားသား ဧည့်သည်တွေ အနေနဲ့ တွေ့ကြုံရတာတွေ ဝေဖန်ကြည့်မယ် ဆိုရင်....

Tuesday, June 11, 2013

မြန်မာတွေ ဘာလို့ ဆင်းရဲသလဲ?


အင်းလေးကန်မှာ ဟိုတယ်ဇုံအတွက် လယ်သိမ်းတယ်တဲ့။
 ဂျပန် ဘာလို့ ချမ်းသာသလဲ...

ရှင်းရှင်းလေးပါ... အစိုးရက လူတိုင်းရဲ့ ဓန ပိုင်ဆိုင်ခွင့် (Property Rights) ကို အာမခံ တယ်။ အဲဒါက လူ့အခွင့်အရေး ပါ။ လူတိုင်း လူတိုင်းမှာ မွေးရာပါ ပိုင်ဆိုင်ခွင့်၊ ဘိုးဘွားပိုင် ပစ္စည်း၊ ဘိုးဘွားပိုင်မြေ ပိုင်ဆိုင်ခွင့်၊ လက်ငုတ်မြေ ပိုင်ဆိုင်ခွင့်၊ အဲဒါတွေက အစိုးရ အနေနဲ့ လွယ်လွယ်သိမ်းလို့ မရ အောင် ကာကွယ်ထားပေးတဲ့ ဥပဒေ ရှိရမယ်။

ဥပမာ..  တရုတ် နဲ့ ပြဿနာ ဖြစ်နေတဲ့ Senkaku/Diaoyu ကျွန်းဟာ လူမနေဘူး၊ ဘာမှ စိုက်လို့လဲ မရဘူး၊ ကျောက်တောင်တထီးထဲ ပင်လယ်ပြင်မှာ ရှိနေတဲ့ ကျွန်း၊ ဒါပေမယ့် ဂျပန် တစ်ယောက်က ပိုင်တယ်တဲ့။ အဲဒါကို ဂျပန် အစိုးရ က ဒေါ်လာသန်းချီပေးပြီး ၀ယ်လိုက်တယ်။ နိုင်ငံတော်ပိုင် ဆိုပြီး အလကား မသိမ်းဘူး။ အစိုးရက၀ယ်လိုက်တယ် ဆိုတာ ဂျပန် နယ်နိမိတ် အပြင်ကဟာကို ၀ယ်လိုက်တာ မဟုတ်ပါ။ နှကိုယ်ကတည်းက ဂျပန်အစိုးရ ဥပဒေ အရ နိုင်ငံအထဲမှာ ရှိနေတဲ့ ကျွန်းကို ၀ယ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ အဲဒီ ဂျပန် ပိုင်ရှင်က ဘိုးဘွားလက်ထက် ကတည်းက သူတို့ မိသားစု ပိုင် ဆိုပြီး ရှိနေတာပါ။

Monday, June 10, 2013

လူပြိန်းတွေကြား ရေပန်းစားချင်ရင်....

ဒီအချိန်မှာ....
ဗမာ လူပြိန်းတွေကြားရေပန်းစား ချင်ရင်။

ကုလား ကို ဆဲ ပြ.. .....
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဆန့်ကျင် ပြ...
ဖက်ဒရယ် ဆိုရင် ခါးခါးသီးသီး ငြင်း....
ဒေါ်အောင်ဆန်းစုကြည် ကို ဆဲ ပြ... ကုလားမစုကြည်လို့ ပြော...
အစိုးရကို အမွှန်းတင်....
သမ္မတကို ချီးမွှမ်း....
၈၈ ခေါင်းဆောင်တွေကို သွေးဆုံးကျောင်းသား များဆိုပြီး အပုတ်ချ....
တရုတ်အကြောင်း လုံးဝ မဟ....
ကြံ့ဖွတ် အလံကို ပရိုဖိုင်တင်ထား....
ရှေးဟောင်း သူရဲကောင်း ရုပ်ထု ဓါတ်ပုံတွေ တင်ထား....
အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြတဲ့လူတွေကို အလုပ်အကိုင် မရှိသူများ ဆိုပြီး သရော်...
လယ်သိမ်းခံ လယ်သမားများကို ဆန္ဒပြပြီး ပျက်ဆံရှာသူများ ဆိုပြီး သရော်....
၉၆၉ တံဆိပ် ဓါတ်ပုံ တင်ထား....
အမျိုး၊ ဘာသာ၊ သာသနာ အတွက် အသက်ပေးမယ် ဆိုတဲ့ status ရေး။
ယူအန် အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေကို မယုံတဲ့ အကြောင်းရေး။
လူ့အခွင့်အရေး ဆိုတာ မြန်မာ နဲ့ မဆိုင်တဲ့ အကြောင်း သွားလေသူ ဦးနေ၀င် လို များများ ပြော။
အမြင်မတူတွေကို ကုလား ဆိုပြီး ဆဲ....
ဇ ရှိရင် ဖိုက်မယ်... ဆိုပြီး စိန်ခေါ်...
သတ်မယ် ဖြတ်မယ် ဆိုပြီး တချိန်လုံး -ီး -ိုး နဲ့ ဆဲ....

ဒါဆို ဗမာ သူရဲကောင်း ဖြစ်ပြီ။

Sunday, June 9, 2013

ကချင် စစ်ပွဲ ၂ နှစ်ပြည့်ပြီ။

ဒီနေ့ ဇွန်လ ၉ ရက်နေ့ကတော့ ကချင် စစ်ပွဲ ၂ နှစ်ပြည့် အထိန်းအမှတ်နေ့ ပါ။

အိပ်ပျော် နေတဲ့ လိုင်ဇာ အနီးကို ဗမာ့ တပ်မတော် ထိုးစစ်ဆင်လာရာက စ ဖြစ်ခဲ့တဲ့ စစ်ပွဲဟာ ၂ နှစ် တိုင်ခဲ့ပါပြီ။

၁၇ နှစ်တိုင်တိုင် အပစ်ခတ်ရပ်စဲထားရာက အတင်းအကြပ် နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူညီမျှ အခွင့်အရေး တွေကို လစ်လျူရှု့ပြီး တိုက်ခိုက်ခြေမှုန်းရေးကို လက်ကိုင်တုတ်ထားတဲ့ ဗမာ တပ်မတော်ရဲ့ ထိုးစစ်ဆင်ခြင်းကို ကြံ့ကြံ့ခံ တိုက်ခိုက်နေရတာပါ။

ကျန်တဲ့ တနိုင်ငံလုံးရှိ လက်နက်ကိုင် တပ်ဖွဲ့တွေကို ချော့ထားပြီး ကချင်တွေကို ပစ်မှတ်ထား ထိုးစစ်ဆင်ခြင်းခံရတာလဲ ဖြစ်ပါတယ်။

ဒီ ၂နှစ် အတွင်းမှာ အထူးသဖြင့် ၁ နှစ်ခွဲကြာ အပြင်းအထန် ထိုးစစ်မှာ အစိုးရ မီဒီယာ နဲ့ သမ္မတ က တမျိုး ၀ါဒ ဖြန့်ပေးတယ်။ ရှေ့တန်းမှာတော့ တပ်ရင်း ရာချီ စစ်ကြောင်းထိုးနေတယ်။ ပြည်တွင်း ပြည်ပ သတင်းထောက်တွေက အစိုးရ စစ်တပ် ဆိုတဲ့ဖက် သတင်းလိုက်လို့မရပဲ ဗမာစစ်တပ်က သူပုန်၊ အကြမ်းဖက်သမား လို့ ပြောနေတဲ့ ကေအိုင်အေ ဖက်လွတ်လွတ်လပ်လပ် သတင်းယူခဲ့ပါတယ်။ ဘင်လာဒင် စစ်ပွဲမှာ အမေရိကန်ဖက်ပဲ သတင်းယူကြပါတယ်။ အကြမ်းဖက်သမားတွေဖက် လွတ်လပ်စွာသတင်းယူလို့ မရပါဘူး။ အဲဒီအချက်အပေါ်မှာ ပညာရှင်ဆန်ဆန် သုံးသပ်သူတိုင်းက ဘယ်သူ အကြမ်းဖက်သမား ဆိုတာ သိပါတယ်။

လူ့အခွင့်အရေး နဲ့ နိုင်ငံ့တိုးတက်မှု ဆက်စပ်ခြင်း။

လူ့အခွင့်အရေးကို အရေးမကြီးဘူးလို့ မြန်မာတချို့ ပြောကြပါတယ်။ တဖက်မှာလဲ တိုးတက်ချင်နေတာ တပိုင်းကို သေလို့။ စင်ကာပူကိုလဲ အားကျ တယ်တဲ့။ တချို့က စင်ကာပူကို လူ့အခွင့်အရေး မရှိဘူး လို့ ပြောကြတယ်။ ဒါပေမယ့် အဲဒီလို ပြောနေတဲ့ လူကိုယ်တိုင်က မြန်မာမှာ မွေးကြီးလာပြီး စင်ကာပူမှာ နိုင်ငံသား ခံယူထားသူ ဖြစ်ချင် ဖြစ်နေတယ်။ သူ့ကိုယ်သူ စင်ကာပူရဲ့ လူ့အခွင့်အရေးကို ခံစားရသူအဖြင့်တောင် မသိဘူး ဖြစ်နေတယ်။

