Showing posts with label သုတေသန. Show all posts
Showing posts with label သုတေသန. Show all posts
Friday, June 28, 2013
Friday, March 1, 2013
တရုတ်နိုင်ငံ၏ မြန်မာမဟာဗျူဟာ အချိန်အဆအလွဲ
China’s Strategic Misjudgement on Myanmar (By Yun Sun)
.......................... .......................... .......................... ..
မှူးဇော်
စာတမ်း ရေးသားပြုစုသူ ယန်ဆန်းသည် ဘေကျင်းတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်
အထိ အခြေစိုက် နေထိုင်ခဲ့ပြီး International Crisis Group ၏ တရုတ်အရေး
လေ့လာသူ တစ်ဦးအဖြစ် ဆောင်ရွက် ခဲ့သည်။ ဤစာတမ်းသည် အမေရိကန် ပြည်ထောင်စု
Brookings Institution ရှိ အနောက်မြောက် အာရှ မူဝါဒ လေ့လာရေး ဗဟိုဌာန၌
Visiting Fellow အဖြစ် ထမ်းဆောင်ခဲ့စဉ် အပြီးသတ် ရေးသားခဲ့ခြင်း ဖြစ်သည်။
သူမ၏ သုတေသန ကျမ်းမှာ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ၊ အထူးသဖြင့်
ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဗဟိုဦးစီးစနစ် အုပ်ချုပ်ရေး နိုင်ငံများနှင့်
တရုတ်နိုင်ငံ၏ ဆက်ဆံရေးကို အလေးပေး ပြုစုခဲ့သည်။ ဤစာတမ်းတွင် တရုတ်-မြန်မာ
ဆက်ဆံရေး အလှည့် အပြောင်းများ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ
အသွင်ကူးပြောင်းရေး လမ်းစဉ်အပေါ် တရုတ်နိုင်ငံ၏ ခန့်မှန်းချက် အလွဲများ၊
အနာဂတ် အလားအလာများ အကြောင်း ကို ရေးသား ပြုစုထားသည်။ လက်ရှိ
မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေး အခင်းအကျင်းမှာ များစွာ အပြန့်
ကျယ်လာခဲ့ပြီ ဖြစ်ရာ နိုင်ငံ့အရေး နှင့် မဟာဗျူဟာ အရွှေ့အပြောင်းများ
အကြောင်း ဆင်ခြင် သုံးသပ်နိုင်ရန် ဘာသာပြန်ဆို တင်ပြလိုက်ရခြင်း ဖြစ်ပြီး
ဤဆောင်းပါးပါ ဖော်ပြချက်များ အားလုံးသည် မူရင်းပြုစုသူ၏ အာဘော်သာ
ဖြစ်ပေသည်။
၁။ မဟာဗျူဟာ အလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့ရသည့် ၂၀၁၁ ခုနှစ်
1. Strategic Changes in 2011
..........................

ဖြစ်ပေသည်။၁။ မဟာဗျူဟာ အလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့ရသည့် ၂၀၁၁ ခုနှစ်
1. Strategic Changes in 2011
Thursday, February 14, 2013
Sunday, January 20, 2013
ပါးစပ်အငှားဘ၀ရောက်ရှိနေရတဲ့ ပြန်ကြားရေး ဒုဝန်ကြီး (သို့ ) သမ္မတရဲ့  ပြောရေးဆိုခွင့်ရှိသူ ရဲထွဋ် သိစေဖို့ ။
Nik Nayman
ယခုခေတ် သမ္မတဖြစ်နေတဲ့ သိန်းစိန် ၀န်ကြီးချူပ်ဖြစ်ခဲ့တဲ့ လက်ထက်မှာလည်း အာဏာရှင်တို့ ရဲ့ ယုတ်မာတဲ့လုပ်ရပ်အတိုင်း အတိုက်အခံအင်အားစုတွေနဲ့  ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထု တိုင်းရင်းသားတွေအပေါ်လိမ်လည်စွပ်စွဲ ဖန်တီးလုပ်ကြံတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်ဆိုတာ မကြာခင်ကမှ သေဆုံးခဲ့တဲ့ ကိုဖြိုးဝေအောင်ရဲ့  အဖြစ်အပျက်က သက်သေပြခဲ့ပါတယ်။
ယခုခေတ် သမ္မတဖြစ်နေတဲ့ သိန်းစိန် ၀န်ကြီးချူပ်ဖြစ်ခဲ့တဲ့ လက်ထက်မှာလည်း အာဏာရှင်တို့ ရဲ့ ယုတ်မာတဲ့လုပ်ရပ်အတိုင်း အတိုက်အခံအင်အားစုတွေနဲ့  ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထု တိုင်းရင်းသားတွေအပေါ်လိမ်လည
Wednesday, January 16, 2013
ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ရေး နှင့် ငြိမ်းချမ်းရေး
လူအတော်များများရေးပီးသားအကြောင်းအရာတွေပါပဲ မေ့ချင်ယောင်ဆောင်နေသူတွေအတွက် ပြောချင်
တာလေးတွေထပ်ဖြည့်ကြည့်တာပါ စစ်တိုက်တယ်ဆိုတာသူရဲကောင်းဆန်ဆန်တိုက်ကြသလိုစိတ်ဓာတ်စစ်ဆင်ရေးအရအလိမ္မာသုံးတာမျိုးလဲ
ရှိတယ်ဆိုတာသဘောပေါက်ထားပါတယ် အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတာလဲသဘောပေါက်ပါတယ်
..ဒါပေမယ့် လူနဲ့လောကမှာတော့ တရားတာနဲ့မတရားတာရှိတယ်လို့ဆိုချင်ပါတယ်
ဝါဒဖြန့်မှုမရှိသင့်
ပြည်ပရန်သူလဲမဟုတ်ပဲ တိုင်းရင်းသာမျိုးနွယ်ချင်းကြားမှာဆိုဝါဒဖြန့်မှုဟာနှစ်ဖက်လုံးအတွက်မလိုအပ်ပါဘူး.
