Saturday, July 19, 2014

အာဇာနည် နေ့အစ မျိုးစောင့် ဥပဒေ က


နိုင်ငံသား တန်းတူ အခွင့်အရေး ပြောခဲ့လို့ အသတ်ခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်းက အာဇာနည် ဖြစ်လာတယ်။
တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း အသတ်ခံရခြင်းသည် နယ်ချဲ့ လက်ပါး စေကြောင့်လို့ လူတွေက အလွယ်တကူ ယုံကြည်နေခဲ့တယ်။ တကယ်တော့ သူ့ ကို သတ်သူများသည် ဗမာ မျိုးစောင့် ဥပဒေ သား များ ဖြစ်ခဲ့တယ် ဆိုရင် ဗမာဗုဒ္ဓဘာသာ ၀င်တွေက နားခါး နေပါလိမ့်မည်။ ဒါပေမယ့် အဲဒါ တကယ် ဖြစ်ရပ် မှန် ဖြစ်ပါတယ်။
လွတ်လပ်ရေး မရမှီ ရန်ကုန် မြို့ ပေါ် အိန္ဒိယကုလား (မွတ်ဆလင်ချည်းမဟုတ်) လူဦရေက ဗမာ ဗုဒ္ဓဘာသာ ထက် ပိုများတယ်။ ဒီတော့ ရန်ကုန် နေ အစွန်းရောက် ဗုဒ္ဓဘုန်းကြီးတချို့ နဲ့ ဗမာဗုဒ္ဓဘာသာ မျိုးချစ်တွေက မွတ်ဆလင်တွေနဲ့ ပြဿနာ တွေ ရှိခဲ့တာကြောင့် လွတ်လပ်ရေး ရပြီး နောက်ပိုင်း ဗုဒ္ဓနိုင်ငံ (Theocracy) ထူထောင်ချင်တယ်။

ဒါပေမယ့် တဖက်မှာလဲ နိုင်ငံရေး အရ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အဖွဲ့ က ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ တိုင်းရင်းသား ဒေသ တွေကိုလဲ မြန်မာပြည်ထဲ သွတ်သွင်းလိုတာကြောင့် ဗုဒ္ဓနိုင်ငံတော် ဆိုတဲ့ အဆိုကို ခါးခါးတီးတီး ငြင်းခဲ့တယ်။ တကယ်လို့ သူ့ အနေနဲ့ အဲဒီ အဆိုကိုသာ ထောက်ခံခဲ့ရင် ခရစ်ယာန် ဒေသ တွေ ဖြစ်တဲ့ ချင်း၊ ကချင်၊ ကရင်၊ ကယား နယ်တွေက ဗမာ နဲ့ ပေါင်းဖို့ စိတ်ကူးတော့မှာ မဟုတ်ပါ။ ကချင် မပေါင်းရင် ရှမ်းလဲ ပေါင်းစရာ အကြောင်းမရှိ။ ရှမ်းပြည်နယ် မြောက်ပိုင်းက ကချင်ဒူဝါ တွေအုပ်ချုပ်တဲ့ နယ်တွေ အများကြီး မို့လို့ ရှမ်းစော်ဘွားတွေက ကချင်ဒူဝါ တွေနဲ့ တိုင်းပင်နေကျ ပါ။ အဲဒါကြောင့် ဗုဒ္ဓနိုင်ငံ ဖြစ်ရေး အဆိုကို သူ (မငြင်းချင်ပေမယ့်) လတ်တလော အခြေအနေအရ ငြင်းခဲ့တယ်။

ဘာသာတရားတခုရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ နိုင်ငံ့အကျိုးပြုပုံ ဆက်နွယ်မှု

ကမ္ဘာမှာ နိုင်ငံရေး တည်ငြိမ်မှု နဲ့ ချမ်းသာ ကြွယ်ဝမှု ဆက်စပ် နေတယ်၊ တဖက်မှာလဲ မနုဿ (Human) စိတ်မနော (moral) အရင်းအမြစ် (resources) ကြောင့် ချမ်းသာလာခြင်းဖြစ်တယ် လို့ ဆိုပါတယ်။ နိုင်ငံတနိုင်ငံ ချမ်းသာလာဖို့ ဆိုသည်မှာ သဘာဝ တွင်းထွက်ပစ္စည်း ရှိယုံ နဲ့ မရပါ။ အဲဒီ အရင်းအမြစ်များကို ဘယ်လို အသုံးချသလဲ၊ ဘယ်လို စီမံသလဲ၊ အစိုးရမှာ တရားမျှတမှု ရှိသလား ဆိုတဲ့ ပေါ်မူတည် ပါတယ်။ တရားမျှတ ခြင်း ဆိုသည်မှာလဲ ဦးဆောင် (ခေါင်းဆောင်) သောသူများရဲ့ စိတ်မနော မှန်ကန်ခြင်းမှာ လုံးဝ မူတည် နေပြန်တယ်။ အဲဒီ ခေါင်းဆောင်ရဲ့ ပတ်ဝန်းကျင် (background) မှာ ဘယ်လို အတွေးအခေါ် နဲ့ မောင်းနှင်နေသလဲ ဆိုတာလဲ အရေးကြီးပါသတဲ့။ 

ဘီစီခေတ်မှာ ရောမ အင်ပါယာ တခုလုံးကို ဂရိ အတွေးအခေါ် ပညာရှင်းများဖြစ်တဲ့ ဆိုကရေးတီး၊ အရစ္စတိုတယ်လ် တို့ ရဲ့ နောက်လိုက်များရဲ့ အတွေးအခေါ်များ က လွမ်းမိုးထားခဲ့တယ်၊ အမှန်ဆိုရင် ရောမလူမျိုးတွေဟာ ဂရိလူမျိုးများ မဟုတ်သလို၊ ဂရိ နိုင်ငံကိုလဲ သိမ်းပိုက်ထားတဲ့ ခေတ် ဖြစ်ပါတယ်။ နောက်ပိုင်း၊ ခရစ်ယာန် အတွေးအခေါ် က ပြန်လွမ်းမိုးပြန်တယ်။ ခရစ်ယာန် ဘာသာတရားမှာ ဂရိ အတွေးအခေါ် တစိတ်တပိုင်း ပါဝင်နေခြင်းသည် ခရစ်ယာန် သာသနာပြု ဆရာကြီး ရှင်ပေါလု ဟာ ဂရိ အတွေးအခေါ် ပညာရှင် တစ်ပါး ဖြစ်ခဲ့လို့ပါ။ သူဟာ သခင် ခရစ်တော် ဟောပြောခဲ့တဲ့ နှုတ်ကပတ် တရားတော်များကို ဂရိအတွေးအခေါ် ရှင်သန်နေတဲ့ ၀န်းကျင်မှာ နားလည်အောင် ရှင်းပြ တတ်သူ ဖြစ်ပါတယ်။ ရှင်းရှင်း ပြောရရင် ခရစ်ယာန် ဆိုတာ ဂျူး ဘာသာ တရား ကို ပြုပြင်ခဲ့တဲ့ သခင်ခရစ်တော်ရဲ့ တရားတော် နဲ့ ဂရိ အတွေးအခေါ် ပေါင်းစပ်ထားတဲ့ လောက နိယာမ သွေးကြော တစ်ပါး ဖြစ်ပါတယ်။


Friday, July 4, 2014

အရက် သမား တစ်ယောက် ရဲ့ မှတ်ချက် က လှန်ထွက် နေတယ်။

သူငယ်ချင်း အရက်သမား တစ်ယောက်ရဲ့ အပြော တကယ်ရီရပါတယ်။ စိတ်ကူးနိုင်တယ် လို့ ပြောရမလားပဲ။

သူ့ ကို အရက် သိပ်မသောက်ဖို့ ဒူဝါ က ငယ်သူငယ်ချင်းမို့လို့ နဲနဲ ထောက်ပြယုံလေးပါ။ 

သူ ဘာပြောတယ် မှတ်လဲ... 

အရက် ဆိုတာ ဆိုရှယ်အတွက် အကောင်းဆုံး တဲ့... 

အခု ကြည့်.. အောက်ပိုင်းက ဗမာတွေ တရုတ် နဲ့ ရန် မဖြစ်ပဲ မွတ်ဆလင် တွေ နဲ့ ရန် ဖြစ်နေတာ ဘာလို့ ထင်လဲ တဲ့.. 

အန်.. ကျုပ်မသိ... မဒိမ်းမှုကြောင့်လို့တော့ ပြောတာပဲ..

ဘာဆိုင်လဲ.. မဒိမ်းကျင့်တာ တရုတ်က ပိုတောင် ဆိုးသေး... တရုတ် တွေမှာ အပျော်မယား အဖြစ် ရောင်းစားခံရတဲ့ ဗမာမ တွေ အများကြီးပဲ... တဲ့။

ဒါပေမယ့်.. တရုတ်တွေက အရက်သောက်တယ်... ဖဲလဲ ရိုက်တယ်.. ဖါလဲ ချတယ်.. ကေတီဗွီဖွင့်တယ်... ဒီတော့ ဗမာ တွေနဲ့ ပေါင်းလို့ရတယ်.. တဲ့.. မွတ်ဆလင် တွေက အဲဒါ မရှိဘူးတဲ့... ဒီတော့ သူစိမ်းလို ဖြစ်နေတာတဲ့...