လူ့အခွင့်အရေး ဆိုတာ ဥပဒေ စိုးမိုးရေး ပါ။ စင်ကာပူ မှာ တင်းကြပ်တဲ့ ဥပဒေ တွေ ရှိတယ်။ ဥပမာ ဆေးလိပ်ကို နေရာတိုင်း သောက်လို့မရပါ။ အဲဒါကိုမှ လူ့အခွင့်အရေး မရှိဘူးလို့ နားလည်သလားတော့ မသိပါ။ အဲဒါက သူတို့ နိုင်ငံ့လွတ်တော်က တရားဝင် ထုတ်ပြန်ထားတဲ့ စည်းကမ်း ဖြစ်ပါတယ်။

တရားမ၀င် လာနေသူတွေကို ဖမ်းမိရင် ကြိမ်ဒဏ်ပေးတယ်။ အဲဒါလဲ သူတို့ ဥပဒေအရ တရားရုံးတွေမှာ စနစ်တကျ ကြားနာပြီးမှ အမိန့်ချမှတ်တာပါ။ လမ်းပေါ် တွေ့သမျှ နိုင်ငံခြားသားတွေကို လိုက်ရိုက်နေတာ မဟုတ်ဘူး။ အဲ.. တရားဝင်နေထိုင်တယ်၊ ဒါမှ မဟုတ် နိုင်ငံသား ဖြစ်နေတယ် ဆိုရင်တော့ လူမျိုး၊ ဘာသာ၊ မရွေး စင်ကာပူ ရဲတွေက အကာအကွယ်ပေးရပါတယ်။ စင်ကာပူ နိုင်ငံသားတိုင်းခံစားခွင့်ရှိတာ အကုန်ခံစားရပါတယ်။ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကိုယ့်အရည်အချင်းအလိုက် လုပ်ငန်းကိုင်ငန်းကိစ္စ၊ အစိုးရ ၀န်ထမ်း၊ စသည်ဖြင့်ပေါ့။ နိုင်ငံရေးမှာ တရုတ်တွေကို တိုးလို့မရဘူး ပြောလိမ့်မယ်။ အဲဒါက နိုင်ငံရေး၊ စီးပွါးရေး ဆိုတာ သူ့အသိုင်းအ၀ိုင်း နဲ့ သူ အနည်းနဲ့ အများတော့ ၀န်ဆံ့လွယ်တာ၊ ခက်တာ ရှိတတ်တာ သဘာဝ ပါ။္ဒဒါပေမယ့် မြန်မာနိုင်ငံမှာလို ဗုဒ္ဓဘာသာ ဖြစ်မှ ဆိုတာမျိုးတော့ မရှိဘူး။

Laissez-faire Economic နဲ့ တို့နိုင်ငံရဲ့ အနေအထား

Laissez-faire economic ဆိုတာ ဥရောပ နိုင်ငံတွေမှာ ၁၇ ရာစုကနေ စလာတဲ့ စီးပွါးရေး ပေါ်လစီ ဖြစ်ပါတယ်။ ၁၆၈၀ ခုနှစ်မှာ သြဇာတိကမ ကြီးမားတဲ့ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး Jean-Baptiste Colbert နဲ့ ပြင်သစ် စီးပွါးရေး လုပ်ငန်းရှင်ကြီးများတွေ့ဆုံပွဲမှာ ၀န်ကြီးက စီးပွါးရေးသမားတွေကို အစိုးရ အနေနဲ့ ဘာတွေ ကူညီပေးရမလဲ... လို့ မေးတဲ့အခါ စီးပွါးရေးလုပ်ငန်းရှင်ကြီးများခေါင်းဆောင် M. Le Gendre က "Laissez-nous faire" လို့ ပြင်သစ်လို ပြန်ပြောလိုက်တယ်။ အဓိပ္ပါယ်ကတော့ "ကျနော်တို့ကို လွတ်ထားပေးပါ" ဆိုလိုချင်တာက အစိုးရ ၀င်မပါ နဲ့ "ကိုယ့်နည်းကိုယ့်ဟန် လုပ်ပါရစေ" ဆိုတဲ့ သဘော ပါ။

နောက်ပိုင်းမှာ ပညာရှင် (Scholars) တွေက စနစ်တကျ လေ့လာသုံးသပ်ပြီး ဒီနေ့ မြန်မာ အစိုးရ ပြောပြော နေတဲ့ ဈေးကွက်စီးပွါးရေး စနစ် (Free market) ရယ်လို့ နာမည်ကြီးလာတယ်။ အခု နောက်ဆုံးမှာတော့ 'Neo-liberalism' ခေတ်ကို ရောက်လာပါတော့တယ်။ ဘယ်သူမှ မကိုင်သွယ် နိုင်တဲ့ လွတ်လပ်ရေးအပြည့်ရထားတဲ့ ခေတ် ပါ။ အစိုးရ ဆိုတာ ဒိုင်လူကြီး အနေနဲ့ပဲ ရှိလာရတယ်။ အစိုးရ ကဏ္ဍကိုလျှော့ချပြီး ပုဂ္ဂလိက အခန်းကဏ္ဍကို တွန်းအားပေးထားတဲ့ စနစ် ဖြစ်ပါတယ်။ အခု ဖွံ့ဖြိုးပြီး နိုင်ငံတွေ အားလုံးဟာ ဒီနည်းနဲ့ ဒီအဆင့် ရောက်လာတာပါ။ တရုတ်ကိစ္စကတော့ နောက်တမျိုးပေါ့။

Friday, June 7, 2013

အမျိုး၊ ဘာသာ၊ သာသနာ အတွက် ဥပဒေ မလိုဘူး ဆိုတာဟာ စစ်တပ်ထဲမှာ အရိုးစွဲနေတဲ့ ၀ါဒ ဖြစ်ပါတယ်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် ဥပဒေ မလိုဘူး ဆိုတာဟာ စစ်တပ်ထဲမှာ အရိုးစွဲနေတဲ့ ၀ါဒ ဖြစ်ပါတယ်။

ကျနော် တို့ကသာ ဥပဒေ တွေ ပြောနေတာ... သူတို့က ဥပဒေ မှ မရှိပဲ... ဥပဒေ ဆိုတာ အုပ်ချုပ်သူ လူတန်းစား တွေကို ကာကွယ်ဖို့ သာ ဖြစ်ပါတယ်။

တိုင်းရင်းသူ တွေကို မဒိမ်းကျင့်တာလဲ တရားဝင် ဖြစ်မှန်း အခုတလော ပိုသိလာတယ်။

တိုင်းရင်းသား ရွာ တွေ ဥပဒေမဲ့ ဖျက်ဆီး ပေးတာလဲ တရားဝင် ဖြစ်တယ်။

တိုင်းရင်းသား ရွာတွေမှာ ရွာသား တွေကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်တာတွေ လဲ တရားဝင် ဖြစ်တယ်။

ကလေးဖျက်ချခွင့် ဥပဒေ မရှိပဲ၊ ရိုဟင်ဂျာ ကလေးနှစ်ယောက် အစီအစဉ် ဘယ်လို ဖြစ်လာမလဲ?

 
UN Declares Birth Control a Human Rights ဆိုတာ ကို အဓိပ္ပါယ် တမျိုးပေါက်အောင် ဘာသာပြန်ထားပြီး ရခိုင်က ရိုဟင်ဂျာကလေး နှစ်ယောက်အစီအစဉ်မှာ လူ့အခွင့်အရေး ချိုးဖေါက်တယ် လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလဲ ငတုံး ဖြစ်အောင် ပြောနေတာတွေ တွေ့ရပါတယ်။

ဒီလိုကွဲ့.....

ယူအန်ရဲ့ ကလေးထိန်းချုပ်မှု ဆိုတာ အာဏာ နဲ့ အဓမ္မလုပ်ဖို့ မဟုတ်ဘူး။ ကိုယ့်အသိစိတ်နဲ့ ကိုယ်ဆုံးဖြတ်ပိုင်ခွင့် ပေးဖို့ ဖြစ်တယ်။ လူထုပညာပေးခြင်း၊ ကလေးမရအောင်လိင် ဘယ်လို ဆက်ဆံရမယ်ဆိုတာ မိသားစု နဲ့ ကျောင်းတွေ မှာ လိင်ပညာပေးခြင်း၊ အမျိုးသမီး တွေ လွတ်လပ်စွာ ကိုယ်ဝန်ဖျက်ချခွင့် စတာ တွေ ဖြစ်ပါတယ်။ နောက်ပြီး ဥပဒေ ပြဠာန်းရမယ်။ ဒီလိုနည်းနဲ့ ပညာရေးမြင့်မားလာတဲ့ အနောက်နိုင်ငံတွေမှာက ကလေးယူခိုင်းရင်တောင် မယူတော့လို့ အစိုးရက ကလေးထောက်ပံ့ကြေးတွေပေးပြီး ကလေးမွေးဖို့ ဆော်သြနေရပါတယ်။

တရုတ်ပြည်မှာက တနိုင်ငံလုံး အတိုင်းအတာ ဥပဒေ ပြဠာန်းပြီး ကလေး တစ်ယောက်ပဲ ယူစေ၊ အဓမ္မလုပ်တယ်။ အမျိုးသမီးတွေကို ကိုယ်ဝန်ဖျက်ဖို့ အစိုးရအနေနဲ့ အခမဲ့ ၀န်ဆောင်မှု ပေးတယ်။ အဲဒါကိုတောင် နိုင်ငံတကာက ဝေဖန်ခဲ့ပါတယ်။

Thursday, June 6, 2013

မူဆလင် တိုက်ခိုက်ရေးဟာ ဘယ်သူက စပြီး ဘယ်သူ့ကို ဦးတည် နေသလဲ?