အထက်ကတာဝန်ပေးတဲ့အခါ စစ်ပွဲကိုရဲဝံ့ပြောင်မြောက်စွာတိုက်ပါ သူရဲကောင်းဆန်ဆန် သေပြတဲ့အခါဘယ်ဘက်ကဖြစ်ဖြစ့် ဝမ်းနဲနေမှာအမှန်ပဲ ဒါပေမယ့် သူရဲကောင်းမဆန်တဲ့ဝါဒဖြန့်မှုမျိုးကိုတော့မလုပ်စေချင်ပါ
တစ်ယောက်ဗိုက်တစ်ယောက် ဓားနဲ့ထိုးလို့သေတာကတစ်သက်ပဲ သေတာ ဒါပေမယ့်ပါးစပ်နဲ့ဝါဒဖြန့်ခဲ့တာ
ကတော့မဆုံးနိုင်တဲ့အသက်ပေါင်းများစွာကိုသေစေတာ နောက်ထပ်စစ်ပွဲပေါင်းများစွာကိုဖန်တီးနေတာ
တအုံ့နွေးနွေးဒါဏ်ရာကို မကျက်အောင်လုပ်နေတာပါ.. လူဒါဏ်ရာထက် မတရားပြောခံရလို့ရတဲ့ဒါဏ်ရာက
ပိုပါတယ်လက်ဝှေ့သမား နှစ်ယောက် ကြိုးဝိုင်းထဲမှာထိုးတယ် ပွဲပီးသွားရင် တစ်ယောက်ပုခုံးတစ်ယောက်
ဖက်ကြတယ် ချစ်ချစ်ခင်ခင်ပဲ ခုနက အသေအကြေထိုးနေတာတွေမရှိတော့ဘူး ဒါပေမယ့် တချို့လက်ဝှေ
့သမားကတော့ ပြိုင်ဖက်ကိုဟုတ်တာတွေရော မဟုတ်တာတွေရော လျှောက်ပြောတယ် အဲဒိတော့
နာကျည်းချက်တွေနဲ့ဆော်ကုန်ကြတယ် ပွဲပီးသော်လည်း ရင်ထဲက အခဲကမကြေ ထစ်ခနဲရှိတာနဲ့
ထပ်ဆော်ချင်နေတာပဲ ထပ်မတွေ့လို့မဆော်ရလဲ တသက်လုံးအခဲမကြေတာမျိုး လက်ဝှေ့ပွဲတွေမှာ
မကြာမကြာတွေ့ရဖူးတယ် ဒါဟာပါးစပ်သေနတ်ရဲ့ ဒုက္ခပေးမှုတွေပါ။
Tuesday, December 25, 2012
Monday, December 10, 2012
တရုတ်ကြေးနီတူးဖေါ်ရေးကြောင့် နှစ်ပေါင်း ၂၀၀၀ ကြာပြီ ဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော် ၂၀၀ ကျော်လောက်ဖျက်စီးခံရတော့မည်လား၊
![]() |
| A gold-plated seated Buddha overlooks the China Metallurgical Group Corporation mine. (Brent Huffman) |
Documentary မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးသူ နဲ့ Northwestern University မှ Medill School of Journalism မှာ ပါမောက္ခ လုပ်နေသူ Brent Huffman ဟာ အာဖကန်နစ္စတန်နိုင်ငံ Mes Aynak အရပ်ဒေသ မှ တရုတ် ကြေးနီ သတ္တုတွင်း လုပ်ငန်း အကြောင်းကို လိုက်နေပါတယ်။ အကြောင်းကတော့ အဲဒီ အနားမှာ ရှိနေတဲ့ နှစ်ပေါင်း ၂၀၀၀ ကြာပြီ ဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော် ၂၀၀ ကျော်လောက်ဟာ အကာအကွယ် မဲ့နေတဲ့ အနေအထားနဲ့ ကြုံနေလို့ပါ။
Tuesday, December 4, 2012
Subscribe to:
Posts (Atom)
ကချင် နိုင်ငံတော် သီချင်း
မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။
မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။
ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။
ငါတို့ပြည်၊ ငါတို့မြေ
ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။
အဆုံးအစမဲ့ ကာကွယ်၊
ကမ္ဘာ တည် သ၍ တည်စေသတည်း။