အခု ကုလား ရိုက်နေတဲ အဖွဲ့ အားလုံး အရက်သမားတွေချည်းပဲ.. တဲ့.. တရုတ်ကျတော့ အေးဆေးပဲ တဲ့။ အရက် ကယ်သွားတာ.. တဲ့။

အော်... မှားပါတယ် သူငယ်ချင်းရယ်... လုံးဝ ကို မစဉ်းစားမိတာ အမှန်ပါ..

မဒိမ်းမှုခြင်းမတူ

ဗမာ မ တစ်ယောက် မဒိမ်းကျင့် ခံရတယ် ဆိုတဲ့ သတင်းကြောင့် ပွတ်လောရိုက်သွားတယ်။ ကချင်ပြည်နယ်မှာ နေ့စဉ်နဲ့အမျှ မဒိမ်းကျင့်နေတဲ့ အမှုတွေကျတော့ မသိချင် ယောင်ဆောင်ကြတယ်။

မြန်မာ့ မီဒီယာ တွေက အထောက်အထား မရှိလို့ ဆိုပြီး ပြောကောင်း ပြောလိမ့်မယ်။ အခု ဖြစ်နေတဲ့ သတင်းကလဲ ရဲ စခန်းမှာ အမှုဖွင့်တယ် ဆိုတဲ့ သတင်းကြောင့်ပါ။ ကချင်ပြည်နယ်မှာ ဖြစ်နေတာက ရဲတွေကို တိုင်လဲ မထူး၊ ရှေ့တန်းမှာ ဖြစ်နေတာ။

တချို့ တိုင်တဲ့ လူတွေ ရှိတယ်။ အရေးမယူပါ။ မီဒီယာများကလဲ အရေးတယူ စုံစမ်းတာမျိုး မရှိဖူးပါ။

Thursday, July 3, 2014

မြန်မာ့တပ်မတော်ရဲ့ အပစ်အခတ် ရပ်စဲရေး ဆိုသည်မှာ...


တိုင်းရင်းသား တော်လှန်ရေး သမားများကို ချွမ်းချက်မရှိ လက်နက်ချခိုင်းပြီး သူတို့ ဆက်ပစ်ဖို့ သာ ဖြစ်ပါသည်။

လူများစု ဖြစ်တဲ့ ဗမာ ဗုဒ္ဓဘာသာဝင်တွေက လူမျိုးဘာသာ ပျောက်မှာ ကြောက်တယ်၊ လို့ ဆိုပါတယ်။

သူတို့ရွာတွေကို မီးရှို့ ဖျက်ဆီးတဲ့ လက်နက်ကိုင်အဖွဲ့ လဲ မရှိပါဘူး။

သူတို့ သားသမီး တွေကို အဓမ္မ မဒိမ်းလာကျင့် တဲ့ စစ်တပ် လဲ မရှိပါဘူး။

ဘုရားမရှိခိုးရ ဆိုတဲ့ ပြဠာန်းချက်လဲ သူတို့ မသိပါဘူး။

ဘုရားကျောင်းမဆောက်ရ ဆိုတဲ့ အမိန့်လဲ သူတို့ဆီမှာ မရှိပါဘူး။

အရှေ့တောင်အာရှ မှာ ဗုဒ္ဓဘုန်းကြီးကျောင်း နဲ့ ဗုဒ္ဓသာသနာ့ဝန်ထမ်း အများဆုံး ဟာလဲ မြန်မာနိုင်ငံပါ။

ကလေးမမွေးရ ဆိုတဲ့ ဥပဒေ လဲ မရှိပါဘူး။

အပေါ်က ဒုက္ခ အားလုံး ငါတို့ ခရစ်ယာန် တိုင်းရင်းသား ရွာတွေမှာ ရှိတယ်။

အခွင့်အရေး နဲ့ တာဝန် ၀တ္တရား


(Rights and Responsibility)

မြန်မာပြည်မှာ အွန်လိုင်းပေါ်မှာ၂၀၁၁ ခုနှစ် ကတည်းက ငြင်းခုန်လာတဲ့ စာသားတခု အပေါ်မှာ အခြေခံပြီး တင်ပြလိုပါတယ်။

အဲဒါကတော့ "လူ့အခွင့်အရေး" ဆိုတာပါပဲ။ တကယ်တော့ ကမ္ဘာမှာ လူ့အခွင့်အရေး ဆိုတဲ့ ကိစ္စ ပြောလာတာ အခုမှတော့ မဟုတ်ပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ စလာတာပါ။ ကမ္ဘာ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကြေငြာ စာတမ်း ဆိုတာလဲ ကြာခဲ့ပါပြီ။

ဒါပေမယ့် မြန်မာပြည်မှာက ၁၉၆၁ ခုနှစ် ဗိုလ်ချုပ်ကြီး ဦးနေ၀င်း ဦးဆောင်တဲ့ စစ်အစိုးရ နေရာယူလာပြီး နောက်ပိုင်း လူ့အခွင့်အရေး ဆိုတာကို မြန်မာပြည်နဲ့ မတည့်သယောင် ၀ါဒဖြန့်လာခဲ့ပါတယ်။ အဲဒီ အငွေ့အသက်က အခုထိ ရှိနေဆဲ ဆိုပါတော့။

တဖက်မှာ ခေတ်ပညာတတ်လာတဲူ့လူငယ် လူလတ်ပိုင်းတွေက တိုးတက်ပြီး နိုင်ငံတွေလို လူ့အခွင့်အရေး ပြည့်ဝ တဲ့ နိုင်ငံ ဖြစ်ချင်စိတ်တွေ ပြင်းပြလာတယ်။ တဖက်မှာ လူ့အခွင့်အရေး ဆိုရင် မွတ်ဆလင်တွေရဲ့သီးသန့် အခွင့်အရေး လိုလို ရေးလာတဲ့ ကွန်မန့် တွေ တွေ့လာရပါတယ်။

အမေရိကန်တပ်မတော် Gen. Crutchfield မှ နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသား ကာကွယ်ရေး တက္ကသိုလ် (National Defense University) တွင် ပြောကြားခဲ့သော မိန့်ခွန်း



~၂၅ ရက်၊ ဇွန်လ ၂၀၁၄ 

အားလုံးမင်္ဂလာပါခင်ဗျာ မင်္ဂလာနေ့လယ်ခင်းပါ။အားလုံးနဲ့ဒီနေ့အခုလိုစကားပြောခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

ကျွန်တော်ဒီမှာရှိနေခြင်း ဟာကျွန်တော်တို့နိုင်ငံနှစ်နိုင်ငံရဲ့သံတမန်ရေးရာ ကဏ္ဍသစ်သို့ရောက်ရှိ လာပြီ
ဖြစ်ကြောင်းပြသလိုက်တာပါပဲ။

ကျွန်တော်ဟာ အရာရှိငယ်တစ်ယောက် ဘဝတုန်းက အခုကာကွယ်ရေးတက္ကသိုလ်နဲ့အတော်လေး ဆင်တူတဲ့စစ်တက္ကသိုလ် ကိုတက်ရောက်ခဲ့ပါတယ်။ စစ်တက္ကသိုလ်မှာ ကျွန်တော်ရရှိခ့တဲ့ ပညာရေးဟာ
ပြည့်ဝကောင်းမွန်ပြီးကျွန်တော်ရဲ့ အလုပ်အတွက်အများကြီးအကူအညီပေးပါတယ်။ ကျွန်တော် အခုပြော မယ့် မှတ်ချက်စကားဟာဒီပွဲကိုကြွရောက်လာ သူတွေရဲ့လေ့လာသင်ယူမှုနဲ့ နောက် ပိုင်း မှာ ပေါ်ပေါက် လာမယ့် ကြိုးပမ်းချက်များကို အနည်းငယ် အကျိုးပြုနိုင်မယ်လို့ ဆုတောင်းပါတယ်။ ယခုဤနေရာမှာ အားလုံးနဲ့အတူ ရှိနေတာကိုဂုဏ်ယူပါတယ်။ 

မြန်မာ ဆိုတဲ့ ဝေါဟာရ

မြန်မာ ဆိုတဲ့ ဝေါဟာရ သည် ပြည်ထောင်စု တိုင်းရင်းသား အားလုံးနဲ့ ဆိုင်တယ်။ ဆိုလိုချင်တာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည်ဖြစ် အားလုံး ကို ခြုံပြီး သမုတ်တဲ့ စာစကား ဆိုတဲ့ သဘော။

ဗမာ ဆိုသည်မှာ ဗမာ လူမျိုးတမျိုးထဲကို ခေါ်တယ်။ လို့ ပြောကြပါတယ်။

၂၀၀၈ အခြေခံ ဥပဒေ မှာ....

