Monday, December 31, 2012

စစ်ရာဇ၀တ်မှု ဆိုတာ နားမလည်ပဲ အွန်လိုင်းပေါ်မှာ လိုက်ဟောင်နေသော စစ်ခွေးများကို အသိပေးခြင်း ဖြစ်တယ်။


စစ်ရာဇ၀တ်မှု ဆိုတာ နားမလည်ပဲ အွန်လိုင်းပေါ်မှာ လိုက်ဟောင်နေသော စစ်ခွေးများကို အသိပေးခြင်း ဖြစ်တယ်။

တခါလာလဲ တံတားဖျက်၊ မိုင်းခွဲ... တခါလာလဲ တံတားဖျက် မိုင်းခွဲ ပဲ အော်တတ်တဲ့ အွန်လိုင်း စစ်ခွေးများကို အသိပညာ ပို့ချ တာပါ။

မြ၀တီ သတင်းမှာလဲ ဒီလိုသတင်းကို ရာဇ၀တ်မှုပုံစံ ထုတ်လွင့်တတ်ပြီး သူတို့ ဥပေဒမဲ့လုပ်ရပ်တော့ တခါမှာ ရေးတာ မတွေ့ဘူး။

၂၀၁၃ ဆိုတာ အမှန်တရား ဖက်တော်သားတွေရဲ့ နှစ် ဖြစ်ပါစေ။



 ၁၃ ဆိုတဲ့ ကဏန်းကို တရုတ်တွေက တော်တော်ကြောက်ပါတယ်။ နံပါတ် နံမိတ်ဖတ်တာကို ယုံတဲ့ လူမျိုးတွေက ဒီလို နံပါတ်ကို တော်တော်ကြောက်တတ် ကြပါတယ်။ အဲဒီ အထဲမှာ ဗမာ စစ်တပ် ခေါင်းဆောင် နတ်ဆရာ သန်းရွှေလဲ တစ်ယောက် အပါအ၀င် ဖြစ်ပါတယ်။ ယတြာချေတာတွေ၊ နံမိန်ဖတ်တာတွေက သူတို့ အယူအဆ...

ဒါကြောင့် ၂၀၁၃ မ၀င်ခင် ဗမာ စစ်တပ် အနေနဲ့ ကေအိုင်အေ ကို အကြီးအကျယ်တိုက်နေပါတယ်။

ခရစ်ယာန်တွေ အတွက် တော့ ဒါဟာ ကြောက်စရာ မဟုတ်... အမှန်တရား ရဲ့ သင်္ကေတ ပဲ ဖြစ်ပါတယ်။

နောက်တခုက ...

မျော်တိုင်းဝေးမဲ့ ပြည်ထောင်စု

အမေရိကရောက် ကချင်လူထု အဖွဲ့အစည်းမှ ကေအိုင်အေကို ထိုးစစ်ဆင်မှု ကန့်ကွက် ဆန္ဒပြ

ကချင်တွေ စစ်မှန်တဲ့ ပြည်ထောင်စု အကြောင်း စဉ်းစားလာတာ လွတ်လပ်ရေး ရကတည်းကပါ။ ဒါပေမယ့် စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့ခွင့် မရခဲ့ပါဘူး။

ဗမာ လူမျိုးများတောင် လက်မခံတဲ့ ဗမာ စစ်ခေါင်းဆောင်များ အပိုင်စီးထားတဲ့ စစ်တပ်ဟာ တိုင်းရင်းသားများကို မခံချင်အောင် အမျိုးမျိုး ရန်စပြီး လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ဆက်ဆံ၊ မဒိမ်းကျင့်၊ ကလိမ်ကကျစ်လုပ်၊ ဥပဒေမဲ့ လူသတ်၊ ဖမ်းဆီးချုပ်နှောင်ပြီး ဆက်ဆံနေခဲ့တာ လွတ်လပ်ရေး ရကတည်းကပါ။

Sunday, December 30, 2012

ရခိုင်တပ်တွေလဲ ကချင်ဖက်ပါပြီ။



 
လိုင်ဇာမြို့တော်ကို ရခိုင်တော်လှန်ရေး တပ်ဖွဲ့ ဒု-စစ်ဦးစီးချုပ် ဒေါက်တာ ညိုသွင်အောင် နှင့် အဖွဲ့ ရောက်နေကြောင်း သိရသည်။

သတင်းထောက်များကို ပြောရာမှာ "ကျနော်တို့က ရခိုင်တပ်တွေပါ" လို့ ပြောလာကြောင်း သိရသည်။

"ကနော်တို့ တိုင်းရင်းသားတွေကြားမှာ ဘုံရန်သူရှိနေပါတယ်... ကချင်လွတ်မြောက်ရေး တပ်မတော်ဟာ ကျနော်တို့ရဲ့ မဟာ မိတ်တွေပါ" လို့ပြောပါတယ်။

ကေအိုင်အေ ပြည်သူ့စစ် တစ်ယောက်ရဲ့ ရင်ဖွင့်သံ....



အပစ်ရပ်ထားတဲ့ အချိန်တွေမှာ ဗမာ စစ်သားတွေ ရွာထဲ ကြိုက်သလို သောင်းကျန်းနေတာ ကြည့်ပြီး လက်ကို ယားနေတာပဲ...

ငါတို့ကသာ အပစ်ရပ်ထားတယ် ဆိုပြီး ဘာမှ လုပ်လို့မရ ဖြစ်နေတာ.. သူတို့ အကျင့်တွေက ပိုတောင် ဆိုးလာတယ်.. အပစ်ရပ်ထားလဲ မထူးဘူး.. ငါတို့ ကချင်တွေကို ဆဲလား... ကျိန်းလား လုပ်နေတာ.. မိန်ကလေးတွေကိုလဲ ဆွဲလား ရမ်းလား လုပ်နေတာ.... ခဏဏ စိတ်မထိန်းနိုင်လို့ ပြဿနာ တက်ဖို့ နည်းနည်းပဲ လိုတယ်... မနဲ သီးခံ ခဲ့ရတယ်....

အခုလို တိုက်ပွဲဖြစ်လာတော့ စိတ်ရှိ လက်ရှိ ပစ်သတ်လို့ ရပြီ..

ကောင်းတယ်... တက်လာပါစေ...

ဆိုပဲ။

Saturday, December 29, 2012

ရန်ကုန်မှာ ကချင်အလံ ထောင်နိုင်ပြီ....

သိန်း ၆၅၀ နဲ့ လေလံပစ်လိုက်တဲ့ ကေအိုင်အေ အလံ အရောင် စွယ်တာ ကို ဒေါ်အောင်ဆန်းစုကြည် ထိုးခဲ့ ပါတယ်။

နိုင်ငံခြား လေလံ ကုမ္ပဏီ လက်ရောက်သွားရင် ဒီထက်မက အဖိုးတန်အုံးမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ဆုံးပါးသွားတဲ့ နောက်ဆိုရင် ဒေါ်လာ သန်းနဲ့ ချီ လေလံ ပစ်ရအုံးမဲ့ ပစ္စည်း ဖြစ်ပါတယ်။

အကွက်မြင်သူတွေကတော့ ဆွဲသွားပြီ။

Amyu Sha Yawng hpang de....

Photo: Amyu Sha Yawng hpang de....

Awng Padang hkrun lam a matu yawng... 2011 ning June shata laman na zawn Mungkan chyam hkra KIA dawnghkawn sharawt saga....

myit hkrum ai ni yawng ndai shiga share shalai hkat ga...

Awng Padang hkrun lam a matu yawng... 2011 ning June shata laman na zawn Mungkan chyam hkra KIA dawnghkawn sharawt saga....

myit hkrum ai ni yawng ndai shiga share shalai hkat ga...

CSW urges Burma’s government to stop military offensive against Kachin immediately

 28/12/2012


Christian Solidarity WorldwideChristian Solidarity Worldwide (CSW) today urged Burma’s military to end its offensive against the majority Christian Kachin people in northern Burma immediately, and called on the international community to put pressure on the government of Burma to engage in a meaningful political dialogue with the Kachin and other ethnic nationalities.

According to news reports, four jet fighters and two helicopter gunships were used this morning to attack Kachin Independence Army (KIA) troops close to their headquarters at Laiza, on the China-Burma border. The aerial attack follows several days of shelling and a significant increase in troop movement and fighting.