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ ဖြစ်ချင်တယ် ဆိုတဲ့ သတင်း အောက်မှာ ကွန်မန့် ပေးသူတွေမှာ လေ့လာမိသလောက် နဲ့ အတွေးကို ဆက်နယ်ချဲ့လိုက်တော့ ပုံရိပ်တခု ကို ပိုပြီး ပီပီပြင်ပြင် တွေ့လာတယ်။

အဲဒီ ကွန်မန့် တွေမှာ လူတစ်စုပေးတဲ့ ကွန်မန့်တွေရဲ့ သွားတဲ့ လမ်းကြောင်းတွေ စုလိုက်တော့
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရင် ကုလားတွေကို အခွင့်အရေး ပေးတော့မယ်... ဆိုတဲ့ ဆိုက်ဝါး ကို အထင်းသား တွေ့လိုက်ရတယ်။ ဒီလို ဆိုက်ဝါးဟာ မသိနားမလည် တဲ့ ဗမာ လူထုရဲ့ အသဲနှလုံးတွေကို လှုပ်ခါ စေပါတယ်။

ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ ဇာတ်ခုံမှာ ဒီမိုကရေစီ အိုင်ကွန် အနေနဲ့ နာမည်ကြီးလာတာနဲ့အမျှ နိုင်ငံတကာ စံချိန် စံညွန်းအရ ဒီမိုကရေစီ နဲ့ ထိုက်တန်တဲ့ စကားကိုတော့ ပြောရပါလိမ့်မယ်။ အဲဒါက ဥပဒေ ထဲက နိုင်ငံသား အခွင့်အရေး ပါပဲ။ ကုလားပဲ ဖြစ်ဖြစ်၊ တရုတ်ပဲ ဖြစ်ဖြစ်၊ ဗမာ ပဲ ဖြစ်ဖြစ်၊ ကချင်ပဲ ဖြစ်ဖြစ်၊ ဗုဒ္ဓပဲ ဖြစ်ဖြစ်၊ မူဆလင်ပဲ ဖြစ်ဖြစ်၊ ခရစ်ယာန်ပဲ ဖြစ်ဖြစ် မြန်မာ နိုင်ငံသား ဖြစ်နေရင် အခွင့်အရေး တန်းတူ ပေးရမယ် ဆိုတာ ဥပဒေ နားလည်သူတိုင်း သိတယ်လေ။ တကယ်လဲ ဥပဒေ စိုးမိုးရေးရှိပြီး ဒီမိုကရေစီ စစ်စစ်နဲ့ တိုးတက် တဲ့ နိုင်ငံ ဖြစ်ချင်ရင် လူ့အခွင့်အရေး ဆိုတာ အလေးမထားလို့ မရပါ။ လူ့အခွင့်အရေး ဆိုတာ တခြားမဟုတ်၊ ဥပဒေ တခု အောက်မှာ တန်းတူ အခွင့်အရေး ကို ပြောတာပါ။ အခုထိတော့ ၂၀၀၈ အခြေခံ ဥပဒေ တောင် ပြည့်မီအောင် မလိုက်နိုင်သေးပါ။

မကောင်းဆိုးဝါးမွှေတဲ့ ဒုက္ခ

Old monsters stirring up trouble

Straits Times, Published on Jun 02, 2013

ယခင်အစိုးရဟောင်းအုပ်စုများထဲက မြေတောင်မြှောက်ပေးခဲ့တဲ့ ပြည်တွင်းအကြမ်းဖက်ဂိုဏ်းက ဒီမိုကရေစီကို ဖြိုလဲပျက်ပြားစေဖို့လုပ်ဆောင်နေတယ်လို့ တချို့ကပြောနေကြတယ်။

အေးဆေးငြိမ်းချမ်းတဲ့ ရှမ်းပြည်နယ် လားရှိုးမှာ လွန်ခဲ့တဲ့ သီတင်းပတ်က (၂)ရက်ကြာ အကြမ်းဖက်မှုကြောင့် လူ ၈-ယောက်သေဆုံးခဲ့ပေမယ့် အစိုးရသတင်းက ၂-ယောက်သာ သေသည်ဟု သတင်းထုတ်ပြန်ခဲ့တယ်။ ဒီလို ယခင်နဲ့ပုံစံတူ တစ်နိုင်ငံလုံးကို တုန်လှုပ်ချောက်ခြားစေတဲ့ နောက်ထပ်သွေးမြေကျမှုပုံရိပ်များဟာ မြန်မာနိုင်ငံရဲ့ပုံမှန် ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပါပြီ။ စံနစ်တကျ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်လူအုပ်စုဟာ မြို့ထဲဝင်ရောက်လာပြီး မွတ်စလင်မ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်။

ဒီလို တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူရှိတာကို အမျိုးမျိုးထင်ကြေးပေးနေကြသော်လည်း၊ ဒီလိုဖြစ်ရပ်တွေဟာ အစိုးရရဲ့ ဥပဒေစိုးမိုးရေးလုပ်ဆောင်ချက်တွေကို စိန်ခေါ်နေပါတယ်။ အရေးအကြီးဆုံးက လူမျိုး၊ ဘာသာ ပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ ဒီဖြစ်ရပ်ဆိုးတွေနဲ့ တွေ့ကြုံစမ်းသပ်ခံနေရပါတယ်။

Wednesday, June 5, 2013

ကျားသနားမှ နွားချမ်းသာရ နိုင်ငံရေး

ကျားသနားမှ နွားချမ်းသာရ ဆိုတဲ့စကား လက်ရှိ မြန်မာ့ နိုင်ငံရေး ပါပဲ။

မူဘောင်ပေါ်မှာ အခြေမခံပဲ လူပေါ်မှာ အခြေခံပြီး အလုပ်လုပ်တာကို ခေါ်တာပါ။

ဒီတော့ လူကောင်းရင် ခေတ်ကောင်းမယ်... လူဆိုးပေါ်လာရင် ခေတ်ဆိုးသွားတယ်... ဆိုတဲ့ သဘောပါ။

အခု လက်ရှိအနေအထားအရ... ဥပမာ ပြရရင်...

သမ္မတ ဦးသိန်းစိန် က နိုင်ငံရေး အကျဉ်းသား တွေကို သူ ဖမ်းချင်ရင် ဖမ်းလို့ရတယ်.. လွတ်ချင်ရင် လွတ်လို့ရနေတယ်... ဘာတရားရေး အစီအမံမှ မလို.. အဲဒီ သမ္မတ ဆိုတဲ့ ပုဂ္ဂိုလ်အပေါ် မှာ လုံးဝ မူတည်နေတယ်။ လွတ်ပြီးသားကို ပြန်ဖမ်းချင်ရင်လဲ ရနေတယ်။ လူတိုင်းက စိတ်မချရဘူး။

Thursday, May 30, 2013

ပြည်သူ အင်အား ရှိမှ တိုင်းပြည် အင်အား ရှိမယ်။

ဒီနေ့ခေတ်မှာ တိုင်းပြည်တခု ရဲ့ အင်အားကို နိုင်ငံတော် စုစုပေါင်း ၀င်ထွက် ဘဏ္ဍဖြစ်တဲ့ Gross Domestic Product (GDP) နဲ့ နှစ်စဉ်ရသုံးငွေ ရာထားချက် Budget များကို ကြည့်ပြီး ခန့်မှန်းလေ့ ရှိပါတယ်။ လူအင်အား နဲ့လဲ ဆိုင်သင့်သလောက်ပဲ ဆိုင်ပါတယ်။

အဲဒီ GDP တက်လာဖို့ ဆိုတာ ပြည်သူ တစ်ယောက်ချင်းဆီရဲ့ ၀င်ငွေ ထွက်ငွေ၊ သုံးဖြုန်းနိုင်မှု (၀ယ်လိုအား)၊ ထုတ်ကုန်၊ ပို့ကုန်၊ သွင်းကုန်၊ စတာတွေကို တွက်ချက်ရတာ ဖြစ်ပါတယ်။

ဒီအရာတွေ အားလုံးပေါ် မူတည်ပြီး နိုင်ငံတော် အခွန်ဘဏ္ဍကလဲ တက်လာတတ်ပါတယ်။ အခွန်ဘဏ္ဍတက်လာတာနဲ့အမျှ ၀န်ထမ်းလစာ တွေ အလိုလို တိုးလာမယ်။ တိုင်းပြည်ရဲ့လိုအပ်သမျှ အသုံးစရိတ် တက်လာမှာ ဖြစ်တယ်။ အဲဒီ အထဲမှာ တပ်မတော် အသုံးစရိတ်လဲ အပါအ၀င် ပေါ့။

ဒီတော့ တိုင်းပြည်အင်အားရှိမှ တပ်မတော် အင်အားရှိတာပါ။ တိုင်းပြည်အင်အားရှိဖို့ ဆိုတာ ပြည်သူ တစ်ယောက်ချင်းရဲ့ ၀င်ငွေ၊ ကျန်းမာရေး၊ ပညာရေး၊ ဥပဒေ စိုးမိုးရေး၊ တရားမျှတရေး စတဲ့ အခြေခံ လိုအပ်ချက် တွေက မရှိမဖြစ်လိုအပ်လာတယ်။

အော်... မြန်မာ့မီဒီယာ ဘာတွေကြောက်နေလဲ..