မြန်မာစာ သည် ရုံးသုံးစာ ဖြစ်သည် ဆိုထားတော့

အထက်ပါ ဆိုထားတဲ့ တိုင်းရင်းသား မျိုးနွယ်စု အားလုံးရဲ့ စာပေ သည်လဲ အခြေခံ ဥပဒေ အရ တရားဝင် ရုံးသုံးစာ မဟုတ်ပေဘူးလား။

Burmanization လို့ပြောရင် ငေါက်ကနဲ

Burmanization လို့ပြောရင် ငေါက်ကနဲ ခေါင်းထောင်လာတဲ့သူများကိုလည်း ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့။ ဗမာတွေလည်း ခံရတာပါဘဲ။ ဒါပေမဲ့ ဗမာဖြစ်ခြင်းကြောင့် ခံရတာတော့ မဟုတ်ဘူးပေါ့။
ဗမာ မဟုတ်တာနဲ့ကို ခံရမယ် ဆိုတဲ့ စနစ်၊ 
-တိုင်းရင်းသားဒေသရောက်မှ တိုင်းရင်းသူတွေကို အုပ်လိုက်သင်းလိုက် ခေတ်အဆက်ဆက် မုဒိန်းကျင့်ခွင့်ရနေတာ၊
- တိုင်းရင်းသား စာပေ တောင် သင်ခွင့်မရတော့တာ။
- တိုင်းရင်းသား ယဉ်ကျေးမှုတွေတောင် ကျင့်သုံးခွင့်မရတာ
- ကိုးကွယ်ယုံကြည်မှု နှိပ်ကွပ်ခံရတာ၊ အဆောက်အဦတွေ ဆောက်လုပ်ခွင့် ပိတ်ပင်ထားတာ၊ ခွင့်ပြုမိန့် ဆိုင်းငံထားတာ၊ ချိတ်ပိတ်ထားတာ၊ မီးရှို့ခွင့်၊ ဖျက်ဆီးခွင့်၊ ခိုးခွင့်၊ လုယက်ခွင့် ပြုထားတာ။
- ပညာရေး၊ ကျန်းမာရေးအရ ရင်းနှီးမြုပ်နှံမှုခွဲခြားပြီး ပညာမတတ်တဲ့လူမျိုးတွေ၊ မကျန်းမာတဲ့ လူမျိုးတွေဖြစ်အောင် စနစ်တကျ စီစဉ်ထားတာ၊

အစိုးရတပ်ရဲ့  လိင်အကြမ်းဖက်မှု မှတ်တမ်းများ


အစိုးရစစ်တပ်ဟာ မုဒိမ်းကျင့်ဖို့ လေ့ကျင့်တဲ့နေရာ ဖြစ်တယ် School for Rape ဆိုတဲ့ Besty Apple ရဲ့  အစိုးရအစီရင်ခံစာ (၁၉၉၈) ခုနှစ်က ထွက်လာပါတယ်။ ဒီအကြောင်းကို မုဒိမ်းတပ်မတော်အမည်နဲ့ DVB က အသံလွှင့်ခဲ့ဖူးပါတယ်။ နောက် (၁၅) နှစ်ကြာတော့ မုဒိမ်းမှုကျူးလွန်တဲ့ အစိုးရတပ်ရင်းတွေအကြောင်း မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် the Women’s League of Burma က Same Impunity, Same Pattern ဆိုတဲ့ အစီရင်ခံစာကို ဇန်နဝါရီလက ထုတ်ဝေခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ နေရာတွေမှာတောင် အစိုးရတပ်ဟာ မုဒိမ်းမှုကျူးလွန်နေတုန်းပဲလို့ မေလထုတ် ကရင်လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း တိုင်းရင်းသူအဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း အစိုးရတပ်ရဲ့  မုဒိမ်းမှတ်တမ်းကို အခါမလင့် ဖော်ထုတ်ကြပါတယ်။ ဇန်နဝါရီလထုတ် အစီရင်ခံစာမှာတော့ ၂၀၁၀ ရွေးကောက်ပွဲကျင်းပချိန်ကစပြီး ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်ကျူးလွန်တဲ့ မုဒိမ်းမှုတွေကို မှတ်တမ်းတင်ထားပါတယ်။ မြို့ နယ် (၃၅) ခုမှာ အစိုးရတပ်ရင်း (၃၈) ရင်းက ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှုတွေ ဖြစ်ပါတယ်။ တိုင်းရင်းသားနယ်မြေကို ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်ဟာ အရပ်သားကို အန္တရာယ်အဖြစ် သတ်မှတ်တာမို့ တိုင်းရင်းသားစိတ်ဓါတ်ပျက်ပြားအောင် မုဒိမ်းလက်နက်ကို အဖြစ်သုံးတာလို့ ဆိုပါတယ်။

ပင်လုံစာချုပ် ကို ဘေးဖယ်ထားပြီး ငြိမ်းချမ်းရေး လုပ်ဖို့ ဆိုတာ


ယောက္ခမ ကို မနှစ်သက်ပဲ ဇနီးသည် နဲ့ တည့်အောင် ပေါင်းမယ် ဆိုတဲ့ သဘော ဖြစ်နေပါတယ်။ ခဏတော့ ရမယ်၊ ကြာကြာတော့ အာမခံလို့ မရပါ။ ဘယ်သမီးကမှ ကိုယ့် အမေ ကို မကောင်းပြောပေးရင် ကြိုက်တာ မရှိပါ။

ပင်လုံစာချုပ် ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုတဲ့ သမီးလေး မွေးလာရခြင်း ပါ။ ထိုနည်း၎င်း ပင်လုံစာချုပ် ဆိုတာလဲ ဖက်ဒရယ် ဆိုတဲ့ ၀တ်စားဆင်ယင်ထုံးဖွဲ့မှု ကို ခုံမင်ခဲ့တယ်။ 

ယောက္ခမ ကို မျက်နှာလုပ်ချင်ရင် သူ့ရဲ့ ၀တ်စားဆင်ယင်ပုံ ကိုပါ လက်ခံပေးရတာ သဘာဝပဲ မဟုတ်လား။

မြန်မာ့ မီဒီယာများကို ဒူဝါ စောင့်ကြည့်နေတာ ကြာပြီ။


ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ ကချင် အရပ်ဖက် အဖွဲ့အစည်းများ အားလုံး နီးပါး တကျော့ပြန် စစ်ပွဲများ ရပ်ဖို့ နည်းမျိုးစုံ နဲ့ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

မြစ်ကြီးနားမြို့ပေါ်မှာ တင် လူပေါင်း သောင်းနဲ့ချီ ချီတက်ခဲ့ကြတာပါ။ မီဒီယာ တွေ မသိစရာ အကြောင်းမရှိတာကို ပြောတာပါ။

ဒါပေမယ့်
ဘာဖြစ်လို့ မြန်မာ့ မီဒီယာ တွေမှာ မတွေ့ပါလိမ့်။

မနှစ် (၂၀၁၃) က ကေအိုင်အေ အဖွဲ့ ကို ကြိုဆိုတဲ့ ကချင်လူထုများရဲ့ သတင်း နဲ့ ဓါတ်ပုံကိုတော့ မသိကြဘူး၊ ကေအိုင်အေ အပြန်လမ်းမှာ ကြံ့ဖွတ်အမတ် တစ်ယောက် စော်သြလို့ လူ ၂၀ လောက် လမ်းဘေးမှာ ကေအိုင်အေ ကို ဆန္ဒပြတယ် ဆိုတဲ့ ဓါတ်ပုံတော့ မီဒီယာမှာ ပါလာတာတွေ့ရ ပါတယ်။
အောက်ပြည်က လူတွေရဲ့ ကချင်စစ်ပွဲ ရပ်ဖို့ လမ်းလျှောက်အဖွဲ့မျိုးစုံ ရဲ့ ဓါတ်ပုံတွေကတော့ ခဏခဏ တွေ့ရတတ်ပါတယ်။

သူတို့ကတော့ ဖက်ဒရယ် အကြောင်း မပြောကြဘူးလေ။
ကချင်လူထု အဖွဲ့အစည်း တွေက တညီထဲ ပြောကြတယ်။ ပင်လုံညီလာခံမှာ ပေးထားတဲ့ ကတိ ကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးပါ။ တဲ့။

ဒီနေရာမှာတော့ ဗမာတွေက ညီကြတယ်။ အဲလို သတင်းတွေ လုံးဝပဲ။

Wednesday, July 2, 2014

သုံးခါဖောရင် ရှောတယ် ဖထီး


နည်းနည်းတော့များသွားပြီဖထီး



'နဂလေးခလာ'ဘယ်သွားမလို့လဲ၊ ပကန့်အာမင်း ထမင်းစားပြီးပြီလား 'နန့်အာမင်း မနက်လာ' ဘာဟင်းနဲ့စားသလဲ၊ အဲဒီလောက်နဲ့ တင်ပြီးရမယ့်ကိစ္စ ဖထီးကဖောတာများပြီး နသားပါယား နင့်ကိုငါ ချစ်တယ်သွားလုပ်တော့ နဂိုကမှ ငိုချင်ရက်လက်တို့ ကြံ့ဖွံ့သမ္မ တကြီးကို နောက်ငါးနှစ် သမ္မတ ထပ်လုပ်ပါအုံး ဆိုတော့ နည်းနည်းတော့များသွားပြီ ဖ ထီး၊ ဖထီးတို့ ကားပါမစ်တွေလူစုံအောင် မရသေးဘူးနဲ့တူတယ်။ သစ်ရောင်းပြီးကားဝယ် စီးလည်းဖြစ်တာဘဲဥစ္စာ ဖထီးရာ ဘာလဲနယ်စပ်မှာ သစ်ခုတ်စရာမရှိတော့လို့လား ဒါမှ မဟုတ် သစ်ခုတ်တဲ့သူတွေ ဘွဲ့ထူးဂုဏ်ထူးပေးတာ ဖထီးမရသေးလို့ သမ္မတကြီးကို EXTENSION ပေးဖို့ လုပ်နေတာလား။