Friday, December 28, 2012

ကချင်ပြည်မှာ ငရဲခွေးကြီး လွတ်နေသည်။


ဗမာတွေက ဗမာ စစ်တပ် လို့ ပြောလဲ မကြိုက် ဆိုတော့ ဗမာ စစ်တပ်ကို ဗမာ တွေတောင် မကြိုက်တော့ဘူး ဆိုတဲ့ သဘောပဲ။

ဒီတော့ နိုင်ငံ နဲ့ လူမျိုး နာမည် မရှိပဲ မြန်မာပြည်က ဘယ်လူမျိုးမှ အားမပေးပဲ ကချင်ပြည်မှာ လာပြီး တောင်းကျန်းနေတဲ့ မျိုးမစစ် အဖွဲ့ကို နာမည် ခင်ပွန်း သပ်ပေးလိုက်ရအောင်။

"ငရဲ ခွေးကြီး"

နာမည် မရှိတဲ့ လက်နက်ကိုင် တောင်းကျန်းသူအဖွဲ့ကို ဘာနာမည် သပ် ပေး မရလဲ လို့ စဉ်းစားလိုက်တော့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အိုးဝေ မဂ္ဂဇင်း ပါ စာစု တခုကို သတိရလိုက်တယ်။

ငရဲ ခွေးကြီးလွတ်နေသည်၊ တဲ့။

ဗမာ လက်နက်ကိုင်ရင် အစိုးရတဲ့။ ကချင်တွေ လက်နက်ကိုင်ရင် သူပုန်တဲ့။

ကချင်တွေကို သူပုန်လို့ ခေါ်တာ ရှမ်းလဲ မဟုတ်၊ ရခိုင်လဲ မဟုတ်၊ ချင်းလဲ မဟုတ်၊ ကယားလဲ မဟုတ်၊ ကရင်လဲ မဟုတ်၊ ဗမာ စစ်တပ်သာ ဖြစ်တယ်။

အဆိုပါ တိုင်းရင်းသားတွေ မပြောဘူးလို့ ဆိုလိုခြင်းဟာ ဗမာ စစ်တပ် လက်အောက်ခံ လက်ကိုင်တုတ် (သို့) အတင်းအကျပ်ပြောခိုင်းတဲ့ တိုင်းရင်းသားများကို မဆိုလိုပါ။ စစ်မှန်တဲ့ တိုင်းရင်းသား နိုင်ငံရေး သမားတိုင်း ဘယ်တော့မှ ကချင်တွေကို သူပုန်လို့ မသတ်မှတ်ပါ။

ဗမာ စစ်တပ်နဲ့ အပေါင်းအပါများဟာ သူတို့ကိုယ် သူတို့ တရားတဲ့ စစ်တိုက်တယ် ဆိုပြီး ဗမာ အင်ပါယာကို တရားဝင် ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်ပါတယ်။

ဗမာ စစ်တပ်ဟာ ဗမာ မဟုတ်တဲ့ တိုင်းရင်းသား ပြည်သူတွေ ထောက်ခံထားခြင်း မဟုတ်သလို၊ ကချင်စစ်တပ်ဟာလဲ ဗမာ ပြည်သူတွေ မထောက်ခံတာ အဆန်းတော့မဟုတ်။ သို့သော် ကျန်တိုင်းရင်းသားများ ထောက်ခံတယ်။

ပြည်သူ့ တပ်မတော်ဆိုတာ အဆိုပါ လူမျိုးနဲ့ပဲ ဆိုင်တယ်၊ ဆိုရင် ကေအိုင်အေ စစ်တပ်ဟာလဲ ကချင်ပြည်ရဲ့ တရားဝင် စစ်တပ် ဖြစ်တယ်။

Thursday, December 27, 2012

သမ္မတ ဦးသိန်းစိန် ရဲ့ မိန့်ခွန်းအပေါ် သုံးသပ်ချက်


သမ္မတ ဦးသိန်းစိန် အနေနဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ နေပြည်တော်မှာ ဌာနဆိုင်ရာ အုပ်ချုပ်မှု နဲ့ ဆိုင်တဲ့ မိန့်ခွန်းပြောကြားရာမှာ သူတို့ အစိုးရရဲ့ အချို့ နေရာ ဒေသ ဌာနတွေမှာ အစိုးရ အောက်ခြေ၀န်ထမ်းတွေဟာ လူထု နဲ့ ဆန့် ကျင်ပြီး အဂတိ လိုက်စား၊ လဒ်ပေး လဒ် ယူတာတွေ ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

အားလုံးသိပြီးသားကို မြန်မာအစိုးရ အကြီးအကဲ တာဝန်ရှိသူ တစ်ယောက်အနေနဲ့ ပထမ ဆုံး ပရိသတ်ရှေ့ ၀န်ခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။

လူမျိုးအစွဲရှိတာ လူတိုင်းပါ။

ဘယ်သူမဆို ကိုယ့်လူမျိုးဖက် အနည်းနဲ့ အများ ပိုပြီး နာတတ်တာ သဘာဝ ဖြစ်တယ်။

ဒါပေမယ့်... ဗမာ တွေ လူမျိုးစွဲ စကားပြောရင် ပြည်ထောင်စုကို ကာကွယ်ချင်တဲ့လူ၊ မျိုးချစ် ဆိုပြီး ကိုယ့်ကိုယ်ကို ထင်ကြတယ်။ တခြား တိုင်းရင်းသားတွေ ကိုယ့်အမျိုး ခံစားချက် အကြောင်း ပြောလာရင် လူမျိုးရေး တယူသန်သူ၊ တိုင်းရင်းသား စည်းလုံးမှု ပျက်ပြားအောင်လုပ်သူ ဆိုပြီး သမုတ်ခံရတတ်ပါတယ်။

အခု ဒူဝါ တို့ ရေးနေတာဟာ အချင်းချင်း နားလည် ခံစားတတ်ဖို့ ဖြစ်တယ်။ နှစ်ပေါင်း ၅၀ ကျော် ဗမာ မီဒီယာ တခုထဲ နဲ့ မှိုင်းတိုက်လာတာ ဘယ်တော့မှ စည်းလုံးမှု မရခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဗမာ လူမျိုး တမျိုးထဲက လူမျိုးစွဲ ပိုကြီးအောင် တွန်းအားပေးထားလို့ပဲ။ အခုတောင် တနိုင်ငံလုံး ဗမာ လူမျိုးနဲ့ပဲ ဆိုင်သလို ထင်လာတာကိုက ပြဿနာ အကြီးစား ဖြစ်နေပါပြီ။

အခုမှ ဖေစ်ဘွတ် (ဖွဘွတ်) လေး ပေါ်လာလို့ နည်းနည်း ပါးစပ် ဟ လာနိုင်တာပါ။

အရင်က တိုင်းရင်းသားတွေ ရဲ့ အသံ မကြားဖူးလို့လဲ ဖြစ်ပါလိမ့်မယ်။

တခါတလေမှာ အမှန်တရား ဆိုတာ နားကြား ခါး တတ်ပါတယ်။

ခါးသက်သက် အရသာကို ခံပြီးမှ ချိုလာပါလိမ့်မယ်။ အခုချိန်တော့ ခါး ရမယ့် အချိန်။

Wednesday, December 26, 2012

ကချင်လူမျိုးတွေ သိစေချင်

မနေ့က ခရစ္စမတ် အကြိုအတွက် ပြင်ဆင် ဆုတောင်း၊ အလုပ်ရှုပ်နေကြတဲ့ အချိန်မှာ ကန်တော်ယန် ကျေးရွာနားမှာ မြန်မာ့တပ်မတော်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် တနေရာထဲမှာဘဲ ၆ ယောက် ပွဲချင်းပြီး သေဆုံးရတယ် လို့ သတင်းရရှိပါတယ်။ အခုအချိန်မှာ စစ်ကား အစင်း ၅၀ ကျော်နဲ့ အပြည့် မြန်မာ့တပ်မတော်သားများဟာ ဘက်ဖိုးယာဉ်ကြီးများနဲ့ လမ်းရှင်း လမ်းဖောက်ပြီး လိုင်ဇာမြို့ကို တရွှေ့ရွေ့ချီတက်လာတာ တော်တော်လေး ခရီးရောက်နေပြီလို့ သိရပါတယ်။>>>

နှစ်ပေါင်း ၆၀ ကျော် ဗမာ အစိုးရ အောက်မှာ နေလာတာ ကချင်လူမျိုးတွေ ဘာများ တိုးတက်သွားသလဲ?