ဒီတခါ ကေအိုင်အို ကိုယ်စားလှယ်များ မြစ်ကြီးနားကို ရောက်လာတော့ သတင်းမီဒီယာ တွေက ဟာသလေးတွေ နဲ့ အကြောက်တရားလေးတွေ တချို့အကြောင်း ဖေါက်သည် ချ ချင်ပါတယ်။

ကေအိုင်အို ကိုယ်စားလှယ်များကို ကြိုဆိုတယ် ဆိုတာ ဘယ်သူ့ ဖိတ်ကြားချက်မှ မရှိပဲ မြစ်ကြီးနားမြို့ပေါ်နေ ကချင်ပြည်သူတွေ အင်တိုက်အားတိုက် ကေအိုင်အို အလံကိုင်ပြီး ကြိုကြတာပါ။

အဲဒါကို

(၁) မြန်မာ့ ရုပ်မြင်သံကြားကနေ ထုတ်လွင့်သွားတာကတော့ ကေအိုင်အို အလံ လွင့်ပြီး ကြိုတာကို ကချင်ပြည်နယ် အလံ လို့ သုံးနှုန်းသွားတယ်။ နောက်ပြီး ကချင်ပြည်သူတွေ ကြိုဆိုတာ ဦးအောင်မင်း နဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ကို ကြိုဆိုခဲ့ကြသယောင်နဲ့ ရောချသွားတယ်။

(၂) 7 Days News Journal မှာကျတော့ ကချင် ဒုက္ခသည် တွေက ကေအိုင်အို ကိုယ်စားလှယ်တွေကို ကြိုတာတဲ့။ လွဲချက်။ ဒုက္ခသည် ဆိုတာ ကချင်ပြည်သူ အားလုံးကို ဆိုလိုတယ် ဆိုရင်တော့ မမှားဘူးပေါ့။

ဦးအောင်မင်းအဖွဲ့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် နဲ့ တွေ့


 ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ မေလ ၂၉ ရက်နေ့မှာတော့ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရုံး (KBC) သို့ ဘာသာရေးခေါင်းဆောင်များ နှင့် တွေ့ဆုံ စကားပြောခဲ့ကြောင်း သိရပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်သည် ကချင်လူမျိုး အများပိုင်းနှင့် ဖွဲ့စည်းထားသော ဘာသာရေး အသင်းအဖွဲ့ ဖြစ်ပြီး စစ်ပြေးဒုက္ခသည် တစ်သိန်းဝန်းကျင်ကိုလဲ တာဝန်ယူ စောင့်ရှောက်ထားတဲ့အပြင်၊ ကချင်ရွာ ၂၀၀ ကျော် နဲ့ ဘုရားကျောင်း ၆၆ ကျောင်း ဖျက်ဆီးခံရကြောင်းကို အစီရင်ခံစာ ထုတ်ခဲ့သော အဖွဲ့ချုပ်လဲ ဖြစ်သည်။ တဖက်မှာလဲ ကေအိုင်အို ကိုယ်စားလှယ်များဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကချင်ပြည်သူများထဲမှ ရပ်မိရပ်ဖ များနဲ့ ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။

ကုလ အထူးကိုယ်စားလှယ် Vijay Nambiar နဲ့ အဖွဲ့ကို ကချင်လူထု ကြိုဆို




အစိုးရ နဲ့ ကေအိုင်အို ကြား ငြိမ်းချမ်းရေး ဆွေနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်လာသော ကုလ အထူးကိုယ်စားလှယ် Vijay Nambiar နဲ့ အဖွဲ့ကို ကချင်လူထုက ရိုးရာအခန်းအနားနဲ့ ကြိုဆိုခဲ့ကြပါတယ်။

Wednesday, May 29, 2013

ခေတ်မီပြီး ဆင်းရဲတဲ့ လူမျိုးနဲ့ နိုင်ငံတွေ အကြောင်း တစေ့တစောင်း

မြန်မာအစိုးရ ဟာ နိုင်ငံတကာ အကူအညီ နဲ့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေကို အငန်းမရ ဖိတ်ခေါ်ပြီး အချိန်တို အတွင်းမှာ စီးပွါးရေး အင်အား မြင့်တက်လာအောင် လုပ်ဖို့ စိတ်ကူးယဉ်နေတာ သတိထားမိပါတယ်။

တဖက်မှာလဲ နိုင်ငံ့လူဦးရေး သန်း ၆၀ ရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ စာမတတ်၊ ပေမတတ်သူတွေကများ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ နိမ့်ကျမှုတွေကလဲ ရှိနေတယ်။ ပိုဆိုးတာ အဲဒီ အခြေခံလူတန်းစားတွေရဲ့ ပိုင်ဆိုင်မှုတွေကို အာမခံချက် မပေးနိုင်တဲ့ ပြဿနာရှိနေပါတယ်။ လယ်ယာမြေသိမ်းမှုတွေဟာ နေရာတကာ မှာ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။

လက်တလော ဖြစ်နေတာက ဒုက္ခသည်တွေများလာတဲ့ ပြဿနာပါ။ အဲဒီ ပြဿနာဟာ တွေကို မျော်လင့်ချက် ကင်းမဲ့စေတယ်။ တဖက်မှာ အလုပ်လက်မဲ့ဘ၀ တိုးပွါးစေတယ်။ လူတိုင်း လူတိုင်းဟာ စက်ရုံအလုပ်ရုံ အလုပ်သမား မဖြစ်နိုင်ပါဘူး။ ကိုယ့်နည်းကိုယ့်ဟန် နဲ့ ကိုယ့်ဒေသမှာ လွတ်လပ်စွာ စီးပွါးရှာနိုင်ဖို့ အရေးကြီးပါတယ်။

Tuesday, May 14, 2013

ဒေသတွင်း တယ်လီဖုန်း သိပ်သည်းဆ အနည်းဆုံး နိုင်ငံဘွဲ့ရ....

၂၀၁၁-၂၀၁၂ အတွင်း နိုင်ငံအချို့၏ မိုဘိုင်းဖုန်း သိပ်သည်းဆများ

ထိုင်း ၁၂၃ ရာခိုင်နှုန်း

မလေးရှား ၁၂၂ ရာခိုင်နှုန်း

တောင်ကိုရီးယား ၁၀၈ ရာခိုင်နှုန်း

ဖိလစ်ပိုင် ၁၀၃ ရာခိုင်နှုန်း

အင်ဒိုနီးရှား ၉၆ ရာခိုင်နှုန်း

တရုတ် ၇၈ ရာခိုင်နှုန်း

အိန္ဒိယ ၇၈ ရာခိုင်နှုန်း

ပါကစ္စတန် ၆၆ ရာခိုင်နှုန်း

ဘင်္ဂလားဒေ့ရှ် ၅၀ ရာခိုင်နှုန်း

မြန်မာ ၇ ရာခိုင်နှုန်း

မေ ၁၃ ရက်က ကျင်းပသော အော်ပရေတာတင်ဒါနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ဆက်/နည်းပညာ ဒုဝန်ကြီးဦးသောင်းတင်မှ ရှင်းလင်းစဉ်

Eleven Media Group

မြန်မာမှာ အတိုက်အခံ လိုတယ်...

နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်တိုးတက်ဖို့အတွက် နိုင်ငံရေး အတိုက်အခံပါတီ ဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။ အမြဲတမ်း ထောက်ပြ ဝေဖန် နေရမှာပါ။ မြန်မာ့ကရေစီမှာတော့ အတိုက်အခံ ဆိုတာ မရှိပဲ အဲဒီ အတိုက်အခံလို့ ယူဆ ထားသူတွေကို ဆက်တိုက်လို တိုက်ခိုက်နေတာပဲ တွေ့နေရတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်တော်ထဲ ရောက်သွားတာနဲ့ လွတ်တော်အထဲမှ တရားဝင် အတိုက်အခံလုပ်လိမ့်မယ် လို့ နိုင်ငံတကာက ယူဆထားကြပေမယ့် ဘာသံမှ ထွက်မလာပဲ အစိုးရ ကို ကူညီသူအဖြစ်သာ တွေ့လာရပါတယ်။ လွတ်တော်ထဲ ရောက်သွားတာနဲ့ အားလုံး တဂိုဏ်းထဲ ဖြစ်သွားတာဟာ ပြည်သူ နဲ့ နိုင်ငံအတွက် နစ်နာမှုတခုပါ။

Monday, May 13, 2013

မြန်မာ့ ဂတ်စ် ထိုင်းမှာ ပိုပေါ...