သမ္မတကြီးနှလုံးသားက ရိုးရိုးနှလုံးမဟုတ်ဘူး၊ စက်နှစ်လုံးတပ်ထားလို့ကို နှလုံးလို့ခေါ်တာဖထီးရ ကျန်းမာရေးကသိပ်ကောင်းတာ မဟုတ်ဘူး၊ သမ္မတအလုပ်က ဖထီးလဲသိတဲ့အတိုင်းဘဲ သိပ်အလုပ်များတာ၊ တစ်လတစ်ကြိမ်မိဘပြည်သူများခင်ဗျာ လုပ်ရတာ၊တော် ရုံလူမလုပ်နိုင်ဘူး၊ အသက်ကလည်းကြီးအားအင်တွေကလည်း ကုန်ခမ်းအိုမင်းမစွမ်းဖြစ်လာတော့ ခမျာနားချင်ရှာမှာပေါ့။ သမ္မတလုပ် နေရတော့ ဖထီးတို့လိုတောထဲမှာ ကာလူးလည်းမစွဲနိုင်ဘူး၊ ဖထီး သေသေချာချာမလေ့လာလို့ပါ၊ အခုနောက်ပိုင်း သမ္မတကြီးက စိတ်သွားတိုင်းကိုယ်မပါတော့ဘူး၊ လူစွမ်းအားကို အားမကိုးနိုင်တော့လို့ နှလုံးကိုတောင် စက်နဲ့လည်ပတ်နေရတာ၊ သမ္မတကြီးက နောက်ဆို ဘာလုပ်လုပ်စက်ပဲအားကိုးတော့မှာ သမီးကလေးကျေးရွာမှာ ကျူးကျော်ဖျက်တာတောင် လက်နဲ့ဆွဲမဖျက်တော့ဘဲ ဘူဒိုဇာနဲ့ ဖျက်တာကိုသာ ကြည့်ပေါ့ဖထီးရာ။ ဖထီးကလွှတ်ရိုးတာပဲ။

Tuesday, June 17, 2014

Myanmar Peace Centerမှ နိုင်ငံရေး ပါရဂူများသို့ အိတ်ဖွင့်ပေးစာ

ချစ်ခင်လေးစားရပါသော

ဆရာတစ်ဆူ ပါရဂူများခင်ဗျာ

ဆရာတို့ရဲ့ အသွင်ကူးပြောင်းရေးကာလ မှန်း ဆချက်များ နိုင်ငံရေး ဟောပြောပွဲကို မြန်မာနေရှင်နယ် ရုပ်သံလိုင်းကနေ ၈.၆.၂ဝ၁၄ ညမှာ ကြည့်လိုက်ရ တယ်ဆရာ၊ ဆရာတို့ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်မှုတွေကို သိလိုက်ရတော့ အထင်ကြီး လေးစားဂုဏ်ယူမိပါတယ်။ သမ္မတကြီးက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှ နိုင်ငံရေးအရ အတင်း အကျပ်မလုပ်ဖို့ ဖိအားမပေးဖို့ပြောပြီး တစ်ရက်နှစ် ရက်ပဲရှိသေးတဲ့အချိန်မှာ ဆရာတို့ရဲ့ ဟော ပြောပွဲနား ထောင်လိုက်ရတော့ ဒါဟာ Political Time Bombနိုင်ငံရေး ချိန်ကိုက်ဗုံးတစ်ခုလားလို့ သံသယဖြစ်မိပါ တယ်ဆရာ။ စကိုင်းနက်ရုပ်သံချန်နယ်ကလဲ မီးစတစ် ဖက်ရေမှုတ်တစ်ဖက် လုပ်နေရာကနေ အလဲဗင်းမီဒီ ယာက အခွန်မဆောင်ဘူးလို့ စွပ်စွဲလိုက်တော့ မီးစ ဖက်ကိုလုံးလုံးပြောင်းသွားပြီ ဆရာရေ့။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံဥပဒေပြင် ဆင်ရေး တရားပွဲတွေကို လုံးစေ့ပတ်စေ့လွှင့်မပြခဲ့ဘူး ဆရာ၊ Liveပြဖို့ဝေးလို့ Delay တောင်အတိုချုပ် ပဲပြတယ်ဆရာ၊ ဆရာတို့ဟောပြောပွဲကိုတော့ လေး နာရီကျော်ပြသွားတယ်ဆရာရဲ့၊ ဆရာတို့ကိုချီးကျူး မိတယ်ဆရာ၊ တော်လှန်ရေးကာလမှာတောင် အမေ ရိကန်တက္ကသိုလ်က Ph.Dဘွဲ့တွေ ဆွတ်ခူးနိုင်ခဲ့တယ် ဆိုတာနည်းတဲ့ ဇွဲနဘဲမဟုတ်ဘူး၊ ဒီမှာလဲဗေဒင်ဆရာမ တွေ ဒေါက်တာဘွဲ့တွေရကုန်ကြပြီဆရာ၊ သူတို့လဲဗေ ဒင်နဲ့ ပါရဂူဘွဲ့ရပေမယ့် မြန်မာ့နိုင်ငံရေးရှေ့ဖြစ်ဟော တာတော့ ဆရာတို့လောက်မကျွမ်းကျင်ဘူးဆရာ ဆရာတို့ဆွေးနွေးပွဲ ဟောပြောပွဲကို လူကိုယ်တိုင် တက်ရောက်ချင်ပေမယ့် တက်ခွင့်မကြုံခဲ့ဘူး ဆရာ ရေ့။

ထိုင်းရောက် မြန်မာများ သုံးသပ်ချက်

ထိုင်းနိုင်ငံက ရဲ နဲ့ စစ်သားတွေ ရှေ့မှာ မျက်နှာငယ်လေးနဲ့ ထိုင်နေရတဲ့ မြန်မာနိုင်ငံသားများရဲ့ သတင်း ဓါတ်ပုံတွေကို ကြည့်ပြီး ဒူဝါ လဲ စိတ်မကောင်း ဖြစ်မိပါတယ်။

မြန်မာ့ လက်ရွေးစင် ဟောင်း ကချင် တစ်ယောက် နဲ့ အင်ဆန်အောင်လ ကို နှိုင်းကြည့်ရအောင်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ပြုလုပ်တဲ့ အာရှရဲ့ အကြီးဆုံး သိုင်းပေါင်းစုံ လက်ဝှေ့အဖွဲ့ မှ ကြီးမှူးကျင်းပ တဲ့ လက်ဝှေ့ပွဲမှာ ကချင်လူမျိုး ဖြစ်တဲ့ Nsang Awng La က အီဂျစ်နိုင်ငံက Mahmoud Salama ကို ပွဲ စစ်ချင်း တစ်မိနစ် ကျော်ကျော်လေးမှာပဲ အလဲထိုး အနိုင် ရတဲ့ အကြောင်း၊ မြန်မာပြည်က ကမ္ဘာ့အဆင့်မှီပြိုင်ပွဲအတွက် မြန်မာ့ အလံ နဲ့ ပထမဆုံးအကြိမ် သတင်း ဖြစ်တဲ့ အကြောင်း သတင်းတွေ ထွက်လာတော့ ဝေဖန်မှုမျိုးစုံထွက်လာပါတယ်။

အမျိုးမျိုး ပြောတတ်တဲ့ အစိုးရ

ရန်ကုန်က ဘုန်းကြီးကျောင်း တစ်ကျောင်း နဲ့ ပတ်သက်လို့ အစိုးရ သာသနာရေး ၀န်ကြီးဌာန နဲ့ ပီနန် ဆရာတော် အကြား အငြင်းပွါးနေတာ အားလုံး အသိပါ။ 

ဒူဝါ က ခရစ်ယာန် ဆိုတော့ ဘာဆိုင်လို့ ၀င်ရှုပ်ရတာလဲ ထင်နေအုံးမည်။ ဒူဝါ ထောက်ပြချင်တာက အစိုးရ ဆိုသူတွေရဲ့ ပြီးစလွယ်ပြောတတ်တဲ့ အကျင့် ကိုပါ။

ကချင်တွေရဲ့ ငြိမ်းချမ်းရေး လက်မှတ်မထိုးနိုင်ရတာလဲ ဒီအကျင့်တွေ ကြောင့်ပါပဲ။

အခုကြည့်ပါ။

ပီနန်ဆရာတော်က သူ့ ကျောင်းမှာ မင်္ဂလာဆောင်တာတို့၊ လူမှုရေး ကိစ္စ (လောကီအရေး) အမျိုးမျိုး လုပ်တာ မကြိုက်လို့ ဆိုတော့.. မလုပ်ပါဘူးတဲ့။ 




အစိုးရ သတင်းစာမှာပဲ အဲဒီ ကျောင်းမှာ လုပ်ဖို့ ရှိတဲ့ မင်္ဂလာဆောင်ပွဲတွေ ဖျက်လိုက်ရတယ် ဆိုပဲ။ အဲဒါ သက်သေ ပဲ။ ဒါက လူသိရှင်ကြား၊ မြို့ကြီးက အဖြစ်အပျက် ကို ဗမာအချင်းချင်း မျက်စိမြိတ် ငြင်းရဲတဲ့ သတ္တိ ပါ။

တိုင်းရင်းသား ပြည်နယ်တွေမှာ ဗမာ လူမျိုး မီဒီယာတွေ သိနေရင်တောင် ဂရုမစိုက် ဖြစ်နေတဲ့ ပြဿနာတွေ၊ ကေအိုင်အေ က ပြောတဲ့ နိုင်ငံရေး စကားတွေကို အစိုးရ၀န်ကြီးတွေ ကိုယ်တိုင်ပြောမှ ယုံတတ်တဲ့ လူတချို့ အတွက် ထောက်ပြတာပါ။

မြန်မာ့ အပြောင်းအလဲ

ဒီနေ့ မြန်မာပြည် အပြောင်းအလဲ ဖြစ်နေပြီ တဲ့။

ဘယ်နေရာလဲ တော့ မသိသေးဘူး.. 