ဗမာ တွေ ပြောတဲ့ အတိုင်း ကချင်တွေဟာ ဘိန်းစား နဲ့ အရက်သမား ပေါလာတာပဲ အဖက်တင်တယ်။ မြစ်ကြီးနားမြို့လို တိုင်းမှူးထိုင်တဲ့ မြို့တော်က သက္ကသိုလ်ကျောင်းတွေမှာ ဘိန်းဖြူကို လွတ်လပ်စွာ ရောင်းနေတာ ပြည်သူ့ရဲတွေ နဲ့ အစိုးရ ထောက်လှမ်းရေး တွေ မသိပဲ ရောင်းလို့ ရနိုင်မလား။ မြစ်ကြီးနား ဆိုတာ မြို့ကျင်းကျင်းလေး။ ရန်ကုန်လို ကျယ်ပြန့်တဲ့ မြို့ကြီးမှာတောင် ဒီလို လွတ်လွတ်လပ်လပ် ရောင်းတာ မတွေ့ဖူးပါ။

ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာက ဗမာ တစ်ကျပ် ရရင် ကချင် တစ်ကျပ် ရစေရမယ် လို့ပြောခဲ့တယ်။

ဗမာ တွေ ပညာတတ် ထောင်နဲ့ ချီပြီး နိုင်ငံခြား ပညာတော်သင် လွတ်တဲ့ အချိန် ကချင်တွေ တစ်ယောက်မှ မပါဘူး။

နိုင်ငံရေး ဆိုတာ

နိုင်ငံရေး ဆိုတာ ဘာသာတရားလို လူတွေကို မှိုင်းတိုက်ပြီး ယုံကြည်မှု တခု အောက်ကို တွန်းထည့်လို့မရဘူး။ နိုင်ငံရေး ဆိုတာ လက်တွေ့ဘ၀ ဖြစ်တယ်။ နိုင်ငံရေးမှာ ကြင်နာတရား ဆိုတာထက် စနစ်က စကားပြောတယ်။ လူပုဂ္ဂိုလ်ထက် စနစ်က ပို အလုပ်လုပ်တယ်။ နှစ် ၅၀ ကျော် နိုင်ငံရေး စကားမပြောခိုင်းတဲ့ ဗမာ လူထု အတိုင်းအ၀ိုင်းကို ညာလို့ရချင် ရမယ်။ ကချင်တွေက ဗမာ ပညာရေး စနစ်ကို အစကတည်းက မယုံခဲ့ဘူး။ ကိုယ်ပိုင် အသိဥာဏ်နဲ့ လေ့လာနေတဲ့ လူ့အဖွဲ့အစည်း ဖြစ်တယ်။ ခင်များတို့ထင်သလို ဆင်းရဲတာနဲ့ ခတ်ညံ့ညံ့ လူတွေ ဖြစ်သွားမယ် မထင်ပါနဲ့။ တကယ် သေခြာတယ် ဆိုရင် ကချင် နိုင်ငံရေးခေါင်းဆောင် တစ်ယောက်နဲ့ ခင်များတို့ရဲ့ လက်ရှိ သမ္မတကို ပရိသတ်ရှေ့ စင်ပေါ်မှာ နိုင်ငံရေး စကားနိုင်လုခိုင်းကြည့်ပါ။ နိုင်ငံတကာ ပညာရှင်များကို အဆုံးအဖြတ်ပေးခိုင်းကြည့်ပါ။ လုပ်ရဲပါ့မလား... ခင်များတို့ လိပ်ပြာသန့်တယ် ဆိုရင်တော့ မလုပ်ရဲ စရာ အကြောင်း မရှိလောက်ပါဘူး။

Tuesday, December 25, 2012

ဖက်ဒရယ် အကြောင်း လေ့လာရန်။

FEDERAL ( 16.12.2012 )

ပေါ်လစီ ကစားကွက်

အခုထိ ထိုးစစ်မဆင်ပါဘူး ဆိုတဲ့ သမ္မတ ရဲ့ ညွန်ကြားမှု ကို တပ်မတော်က လိုက်နာနေပါတယ်၊ ဆိုတဲ့ သဘောဆောင်တဲ့ စာတစ်စောင်ကို မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်ကနေ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ ဥက္ကဌ ကို ရေးလိုက်တဲ့ စာမှာ တွေ့ရပါတယ်။ပေါ်လစီကစား တာတောင်မကပါဘူး၊ အွန်လိုင်းက ရခိုင်အရေးမှာ ကလှော်နေခဲ့တဲ့ တစ်နှစ်မပြည့် ဖေစ်ဘွတ် အကောင့် တော်တော်များများလည်း ကချင်ဖက်ကို ဦးလှည့်လာပါတယ်။


၂၀၁၃ ကနေ တရားဝင် စစ်ကြေငြာ တော့မယ် ထင်တာပဲ။

တကယ်တော့ အရင် တစ်နှစ်ကျော် လုံးလုံးက ဗမာ စစ်တပ် အနေနဲ့ လုံးဝ ထိုးစစ်မဆင်သေးဘူး ဆိုတဲ့ သဘောပါ။

Monday, December 24, 2012

ပြည်ထောင်စုတပ် ဆိုတာ ကချင်ပြည်မှာ ဗမာ စစ်တပ် ရှိနေတာမျိုးမဟုတ်ပါ။


ပြည်ထောင်စုတပ် ကို ဖွဲ့ရအောင်လို့ ပြောတိုင်း လက်ရှိတပ်မတော်မှာလဲ လူမျိုးပေါင်းစုံ ပါပြီးသား လို့ ပြောတတ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ် စစ်တပ်မှာလဲ လူမျိုးပေါင်းစုံပါသော်လည်း အင်္ဂလိပ်စစ်တပ်လို့ပဲသုံးပြီး ဂျပန်စစ်တပ်မှာလဲ လူမျိုးပေါင်းစုံးပါသော်လည်း ဂျပန်တပ်လို့ပဲ သုံးပါတယ်။

တိုင်းရင်းသားတွေကို ကလေးလေး တစ်ယောက်လို အပြောမျိုးတွေနဲ့ ပြောချင်ရာပြောပြီး စကားနိုင်လုနေမဲ့ အချိန်မဟုတ်ပါ။

မြန်မာ နိုင်ငံရဲ့ ပြည်ထောင်စု သမိုင်းဟာ အမေရိကန် ပြည်ထောင်စု ဖြစ်လာခဲ့တဲ့ သမိုင်းနဲ့လဲ မတူ သလို၊ အိန္ဒိယ သမိုင်းနဲ့လဲ မတူပါ။ မြန်မာပြည်ရဲ့ ဖက်ဒရယ် စနစ်သည် ဥရောပ ယူနီယံ ပုံစံ နှင့် ခတ်ဆင်ဆင် ဖြစ်သည်။

Sunday, December 23, 2012

စစ်တပ်ကို မထိန်းချုပ်နိုင်ခြင်းသည် သမ္မတ ဦးသိန်းစိန်အတွက် ပထမဆုံး စိန်ခေါ်မှုဖြစ်


ဧရာဝတီ

ဒီမိုကရေစီစနစ် တည်ဆောက်နေဆဲ မြန်မာနိုင်ငံ၏ အနာဂတ်တွင် အဓိက စိန်ခေါ်မှုကြီး ၃ ခု ရှိပြီး သမ္မတ ဦးသိန်းစိန် အနေဖြင့် မြန်မာ့တပ်မတော်ကို အပြည့်အ၀ ထိန်းချုပ်နိုင်မှု မရှိသေးခြင်းသည် ပထမဆုံးဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုမှ ၀ါရင့် နိုင်ငံရေးသိပ္ပံ ပညာရှင် ဒေါက်တာ မိုက်ကယ် ဂရင်းက ပြောဆိုလိုက်သည်။

“ဦးသိန်းစိန်က စစ်တပ်ကို အပြည့်အ၀ မထိန်းချုပ်နိုင်သေးဘူး။ မာရှယ်လော (စစ်အုပ်ချုပ်ရေး) ကြေညာနိုင်တဲ့ မဲပေးခွင့်ရှိတဲ့ အာဏာပိုင်တွေထဲမှာ သူက ဆန္ဒမဲ တ၀က်လောက်ပဲ ရနိုင်သေးတယ်။ အချိန်မရွေး လွှတ်တော်ကို ပိတ်ပစ်လို့ ရနေတယ်” ဟု ဒေါက်တာ မိုက်ကယ် ဂရင်းက Geogorgetown Journal နှင့် “မြန်မာနိုင်ငံရဲ့ အနာဂတ်” အမည်ရှိ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားထားသည်။

ဒေါက်တာ မိုက်ကယ် ဂရင်းကို သမ္မတ ဂျော့ဂ်ျ ဘွတ်ရှ် အစိုးရလက်ထက်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ရာထားခဲ့ဖူးပြီး ၀ါရင့် သံတမန်တဦးလည်းဖြစ်သလို နိုင်ငံတကာရေးရာတွင် နှံ့စပ်ကြွယ်ဝသူတဦးလည်း ဖြစ်သည်။ သူသည် မကြာသေးခင်က မြန်မာနိုင်ငံသို့ သွားရောက်လေ့လာခဲ့ပြီး နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး စင်တာ (Center for Strategic and International Studies – CSIS) ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကိုလည်း ပူးတွဲရေးသားခဲ့သူဖြစ်သည်။

Tuesday, December 18, 2012

အဲဒါကို မကြေနပ်လို့


ဖါးကန့်ဒေသရှိ မိုးကောင်းရဲစခန်း တစ်ခု ဖြစ်သော ကာမိုင်းရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ သည်ဟု ပြောခွင့်ရသူ KIA အရာရှိ တဦးက ဆိုပါသည်။

