Wednesday, June 5, 2013

ကျားသနားမှ နွားချမ်းသာရ နိုင်ငံရေး

ကျားသနားမှ နွားချမ်းသာရ ဆိုတဲ့စကား လက်ရှိ မြန်မာ့ နိုင်ငံရေး ပါပဲ။

မူဘောင်ပေါ်မှာ အခြေမခံပဲ လူပေါ်မှာ အခြေခံပြီး အလုပ်လုပ်တာကို ခေါ်တာပါ။

ဒီတော့ လူကောင်းရင် ခေတ်ကောင်းမယ်... လူဆိုးပေါ်လာရင် ခေတ်ဆိုးသွားတယ်... ဆိုတဲ့ သဘောပါ။

အခု လက်ရှိအနေအထားအရ... ဥပမာ ပြရရင်...

သမ္မတ ဦးသိန်းစိန် က နိုင်ငံရေး အကျဉ်းသား တွေကို သူ ဖမ်းချင်ရင် ဖမ်းလို့ရတယ်.. လွတ်ချင်ရင် လွတ်လို့ရနေတယ်... ဘာတရားရေး အစီအမံမှ မလို.. အဲဒီ သမ္မတ ဆိုတဲ့ ပုဂ္ဂိုလ်အပေါ် မှာ လုံးဝ မူတည်နေတယ်။ လွတ်ပြီးသားကို ပြန်ဖမ်းချင်ရင်လဲ ရနေတယ်။ လူတိုင်းက စိတ်မချရဘူး။

မြစ်ဆုံ စီမံကိန်း ၀ိုင်း ကန့်ကွက် တော့ စိတ်ထား ကောင်းတဲ့ သမ္မတ က လွတ်တော်မှာ စာ တစ်စောင် နဲ့ တချက်လွတ် အမိန့် ထုတ်လိုက်ပြီး ပိတ်သိမ်း လိုက်တယ်။ ဥပဒေ အရ ဘာ လုပ်ထုံးလုပ်နည်းမှလဲ မလို။

၂၀၀၈ အခြေခံ ဥပဒေ အရ နိုင်ငံတော်ရဲ့ စီမံခန့်ခွဲရေး အမြင့်ဆုံး (Executive) တာဝန်ယူထားတဲ့ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၁ ယောက်မှာ ၆ ယောက် က ကာကွယ်ရေး ဦးစီးချုပ် (လူတစ်ယောက်ထဲ) ရဲ့ အမိန့် အောက်မှာ အလုပ်လုပ်ရတယ်။ ဒီတော့ မဲခွဲရင်တောင် လူတစ်ယောက်ထဲရဲ့ စိတ်မနော မှာ မူတည် နေပြီ။

အခု ဗြိတိန် ကာချုပ်လာတော့ မြန်မာ့ ကာချုပ် ဘာပြောလဲ ဆိုတော့ မြန်မာ့ နိုင်ငံရေး နောက်ပြန်မလှည့်အောင် သူတို့ (တပ်မတော်) ပူပေါင်းဆောင်ရွယ် ပါမယ် တဲ့။ သူကိုယ်တိုင်သိနေတယ်။ မူ အပေါ် အခြေခံတဲ့ နိုင်ငံက ကာချုပ်တွေ ဒီလို ပြောပိုင်ခွင့်မရှိပါဘူး။ တပ်မတော် ဆိုတာ နိုင်ငံ့အရေးမှာ မူ အရ အလုပ်လုပ် နေပြီးသား ဖြစ်ရမယ်။ လူပုဂ္ဂိုလ် အနေနဲ့ ပူးပေါင်းချင်တယ်၊ မချင် ဘူး ဆိုတဲ့ စိတ်မနော မှာ မမူတည်ရဘူး။

ဒီတော့... ဦးသိန်းစိန် နဲ့ မင်းအောင်လှိုင် ခေတ်မှာ ဘာမှ မဖြစ်ဘူး ဆိုရင်တောင် နောင်တက်လာမဲ့ လူနှစ်ယောက် ကို ဘယ်သူ အာမခံမလဲ... အာဏာမက် တဲ့ လူတစ်ယောက်ယောက် နေရာရလာရင် မခက် ပေဘူးလား.. ဒီနှစ်နေရာအတွက် ရင်လေး စရာ ပါ။

ကျား ဆိုတာ သားကောင် သနားရိုးလား...

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်