တနေ့က ထိုင်းမှာနေတဲ့ သူငယ်ချင်း တစ်ယောက် နဲ့ အွန်လိုင်းမှာ စကားစမြည်ပြောဖြစ်ပါတယ်။

စကားမစပ် မီးဖိုဂျောင် ကိစ္စတွေ ရောက်သွားတယ်... ကျနော်တို့ မြစ်ကြီးနားသားတွေက အခုထိ Gas မသုံးသေးဘူး... ထင်း နဲ့ မီးသွေးပေါ့.... အဲ မီးသွေးကလဲ တနေ့တခြား ဈေးက တရိပ်ရိပ် မြင့်တက်လာတော့ တခါတလေ သူများနိုင်ငံ သွားလည်ရင်း Gas နဲ့ ချက်စားတာ တော်တော် အဆင်ပြေတာ မျည်းစမ်းဖူးတော့ မြစ်ကြီးနား ဘူတာ နားက Gas ဖြန့်ဖြူးပေးတဲ့ ဆိုင်မှာ ၀င်မေးဖြစ်တယ်။ 15 kg ဆန့်တဲ့ Gas tank တလုံး (အသစ်ဝယ်ဈေးမပြောတော့ဘူး) ကုန်ရင် ထပ်ဖြည့်ဈေး ဘယ်လောက်လဲ လို့ မေးတော့ ၂၆၀၀၀ ကျပ်တဲ့။

ထိုင်းက သူငယ်ချင်း ကို မြစ်ကြီးနားမှာလဲ Gas ရနိုင်ပြီ ဖြစ်တဲ့ အကြောင်း ပြောရင်းနဲ့ ဈေးနှုန်းကိစ္စ ရောက်သွားတယ်။ အစက သတိမထားမိဘူး.. နောက်မှ သူက အလှန့်တကြား နဲ့ ...
ဘာ.... 15 kg ဖြည့်တာ ၂၆၀၀၀ ကျပ်၊ ဟုတ်လား.... ဈေးကြီးလိုက်တာ...

ထိုင်းမှာက ဘတ် ၃၀၀ ပဲတဲ့။ ဒါနဲ့ ဘတ် သုံးရာက မြန်မာငွေ ဘယ်လောက်လဲ လို့ မေးတော့ တစ်သောင်း မပြည့်ဘူး.. လို့ ဆိုပြန်တယ်...

နေပါအုံး... ထိုင်း မှာ သုံးတဲ့ သဘာဝ ဓါတ်ငွေ့က မြန်မာ့ ထုတ်ကုန် ပါ။ ဘယ်လိုလုပ် အဲဒီမှာ ဈေးပေါပြီး ငါတို့ဆီမှာ ဈေးကြီး နေရတာလဲ... ဆိုပြီး ပြောဖြစ်ခဲ့ပါတယ်.....

ဘာဖြစ်လို့များ ဒီလိုတွေ ဖြစ်နေပါလိမ့်.... ဆိုတာပဲ စာဖတ်သူတွေ ဆက်ဆွေးနွေးကြပေါ့......

Sunday, May 12, 2013

ခေတ်အဆက်ဆက်... တမျိုးပြီး တမျိုး မရိုးရအောင်...


မဆလ ခေတ်မှာ အစိုးရ ၀န်ထမ်းတွေရဲ့ လက်သုံးစကား ရှိတယ်...

မလုပ်... မရှုပ်... မပြုတ်.. တဲ့။
လုပ်ရင် ရှုပ်မယ်... ရှုပ်ရင် ပြုတ် နိုင်တယ်လေ....

ရွှေမြန်မာ ခေတ်မှာတော့...

မရှိတာထက် မသိတာခက် ပြန်တယ်....
စိုက်လိုက်ရတဲ့ ကြက်ဆူတွေ... ဘာမှန်းကို မသိတော့ဘူး.... ခိုင်းတဲ့လူတွေကလဲ ဘာမှန်းကို မသိပဲ ခိုင်းတယ်.. စိုက်တဲ့လူတွေကလဲ ဘာမှန်းကို မသိပဲ စိုက်လိုက်ရတယ်.... အသီးကောက်စားလို့ ဆေးရုံရောက်တဲ့လူရောက်... တီဗီ သတင်းမှာတော့ ဘယ် တပ်ရင်းက ဘယ် ဗိုလ်မှူးက ကြက်ဆူ ဘယ်လောက်စိုက်တဲ့ အကြောင်း.... တပ်ရင်းကို ဘယ်လောက် ထောက်ပံ့တဲ့ အကြောင်းတွေ ပြော.. အပြင်လောကမှာတော့ ကြက်ဆူသီး ဆိုတာ မှောင်ခိုဈေးက ရှိသေးတယ်... ရာထူးတက်သီး တဲ့။
အခုတော့လဲ ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားပြီ....

အခု... စိန်မြန်မာ ခေတ်ရောက်လာပြီ...

မသိတာထက် မလုပ်တာခက်ပြန်တယ်....
"တကယ်တော့ ကျုပ်တို့ဟာ တံခါးဖွင့်လိုက်မှ ဘာမှ မသိပါလား.. ဆိုတာ သိလာတယ်..." လို့တော့ ပြောတာပဲ... ဒါပေမယ့်... မသိဘူး ဆိုတဲ့ လူတွေက ဘာမှလဲ မလုပ်တာခက်နေတယ်...
သူတို့ လုပ်ရမှာက မသိဘူး ဆိုတာ သိသိချင်း နှုတ်ထွက်ရမှာလေ... အေးဆေးပဲ...
မြန်မာ နိုင်ငံသားတွေကို ၂၀၁၅ အထိ ဘာမှ မသိတဲ့လူတွေ နောက် အီးရောင်ဝါး လိုက်ခိုင်းတော့မှာပေါ့လေ.....
ဒင်းတို့က ဘာမှ မလုပ်ရင်... ဘာမှ ဖြစ်လာစရာမှ မရှိတာ...

ဒီလိုနဲ့ပဲ မြန်မာပြည်သားတွေ ခေတ်အဆက်ဆက် အပြောင်းအလဲ ဆိုတာ မမြင်ရပဲ တသုတ်ပြီး တသုတ် သေသွားတဲ့လူတွေ မနဲတော့ဘူး....

ဒီဇယ်ခေါင်း နဲ့ ဆွဲနေတဲ့ မြန်မာပြည်...

ဒီဇယ်ခေါင်း က မတက်သေးတဲ့ မြန်မာပြည်ဆိုတော့ မီးခိုး တလူလူ နဲ့ ခရီးမတွင်ဘူး... ဘာမဆို လှည်းဘီးလို ဘီးအကြီးကြီး တပ်ထားပြီး ခရီးမရောက် ဖြစ်နေရှာတယ်။

ရှေ့က ဆွဲတဲ့ နွားကလဲ နွားအို (အဟောင်းတွေ) ဆိုတော့ ဘယ်လောက်အော်အော် ပိုင်ရှင်ရဲ့ အသံနားယဉ်နေပြီလေ....

ပိုဆိုးတာက အဲဒီ နွားတွေက ကိုယ့်ဟာကိုယ် အိုလို့ အိုမှန်းမသိရှာတဲ့ ပြဿနာ နဲ့ အဲဒီ နွားအိုကိုမှ ကြိုက်ပါတယ် ဆိုတဲ့ ပိုင်ရှင်တချို့ကြောင့်လဲ ခက်ပါဘိ....

နိုင်ငံရေး ကကြီး ခခွေး...

ဒူဝါက ဖက်ဒရယ် နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေ ရေးရင် ဗဟိုအစိုးရ ဆိုတာ ခဏဏ တွေ့ပါလိမ့်မယ်။ တနေရာမှာတော့ စစ်အုပ်စုထဲက အထင်ကရ (အမြဲတမ်း စစ်တပ်ကို ထောက်ခံနေသူ) တစ်ယောက်က Comment ပေးလာတယ်။

ဗဟို.. ဗဟို... နဲ့ ခင်များတို့ ကေအိုင်အေ ဌာနချုပ်လို့များ အောက်မေ့နေလား မသိဘူး.... တဲ့။ ဒါနဲ့ သူ တစ်ယောက်ထဲလား ဆိုတော့ သူ့ကို Like ပေးထားတဲ့ နောက်လိုက်တွေကလဲ မနည်းဘူး ဖြစ်နေတယ်။

ဒီတော့... ဒူဝါ အနေနဲ့ ရီအားထက် ငိုအားသန် ဆိုသလို ဖြစ်သွားပါတယ်။

ကျနော်တို့ကသာ ဒီမိုကရေစီ တို့... ဖက်ဒရယ် တို့... စကားကြီး စကားကျယ်တွေ ပြောနေတာ... သူတို့ခင်မျာ ဗဟို အစိုးရ ဆိုတာတောင် နားမလည်ရှာသေးပဲကိုး....

Saturday, May 11, 2013

လွတ်လပ်ခြင်းအတွက် ဦးဏှောက် ဆေးလိုက်ရမယ်...

Photo: လွတ်လပ်ခြင်းအတွက် ဦးဏှောက် ဆေးလိုက်ရမယ်... 
*******************************

လွတ်လပ်စွာ တွေးခေါ်တတ်ဖို့ ဦးဏှောက်ဆေးလိုက်မယ် ဆိုရင်.. ပိုမို ကျယ်ပြန့်တဲ့ အတွေးအခေါ် ပညာရပ်တွေကို ရလာတတ်ပါတယ်... 