“ဒီလိုပါ. ကျနော်တို့ တပ်ရင်း (၆) ရဲ့ တပ်ခွဲရုံးကို ပြီးခဲ့တဲ့ (၁၂) ရက်နေ့က ၀င်သိမ်းသွားတဲ့တပ်က မိုးကောင်းရဲစခန်းမှာ ၀င်နားနေတဲ့အချိန်မှာ ကျနော်တို့က ၀င်တိုက်လိုက်တာဖြစ်တယ်။ သူတို့ ထွက်ပြေးရတယ်လေ။ အဲဒီတပ်က သူတို့ တက်လာတုန်းက ရွာသား
တွေကိုလည်း နှိပ်စက်ခဲ့တယ်၊ အိမ်အချို့ကို လည်း ဖျက်ဆီးသွားတယ်။ ပြီးတော့ ကျနော်တို့စခန်းကိုလည်း ၀င်ဖျက်သွားတယ် အဲတာကို မကြေနပ်လို့ပါ” ဟု ဆိုပါသည်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ တစ်နေ့တာ (ရုပ်သံမှတ်တမ်း)

မြွေအရေခွံလဲ နိယာမ


မြွေ ဆိုတဲ့ သတ္တ၀ါဟာ အချိန်အခါ နဲ့ အလိုက် အရေခွံလဲ တဲ့ သတ္တ၀ါ ဖြစ်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် ကြီးထွားခြင်းရဲ့ တဆစ်ချိုးအချိန်လို့လဲ ပြောလို့ရပါတယ်။ မြွေတကောင် အရေခွံလဲ လိုက်ခြင်းသည် သူ့ခန္ဓာကိုယ်တခုလုံး ပြောင်းသွားခြင်းမဟုတ်၊ အတွင်းသား၊ ကလီစာများ နှင့် စိတ်ဓါတ်၊ အကျင့်၊ မာန၊ မှတ်ဥာဏ် စသော စိတ္တဇနာမ် အားလုံး တခုမကျန် အရင်အတိုင်းသာ ဖြစ်သည်။ ထို စိတ္တဇနာမ်များ ကို ပိုကောင်းလ
ာဖို့ ခန္ဓာကိုယ် ပိုပြီးဖွံ့ဖြိုးလာအောင် တဆစ်ချိုး အားဖြည့်ပေးခြင်းသာ ဖြစ်လေသည်။

လက်ရှိအစိုးရ….

မြွေအရေခွံလဲ အစိုးရ ဆိုပြီး နိုင်ငံတကာမှာ နာမည်ကြီးလာတဲ့ လက်ရှိ အစိုးရကော တကယ်တမ်း သူတို့ ကိုယ်ခန္ဓာ နဲ့ စိတ္တဇနာမ်များ ပြောင်းနိုင်ပါမည်လား? မဖြစ်နိုင်ပေ။ ဒီတော့ ပိုအားကောင်းလာဖို့ တဆစ်ချိုး အချိန်လား? ဖြစ်နိုင်ပါသည်။

Monday, December 17, 2012

၂၀၁၂ အတွင်း ထိုးစစ်မဆင်ပါဘူး၊ ရိပ်ခါလာပို့တာပါ၊ ဆိုတဲ့ ဗမာ စစ်တပ်များ နဲ့ ထိတွေ့မှု မှတ်တမ်းအချို့

 ထိုးစစ်မဆင်ပါဘူး... ရိပ်ခါပို့တဲ့ တပ်တွေကို ကေအိုင်အေက တိုက်နေပါတယ် လို့ ပြောနေတဲ့ အချိန်အတွင်း တလကို တိုက်ပွဲပေါင်း ရာနဲ့ချီ ဖြစ်ခဲ့တယ်။ လိုင်ဇာ အနီး ၀န်းကျင် (၅)မိုင် အကွာမှာ ရှေ့တန်း စခန်းမရှိတဲ့ နေရာအထိ တပ်မ နဲ့ ရိပ်ခါလာပို့ တယ် ဆိုတာ.... ဘာရိပ်ခါ အမျိုးအစားလည်းဆိုတာ ၀ူးတိန်းရှိန် အသိဆုံးနေမှာပါ။

ဒီအပတ်အတွင်း လိုင်ဇာ မှ (၅) မိုင်အကွာတွင် ကြိုဆိုရေး အဖွဲ့များ လက်ခံရရှိသော ၀ူးတိန်းရှိန် ပို့ခိုင်းတဲ့ ရိပ်ခါများ
ဖေါက်ဖေါ်နဲ့ တတွဲတွဲ... လိုင်ဇာကို အရသိမ်းပေးမယ်... စိတ်ချ .. တဲ့။ ပြီးရင် ဦးပိုင် နဲ့ ငါ့အတွက် ကော်မရှင်ခအတွက်လည်း မမေ့ကြေးနော်... ဆိုပြီး ရီကြ.. ပျော်ကြ... အလွမ်းသယ်ကြ..  တိုင်းရင်းသား ခေါင်းဆောင်တွေကိုသာ ဒီလို အပြုံးမျိုးနဲ့ ဆက်ဆံလို့ကတော့ လက်နက်အားလုံးချပြီးသား ဖြစ်သွားမယ်။

Burma VJ: အောင်ကျော်စော နဲ့ အမေးအဖြေ

Jason Mraz နဲ့ လူကုန်ကူးမှု တစေ့တစောင်း

 
Jason Mraz - Life is wonderful (Live)

 ဒီနေ့ကတော့ မြန်မာပြည်ကို ရောက်လာတဲ့ Jason Mraz ကို ဂုဏ်ပြုသောအားဖြင့် ကျနော် အကြိုက်ဆုံး "Life is wonderful" ဆိုတဲ့ သူ့သီချင်း တစ်ပုဒ်ကို တင်လိုက်ပါတယ်။ သူ့အကြောင်းမသိသေးသူများ အတွက်လဲ ဗဟုသုတ ရတာပေါ့။

မြန်မာ ပြည်သူတွေ အနေနဲ့ အခုတလော စိတ်မချမ်းမဲ့ စရာ သတင်းတွေနဲ့ ပဲ လုံးပန်းနေရချိန် အခုလိုနာမည်ကြီး တစ်ယောက်အနေနဲ့ အခမဲ့ လာရောက် ဖျော်ဖြေပေးတာ ၀မ်းသာစရာပါ။

မြန်မာ့ ဈေးကွက် စီးပွါးရေး စနစ်လား?


Sunday, December 16, 2012

လက်ပံတောင်းတောင်အရေး နှင့် မြေယာပြသနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း။ အပိုင်း (၁)


လက်ပံတောင်းတောင် အရေးသည် အမှိုက်ကစ ပြသာဒ် မီးလောင်ခြင်း မဟုတ်ပါ။ ပြသာဒ်ကြီး တခုလုံးကို လောင်နေ သော မီးကျီးခဲသည်
အမှိုက်ကလေးတစကို ထပ်မံရှို့မိပြီး ထတောက်လာခြင်းသာ ဖြစ်သည်။ ပြသာဒ်ကြီး တခုလုံးကို လောင်နေသော မီးကျီးခဲ ကို စနစ်တကျ ငြိမ်းသတ်နိုင်မှသာ လက်ပံတောင်းကဲ့သို့ မီးတောက်ကလေးများ တပြည်လုံး တွင် အလိုလို ငြိမ်းသွားပါ မည်။ ဤသည်ကို ရှင်းပါမည်။

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ဖြစ်ပွားလာသော ပြသနာကြီးများကို စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး ဖြေရှင်းရန်ကြိုးပမ်းသည့် လုပ်ဟန်မှာ ခေတ်စားလာခဲ့သည်။ သို့ရာတွင် ယခုအချိန်အထိတော့ ဘာတခုမှ မယ် မယ်ရရ ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။ ပြသနာ၏ ရင်းမြစ်ကို ဖေါ်ထုတ်ဖြေရှင်းရန်ကြိုးပမ်းခြင်းထက် အပေါ်ယံ အကြောင်း ရပ်များ အပေါ်တွင်သာ စုံစမ်းအဖြေရှာ၇န်ခိုင်းထားခံရသဖြင့် မထိမရောက် ဖြစ်နေခြင်းပင်။

Saturday, December 15, 2012

ကိုယ့်ပြည်နယ် ကိုယ် အုပ်ချုပ်ပိုင်ခွင့် တောင်းတာ ဘာများ အလိုမကျစရာ ရှိသလဲ?



ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အနေနဲ့ သိန်းစိန်အစိုးရသစ်ကို တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်ဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ အခုလို တဖွဲ့ချင်းနဲ့ အပစ်ရပ် စကားပြောနေစရာမလို UNFC နဲ့ တပေါင်းထဲ ပြောလိုက်ရင် မပြီးနိုင်စရာ အကြောင်းမရှိ။ သို့သော်၊ သမ္မတကြီးက အင်ဒိုနီးရှားမှာ ပြောတာက သူတို့ တဖွဲ့နဲ့ တဖွဲ့ လိုချင်တာလဲ မတူဘူး၊ လို့လဲ ပြောလာတယ်။ အားလုံး လိုချင်တာ အတူတူ ဖြစ်နေတဲ့ UNFC နဲ့ ကျတော့ စကားမပြောနိုင်ဘူးတဲ့။ UNFC အဖွဲ့သားတွေ အားလုံး တညီတညွတ်ထဲ တောင်းဆိုနေတာ ဖက်ဒရယ် ဖြစ်တယ်။ ဒါကို ဘာများ မတူဘူးလို့ ပြောစရာ ရှိသလဲ။ သဘောကတော့ တဖွဲ့ချင်း ဖဲ့တိုက်မဲ့ အစီအစဉ်က ရှိပြီးသားပါ။

မြန်မာနိုင်ငံ ဆင်းရဲရခြင်းရဲ့ အဓိက သော့ချက်ကတော့ စစ်စရိတ်ထောင်းလို့ ဖြစ်ပါတယ်။ စစ်စရိတ်ထောင်းလာခဲ့ရခြင်းသည် ပြည်တွင်းစစ်ကြောင့် ဖြစ်တယ်။ ပြည်တွင်းစစ် ဖြစ်လာရခြင်းသည် တိုင်းရင်းသားတွေက ကိုယ့်နယ်ကိုယ် အုပ်ချုပ်ပိုင်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆုံးရှုံးခြင်းအပေါ် ဆွေးနွေးတိုင်ပင်ဖို့ အခွင့်အရေး မရှိခဲ့လို့ တိုက်ပွဲဝင်လာရခြင်း ကြောင့် ဖြစ်တယ်။

လဂျားယန် တိုက်ပွဲတွင် အရှင်ဖမ်းမိတဲ့ မြန်မာအစိုးရ စစ်သားများ






Friday, December 14, 2012

တစ်သိန်းခွဲကို တန်ဖိုးနည်း ဖုန်း တဲ့။

ဘယ်နိုင်ငံက ဖုန်းတန်ဖိုးနဲ့ တိုင်းတာပြီး တန်ဖိုးနည်း ဖုန်း လို့ သတ်မှတ်တာလဲ တော့ မသိ။ ဒီမနက် မြ၀တီ သတင်းမှာ ဖတ်လိုက်ရတာက ၂၀၁၃ ကနေစပြီး တစ်သိန်းခွဲတန် တန်ဖိုးနည်းဖုန်း အလုံး တစ်သန်းချပေးမယ် ဆိုပဲ။

အခု မြန်မာ့ ဆက်သွယ်ရေး နဲ့ တွဲလုပ်မယ့် Huawei နဲ့ ZTE ကုမ္ပဏီတွေက တရုတ်ကပါ။ တရုတ် ဖုန်းဆိုတာ Sim Card ၀ယ်ရင် ၀ယ်တဲ့ တန်ဖိုးထက် ပိုများတဲ့ ဖုန်းခ ထည့်ထားပေးပြီးသား။ အလကား ပေးတာ တောင် မကတော့ဘူး၊ အမြတ်ပါ ပေးနေတဲ့ အချိန် မြန်မာ နိုင်ငံမှာတော့ Sim Card ကို ဒေါ်လာ ၂၀၀ နီးနီး ပေးဝယ်ဖို့ လုပ်နေပါတယ်။ တရုတ်လိုင်းတွေက ကောင်းလား ဆိုတော့ တရုတ်နယ်စပ် ကနေ မိုင် တစ်ရာနီးပါးဝေးတဲ့ မြန်ကြီးနားအထိတောင် ရှင်းနေတာပဲ။

အာဆီယံ နိုင်ငံအားလုံး၊ လာအိုက အစ Sim Card တွေကို ၃ ဒေါ်လာ အောက်သာ ပေးဝယ်ရတာပါ။

Thursday, December 13, 2012

Western Union မှ တဆင့် ငွေလွှဲနိုင်တော့မည်။



အမေရိကန် အခြေစိုက် Western Union ငွေလွှဲကုမ္ပဏီကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ မြန်မာအရှေ့တိုင်းဘဏ် နှင့် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီး၊ အခု မြန်မာ CB ဘဏ် နှင့်လဲ သဘောတူ လက်မှတ်ထိုးပြီး ငွေလွှဲလုပ်ငန်းများ စတင်တော့မည် ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့်၊ ဒီဇင်ဘာလ ၁၄၊ ၂၀၁၂ မှစပြီး Western Union မှ တဆင့် မြန်မာနိုင်ငံထဲ လွှဲငွေများကို CB Bank မှာလဲ ထုတ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Western Union ရဲ့ ငွေလွှဲစနစ်ကတော့ လွှဲပေးသူ အနေနဲ့ ဘဏ်မှာ ငွေအပ်လိုက်အပြီး၊ ငွေအပ်ဘဏ်မှ ကုတ်နံပါတ် ပေးလိုက်ပါတယ်။ လက်ခံမည့်သူထံသို့ ငွေလွှဲသူက ၄င်း ကုတ်နံပါတ် ပို့ပေးပြီး၊ ငွေလက်ခံမည့်သူက နီးစပ်ရာ CB ဘဏ်ခွဲတခုခု သို့မဟုတ် မြန်မာအရှေ့တိုင်းဘဏ် တခုခု မှာ မှတ်ပုံတင်ဖြစ်ဖြစ်၊ Passport ဖြစ်ဖြစ် ID တခုခု ပြပြီး ထုတ်ယူရမှာ ဖြစ်ပါတယ်။

ဆွိဒင် လုပ် လက်နက် မြန်မာ အစိုးရ စစ်တပ် သုံးလို့ စုံစမ်းစစ်ဆေးတော့မယ်။

ဆွိဒင်နိုင်ငံ ထုတ် တင့်ကားဖျက်လက်နက် M3 Carl Gustav အမျိုးအစား ကို မြန်မာ စစ်တပ်မှ ကေအိုင်အေတိုက်ပွဲများမှာ သုံးခဲ့ကြောင်း အထောက်အထားများ တွေ့ရှိပြီးနောက် စုံစမ်းဖေါ်ထုတ်ဖို့ ဆွိဒင် အစိုးရ ကဆုံးဖြတ်လိုက်တဲ့ အကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် The Independent သတင်းစာမျက်နှာမှာ ရေးထားပါတယ်။

A man display a Carl Gustaf rocket launcher at a KIA base in Kachin State. (Photo: John Salin)
A captured Carl Gustaf rocket launcher at a KIA base in Kachin State. (Photo: John Salin)

 မြန်မာအစိုးရ ကို အီးယူ အနေနဲ့ စစ်လက်နက် မရောင်းဖို့ Sanction လုပ်ထားပေမယ့်၊ ပြီးခဲ့တဲ့ ကေအိုင်အေ တိုက်ပွဲတွေအတွင်း မြန်မာ အစိုးရ စစ်တပ်မှ သိမ်းဆည်းလိုက်သော လက်နက်များမှာ ဆွိဒင် လက်နက်စက်ရုံ ကုမ္ပဏီမှ ထုတ်သော M3 Carl Gustav အမျိုးအစားများ ဖြစ်ပြီး စက်ရုံ ကုတ်နံပတ်များ တွေ့ရကြောင်း အတွင်းထဲထိ သတင်းသွားယူသော နိုင်ငံခြားသတင်းထောက်များမှ တဆင့် သတင်းများတွင် ပါလာရာမှ ဆွိဒင် အစိုးရ အနေနဲ့ အခုလို ဆုံဖြတ်လိုက်တာ ဖြစ်ပါတယ်။

Wednesday, December 12, 2012

ဆန္ဒပြတယ် ဆိုတာ အလုပ်မရှိလို့ မဟုတ်၊ မတရားမှုကို မီးမောင်းထိုးပြခြင်း ဖြစ်တယ်။


ဒီမနက်တွေ့လိုက်ရတဲ့ ဒီပိုစ့်ကိုကြည့်ပြီး၊ ပိုစ့်ပိုင်ရှင်နဲ့ ကောမ်မန့်ပေးသူများရဲ့ စာမျက်နှာတွေကိုလဲ ကြည့်ဖြစ်ပါတယ်။ ဆန္ဒပြတဲ့ လူတွေကို အလုပ်မရှိတဲ့ လူတွေ ဆိုပြီး သမုတ်ထားသလို ကောမ်မန့်မှာက ဆန္ဒပြတဲ့ နေရာမှာ သူဌေးတွေ မပါဘူး၊ အလုပ်မရှိတဲ့ လူတွေမှ လုပ်တာ ဆိုပြီး ထောက်ခံထားပါတယ်။ အဲဒီ အမျိုးသမီးရဲ့ စာမျက်နှာကို ဖွင့်ကြည့်တော့ မြစ်ဆုံကမ်းနားထိ ပါဂျေရိုကားနဲ့ ဓါတ်ပုံ ရိုက်ထားတဲ့ ပုံတွေကို တွေ့ရပါတယ်။ သူမအနေနဲ့ ရိုးရိုးသားသား ရေးထားတဲ့ ကောမ်မန့် ဖြစ်မှန်းလဲ သိပါတယ်။

