Thursday, July 3, 2014

အခွင့်အရေး နဲ့ တာဝန် ၀တ္တရား


(Rights and Responsibility)

မြန်မာပြည်မှာ အွန်လိုင်းပေါ်မှာ၂၀၁၁ ခုနှစ် ကတည်းက ငြင်းခုန်လာတဲ့ စာသားတခု အပေါ်မှာ အခြေခံပြီး တင်ပြလိုပါတယ်။

အဲဒါကတော့ "လူ့အခွင့်အရေး" ဆိုတာပါပဲ။ တကယ်တော့ ကမ္ဘာမှာ လူ့အခွင့်အရေး ဆိုတဲ့ ကိစ္စ ပြောလာတာ အခုမှတော့ မဟုတ်ပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ စလာတာပါ။ ကမ္ဘာ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကြေငြာ စာတမ်း ဆိုတာလဲ ကြာခဲ့ပါပြီ။

ဒါပေမယ့် မြန်မာပြည်မှာက ၁၉၆၁ ခုနှစ် ဗိုလ်ချုပ်ကြီး ဦးနေ၀င်း ဦးဆောင်တဲ့ စစ်အစိုးရ နေရာယူလာပြီး နောက်ပိုင်း လူ့အခွင့်အရေး ဆိုတာကို မြန်မာပြည်နဲ့ မတည့်သယောင် ၀ါဒဖြန့်လာခဲ့ပါတယ်။ အဲဒီ အငွေ့အသက်က အခုထိ ရှိနေဆဲ ဆိုပါတော့။

တဖက်မှာ ခေတ်ပညာတတ်လာတဲူ့လူငယ် လူလတ်ပိုင်းတွေက တိုးတက်ပြီး နိုင်ငံတွေလို လူ့အခွင့်အရေး ပြည့်ဝ တဲ့ နိုင်ငံ ဖြစ်ချင်စိတ်တွေ ပြင်းပြလာတယ်။ တဖက်မှာ လူ့အခွင့်အရေး ဆိုရင် မွတ်ဆလင်တွေရဲ့သီးသန့် အခွင့်အရေး လိုလို ရေးလာတဲ့ ကွန်မန့် တွေ တွေ့လာရပါတယ်။



တကယ်တော့ လူ့ အခွင့်အရေး ဆိုတာ အသက်ရှင်တဲ့ လူသားတိုင်း အတွက်ပါ။

လူ့အခွင့်အရေး နဲ့ မြန်မာပြည် မဆိုင်သေးဘူး ဆိုရင် မြန်မာတွေဟာ လူစင်မမီသေးဘူး ဆိုတဲ့ သဘောပါပဲ။

လူ့အခွင့်အရေး ဆိုတာ တာဝန် ၀တ္တရား တခုလဲ ဖြစ်ပါတယ်။ အခွင့်အရေး နဲ့ တာဝန် ဆိုတာ တွဲလာပါတယ်။

နိုင်ငံတနိုင်ငံမှာ နိုင်ငံသားတိုင်း အခွင့်အရေး တန်းတူ ရထိုက်သလို၊ တာဝန်ဝတ္တရားလဲ အတူတူထမ်းရမှာ ဖြစ်ပါတယ်။ အခွန်ဆောင်တဲ့ ကိစ္စမှ နိုင်ငံ့တာဝန် ထမ်းဆောင်တဲ့ နေရာ အဆုံး တန်းတူ အခွင့်အရေး နဲ့ တာဝန်ယူမှု ရှိရမှာ ဖြစ်ပါတယ်။

အခွင့်အရေးတော့ ယူချင်တယ် တာဝန်ယူမှုတော့မရှိဘူး ဆိုရင် မဖြစ်သလို၊ အခွင့်အရေးတော့ မပေးချင်ဘူး၊ တာဝန်ပဲ ယူခိုင်းတယ် ဆိုရင် ပေါ်တာဆွဲသလို ဖြစ်တတ်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ လွတ်လပ်ရေး ရကတည်းက ဖြစ်နေတဲ့ ပြဿနာဟာ အဲဒါပါပဲ။ တိုင်းရင်းသား ကျေးရွာတွေမှာ စစ်တပ်ဆောက်ဖို့၊ ဆက်သား အလှည့်ကျ သွားဖို့ တာဝန်ပဲ ပေးခံရပြီး အခွင့်အရေး ပိုင်းတော့ သုည ပါ။

အဲဒါကြောင့် ဒီမိုကရေစီ စစ်စစ် ဖြစ်ဖို့ ဆိုတာ အခွင့်အရေးပိုင်းနဲ့ တာဝန်ခွဲဝေမှု ကို ညီတူညီမျှ ဖြစ်အောင် စွမ်းဆောင်နိုင်မှ အစစ်အမှန် ဖြစ်လာမှာပါ။ လူ့အခွင့်အရေး မကြိုက်သူများသည်၊ တာဝန်ယူစိတ်မရှိသူများသာ ဖြစ်ပါသည်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်