ဒါပေမယ့်... မူဝါဒ တခုခု ရိုက်သွင်းဖို့ ဦးဏှောက်ဆေးလိုက်ခြင်းဟာ လူ တစ်ယောက်ကို အကျဉ်းထောင်ထဲ ပို့လွတ်လိုက်သလိုပဲ ဘာမှ မသိတော့ဘူး။

ကချင် ခရစ်ယာန်ဓမ္မသက္ကသိုလ် က ဆရာ တစ်ပါးဟာ ကျောင်းသားသစ် (Fresher) အတန်းမှာ အမြဲတမ်း ဦးဦးဖျားဖျား ဘုရားသခင် မရှိတဲ့ အကြောင်း စပြီး လက်ချာပေးတာ နာမည်ကြီးခဲ့ပါတယ်။ အဲဒါကြောင့်လဲ ကချင်ခရစ်ယာန် အသိုင်းအ၀န်းမှာ သူ့ရဲ့ အတွေးအခေါ်ကို နားမလည်တဲ့လူတွေက အကြီးအကျယ် ဝေဖန်ခဲ့ပါတယ်။

တကယ်တော့ သူဟာ.. ဓမ္မစာသင်သားတွေကို မိဘ အသိုင်းအ၀ိုင်းက ရလာတဲ့ ယုကြည်မှု ဆိုင်ရာ ထုံးတမ်းစဉ်လာ အတွေးအခေါ် အားလုံးကို ဆေးကျောပေးလိုက်တဲ့ သဘော ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဘုရားမဲ့ ၀ါဒလူတစ်ယောက် အနေနဲ့ စခိုင်းခဲ့တယ်။ ပြီးတော့ လွတ်လပ်စွာ ရေးခိုင်းတယ်.. တွေးခေါ်ခိုင်းတယ်... စာကြည့်တိုက်မှာ များများ ရှာဖတ်ခိုင်းတယ်... ဓမ္မသက္ကသိုလ်မှာက ဘာသာတရားပေါင်းစုံ စာအုပ်တွေ.. ဒဿန စာအုပ်တွေ၊ လောကနီတိ ဆိုင်ရာ စာအုပ်တွေ၊ နိုင်ငံရေး စာအုပ်တွေ၊ သမိုင်း စာအုပ်တွေ၊ နိုင်ငံတကာ မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာ ထောင်သောင်းမက ရှိတာပါ...  နောက်ဆုံး ကိုယ့်နည်းကိုယ့်ဟန် စစ်မှန်တဲ့ ယုံကြည်မှုဆိုင်ရာ ဓမ္မ ဒဿန တွေ့အောင် ရှာခိုင်းတယ်.....  တချို့ အတွေးအခေါ် လိုက်မမှီတဲ့ ကျောင်းသားတွေ၊ အင်္ဂလိပ်စာ မနိုင်တဲ့ ကျောင်းသားတွေ၊ ကျောင်းပြီးအောင် ဆက် မတက်နိုင်ခဲ့ဘူး.... တချို့ စာကြိုးစား တဲ့ လူ အနည်းငယ်မျှသာ အဆင့်မြင့် ဓမ္မသက္ကသိုလ် ပညာရပ်တွေကို ဆွတ်ခူးနိုင်ပြီး ဓမ္မဆရာ ဖြစ်လာတဲ့ အကြောင်း ကချင် ဓမ္မဆရာ တစ်ပါး ဟောကြားတာ ကြားဖူးပါတယ်။

နိုင်ငံရေး ဆိုတာလဲ ဘာသာတရားလောက် မလေးနက်ပေမယ့် လွတ်လပ်စွာ တွေးခေါ်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ၀ါဒမှိုင်း တခုခု သွပ်သွင်းပေးဖို့ ဦးဏှောက်ဆေးခြင်းခံရတဲ့ လူမဖြစ်ဖို့တော့ လိုပါတယ်။ 

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ တွေးခေါ်ခြင်း၊ ဆွေးနွေးခြင်း၊ လေ့လာခြင်း ကင်းမဲ့ဇုန် ဖြစ်နေခဲ့တာ ရာစု နှစ်ဝက် လောက်ရှိလာတဲ့ အခါ၊ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဓါတ်ဟာလဲ မြန်မာ့အလင်း သတင်းစာ လို ကောင်းသတင်းပဲ ဖတ်ချင်တဲ့လူတွေ များလာပါတယ်။ 

တကယ်တော့ သတင်းဂျာနယ်တွေမှာ ဆိုးသတင်း မထွက်ဖို့ ဆိုတာ ထက် လက်တွေ့အနေအထားမှာ တကယ်ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်မှန်မှာ ကောင်းနေဖို့ အရေးကြီးပါတယ်။ နှစ်ပေါင်းများစွာ အစိုးရ သတင်းစာက ကောင်းသတင်းရေးခဲ့ပေမယ့် မြန်မာပြည်ကြီး ကောင်းမလာ ပါဘူး။ 

လွတ်လပ်ခြင်းဆိုတာ ဘာနဲ့မှ နှိုင်းလို့မရတဲ့ အရသာ ဖြစ်ပါတယ်။ တချို့လူတွေကတော့ ပိတ်လှောင်မှု အောက်မှာ နေသားကျလာတဲ့အခါ ပျော်လာတယ်။ လွတ်လပ်ခြင်းကို အန္တရယ် လို့မြင်လာတဲ့လူတွေတောင် ရှိလာတယ်။

အဲဒါ ဒီနေ့ မြန်မာ့ ပြဿနာ ပဲ။

by ဒူဝါလွတ်လပ်စွာ တွေးခေါ်တတ်ဖို့ ဦးဏှောက်ဆေးလိုက်မယ် ဆိုရင်.. ပိုမို ကျယ်ပြန့်တဲ့ အတွေးအခေါ် ပညာရပ်တွေကို ရလာတတ်ပါတယ်...

ဒါပေမယ့်... မူဝါဒ တခုခု ရိုက်သွင်းဖို့ ဦးဏှောက်ဆေးလိုက်ခြင်းဟာ လူ တစ်ယောက်ကို အကျဉ်းထောင်ထဲ ပို့လွတ်လိုက်သလိုပဲ ဘာမှ မသိတော့ဘူး။

ကချင် ခရစ်ယာန်ဓမ္မသက္ကသိုလ် က ဆရာ တစ်ပါးဟာ ကျောင်းသားသစ် (Fresher) အတန်းမှာ အမြဲတမ်း ဦးဦးဖျားဖျား ဘုရားသခင် မရှိတဲ့ အကြောင်း စပြီး လက်ချာပေးတာ နာမည်ကြီးခဲ့ပါတယ်။ အဲဒါကြောင့်လဲ ကချင်ခရစ်ယာန် အသိုင်းအ၀န်းမှာ သူ့ရဲ့ အတွေးအခေါ်ကို နားမလည်တဲ့လူတွေက အကြီးအကျယ် ဝေဖန်ခဲ့ပါတယ်။

တကယ်တော့ သူဟာ.. ဓမ္မစာသင်သားတွေကို မိဘ အသိုင်းအ၀ိုင်းက ရလာတဲ့ ယုကြည်မှု ဆိုင်ရာ ထုံးတမ်းစဉ်လာ အတွေးအခေါ် အားလုံးကို ဆေးကျောပေးလိုက်တဲ့ သဘော ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဘုရားမဲ့ ၀ါဒလူတစ်ယောက် အနေနဲ့ စခိုင်းခဲ့တယ်။ ပြီးတော့ လွတ်လပ်စွာ ရေးခိုင်းတယ်.. တွေးခေါ်ခိုင်းတယ်... စာကြည့်တိုက်မှာ များများ ရှာဖတ်ခိုင်းတယ်...

အမြင် နှစ်မျိုး

ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ နှစ်ခုကြားမှာ ရှိနေတဲ့ မြန်မာ နိုင်ငံကို

နိုင်ငံတကာ စီးပွါးရေးသမားတွေက ဈေးကွက် အခွင့်အလမ်း လို့ မြင်တယ်...
မြန်မာ့ တပ်မတော် က အန္တရယ် လို့ မြင်တယ်...

တိုင်းရင်းသား လူမျိုးပေါင်းစုံ နဲ့ ဘာသာစကား၊ ယဉ်ကျေးမှု စုံလင်စွာ ရှိနေတဲ့ မြန်မာ နိုင်ငံကို...

ပညာရှင်တွေ၊ အနုပညာသမား၊ ကမ္ဘာလှည့်ခရီးသည် တွေက အလှအပ လို့ မြင်တယ်။

မြန်မာ့ တပ်မတော်ကတော့ ပြဿနာ လို့ မြင်တယ်။

အဲဒါတွေကြောင့်ပါပဲ... မြန်မာပြည်ကြီး ဒီအဆင့် ဖြစ်နေရတာ...