ဒီတော့…. မြန်မာပြည်မှာ အခုလို လူတန်းစား နှစ်ရပ်ရဲ့ ခံစားချက် ကွာဟ နေခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ၊ ဆိုပြီးလဲ စဉ်းစားမိလိုက်ပါတယ်။ တစ်သက်လုံး လယ်၊ ယာ မလုပ်ဖူးတဲ့ လူတွေဟာ လယ်သမားများရဲ့ လယ်ယာမြေအပေါ် သံယောဇဉ် ကြီးမားမှုတွေကို ခံစားလို့ ရမှာ မဟုတ်ပါ။ လုပ်ငန်းရှင် သူဌေးများနဲ့ အုပ်ချုပ်သူ လူတန်းစားများ အနေနဲ့ ထိုက်တန်တဲ့ လျှော်ကြေးပေးခဲ့တယ်၊ တောမြေပဲ၊ မြေလွတ်မြေရိုင်း ဆိုပြီး ဥပဒေအရ သိမ်းလိုက်တယ်။ ဒေသခံ လယ်သမားများရဲ့ ခံစားချက်ကို ဘယ်တော့မှ ထည့်မတွက်ပါ။

Tuesday, December 11, 2012

၂၀၁၂ ဒီဇင်ဘာမှာ နောက်ဆုံးရက်သတ်မှတ်ပြီး ဖြိုလိုက်တော့မည့် ရှေးဟောင်းအမွေအနှစ်များ

အာဖကန်နစ္စတန်နိုင်ငံမှ တရုတ်ကြေးနီ တူးဖေါ်ရေး လုပ်ငန်းဆိုက်အတွင်း တည်ရှိနေသော နှစ် ၂၀၀၀ ကျော်ကြာ ရှေးဟောင်း ဗုဒ္ဓရုပ်ပွါးတော် နဲ့ စေတီ ပုထိုးများကို ဖြိုလိုက်တော့မယ်... ဆိုတဲ့ ဗီဒီယို မှတ်တမ်း ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာ ပျံ့ပွါးခြင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်း အထောက်အထားများ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြောင်းအရွှေ့လုပ်ဖို့ကလဲ ရွံ့နဲ့ လုပ်ထားတဲ့ အတွက် နှကိုယ်ပုံစံအတိုင်း ရွှေ့ဖို့ မဖြစ်နိုင်ဘူး တဲ့။ တရုတ် ကုမ္မဏီ (MCC) ကတော့ လုံးဝ လက်လျှော့မယ့် အနေအထား မရှိဘူး၊ လို့ ဆိုပါတယ်။

Chasing China's Tail: The Long Road to Mes Aynak မှ ကူးယူတင်ပြပါသည်။

ဒီ အကြောင်း အရာများကို Facebook ပေါ် လေ့လာချင်သူများ အတွက် နောက်ဆုံး သတင်းများကို The Buddhas of Aynak မှာ ၀င်ကြည့်နိုင်သည်။

အသေးစိတ် သတင်းအချက်အလက်များ သိလိုလျှင် ဒီမှာ ၀င်လိုက်ပါ။



CNN ထုတ်လွင့်မှု

Monday, December 10, 2012

Al Jazeera Investigates : The Hidden Genocide

Aljazeera ရုပ်သံအစီအစဉ်ကနေ စုံစမ်း ဖေါ်ထုတ် ထားတယ် ဆိုတဲ့ ရခိုင် ကိစ္စမှတ်တမ်း ရုပ်ရှင် (Documentary Film) ဖြစ်ပါတယ်။ ဒီ ဗီဒီယိုကို မြန်မာ အစိုးရ အနေနဲ့လဲ ကန့်ကွက်ထားပါတယ်။ ဘင်္ဂါလီ မူဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်မှု (Genocide) ဆိုတဲ့ ခေါင်းစဉ်ကြောင့် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။ ရုပ်ရှင်ထဲက ရှေ့နေရှင်းပြတဲ့ လူမျိုးတုန်း Genocide အဘိဓာန်ကတော့ လူမျိုးတမျိုးကို လွတ်လပ်စွာ ရပ်တည်ခွင့်၊ ရှင်သန်ခွင့်၊ တွေကို ကန့်သတ်ထားရင်သော်လည်းကောင်း၊ သူတို့ရဲ့ ဖွံ့ဖြိုးရေးကို အနှောက်အယှက်ပေးတယ် ဆိုရင်ပဲ Genocide မြောက်ပါတယ်၊ နာဇီဂျာမဏီတွေလို ဒုတိယကမ္ဘာစစ်မှာ ဂျူးလူမျိုးတွေကို အစုလိုက် အပြုံလိုက် သတ်လိုက်မှ Genocide ခေါ်တာ မဟုတ်ဘူး လို့ ပြောထားပါတယ်။


(မြန်မာလို ဘာသာ ပြန်ထားတဲ့ အပိုင်းအစလေး)

တရုတ်ကြေးနီတူးဖေါ်ရေးကြောင့် နှစ်ပေါင်း ၂၀၀၀ ကြာပြီ ဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော် ၂၀၀ ကျော်လောက်ဖျက်စီးခံရတော့မည်လား၊



A gold-plated seated Buddha overlooks the China Metallurgical Group Corporation mine. (Brent Huffman)


Documentary မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးသူ နဲ့ Northwestern University မှ Medill School of Journalism မှာ ပါမောက္ခ လုပ်နေသူ Brent Huffman ဟာ အာဖကန်နစ္စတန်နိုင်ငံ Mes Aynak အရပ်ဒေသ မှ တရုတ် ကြေးနီ သတ္တုတွင်း လုပ်ငန်း အကြောင်းကို လိုက်နေပါတယ်။ အကြောင်းကတော့ အဲဒီ အနားမှာ ရှိနေတဲ့ နှစ်ပေါင်း ၂၀၀၀ ကြာပြီ ဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော် ၂၀၀ ကျော်လောက်ဟာ အကာအကွယ် မဲ့နေတဲ့ အနေအထားနဲ့ ကြုံနေလို့ပါ။

Sunday, December 9, 2012

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အပိုင်းအစ တချို့

DVB TV News

မကွေးတိုင်း၊ နတ်မောက်မြို့၊ မကွေး - ပျော်ဘွယ်လမ်း၊ ဗိုလ်ချုပ်ကြေးရုပ်ကွင်းအတွင်း၊ ၉၂နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူထုဟောပြောပွဲ။

08 December 2012 (ရိုက်ကူး- ကျော်ဇေယျာဝင်း၊ ကိုသိုက်)

 

Saturday, December 8, 2012

NLD ကို ဝေဖန် ပါရစေ။


(NLD ပါတီ အတွင်း ခိုက်ရန် ဖြစ်ပွါးခဲ့တဲ့ ဗီဒီယို မှတ်တမ်း တခု)


သတင်းတွေဖတ်ရတဲ့ အထဲမှာ စိတ်မသက်သာဆုံးက NLD ပါတီအတွင်း အကွဲအပြဲသတင်းတွေပါ။ ဘာလို့လဲ ဆိုတော့၊ ကျနော်ကိုယ်တိုင် NLD ပါတီဝင် တစ်ယောက် မဟုတ်ပေမယ့်၊ နှလုံးသားထဲကနေ လေးစားနေခဲ့လို့ပါပဲ။ ရှင်းရှင်းပြောရရင်၊ ဘယ်ပါတီဝင်မှ မဟုတ်ပါ။ ပါတီ နိုင်ငံရေးလည်း မလုပ်ပါ။ သို့သော် NLD သည်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အနှစ်နာ အခံဆုံး ပါတီ အနေနဲ့ သော်လည်းကော
င်း၊ အနာဂါတ် ကာလမှာ တိုင်းရင်းသားများ နဲ့ လက်တွဲပြီး အလုပ်လုပ်နိုင်မဲ့ နိုင်ငံရေး ပါတီ အဖြစ် မြင်ထားလို့ ဆက်လက် အောင်မြင် စေချင်သော စေတနာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အတွက် အခြေခံ ဥပဒေ မူကြမ်း ၂၀၀၆

ကချင်ပြည်နယ် အတွက် အခြေခံ ဥပဒေ မူကြမ်း ဖြစ်ပါတယ်။ ဒါကတော့ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်လာတဲ့ အခါမှာ ကျင့်သုံးနိုင်ဖို့ ရေးဆွဲထားတဲ့ ဥပဒေ မူကြမ်း ဖြစ်ပါတယ်။ မူကြမ်းလို့သုံး လိုက်ခြင်းဟာ၊ ပြည်သူလူထုက တရားဝင် အတည်ပြုခြင်း မရှိသေးခြင်းကြောင့် သမုတ်ခြင်းဖြစ်သည်။ တအုပ်လုံး မပြီးသေးခြင်းကို ပြောခြင်း မဟုတ်ပါ။ (အင်္ဂလိပ် နှင့် မြန်မာ)