လောလောဆယ် ကြားနေရတဲ့ သတင်းတွေကတော့

(၁) ၁၇ (၁) နဲ့ ဖမ်းထားတဲ့ ကချင်တွေ နှစ်ရှည် ထောင်ဒဏ် တဲ့။
(၂) နိုင်ငံခြားက ပြန်လာတဲ့ အစိုးရကို ဝေဖန်တဲ့ မြန်မာနိုင်ငံသားဟောင်း တွေ ပြည်ဝင်ခွင့်ဗီဇာ မရဘူး တဲ့။
(၃) မီး မမှန်သေးဘူးတဲ့။
(၄) အစိုးရ ၀န်ကြီးတွေ သတင်းစာ ရှင်းလင်းပွဲ မတက်ရဲ တော့ဘူးတဲ့။
(၅) သတင်းထောက်တွေကို ထောင်ဒဏ်ချလိုက်ပြီတဲ့။
(၆) အစိုးရ နဲ့ သိပ်မတည့်တဲ့ ဘုန်းကြီးကျောင်း အပိတ်ခံရတယ် တဲ့။
(၇) ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ် တဲ့။
(၈) အစိုးရ သစ်တက်လာပြီး နောက်ပိုင်း နိုင်ငံတကာက ကူညီနေတဲ့ ဒုက္ခသည်အသစ် စာရင်း သိန်းချီရှိနေပြီတဲ့။
(၉ ) ကားလိုင်စင် ပါမစ် ဈေးကွက် ရှိနေတယ် တဲ့။
(၁၀) လုပ်ငန်းလိုင်စင် အားလုံးအတွက် နေပြည်တော် အထိ သွားနေရတုန်း တဲ့။
(၁၁) နိုင်ငံခြားလုပ်ငန်း ကုမ္ဗဏီ တချို့ အစိုးရ ရဲ့လုပ်ထုံး လုပ်နည်းမှာ အထာ မကျ လို့ တပ်ခေါက်ပြန်ရတယ်တဲ့။
(၁၂) ပြည်သူတွေက အခြေခံ ဥပဒေ ပြင် ဖို့ လိုလား တယ် ဆိုပေမယ့် အစိုးရ မကြိုက်ရင် လုပ်လို့ မရဘူး ဆိုပဲ။

အေး... တခုတော့ ရှိတယ်..

၁၅၀၀ ကျပ်တန် ဖုန်းကပ် ထုတ်ပေးတယ် တဲ့။ မြန်မာပြည်သားတွေ ကျေးဇူးတင်လို့မဆုံး... လုယူကြလို့ မဲနှိုက်ရတယ် ဆိုပဲ။ သူများနိုင်ငံက ဖုန်းတွေများ လိုင်းမကောင်းလို့ ယူမဲ့လူ မရှိုလို့လား မသိ ပရိုမိုးရှင်း တောင် လုပ်ရောင်းရတယ်။ မြန်မာနိုင်ငံက ဖုန်းကတော့ ပရိုမိုးရှင်း မလို.. မဲတောင် နှိုက်ယူရတယ်။ လိုင်းကောင်းတာ မကောင်းတာ သူတို့နဲ့ မဆိုင်။

အဲဒါ မြန်မာ့ အပြောင်းအလဲ ပဲ။

လေယဉ်ပျက်ကျတာ ကချင်တွေနဲ့ မဆိုင်ဘူးလား

မကွေးတိုင်း နင်းကြမ်းကျေးရွာ အနီးမှာ M29 တပ်မတော်တိုက်လေယာဉ်တစ်စီး လေ့ကျင့်ရေးပြုလုပ်နေစဉ် ပျက်ကျသွားကြောင်း သိရပါတယ်။

M29 ဆိုတော့ ကာလ တန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ ၂၉ သန်း (သိန်း ၂၉ ၀) တန်တယ် လို့ပြော ကြပါတယ်။ မြန်မာ ကျပ်ငွေ သိန်း ပေါင်း သုံးသောင်း နီးပါး ပေါ့။ 

ခလုတ်ထိမှ အမိတ

ရန်ကုန်က ဘုန်းကြီးကျောင်းတကျောင်းကို ၀ိုင်းသမကြတယ်။ ပွက်လောရိုက်နေတယ်။
ကချင်ဒေသ တကျော့ပြန်စစ်ကာလအတွင်းမှာ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ၆၅ ကျောင်း လုံးဝဖျက်ဆီး ခံခဲ့ရတယ်။ ရွာပေါင်း ၂၂၃ ရွာ လုံးဝ လူနေလို့ မရအောင် ဖျက်ဆီးထားတယ်။ အဲဒီရွာတိုင်းမှာ ဘုရားကျောင်းရှိတယ်။ အဲဒီရွာတွေမှာ တပ်မတော်က ကိုယ့်အိမ်ကိုယ့်ယာလို ၀င်နေတယ်။
လယ်တီသိမ်ကို ဖျက်ဆီးလိုက်တယ်။ ပွက်လောရိုက်တယ်။
ခရစ်ယာန်တွေရဲ့ ဆုတောင်းတောင်ကို စစ်တပ်ကုန်း လုပ်ထားလိုက်တယ်။
ဟုတ်ကဲ့။။။ ဗမာ Buddhist တွေလည်း ခံရတာဘဲ။ ဒါပေမဲ့ ပမာဏက ၁း၁၀၀ မက ကွာခြားနေတယ်။
ဒါကိုထောက်ပြတာနဲ့ဘဲ “သွေးခွဲတယ်” ပြောပြီး စွပ်စွဲပြီး ”ဖယ်ဒရယ်ကို ရပါလိမ့်မယ် အားကြီးကြီး” လို့ လာပြီး ထေ့လိုက် ငေါ့လိုက် ခလုတ်တိုက်နေပြန်ရော။
ဟုတ်ကဲ့... ဖယ်ဒရယ် ဆိုတာ တန်းညှိတာပါ။ ဘယ်ဘုန်းကြီးကျောင်း၊ ဘယ်ဘုရားကျောင်းမှ မဖျက်ဆီးဘဲ လူတိုင်းကြောက်ရွှံ့မှုကင်းစွာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အာမခံချက် ထားပေးတဲ့ စနစ်ပါ။
ယှဉ်ပြတာကို မခံချင်ရင်တော့ တန်းညှိပါ။ ဖျက်တဲ့ အထဲမှာ ငါ မပါဘူး ဆိုပြီး ထိုင်ကြည့်နေသရွေ့၊ လာဖျက်တဲ့ အထဲမှာ မပါသူများရဲ့ ၁% မရှိတဲ့သူများက သနားသဖြင့် တချက်နှစ်ချက် ထအော်ပေးတာကို ရာသီပေါ် ထအော်ပေးတာကို အားလုံးကို ကိုယ်စားပြုပြီး တာဝန်ကျေပြီ လို့ အော်နေသရွေ့ ဒီ System ကို ရှင်သန်အောင် ပံ့ပိုးနေတာပါဘဲ။
Burmanization ဆိုတာ ...

(Khon Ja ရဲ့ ဖွဘွတ်မှ ကူးယူပါသည်။)

Tuesday, May 27, 2014

စနစ် နဲ့ ငြိမ်းချမ်းရေး လဲလှယ်ရပါမည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစား နေတာ တွေ့ရပါတယ်။ ဒီအထဲမှာ ဒေါ်စု သမ္မတ ဖြစ်ရေး မဖြစ်ရေး ထက် ပြည်သူက ရွေးကောက်တင်မြောက်တဲ့ သမ္မတ အစစ်အမှန် နေရာရရေး က ပိုအရေးကြီးတာပါ။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ တောင်းဆိုနေတာလဲ အဲဒီ စနစ် ပါပဲ။ ဒါပေမယ့် လူနည်းစု အစိုးရက တိုင်းရင်းသား ဒေသ တွေပါ မကျန် စီမံကွပ်ကဲ နေတဲ့ စနစ် ကို တော့ တိုင်းရင်းသားတွေက လုံးဝ ကြိုက်တာ မဟုတ်ပါ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့လဲ ဒီအချက်ကိုတော့ မမေ့ထားသင့်ပေ။

ကချင်တွေ ခေါင်းမာ တယ်တဲ့။

မနှစ်က တောင်ကြီးသွားတော့ ဟဲဟိုး လေဆိပ်မှာ ဆင်းဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပြည်တွင်းလေဆိပ် ထုံးစံ အတိုင်းပေါ့ ပစ္စည်းသယ်ခ ဆိုပြီး တောင်းလေ့ရှိတယ်။ တစ်အိတ်ကို ငါးရာ၊ တစ်ထောင် ဆိုပြီး လူပုံအလည်မှာ တောင်းနေကြတာပါ။ တူညီ ၀တ်စုံ ၀တ်ထားတဲ့ လူတွေကြီးပါပဲ။ 

ဒူဝါ ကို ပအို့ တိုင်းရင်းသားလို့ ထင်ရတဲ့ သုံးဘီးဆိုင်ကယ် မောင်းသမားက လေဆိပ်အထွက်မှာပဲ သူ့သုံးဘီးငှားဖို့ တစာစာ တောင်းဆိုနေတာနဲ့ တောင်ကြီးသွားဖို့ ဈေးညှိလိုက်တယ်။ အိတ်ထုတ်ရအုံးမယ် လို့ ပြောတော့ သူထုတ်ပေးမယ် ပေါ့။