နိုင်ငံတနိုင်ငံ ချမ်းသာဖို့ စီမံခန့်ခွဲမှု အဓိက

ကမ္ဘာမှာ ဆင်းရဲသင့်လို့ ဆင်းရဲတဲ့ နိုင်ငံတွေ ရှိတယ်။

မဆင်းရဲသင့်ပဲ ဆင်းရဲ နေရတဲ့ နိုင်ငံတွေလဲ ရှိတယ်။

ဆင်းရဲသင့်ပေမယ့် မဆင်းရဲတဲ့ နိုင်ငံတွေလဲ ရှိတယ်။

ချမ်းသားသင့်လို့ ချမ်းသာ တဲ့ နိုင်ငံလဲ ရှိတယ်။

အီစ္စရေး နိုင်ငံဆိုတာ ခြောက်သွေ့တဲ့ ရာသီဥတု၊ ကျောက်တောင် နဲ့ သဲသောင်ပြင် ပဲရှိသော်လည်း သူတို့ မဆင်းရဲဘူး။

ရေနံ နဲ့ သဘာဝ ဓါတ်ငွေ့၊ ကျောက်သံ ပတ္တမြား၊ နီလာ၊ ရွှေ၊ သစ်တောထွက် ပစ္စည်း၊ နွေမိုးဆောင်း စိုက်ပျိုးနိုင်တဲ့ မြေ နဲ့ ရာသီဥတု၊ ကမ္ဘာလူဦးရေအများဆုံး နိုင်ငံနှစ်ခုကြားမှာရှိလို့ ဈေးကွက်အကြီးဆုံး ရထားတယ်ဆိုတဲ့နိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေ အလုံအလောက် ရှိသော်လည်း မြန်မာတွေ ဆင်းရဲနေရတယ်။

နော်ဝေး နိုင်ငံမှာ ရေနံ နဲ့ သဘာဝ ဓါတ်ငွေထွက်လို့ သူတို့ နိုင်ငံသားတွေကို နှစ်ပေါင်း ၂၀၀ လောက် ထိုင်စားလို့ ရအောင် စီမံခန့်ခွဲမယ် ဆိုသတဲ့။ တကယ်လဲ အလုပ်အကိုင်မရှိတဲ့လူတွေကို အလကား နေထိုင် စားသောက်လို့ ရအောင် ထောက်ပံ့ပေးထားတယ်။

တာတွေအားလုံးကို ခြုံပြီး ကြည့်တဲ့အခါ အစိုးရ မင်းလုပ်သူတွေရဲ့ စီမံခန့်ခွဲမှု မှာ လုံးဝ မူတည်နေတာ တွေ့ရပါတယ်။

Friday, May 10, 2013

သစ္စာတရား နဲ့ စီးပွါးရေး တိုးတက်မှု

သစ္စာ တရား နဲ့ လူ့ကျင့်ဝတ် ကောင်းတဲ့ နိုင်ငံဟာ အလိုလို စီးပွါးတိုးတက် တတ်ပါတယ်။

မြန်မာ နိုင်ငံ ဘာဖြစ်လို့ ဆင်းရဲ နေသလဲ... အဖြေက ရှင်းရှင်းလေးပဲ.. သစ္စာမရှိလို့... လူ့ကျင့်ဝတ် သိက္ခာ ခေါင်းပါးလို့ ဆင်းရဲ ခြင်း ဖြစ်ပါတယ်။

အဲဒီ ကျင့်ဝတ် သိက္ခာ တို့ ဆိုတာ ဘာသာတရား ရဲ့ အဆုံးအမ နဲ့လဲ ဆိုင်ပါတယ်။ ကျင့်ဝတ်သိက္ခာ တိုးတက်သွားတဲ့ နောက်ပိုင်းမှာ ဘာသာတရားဟာ အရေးမပါတော့သလို ထင်ရပေမယ့် မူလအစက အဲဒီ လူ့အဖွဲ့အစည်းကို အုတ်မြစ်ချခဲ့တဲ့ ဘာသာတရားဟာ ယဉ်ကျေးမှုတခုလို ကပ်ပါလာတတ်ပါတယ်။

ကိုယ့်ရဲ့ ဘာသာတရား ကောင်းမကောင်း ကို နှုတ်နဲ့ လိုက်ဟော နေလို့ မပြီးပါ။ အဲဒီ ဘာသာတရား ကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်လောက် သစ္စာ ရှိသလဲ... ကျင့်ဝတ်သိက္ခာ ဘယ်လောက်ရှိသလဲ ဆိုတဲ့ အရာတွေမှာ Credit ပေးသွားတာ ဖြစ်ပါတယ်။

မြန်မာ့ တပ်မတော် မြန်မာ ပြည်သူတွေကို ကာကွယ်ပုံ အဆင့်ဆင့်...

မဆလ ခေတ် နောက်ပိုင်းဟာ ကိုပဲ တွက်ကြည့်တာပေါ့..

ဦးပိုင် ကုမ္ပဏီ တည်ထောင်ပြီး မြန်မာ့ စီးပွါးရေး ဦးပိုင် လီမိတက် ဆိုတဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းလုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ပါတယ်။ ခြေကျိုး၊ လက်ကျိုး၊ အငြိမ်းစားယူတဲ့ တပ်မတော်သားတွေကိုလဲ ကူညီမယ် ဆိုတော့ အခွန်ဆောင်စရာ မလိုတော့ဘူး။ မြန်မာ့ မြေပေါ် မြေအောက် လုပ်ငန်း အားလုံးလဲ ဦးပိုင်က ခွစီးယူလိုက်တယ်။

မြန်မာ့ လုပ်ငန်းရှင် မှန်သမျှ ဦးပိုင် နဲ့ ပေါင်းရင် အခွန်လွတ်ပြန်တယ်။ ဒီတော့ အစိုးရ ဆိုတဲ့ ခန္ဓာကိုယ်ကြီးက အဲဒီ အခွန်တွေနဲ့ပဲ အသက်ရှင်ရတာလေ။ အရေးကြီးတဲ့ အခွန်ပေါက် အားလုံး ဦးပိုင်က ဂိတ်စောင့်လိုက်တော့ အစိုးရ ဆိုတာ ယဲ့ယဲ့ပဲ ကျန်တာပေါ့....

Thursday, May 9, 2013

မြန်မာပြည်က လူမျိုး ၁၃၅ ဆိုတာ တကယ်မရှိတဲ့ ရှာကြံလူမျိုးများ ဖြစ်တယ်။


မြန်မာပြည်မှာ လူမျိုးပေါင်း ၁၃၅ မျိုးရှိတယ် ဆိုတာ ခဏခဏ တွေ့နေရတယ်။ ၀န်ကြီးတွေ ကိုယ်တိုင်လဲ ပြောတာ သတိထားမိတယ်။ ဒါပေမယ့် ဘယ်မှာ ပြဌာန်းထားသလဲ။ ဘယ် သုတေသနအဖွဲ့က ဖေါ်ထုတ်ထားသလဲ။ ဘယ် စာအုပ်မှာဖေါ်ပြထားသလဲ။ အဲဒီဟာကို ဘယ် သက္ကသိုလ်တွေက အသိအမှတ်ပြုထားသလဲ ဆိုတာ မရှင်းလင်းပါ။

အဲဒီ ၁၃၅ မျိုးဆိုတဲ့ အထဲက ကချင်အုပ်စု ကို ခွဲထားတာတော့ တော်တော် တရားကျဖို့ ကောင်းတယ်။ ကျန်လူမျိုးတွေကိုလဲ ဒီလိုပဲ ကျန်ဖန်ပြီးခွဲထားတာ ဖြစ်လိမ့်မယ် လို့ယုံတယ်။

ဘာတဲ့။ ကချင်လူမျိုး ဆိုတာ သီးသန့်ပါပြီး ကချင် ဆိုတဲ့ ဝေါဟာရ ကို အခြေခံတဲ့ လူမျိုး အားလုံးကိုလဲ ထည့်ထားသေးတယ်။ ကချင် ဆိုတာ လူမျိုးခြောက်မျိုးကို အခြေခံပြီး ပြောတာ။ ကချင်ဆိုတာ သတ်သတ်မရှိဘူး။ အဲဒီအထဲမှာ ဂျိန်းဖေါ့ ဆိုတာ သတ်သတ်ပါပြီး ဂျိန်ဖေါ့လူမျိုးတွေ ကိုယ့်ဟာကိုယ် နယ်သတ်မှတ်ခေါ်တဲ့ Duleng, Hkahku, Gauri ဆိုတာတွေကိုပါ သီးသန့်ထည့်ထားတယ်။ အဲဒါတွေက အားလုံးကို ခြုံပြီး ဂျိန်းဖေါ့ လို့ခေါ်တာကိုတောင် မသိပဲ ထည့်ထားတယ် ဆိုတော့ သုတေသီတွေရဲ့ လက်ချက်တော့ မဖြစ်နိုင်။ သုတေသီ ဟုတ်တယ် ဆိုရင်တောင် မဆလ ခေတ်က အစိုးရ သုတေသီ ပဲ ဖြစ်ပါလိမ့်မယ်။

ကချင်တွေလဲ မြန်မာ ပါတဲ့။

ကချင်လူမျိုးတွေလဲ မြန်မာတွေပါ လို့ ပြောပြောနေတာ သတိထားမိပါတယ်။ ဟုတ်ကဲ့.... ကချင်တွေက မြန်မာ ဖြစ်ချင်လို့ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော်ကတည်းက ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

ဒါပေမယ့်... အဲဒီ စာချုပ်အတိုင်း မြန်မာဖြစ်ခွင့်မရခဲ့ဘူး။ ဒုတိယ နိုင်ငံသား ဖြစ်သွားတယ်။ ဘာလို့လဲ ဆိုတော့ ကချင်တွေဟာ ခရစ်ယာန် ဖြစ်လို့ပဲ။ ကျောင်းသားဘ၀ တုန်းက ပူတာအို မှာ ဘူတာရုံပိုင် အလိုရှိတယ်တဲ့ လို့ ပြောင်နောက်တာကို ယုံတဲ့ ဗမာငအ က မြို့နယ်မှူးတွေ တက်ဖြစ်။ သူနဲ့ အလုပ်အတူတူ ၀င်တဲ့ သူ့သူငယ်ချင်းကချင်တွေက ဘ၀ တစ်သက်တာ စာရေးဘ၀ က မတက်တော့ဘူး၊ တဲ့။ စစ်တပ်ထဲမှာ ဗုဒ္ဓဘာသာ ပြောင်းခိုင်းတာ မပြောင်းလို့ ဆိုပြီး ပင်စင်ပေးခံရတာတွေလဲ ရှိတယ်။ ရန်ကုန် စက်မှုသက္ကသိုလ် က နည်းပြဆရာ ကချင်တစ်ယောက် (နာမည်မဖေါ်ပြတော့ပါ) လဲ ဗုဒ္ဓဘာသာ ပြောင်းခိုင်းတာ မပြောင်းလို့ ဆိုပြီး အသက် ၃၀ ကျော်မှာ အထုတ်ခံရတယ်။ နောက်တော့ စင်ကာပူမှာ နာနို နည်းပညာနဲ့ ပါရဂူဘွဲ့ ရပြီး မြန်မာပြည်မပြန်ပဲ အခု စင်ကာပူ မှာ အလုပ်ကောင်းရနေပြီ။