Kachin State Constitution (English & Burmese)

မြန်မာ နိုင်ငံ အတွက် ဖယ်ဒရယ် အခြေခံ ဥပဒေ မူကြမ်း

Federal Constitution of Myanmar (2008)

ကချင်စစ်ပြေး ဒုက္ခသည်များကို UN ကူညီရန် အစိုးရခွင့်မပြု

 
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ကချင်ပြည်နယ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများကို ကမ္ဘာ့ကုလသမဂ္ဂ (UN) မှ အကူအညီပေးလို သော်လည်း မြန်မာအစိုးရက လုံခြုံရေး အခြေအနေအရ ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။

“UN ဟာ လုံခြုံရေး ကင်းမဲ့တဲ့ ပတ်ဝန်းကျင်တွေမှာ လုပ်ငန်းဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံ အများကြီး ရှိပါတယ်။ ဒီထက်လုံခြုံရေး ကင်းမဲ့တဲ့ နိုင်ငံတွေမှာ လုပ်ငန်းဆောင်ရွက်ခဲ့ဖူးပါတယ်။ အကူအညီတွေ အလွန်အမင်း လိုအပ်နေတဲ့ နေရာတွေကို သွားရောက်ကူညီနိုင်ဖို့ အစိုးရကို ခွင့်ပြုချက်တောင်းထားပါတယ်” ဟု ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီအေးမို့စ်က ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ်တွင် သတင်းထောက်များနှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Friday, December 7, 2012

ဒေါ်အောင်ဆန်းစုကြည် ဖယ်ဒရယ် အကြောင်း စပြောပြီ..

ဖက်ဒရယ်မူ ကျင့်သုံးခြင်းကို ယုံကြည်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွက် မှန်ကန်သည့် မူတစ်ခု ဖြစ်ကြောင်း၊ ဖက်ဒရယ်မူ ကျင့်သုံးခြင်းအားဖြင့် တိုင်းရင်းသားများ အချင်ချင်း ဝေးကွာစေမည့် အစား ပိုမိုနီးကပ်လာစေမည်ဟု ယုံကြည်ကြောင်း အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲ (Asean 100 Leadership Forum) ဟောပြောမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့သည်။

အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲ (Asean 100 Leadership Forum) ဒုတိယနေ့ အစီအစဉ်တွင် Resilience in Turbulent Times ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြော လျက်ရှိနေပါသည်။

(၉) ကြိမ်မြောက် အာဆီယံ ခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်နေခြင်း ဖြစ်ပါသည်။

ဦးပိုင် တိုက်ကွက် လာပြီ............


ကချင် Hacker အဖွဲ့ ဆိုတာ တသက်နဲ့ တကိုယ် တခါမှ မကြားဘူးတာ အမှန်ပါ။ ဒီ မနက်တော့ ထူးထူးခြားခြား သတင်း တပုဒ် ဖတ်လိုက်ရလို့ ၀မ်းသာရမလို တောင် ဖြစ်သွားတယ်။ 

ဝမ်းသာ ရမလို ဆိုတာ Eleven Media Group ကို တိုက်ခိုက်လို့ မဟုတ်၊ ကချင်လူငယ်တွေ ဒီလောက် စွမ်းနေပါလား၊ ဆိုပြီး ၀မ်းသာသွားတာ။ ဒါပေမယ့်၊ သိပ်မကြာလိုက်ပါဘူး။ ဆက်စဉ်းစားလိုက်တဲ့ အခါမှာ ကချင်တွေ အနေနဲ့ Eleven Media Group ကို တိုက်ခိုက်ဖို့ အကြောင်း မရှိ။ တိုက်မှ တိုက်တော့ မြ၀တီ နဲ့ MyanmarExpress တွေကိုပဲ တိုက်မှာပါ။

Thursday, December 6, 2012

ဒီလို အဆဲအဆိုကြမ်း၊ အရိုင်းအစိုင်း အုပ်စုတွေ အုပ်ချုပ်လာတဲ့ မြန်မာပြည်မှ မမွဲရင် ဘယ်နိုင်ငံမွဲတော့မလဲ...


 ဆဲဆိုကြိမ်းမောင်းနေသူဟာ အမှတ်(911)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှူးပြန်တမ်းဝင်အမှတ်ကြည်း 26989 ယာယီတပ်ရင်းမှူး Naing Aung Win ဖြစ်တယ်လို့ ဆိုပါတယ်.. (Credit to Jade Land facebook)

 

မြန်မာနိုင်ငံကို နျူကလီးယား လက်နက် အစီအစဉ် ဆက်လုပ်နိုင်ဖွယ်ရှိတယ် လို့ စွပ်စွဲလိုက်ပါတယ်။




The East-Asia-Intel report အစီရင်ခံစာအရ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ် ဂျပန်မှာ ဖမ်းမိသော မြောက်ကိုးရီးယား တံဆိပ်ကပ်ထားတဲ့ အလူမီနမ် (Aluminum alloy) သတ္တုချောင်းများ တင်ဆောင်လာတဲ့ တိုင်ဝမ် သင်္ဘောဟာ တရုတ်နိုင်ငံမှ တဆင့် မြန်မာနိုင်ငံကို ပို့ဖို့ရန် ဖြစ်ပြီး နျူကလီးယား အစီအစဉ်အတွက် အသုံးချဖွယ် ရှိတယ် လို့ ဆိုပါတယ်။

အာဏာရှင် စောင့်ကြည့်ရေး အဖွဲ့ ဥက္ကဌ (Dictator Watch President) Roland Watson ပြောသွားတာက၊ “ကနော့အနေနဲ့ အဲဒီ ဂျပန်သတင်း အပေါ်မှာ မအံ့သြပါဘူး၊ ကျနော်က အမြဲတမ်း မြန်မာ စစ်အစိုးရမှာ နျူကလီးယား အစီအစဉ် ဆက်လုပ်နေတယ်၊ လို့ ယူဆထားလို့ပါ၊” တဲ့။
Watson ဆက်ပြီး ပြောတာက “ စစ်တပ်အနေနဲ့ ကချင်ဘက်မှာ ဆက်ပြီး တိုက်နေတာက ဘာကို ညွန်ပြသလဲ ဆိုရင် စစ်တပ်ဟာ သမ္မတ ထက်တောင် ကျော်လွန်ပြီး လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်တွေ ရနေတယ်၊ ဆိုတာပါပဲ။”  တဲ့။

Wednesday, December 5, 2012

Oppa ဦးပိုင် စတိုင်လ်

http://burma.irrawaddy.org/wp-content/uploads/2012/12/cartoon-wa-lone.jpg

စစ်ပြေး ဒုက္ခသည် စခန်း ဗမာ စစ်တပ် အကြမ်းဖက် မီးရှို့ပေး (ဓါတ်ပုံ သတင်း)

ဘီဘီစီ မြန်မာပိုင်းမှ ဓါတ်ပုံများ ကူးယူတင်ပြပါသည်။
 ကြူကုတ်၊ ပန်ဆိုင်းမြို့နယ် ဖိုင်ကောင် ကျေးရွာမှာ ခုံလုံနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များရဲ့ ယာယီ တဲများကို အရပ်အခေါ် ဗမာအကြမ်းဖက် စစ်တပ်မှ ကေအိုင်အေစစ်သားများကို ၀ှက်ထားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မီးရှို့ ဖျက်စီးပေးလိုက်သည့် အပြင် ယောက်ျားများကို ဖိုင်ကောင် ကျေးရွာ ဘုရားကျောင်း အထဲ ခေါ်သွင်းကာ လူမဆန်စွာ ရိုက်နက် စစ်ဆေး မေးမြန်းသည့်အပင် အစာရေစာ အငတ်ထားခဲ့တယ် လို့ သိရပါတယ်။

ဦးပိုင် ကုမ္မဏီ ကြောင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ ကြောက်သွားနိုင်။


(နိုင်ငံ့ဝန်ထမ်းများ အနေနဲ့ ဦးပိုင်အကျိုးစီးပွါးကို ၀ိုင်းကာကွယ်ပေးနေရတဲ့ အဖြစ်ကို MRTV ထုတ်လွင့်ချက်မှာ တွေ့နိုင်ပါတယ်။)