ဒါနဲ့ အတူစောင့်နေကြတယ်။ အိတ်တွေသယ်လာတဲ့ လက်တွန်းလှည်း အပြည့် ထွက်လာပါပြီ။ 

အာဏာသိမ်းခြင်း ထိုင်းနဲ့ မြန်မာ ကွာခြားချက်


ထိုင်းမှာ စစ်အာဏာသိမ်းလိုက်ပါပြီ။

ထူးခြားတာက ပြည်သူတွေ ပျော် နေတာပါ။

နှစ်ရှည်လ များ နိုင်ငံရေး အရှုပ်တော်ပုံ ကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။

ထိုင်းမှာ စစ်အာဏာသိမ်းတာ အခေါက်ခေါက် အခါခါ ရှိခဲ့ ပေမယ့် နိုင်ငံ့ စီးပွါးရေး နဲ့ ပြည်သူတွေရဲ့ အသွားအလာ အနှောက်အယှက် မရှိပါဘူး။ ငွေကြေးဖေါင်းပွမှုလဲ မရှိပါ။ ရေ၊ မီး ပုံမှန် လာတယ်။ လူကြီးခရီးစဉ် ဆိုပြီးလဲ လမ်းမဖယ် ပေးရဘူး။ တိုင်းမှူးလာမယ် ဆိုပြီးလဲ သွားမကြိုရပါဘူး။ မစိုက်မနေရ ဆိုတဲ့ အပင်လဲ မရှိပါဘူး။ စစ်တပ်က မြေသိမ်းတယ် ဆိုတာလဲ မရှိပါဘူး။ အာဏာသိမ်းလို့ ပြည်သူတွေလဲ မသေပါဘူး။

တကျော့ပြန် စစ်ပွဲ ကန့်ကွက်သံများ...

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲ ရပ်ဖို့ တောင်း ဆိုတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း တွေပါ။ သူတို့ အားလုံး မြန်မာနိုင်ငံသားများ ဖြစ်ကြပါတယ်။ ဒါနဲ့ နွားနို့ သမ္မတ က ပြည်သူ တောင်းဆိုသံ နားထောင် တယ် ဆိုလား.. ဒီနေရာမှာ တော့ ငြိမ်နေတယ်နော်.. 

1. ကချင်ငြိမ်းချမ်းရေးကွန်ရက်
2. ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက်
3. ဗေဒါအင်စတီကျူ (BAYDA Institute)
4. ဗေဒါအဖွဲ့များ
5. Green Myanmar Environment and Social Network
6. စစ်ကိုင်းဒေသလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် (SRFDN)
7. Civil and Political Rights Campaign Group

Thursday, April 3, 2014

ရှိခြင်းတရား ယိုယွင်းနေတဲ့ ပြည်မြန်မာ

အရှိကို အရှိအတိုင်း မြင်ခြင်း ဆိုတာ လောကပါလ တရား ဖြစ်ပါတယ်။
ရှိခြင်းတရား ကို ငြင်းပယ်ပြီး မဟုတ်မမှန်တရားက နိုင်နေတယ် ဆိုရင် အဲဒီ လူ့အဖွဲ့အစည်းနဲ့ ထူထောင်ထားတဲ့ နိုင်ငံဟာလဲ အလိုလို တခုပြီးတခု ယိုယွင်းလာတာပါပဲ။

အရင်တုန်းကတော့ ဘာဖြစ်ဖြစ် ဗမာ စစ်ခေါင်းဆောင်များကို အပစ်ပုံချစမြဲပါ။ အခုတော့ စစ်ခေါင်းဆောင်တွေသာ မကပဲ မြန်မာပြည်သား တော်တော်များများကလဲ ရှိခြင်းတရားကို ငြင်းပယ်တဲ့ နေရာမှာ တော်တော်လေး အသားကျနေပြီပဲ၊ ဆိုတာ သိလိုက်ရပါတယ်။

ဗုဒ္ဓ တရားတော်မှာ ကံ၊ ကံ၏အကျိုး ဆိုတာ ရှိပါတယ်။ ကံ ဆိုတာ အလုပ်၊ ကိုယ်လုပ်လို့ ကိုယ့်ဆီပြန်လာတယ်၊ ဆိုတဲ့ သဘောတရားပါ။ အဲဒါကို ၀တ်လည်တယ် ဆိုပြီး လွယ်လွယ် ပြောတတ်ကြပါတယ်။

ခရစ်တော်ဟောခဲ့တဲ့ တရားမှာလဲ “ကိုယ်စိုက်သည့်အတိုင်း ရိတ်ရမယ်” ဆိုတဲ့ တရားတော် ရှိပါတယ်။ အဲဒါလဲ ၀တ်လည်တာနဲ့ အတူတူပါ။

"သိပ်လည်း ဘ၀င်မမြင့်ကြပါနဲ့"

 By Kogyimind Mind

ပြည်တွင်းမှာ နေနေတဲ့ သူတော်တော်များများက
ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ်ထင်ကြတယ်။
ဘာကြောင့်ဆိုတော့ သူတို့ဟာ ဒေါက်တာ ဆွန်ယက်ဆင်၊ ဟိုးဆေးရီးဇော်၊ ဟိုချီမင်း၊ ဂန္ဒီ၊ ချေဂွေဗားရား တို့အကြောင်းမသိကြတော့ နိုင်ငံတိုင်းမှာ ရှိတဲ့ သူရဲကောင်းတွေကို လေးစားရကောင်းမှန်းမသိကြဘူး။

လေယဉ်ပေါ်ကနေ မြန်မာပြည်ကို မမြင်ဘူးတော့
အခုချိန်ထိ Golden Land ဆိုပြီး ဘ၀င်မမြင်ပါနဲ့။ တောတွေပြုန်းပြီး မီးလောင်ပြင်လိုဖြစ်နေတဲ့ လွင်ပြင်၊ တောင်တန်းတွေကိုမှ သူတို့မမြင်ဘူးကြပဲ။

တမလွန်အတွက် ပြင်ဆင်တဲ့အလေ့အကျင့်တွေ ထုံနေတဲ့ ထမင်းရေ၊ ချောင်းစီးအလှူကြီးမျိုးတွေကိုပဲ မြင်ဖူးပြေီး ဘ၀င်မြင့်မနေပါနဲ့။ ကမ္ဘာ့သူဋ္ဌေးသူကြွယ်ကြီးတွေရဲ့ ကိုယ်ကျိုးမဖက် ပရဟိတသက်သက်လှူဒါန်းမှုတွေကို အသိအမှတ်ပြုရကောင်းမှန်းမသိကြဘူး။

Thursday, March 27, 2014

သစ်ခိုးထုတ်လာရတဲ့ အကြောင်းရင်းတွေ…

မြန်မာနိုင်ငံက သစ်ထုတ်လုပ်မှုဟာ မြန်မာအစိုးရ ရဲ့ နှစ်စဉ် ပညာရေး နဲ့ ကျန်းမာရေး ဘက်ဂျက်ထက် ၄ ဆ ပိုများတယ်။ လို့ ဆိုပါတယ်။

ဘာဖြစ်လို့ ဒီလို ခိုးထုတ်လာရသလဲ ဆိုတော့ ကျနော် ဥပမာ တခုပဲ တင်ပြပါမယ်။

မြစ်ကြီးနားက သူငယ်ချင်း တစ်ယောက်က သစ်အချောထည်၊ ပရိဘောဂ လုပ်ငန်းလုပ်ချင်တယ်။ မြစ်ကြီးနားမှာတော့ စက်ရုံအဆင့် ဆိုပါတော့။ ကုန်ကြမ်းကတော့ ဟူးကောင်း ဂျိုင့်ဝှမ်းဒေသ က ပါ။ နှစ်စဉ် ရွှေတူးလို့ ဒီတိုင်း အလဟတ ခုတ်လှဲလိုက်တဲ့ သစ်တွေကို နှမျောတာက တကြောင်း၊ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလှမ်း ရပါစေ ဆိုပြီး ရည်ရွယ်လုပ်တာပါ။ သိန်းထောင်ချီ အကုန်ခံပြီး လုပ်တယ်။ မြို့ နဲ့ နဲနဲ ဝေးတဲ့ နေရာ ထိ ကေဗယ်လိုင်း ကိုယ့်စရိတ် နဲ့ ကိုယ်ဆွဲတယ်၊ ထရန်စဖါမာ ကအစ ကိုယ့် ကိုယ်ပိုင် တပ်တယ်။ သိန်း ရာကြီး ကုန်တယ်။ ပိုက်ဆံ ကုန်တာ အကုန်တွက်လို့ ရတယ်။ ပိုက်ဆံ ရှိရင် အချိန်အတိုင်းအတာ တခုမှာ ပြီးနိုင်တယ်၊ ဒီအထိ ပြဿနာ မဟုတ်ဘူး ဆိုပါတော့။

ပြဿနာက ပါမစ် ကိစ္စ ပါ။

Wednesday, March 26, 2014

စနစ် ရဲ့သားကောင် ဖြစ်ရတဲ့ ညီလေး…


ညီလေး နဲ့ တခါ စကား ပြောဖြစ်ပါတယ်….