Monday, May 6, 2013

အခုလဲ အာဏာရှင် ခေတ် ပါပဲ။


မြန်မာပြည်ပြောင်းလဲ နေပြီ၊ ဒီမိုကရေစီ ရပြီ ဆိုပြီး ပျော်နေကြတဲ့ လူတွေလဲ တပုံကြီးပါ။ တကယ်တော့ မပြောင်းလဲသေးပါဘူး။ လူပဲ ပြောင်းတာ၊ မူမပြောင်းသေးဘူး။ ဗဟိုက ဗဟို စနစ်ပါပဲ။

အာဏာရှင် ဆိုတာ ဗဟိုအဆင့် (အမြင့်ဆုံးအဆင့်) ကနေ အာဏာကို စုပ်ကိုင်ထားတဲ့ လူတစ်ဦး တစ်ယောက် (သို့) လူတစ်စု (သို့) လူမျိုး တစ်မျိုး ကို ခေါ်ပါတယ်။

တောင် အာဖရိက နိုင်ငံမှာ လူဖြူ များက လူမည်းများကို ဖိနှိပ်ဖို့ အတင်းအဓမ္မ ပြဠာန်းထားတဲ့ Apartheid ဥပဒေ နဲ့ ခွဲခြားဆက်ဆံခဲ့တာကို လူမည်းခေါင်းဆောင်များ ဖြစ်တဲ့ ဘုန်းတော်ကြီး ဒွတ်စ်မွန် တူးတူး နဲ့ နယ်လ်ဆန်မဲန်ဒေးလား တို့က တွန်းလှန်ခဲ့ကြ ပါတယ်။ အဲဒီတုန်းက လူဖြူများကတော့ ရွေးကောက်ပွဲတွေ၊ သမ္မတတွေ၊ မီဒီယာ လွတ်လပ်ခွင့်တွေ နဲ့ တကယ်ကို ဒီမိုကရေစီ ကျကျ အုပ်ချုပ်နေခဲ့တာပါ။

Wednesday, May 1, 2013

ငြိမ်းချမ်းတဲ့ဘာသာတရားထွန်းကားတဲ့ နိုင်ငံက ဒုက္ခသည်များ

မြန်မာပြည်မှာ ကမ္ဘာ့အငြိမ်းချမ်းဆုံး ဘာသာတရား ထွန်းကားတဲ့ နိုင်ငံ ဖြစ်တယ်... မြန်မာဟာ ကမ္ဘာမှာ အယဉ်ကျေးဆုံး... မြန်မာတွေဟာ သီးခံတတ်တယ်... လို့တော့ ပြောတာပဲ...

ဟိုက်.... ဟိုမှာ ၀င်တိုက်မိလို့ ပြန်ချဲပြီတဲ့....
အိုး... စပြီ... ဟိုဖက်မှာ ရန်ပွဲ...
ဟို.... ဒီဖက်မှာ မီးရှို့ပွဲ...
ဟာ.... ဟိုမှာလဲ လူသေပြီ...

ဟိုးးး ဖက်မှာတော့ တရွာလုံး ကုန်ပြီ....

ဟာ.... ဟိုမှာ ဒုက္ခသည် စခန်း ထပ်တိုး... အရင်ဟာတွေ မပြန်နိုင်သေးဘူး...

ကရင်ပြည်က ဒုက္ခသည် စခန်းဟာ နှစ်ပေါင်း ၃၀ ကျော်လာပြီ....
ကချင်ပြည်မှာလဲ ရွာ ၂၀၀ ကျော် ပျက်ပြီ... ဒုက္ခသည် တစ်သိန်းကျော် အိမ်မပြန်သေးဘူး....
ရခိုင်မှာလဲ.... ရွာပေါင်း xxxxxx....
အခု ရှမ်းမှာ ဒုက္ခသည် အသစ်တွေ ထပ်တိုးလာပြီ...
မြောက်ဥက္ကလာပ....
မိတ္ထီလာမှာ...
အခု ဥက္ကံ....

ဘယ်လိုဖြစ်တာလဲ ဗျာ.. အပြောနဲ့ အလုပ်ညီမှ ဖြစ်မှာနော့..

မြန်မာပြည်က လူမျိုး ၁၃၅ အကြောင်း ဝေဖန်ခြင်း...


မြန်မာပြည်မှာ လူမျိုး ၁၃၅မျိုးရှိတယ် ဆိုပြီး စစ်အစိုးရ မီဒီယာတွေမှာ ခဏဏတွေ့ရတတ်ပါတယ်။ နောက်ပြီး သူတို့ ပြောပြောနေတာက လူမျိုး ၁၃၅ မျိုးတောင်ရှိတာ ဘယ်လိုလုပ်ပြီး အခု လက်ရှိပြည်နယ်တွေကိုပဲ ကိုယ်ပိုင် အုပ်ချုပ်ရေး ပေးမလဲ ပေါ့။ ဒါက လူမျိုးများလေ ဗမာ အကြိုက်တွေ့လေ ဖြစ်အောင် လုပ်ခြင်းပါ။

အမှန်ဆိုရင် ၁၃၅ မျိုးဆိုတာ လူမျိုးမဟုတ်ဘူး၊ ဒေဒိယ ဘာသာစကားကွဲတွေပါ။ အင်္ဂလိပ် ခေတ်က ဘာသာစကားလေ့လာသူတွေက မြန်မာပြည်မှာရှိတဲ့ ဒေဒိယ ဘာသာစကားကွဲတွေ အကြောင်း ကျမ်းပြုစုထားတာကို နေ၀င်း အစိုးရ က ၀ါဒဖြန့်စာ လုပ်လိုက်တယ်။ လူမျိုးဆိုပြီး လုပ်လိုက်တယ်။ အခုလဲ ထိုနည်း၎င်းအတိုင်း ပြုမူနေဆဲပဲ။

Saturday, April 27, 2013

နိုင်ငံသား တစ်ယောက် အနေနဲ့ စဉ်းစားဖို့...

ခင်များဟာ နိုင်ငံရေးသမား မဟုတ်ဘူး၊ နိုင်ငံရေး စိတ်မ၀င်စားဘူး လို့ ဘာမသိ ဘာသာ နေလို့ရတယ်... ဒါပေမယ့် နိုင်ငံ့အရေးမှာတော့ ခင်များ ဘ၀ တခုပါနေတယ်...

၂၀၀၈ အခြေခံဥပဒေ ဆိုတာ ငါနဲ့ မဆိုင်၊ နိုင်ငံရေး သမားအလုပ် လို့ ထင်ကောင်း ထင်နိုင်တယ်... ဒါပေမယ့်... အဲဒီ အခြေခံ ဥပဒေဟာ ခင်များရဲ့ ဘ၀ တခုလုံး ကို ထိန်းချုပ်ထားတယ် ဆိုတာ သတိရပါ။

အစိုးရ ဆိုတာ ငါတို့နဲ့ မဆိုင်... အုပ်ချုပ်သူတွေရဲ့ အလုပ်ပဲ လို့ ထင်ကောင်း ထင်မယ်... ဒါပေမယ့် အဲဒီ အစိုးရ ဆိုတာ ခင်များတို့ ငါတို့လို ပြည်သူဆိုတာ ရှိမှ ဖြစ်လာတာပါ။

အကြောက်တရားဟာ လူတွေကို အချင်းချင်း ပိုပို ဝေးသွားစေတယ်။



ဥပဒေ ဆိုတာ လူတွေရဲ့ အကြောက်တရားကနေ အခြေခံပြီး လူလူချင်းတရားမျှတမှု ကို ဆောင်ကျဉ်းနိုင်ဖို့ ဖွဲ့တည်လာရခြင်း ဖြစ်ပါတယ်။

လူတစ်ဦးချင်း သော်လည်းကောင်း၊ အိမ်ထောင်တစ်ခုချင်းသော်လည်းကောင်း၊ မိသားစု တစ်စုချင်းသော်လည်းကောင်း၊ တစ်ဦးအပေါ် တစ်ဦး မတရားသဖြင့် နိုင်ထက်စီးနင်း လုပ်လို့ မရ အောင် ဥပဒေက အကာအကွယ် ပေးထားတယ်။ အဲဒီ ဥပဒေ ကို အစိုးရက ထိန်းကျောင်းတယ်။ ဒါပေမယ့် အဲဒီ ဥပဒေ ကို ပြုလုပ်သူဟာ အဲဒီ ဥပဒေ အကျိုးသက်ရောက်ခံမည့်သူများသာ ဖြစ်သင့်တယ်။ တမျိုးပြောရရင် ဥပဒေ ဆိုတာ ပြည်သူ့ကြားကအချင်းချင်း အကာအကွယ်ပေးနိုင်တဲ့ ပဠိညာဉ် စာချုပ်တစ်ရပ် ဖြစ်ပါတယ်။

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်