Sunday, January 13, 2013

ကေအိုင်အေ စစ်ရုံးချုပ်နဲ့ စကားစမြည်


The Voice Weekly မှာ ဖေါ်ပြတဲ့ ကေအိုင်အေ အလင်းဝင် သတင်းနဲ့ ပတ်သက်ပြီး ကေအိုင်အေ စစ်ရုံးချုပ်က အရာရှိ တစ်ယောက်ကို ဖုန်းဆက်မေးဖြစ်တယ်။

ဒူဝါ။ ။ ယေက္ဖ သတင်းတခု အကြောင်း မေးချင်လို့ပါ။ (ကချင်လို Hkau ဆိုတာ တိုက်ရိုက် အဓိပ္ပါယ် ပြန်ရင်တော့ ယောက္ဖ ဒါပေမယ့် ဗမာတွေ တွေးသလို ရိုင်းတဲ့ သဘော မဟုတ်ဘူး။ မသိသေးသူ အချင်းချင်းကြား ယဉ်ကျေးတဲ့ အခေါ်အဝေါ် ဖြစ်တယ်။)..

အရာရှိ။ ။ မေးပါ၊ ရပါတယ်။

ဒူဝါ။ ။ စစ်သား တချို့ အလင်းဝင် လာတယ် လို့ သတင်းပြန့်နေပါတယ်။ မှန်ပါသလား။?

အရာရှိ။ ။ ဟုတ်ကဲ့ မှန်ပါတယ်။



ဒူဝါ။ ။ ဘယ် တပ်ရင်းကလဲ?

အရာရှိ။ ။ တပ်ရင်းတော့ အတိအကျ မသိဘူး။ တပ်ရင်း ပေါင်းစုံက ထင်တယ်။ တစ်ယောက်စ၊ နှစ်ယောက်စ ပါ။ တစ်ချို့က ဖမ်းထားတာပါ။ အားလုံး (၃၀) လောက်ရှိမယ်။

ဒူဝါ။ ။ အော်.... ဟုတ်လား... ဘယ် တပ်မဟာ ကလဲ....

အရာရှိ။ ။ တပ်မ ၈၈ က ပိုများပါတယ်။

ဒူဝါ။ ။ မဟုတ်ဘူး... ကနော်မေးတာ ကေအိုင်အေ ဘယ်တပ်မဟာ ကလူတွေ အလင်းဝင်သွားတာလဲ လို့ မေးတာပါ။

အရာရှိ။ ။ အော်... ကျနော်တို့ ဖက်က စစ်သားတွေ ဟိုဖက် ၀င်သွားတာကို မေးတာလား...

ဒူဝါ။ ။ ဟုတ်ကဲ့ပါ... အခု မေးနေတာ ဗမာ စစ်တပ်ဖက် ၀င်သွားတာကို မေးနေတာ...

အရာရှိ။ ။ အော်... အဲဒါတော့ မကြားမိဘူး ဗျ။.... ခင်များမေးတာက အလင်းဝင်လာတယ် ဆိုလို့ ကျနော်တို့ဖက် ၀င်လာတဲ့ စစ်သားတွေကို မေးတယ် ထင်လို့။ sorry နော်....

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်