သူ့ အပြော.. သူ့ဟန်ပန် အမူအရာတွေက အင်မတန် တက်ကြွနေတဲ့ နိုင်ငံ့သားကောင်း တစ်ယောက်ပုံစံပါ။

ရိုးရှင်းစွာ ခံယူထားတဲ့ သူ့ မျိုးချစ်စိတ်ကိုလဲ မလေးစားပဲ မနေနိုင်တာ အမှန်ပါပဲ။

ဒါပေမယ့် ညီလေးမှာ ဖတ်စရာ စာပေ ကောင်းကောင်း မရှိတာတော့ သေချာတယ်… နှစ် ၅၀ လုံးလုံး စာပေစိစစ်ရေး ဆိုတဲ့ ဂိတ်ကနေ ဘယ်လိုမှ မထွက်နိုင်တဲ့ နိုင်ငံရေး အတွေးအမြင် စာပေ ကောင်း တွေဟာ ညီလေး အပါအ၀င် မြန်မာ လူထု အထဲကို မရောက်လာတာ နှစ်တွေ မနဲတော့ဘူးလေ… 

လန်ဒန်မှာ လူဖြူတွေ လူနည်းစု ဖြစ်လာ


၂၀၁၁ ခုနှစ် သန်းခေါင် စာရင်း စစ်တမ်း အရ ဗြိတိန်နိုင်ငံ လန်ဒန် မြို့မှာ အင်္ဂလိပ် လူမျိုး လူဖြူ တွေက စုစုပေါင်း လူဦးရေ ရဲ့ ၄၅ % သာရှိပြီး လူနည်းစု ဖြစ်လာရကြောင်း သိရပါတယ်။

အဲဒီ အကြောင်းအရာ နဲ့ ပတ်သက်ပြီး နိုင်ငံရေး ခေါင်းဆောင်များပါဝင်တဲ့ တီဗီ တိုက်ရိုက် ထုတ်လွင့်မှု မှာ ပြောကြဆိုကြတဲ့ အထဲမှာ လူဖြူ လူငယ် တစ်ယောက်က အဲဒီလို ဖြစ်လာရတာဟာ ကောင်းသလား၊ ဆိုးသလား? ဆိုတဲ့ မေးခွန်း မေးခဲ့ပါတယ်။ 

ပြန်ဖြေတဲ့ လူဖြူ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် ပြောသွားတာဟာ အင်မတန် လေးစားစရာ ကောင်းပါတယ်။ သူပြောသွားတဲ့ အထဲမှ တချို့ ရေးပြပါမယ်။

ဟုတ်ကဲ့.. ဒီ အကြောင်းအရာ နဲ့ ပတ်သက်ပြီး ကျနော် လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကျနော့ ပါတီအစည်းအဝေး မှာ ပြောဖူးပါတယ်။ ကျနော်တို့ဆီမှာ လူဖြူ မဟုတ်တဲ့ လူတွေ မွေးဖွါးနှုန်းမြန်တယ်၊ ဒီနိုင်ငံမှာ မွေးလာတဲ့လူတွေ များလာတယ်၊ ဟုတ်ပြီ၊ ကျနော်တို့ ဘယ်သူမှ သမိုင်းကို နောက်ပြန်ရစ်လို့ မရဘူး။ ဒီတော့ ဒီနိုင်ငံမှာ မွေး၊ ဒီနိုင်ငံမှာ ဥပဒေ အရ တရားဝင် ကြီးပြင်းလာတဲ့ မည်သည့် လူမျိုး၊ အသားအရောင်မဆို ဒီနိုင်ငံရဲ့ ဥပဒေ ချိုးဖေါက်မှုမျိုး မလုပ်ဘူး ဆိုရင် နိုင်ငံ့ ကောင်းကျိုးအတွက် အကောင်းဆုံး ဖြစ်အောင် တည်ဆောက်ယူရမယ်။ အားလုံးကို တန်းတူ အခွင့်အရေး နဲ့ ကြိုးစား ရပ်တည်ခွင့် ပေးရမယ်။ ဒါမှလဲ ဒီနိုင်ငံလဲ တိုးတက်လာမှာ ဖြစ်တယ်။ လို့ ဆိုပါတယ်။

သူတို့ ဆီမှာ ဒီလို အမျော်အမြင်ကြီးတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ရှိနေလို့လဲ ဒီလို ဘ၀မျိုး ပိုင်ဆိုင်နိုင်တာ မဆန်းပါ။

ဗီဒီယို သတင်း ကြည့်လိုသူများအတွက် လင့်

https://www.facebook.com/photo.php?v=609529589139884

သန်းခေါင် စာရင်း ကိစ္စ ပြောကြဆိုကြ

အခုတလော သန်းခေါင် စာရင်း က သိပ် ကို အလောတကြီး ဖြစ်နေပုံ ရပါတယ်။

(၁) အလှူရှင်နိုင်ငံများ ဆိုတဲ့ နေရာမှာ ကမ္ဘာဘဏ် အဖွဲ့သားတွေက မြန်မာပြည်မှာ ဈေးကွက်စီးပွါးရေး အတွက် ရင်းနှီးမြုပ်နှံဖို့ ဒေတာ လိုအပ်နေတာ အမှန် ဖြစ်တယ်။

(၂) ဗမာ အစိုးရ ကတော့ ရတဲ့ အခွင့်အရေး ကို ထိထိမိမိ ဗမာ အတွက် အကျိုးရှိရှိ အသုံးချတယ်။ အဲဒီလို နေရာမှာ ဗမာ အုပ်စု အားလုံး ညီသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် က အစ၊ ရုပ်ရှင်အဖွဲ့သားများ အဆုံး လက်တွဲညီသွားတယ်။

(၃) DVB အထူးအစီအစဉ်မှာ ပြောကြဆိုကြတဲ့ အထဲမှာ နားထောင်ရင် သိနိုင်ပါတယ်။

Sunday, March 23, 2014

ငြိမ်းချမ်းရေး ကို အဓိပ္ဗါယ်ဖွင့်ဆိုခြင်း။

ငြိမ်းချမ်းရေး ဆိုတာ
လူတစ်ယောက်ချင်းရဲ့ ဘ၀ လုံခြုံရေး ဖြစ်တယ်၊ တဲ့။ အပစ်အခတ်ရပ်ယုံကို ပြောတာ မဟုတ်။

ဒီတော့ လူတစ်ဦး တစ်ယောက်ချင်းရဲ့ ဘ၀ လုံခြုံရေး ကို ငြိမ်းချမ်းရေး ဆိုရင် အခု ဘာ အပစ်အခတ်မှ ရပ် စရာ မလိုတဲ့ (အပစ်အခတ်မရှိတဲ့) အောက်မြန်မာပြည်သား အားလုံး တကယ် ငြိမ်းချမ်းပြီလား၊ ဆိုတဲ့ အချက် ကို စဉ်းစားရမယ်။ ကျန်တိုင်းရင်းသားတွေကတော့ ထားပါ၊ အပစ်အခတ်မရှိလဲ ငြိမ်းချမ်းအောင် မနေတတ်တဲ့ မိစ္ဆာများ ရှိနေသေးသ၍ မငြိမ်းချမ်းနိုင်ဘူး ဆိုတာ သိလို့ တော်လှန်နေတာ ဖြစ်တယ်။

ဘ၀ လုံခြုံရေး ဆိုတဲ့ နေရာမှာ နေမှု၊ ထိုင်မှု၊ ပျော်ရွှင်မှု ဆိုတဲ့ အခြေခံကျသော သဘောတရား အားလုံးကို ပေါင်းပြီး ပညာရှင်တွေက wellbeing လို့ပြောကြပါတယ်။ ဒီလို အခြေခံကျတဲ့ wellbeing components များပြည့်စုံမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး (Peace) ဆိုတာ ဖြစ်လာတယ် လို့ ဆိုပါတယ်။

ဒီတော့ တခုချင်း စဉ်းစားရအောင်…

Thursday, March 20, 2014

လက်မှတ်မထိုးရင် လိုင်ဇာ သိမ်းမယ် ဆိုသတဲ့။


မြန်မာ Piss စင်တာ အဖွဲ့ ထိုင်းနိုင်ငံကို ရောက်လာပြီး ငြိမ်းချမ်းရေး လက်မှတ် မထိုးရင် လိုင်ဇာ သိမ်းမယ် ဆိုတဲ့ စကား လာပြော ကြောင်း သိရပါတယ်။

အော် မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး… တော်တော် ငြိမ်းချမ်းတဲ့ စကား ပြောတတ်တယ်။