သမ္မတ ဦးသိန်းစိန် အမေရိက ကိုရောက်ခိုက် ဘီဘီစီ Hardtalk အစီအစဉ် မေးမြန်းခန်းမှာ အလေးအနက် မေးသွားတဲ့အချက်က ဦးပိုင် ကိစ္စပဲ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံသားတွေ မသိရင်နေမယ်၊ နိုင်ငံတကာက မျက်စိဒေါက်ထောက် ကြည့်နေတာ ဦးပိုင်ပါ။ ဦးပိုင် ကုမ္မဏီရဲ့ လုပ်ငန်းများ ကို ပစ်မှတ်ထားပြီး စီးပ

ွါးရေး ဒဏ်ခတ်ပိတ်ဆို့သွားတာလဲ အထင်အရှား ဖြစ်ပါတယ်။

လက်နက်ကိုင် တော်လှန်ရေး အကြောင်း မသိလျင် စစ်မှန်သည့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်

Burma News International

မြန်မာနိုင်ငံ၌ တိုင်းရင်းသားများ လက်နက်ကိုင် တော်လှန်နေသည့် အကြောင်းရင်းကို မသိပါက စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် မဟုတ်ကြောင်း “Martin Luther King Prize” ဆုရှင် ဒေါက်တာ ဆလိုင်းလျန်မှုန်း က ပြောသည်။

Paul Keenan နှင့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း
Paul Keenan နှင့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း

Tuesday, December 4, 2012

ပူတာအို ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးမယ်တဲ့။

ပူတာအိုဈေး

အခုတလော ကချင်အသိုင်းအ၀ိုင်းမှာ လူပြောများလာတာက ပူတာအို ကို ကိုယ်ပိုင်အုပ်ချုပ်ရ ဒေသ သတ်မှတ်ပေးမယ်၊ ဆိုပြီး ဗမာ စစ်တပ်က လိုက်စည်းရုံးလို့ လူကြီးတွေပါမကျန် နှကိုယ်ကမှ ဆန်ဈေးကြီးနေရတဲ့အထဲ အတော်ပဲ ဆိုပြီး ပြည်သူ့စစ်ထဲဝင်ကုန်တယ် လို့ ကြားရပါတယ်။
ဒူဝါအနေနဲ့ ပျော်ရမလို၊ ငိုရမလို ဖြစ်မိပါတယ်။


အကြောင်းကတော့….

Duwa Kachin Facebook ပေါ်မှ အဆိုကြမ်းများ

မြန်မာ့နိုင်ငံရေး နှင့် ပတ်သက်ပြီး ဒူဝါ ရဲ့ Facebook ပေါ်မှ နိုင်ငံရေး အဆိုကြမ်း (Hypothesis) များကို စုပေါင်း တင်ပြလိုက်ပါတယ်။ Facebook ပေါ်က သူငယ်ချင်း တော်တော်များများ နဲ့ ရန်ဖြစ်ထားတဲ့ အဆိုတွေလည်း ဖြစ်ပါတယ်။ သဘောကျ (like) တဲ့လူတွေ၊ လာဆဲ (Comment) တဲ့လူတွေ၊ Share တဲ့လူတွေ အများဆုံး အဆိုများကို စုစည်းတင်ပြထားခြင်း ဖြစ်ပါတယ်။


အားလုံး ကိုချုပ်ကိုင်ထားတဲ့-ဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့၏ မြန်မာနိုင်ငံစီးပွားရေးအပေါ် ချုပ်ကိုင်ထားမှု

Information About Oo Paing and EMEHL

Monday, December 3, 2012

လက်ပံတောင်း တောင် အကြမ်းဖက်မှု ကေအိုင်အို ရှုတ်ချ


ဆန္ဒသဘောထားထုတ်ဖော်သည့် လူထုနှင့် သံဃာတော်များအား အကြမ်းဖက်နှိမ်နင်းမှုအပေါ် သဘောထားထုတ်ပြန်ချက် လို့ ကြေညာချက်ကို ခေါင်းစည်း တပ်ထားပါတယ်။
လက်ပံတောင်းဒေသ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းတဲ့အတွက် ရှုတ်ချတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လက်ပံတောင်းဒေသ ဆန္ဒပြသူများ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်တဲ့ လက်နက်ကိုင်အဖွဲ့တွေ သိပ်မရှိသေးပါဘူး။

ကရင်ပြည်နယ် အခြေစိုက် DKBA (ကလိုထူးဘော) အဖွဲ့ ဗိုလ်မှူးဆန်းအောင်ကတော့ အာဏာပိုင်တွေရဲ့ ဖြေရှင်းပုံဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ကြောင်း RFA သတင်းဌာနကို သောကြာနေ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Sunday, December 2, 2012

ဆရာစားချန်တဲ့ ဥပဒေ တွေကြောင့်ပါ။

လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်နေသည့် ကိုမိုးသွေးနဲ့ ကိုအောင်စိုးတို့အား ရွှေဂုံတိုင် ဗံဒါပင်မှတ်တိုင်တွင် လုံခြုံရေးများမှ အတင်းဝင်ရောက် ဖမ်းဆီးခေါ်ဆောင် သွားသည်ကို တွေ့မြင်ရသည်။
(အပေါ်က သတင်း နဲ့ ဗီဒီယိုဖိုင်ကို
The Myanma Age မှ ကူးယူတင်ပြပါသည်။)



ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှု ဆိုသည်မှာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်သည်။ ဒီလို ခွင့်ပြုချက်မပေးထားတဲ့ ဥပဒေ ရှိရင်လဲ ပြင်ရပါမည်။ ခွင့်ပြုချက်တောင်းခိုင်းတာတော့ ဟုတ်ပါပြီ၊ အဲဒီ ခွင့်ပြုချက်ပေးနိုင်တဲ့ အာဏာပိုင်တွေကို မကျေနပ်လို့ ဆန္ဒပြပါမယ် ဆိုရင် ခွင့်ပြုနိုင်ပါ့မလား?

မြန်မာ ပြည်သားတွေ လွတ်လပ်ရေး မရသေးပါ။

ရဲမင်းကြီးအဆင့်တောင် သတင်းသမား တစ်ယောက်ရဲ့ အမေးကို ဖြေခွင့်မရှိဘူး ဆိုတော့.. မြန်မာ့ကရေစီ ခရီးကတော့ တော်တော် ကြမ်းသေးတယ်  လို့ ဆိုရမှာပါ။

မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်ဘ၀ ရဲ့ ပုံရိပ်လို့လဲ ပြောလို့ ရပါတယ်။ ဒါဟာ အကြောက်တရားကို လက်ဆင့်ကမ်းပြီး အမွေခံနေတဲ့ သဘောပါပဲ။

အကြောက်တရား ရဲ့ မြစ်ဖျားခံရာ ဒေသ ကတော့ လုံခြုံမှုကင်းမဲ့ဇုန်ကပါ။ ပြည်သူကို လုံခြုံရေး ပေးနေပါတယ်၊ ကူညီပါရစေ၊ ဆိုတဲ့ ရဲတပ်ဖွဲ့ထဲမှာတောင် အခုလို အကြောက်တရား ဖုံးလွမ်းနေရင် ပြည်သူတွေရဲ့ ဘ၀ကို ဘယ်သူက အကာအကွယ် ပေးနိုင်တော့မလဲ။

ကချင်လွတ်မြောက်ရေး တပ်မတော်ခေါင်းဆောင် များ အနေနဲ့ ဗုဒ္ဓဘုန်းကြီးများကို ဂါဝရ ပြုခဲ့စဉ်။

ကချင်ခေါင်းဆောင်များ အနေနဲ့ ခရစ်ယာန်များ ဖြစ်တဲ့အတွက် ရှိခိုး ကန်တော့ခြင်း မပြုခဲ့တာကလွဲပြီး၊ လက်ဆောင်များ ဆက်သခြင်းဖြင့်၊ ဂါဝရ ပြုခဲ့ခြင်း ဖြစ်သည်။

Saturday, December 1, 2012

နိုင်ငံတော်သမ္မတကြီးမှ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်တာဝန်ယူသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမိန့် ထုတ်ပြန်


ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်စေရေးတို့အတွက် သုံးသပ်ချက်နှင့်တစ်ကွ အကြံပြုတင်ပြရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်-

ယုံတန်း ကစားနေမဲ့ အချိန်မဟုတ်....


လက်ပံတောင်းတောင်မှာ ဆန္ဒပြနေတဲ့ လူထုနဲ့ သံဃာတွေရယ်၊ အနယ်နယ်အရပ်ရပ်က မီဒီယာ သမားတွေရယ်၊ စုံစုံလင်လင်ရှိတဲ့ နေရာမှာ ဗုံးခွဲပြီး မီးဟုန်းဟုန်းတောက်နေတဲ့ ဓါတ်ပုံ၊ ဗီဒီယိုဖိုင်တွေ အွန်လိုင်းပေါ်မှာ ပလူပျံနေတာတောင် မီးလောင်ဗုံးမသုံးပါဘူး၊ ဆိုပြီး ဗောင်လိမ်တဲ့ အစိုးရ။

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်