Friday, June 28, 2013

မြန်မာ့ သံသရာ တပတ်ပြန်လည်မလား?



လွတ်လပ်ရေး မရခင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ အဖွဲ့က ခရစ်ယာန် တိုင်းရင်းသားများ ဖြစ်တဲ့ ကချင် နဲ့ ချင်း တွေကို မရမက ဗမာပြည်နဲ့ ပေါင်းပြီး လွတ်လပ်ရေး ယူဖို့ စည်းရုံးခဲ့ပါတယ်။ အဲဒါကတော့ တန်းတူ အခွင့်အရေး ပါ။ တန်းတူ အခွင့်အရေး ဆိုတာ ဗမာဗုဒ္ဓဘာသာ တမျိုးထဲကို ကာကွယ်တဲ့ သီသန့် ဥပဒေ တွေ ထုတ်ဖို့ မဟုတ်ဘူး။ (မြန်မာနိုင်ငံသား အမျိုးသမီးထု အားလုံးကို ကာကွယ်တဲ့ ဥပဒေ ဆိုရင်တော့ တမျိုးစဉ်းစားရမှာပေါ့။)

အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်းကို သံဃာတွေ ဦးဆောင်တဲ့အဖွဲ့တွေက အမျိုးမျိုးဖိအားပေးခဲ့တယ်။ အဲဒါကတော့ နိုင်ငံတော် ဘာသာ ကိစ္စပါ။ အဲဒီတုန်းက မီဒီယာကလဲ အခုလောက်မကောင်း ဆိုတော့ ဗမာလူထုကြား ဘာဖြစ်နေတယ် ဆိုတာ ကချင်ဒူဝါ တွေ မသိခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်း က သူ့ မစ်ရှင်ကျဆုံးမှာကြောက်လို့ (ကချင် နဲ့ ချင်း တွေ ဗမာတွေရဲ့အကြံအစည်သိသွားပြီး သီးသန့်ခွဲထွက်သွားမှာစိုးလို့) ရန်ကုန်လူထု ကို ခတ်ရိုင်းရိုင်းတောင် ပြောခဲ့တယ်။ "ခွေးဟောင်တိုင်း ထ မကြည့်နိုင်ဘူး" ဆိုတာပါ။
ဒီတော့ ဂဠုန်ဦးစော အဖွဲ့ ဆိုတာ အဲဒီ အမျိုးဘာသာ၊ သာသနာ ရူးရူး နေတဲ့ လူတစ်စု အဖွဲ့သားတွေပါ။ အဲဒီ အထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ကိုယ်ရံတော်တွေ တချို့လဲ ပါတယ်။ (နောက်မှ မြန်မာ့ သမိုင်းမှာ နယ်ချဲ့သွေးထိုးလို့ ဆိုပြီး အခြေအမြစ် မရှိ ထည့်ရေးခဲ့ပါတယ်။) နောက်ကွယ်မှာက သံဃာ တွေ။

နောက်တော့ မြန်မာနိုင်ငံလဲ နှစ် ၆၀ လုံးလုံး ငရဲခန်းထဲ ရောက်ခဲ့ရတယ်။

အခုလဲ ဒေါ်စု နဲ့ ၈၈ ကျောင်းသားအဖွဲ့ လို ခေတ်သစ် ဒီမိုကရေစီ ရေစီးကြောင်း လိုက်သူများ ပစ်မှတ်ထားခံရပြီလား... စဉ်းစား စရာ ပါ။

မြန်မာ နိုင်ငံ အရင်ကလို ငရဲခန်းထဲ တကျော့ပြန်လာမလား....

တိုင်းရင်းသား ပြိုကွဲပြီး နိုင်ငံမြောင်းထဲရောက်မဲ့ အရေး မလိုလား တဲ့ နိုင်ငံရေး သမားတိုင်းကတော့ အခုလို လူမျိုး၊ ဘာသာ တခုထဲအတွက် ကာကွယ်ရေး ဥပဒေ တွေကို လက်ခံမှာ မဟုတ်ပါ။ ဒါပမယ့် ကိုယ်ကျိုးရှာတဲ့ နိုင်ငံရေး သမား တွေ အတွက်တော့ အခွင့်ကောင်း ပါပဲ။ (ဦးနု လဲ သူ အာဏာရဖို့ နိုင်ငံတော် ဘာသာကိစ္စ ကို တိုင်းရင်းသား တွေ ဆန့်ကျင် နေတဲ့ ကြားက ဗမာလူထု ထောက်ခံမှုနဲ့ အတင်းလုပ်ခဲ့တယ်။) အဲဒါကိုက ကြံ့ဖွတ် အမတ် တွေ အတွက် ၂၀၁၅ အခွင့်ကောင်းလား။

အမှန်ဆိုရင်... သိတတ်တဲ့ ဗမာ နိုင်ငံရေး ခေါင်းဆောင် တွေက လူမုန်းခံပြီး အမှန်တရားဖက် လိုက်ဖို့ အရေးကြီး တာပါ။ ဗမာလူထု ကို အမြင်ဖွင့်ပေးရမယ်။ နှစ် ပေါင်းများစွာ အခြေအတင် ဆွေးနွေးမှု၊ အပြန်အလှန် စကားပြောမှု မရှိခဲ့တဲ့ အကျိုးဆက်လဲ ဖြစ်ပါတယ်။ မီဒီယာ တွေကလဲ တိုင်းရင်းသား အမြင်ဖက် စောင်းပေး ရေးရင် အမုန်းခံရမှာ ကြောက်တော့ မရေးတော့ဘူး။ ဒီတော့ ဗမာလူထု က ပို နားပိတ်သွားတယ်။ အဲဒီ ပြဿနာ ပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်