အိုင်ဒန်ဒတီ (Identity)

by Leonard Shinra Chan

မြန်မာနိုင်ငံရဲ့ တိုက်ပွဲဟာ အိုင်ဒန်ဒတီ တိုက်ပွဲဖြစ်ပါတယ်။ လူမျိုးပေါင်းများစွာက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဒီကနေ့ အထိ လှုပ်ရှားမှုများရှိနေကြခြင်းဟာ မိမိတို့ အိုင်ဒန်ဒတီ ကို ထိန်းသိမ်းကာကွယ်လိုတဲ့အတွက်ပါ။ ကျနော်တို့ ဟာ ကမ္ဘာကြီးပေါ်က ကိုလိုနီခေတ် ကုန်လွန်သွားတဲ့နောက်မှာမှ အကျဉ်းကျခံထားရတဲ့ လူ့ အခွင့်အရေး ချိုးဖေါက်ခံလူသားများ ဖြစ်လာကြတဲ့အခါ မိမိတို့ ရဲ့ အိုင်ဒန်ဒတီကို စွဲကိုင်ရတော့ မယ်လို့  ပိုမို ခံယူလာခဲ့ကြတယ်။ ဒီအိုင်ဒန်ဒတီဟာ ကျနော်တို့ ရဲ့ လွတ်လပ်စွာဖြစ် တည်မှုတွေ၊ အခွင့်အရေးတွေ၊ သမိုင်းတွေ၊ ရိုးရာအမွေအနှစ်တွေကို သယ်ဆောင်နေ တဲ့ ဂုဏ်သိက္ခာဖြစ်တယ်လို့  ယုံကြည်ကြတယ်။ ဒီအိုင်ဒန်ဒတီဟာ ကျနော်တို့ ရဲ့  အနာဂတ် အထိပါတယ်လို့ ရိုးရှင်းစွာ ခံယူထားကြသူများပဲ ဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့ ဟာ လူသားဖြစ်မှုအခြေခံဆိုတဲ့ ရှုဒေါင့်ကနေ ဘယ်တော့မှ လုံလောက်စွာ ဦးစားပေး မခံခဲ့ရလို့ လဲ ဖြစ်တယ်။ လူ့ ဂုဏ်သိက္ခာဆိုတာ ကိုယ်ကိုယ်တိုင်က တပိုင်တနိုင်လေး အုပ်စုဖွဲ့ တည်နိုင်မှ ရရှိနိုင်တဲ့အရာမျိုးလို့  ဘ၀ကနားလည်လာစေ ခဲ့တော့ အိုင်ဒန်ဒတီ ဆိုတာဟာ ကျနော်တို့ လူတိုင်းအတွက် အလွန်အရေးကြီးတဲ့ အသွေးအသက်ဖြစ်လာခဲ့တယ်။ တကယ့်တကယ်မှာလဲ ဒီအိုင်ဒန်ဒတီများဖြစ်တည် လာခဲ့ရတာ သွေးနဲ့ ၊ ချွေးနဲ့ ၊ ဘ၀နဲ့ ၊ တိုက်ပွဲများနဲ့ ၊ အချိန်ကာလများနဲ့  ရင်းနီးခဲ့ရတာ ကြီးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအိုင်ဒန်ဒတီကြောင့် ကျနော်တို့ ဟာ ထပ်ခါထပ်ခါ နာကျဉ်ရတယ်၊ ခံစားရတယ်၊ အနှိမ်ခံရတယ်၊ အထုအထောင်းခံရတယ်၊ အသက်ပေး ခဲ့ရသူတွေရှိတယ်၊ ပြီးတော့ ကျနော်တို့ ဟာ ဒီအိုင်ဒန်ဒတီကြောင့်ပဲ ပိုမိုသတ္တိတွေ ရှိလာခဲ့ကြတယ်၊ ပိုမိုစွန့် စား လာခဲ့ကြတယ်၊ ပိုမိုပေးဆပ်လာခဲ့ကြတယ်၊ ပိုမိုမာကျော လာခဲ့ကြတယ်၊ ပိုမိုရင့်ကျက် လာခဲ့ကြတယ်။ ပိုမို ယဉ်ကျေးလာသလို ပိုလို့ လဲ ခက်ခဲကြမ်းတမ်းမှုများးကို ရင်ဆိုင်ဖို့  တခါတရံမှာ အသင့်ဖြစ်နေခဲ့ကြတယ်။

္လဒီမိုကရေစီ ပြောင်းပြန် မှအစ အပစ်ရပ် ပြောင်းပြန်သို့

တကယ်တမ်း အပစ်ရပ် ဖို့ ဆိုရင် အင်အားကြီးသူတွေရဲ့ သဘောထားက စစ်မှန်ဖို့ လိုတယ် လို့ ၀ါရင့် သတင်းစာ ဆရာကြီး ဘာတေ လက်တ်နာ ပြောလိုက် ပါတယ်။

မတ်လ ၁၇ နေ့ ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ခန်းမ မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါ အရင်ဆုံး စကားပြောမယ် ပြီးတော့မှ သဘောတူညီချက်ကို နောက်မှ ယူရမယ် ဖြစ်တယ်။ အဲလို မဟုတ်ပဲ အခုဟာက ပြောင်းပြန် ဖြစ်နေတယ်။ တကယ် ညှိနှုန်းမှု ဖြစ်တဲ့ အခါ
နိုင်ငံခြားသားကတော့ ပြောမှာပဲ နောက်မှ စကားပြောမယ် လို့ ပြောမှာပဲ၊ ၁၉ ၉ ၄ တုန်းက ဆိုရင် ကချင် အဖွဲ့နဲ့ စကားပြောခဲ့ပါတယ်၊ အုပ်ချုပ်သူ အစိုးရက စစ်အစိုးရ ဖြစ်နေတဲ့ အတွက် ငါတို့ တရားဝင် အစိုးရ မဟုတ်ဘူး၊ ခဏ တာဝန်ယူထားတဲ့ အစိုးရသာ ဖြစ်တဲ့ အတွက် နောက်မှ ပြောရတာပေါ့၊ အခု လက်မှတ်ထိုးလိုက်ပါ လို့ ပြောလိုက်တယ်။ အဲဒီ တော့ နောက်မှသာ ပြောကြပါ ဆိုတဲ့ စကားအတွက် ကချင် အဖွဲ့တွေက နှစ်ပေါင်း များစွာ စောင့်ခဲ့ရတယ်။
ဒီ ကိစ္စမှာ အရင်ဆုံး စကား မပြောပဲနဲ့ လက်မှတ်ထိုးလိုက်ကြရအောင် ဆိုရင် အခုလို ပြောတဲ့ လူရဲ့ ရင်ထဲက စကား စစ်မှန်ဖို့ကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတော် အကြီးအကဲ ဆိုသူတွေရဲ့ လက်ဆောင်ပစ္စည်းများ ကို ဝေဖန်ခြင်း


သမ္မတ ဦး သိန်းစိန် မြစ်ကြီးနား ရောက်တော့ ရပ်မိ ရပ်ဖတွေ ဘာသာရေး ခေါင်းဆောင်တွေကို ဆန်အိတ်အလှူတွေ ပေးတယ် လို့ ပြောပါတယ်။

ဟိုး အရင်တုန်းကတော့ ဖုန်း ပါမစ် ခေတ်စားခဲ့ပါတယ်။ 

တခု စဉ်းစား လိုက်တယ်။

မြန်မာ့နိုင်ငံရေး လှည့်ကွက်


ခရိုင်းမီးယား ကို လေ့လာရန်လိုသည်။

ခရိုင်းမီးယား ကိစ္စ ဟာ classical democracy စနစ် ကို ရုရှား က ကောင်းကောင်း အသုံးချသွားတာ ဖြစ်ပါတယ်။

ခရိုင်းမီးယား ဒေသ ဟာ ယူကရိန်းနိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်တယ် ဆိုတာ သမိုင်း သက်သေ ရှိပေမယ့် အချိန်ကြာလာတာနဲ့အမျှ ရုရှား လူမျိုးတွေ အခြေချ နေထိုင်တာလာများသွားပါတယ်။ အခုတော့ လူများစုက ရုရှား ကို လိုလားသူတွေ ဖြစ်နေပါတယ်။

ဒီတော့… ရုရှား နိုင်ငံရဲ့နောက်ခံ လူတွေက ခရိုင်းမီးယား ဒေသ ကိုရုရှားပိုင်နက်ထဲ ထည့်သွင်းဖို့ လုပ်ဆောင်လာပါပြီ။

အရင်ကတည်းက ရှိနေတဲ့ တိုင်းရင်းသား လူနည်းစုတွေက လူများစု (ရုရှားလိုလားသူများ) ရဲ့ ဆန္ဒမြဲနဲ့ ယှဉ်ရင် ဘယ်လိုမှ နိုင်စရာ အကွက်မရှိဘူး ဆိုတာ ရုရှားက ကောင်းကောင်း သဘော ပေါက်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ ဥပဒေ အရ ဆိုရင် ဘယ်လိုမှ ယူကရိန်းနိုင်ငံရဲ့ အစိတ်အပိုင်း နယ်မြေတခု ကို ဘယ်လိုမှ ရုရှားကို ပေးလို့ မရ၊ အဲဒီ အတွက် အမေရိကန်က ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ မှာ အရေးပေါ် မူကြမ်း တင်သွင်းခဲ့တယ်။ ဒါပေမယ့် ရုရှားက ပယ်ချ လိုက်ပါတယ်။

Friday, March 14, 2014

ထိုင်းနိုင်ငံ အတွေ့အကြုံ

အခု ထိုင်းနိုင်ငံရေး အကြပ်အတည်းမှာ ထိုင်းနိုင်ငံအတွက် အကြီးဆုံး အမြတ်ကတော့ ထိုင်းနိုင်ငံသားတွေ နိုင်ငံရေး ဗဟုသုတ ကောင်းကောင်း သင်ယူနိုင်ကြပါတယ်။ ဘာဖြစ်လို့ ဆိုတော့ ထိုင်းနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ ပေးထားလို့ပါ။ မီဒီယာ တွေက အစိုးရကို ဖြစ်ဖြစ်၊ လူတစ်ဦးချင်းကို ဖြစ်ဖြစ်၊ နိုင်ငံရေး ပါတီကို ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ဝေဖန်နိုင်ကြပါတယ်။ အတိုက်အခံ နဲ့ အာဏာရပါတီ နှစ်ဖက်နိုင်ငံရေးခေါင်းဆောင်များရဲ့ ဟောပြောချက်များကို တီဗီ၊ FM Radio များမှ တိုက်ရိုက် ထုတ်လွင့်ကြပါတယ်။ အဲဒီ ဟောပြောချက်တွေကို ထိုင်းနိုင်ငံသားတိုင်းကလဲ စိတ်ဝင် တစား နားထောင်ကြတာပါ။

အဲဒါကတော့ အဆိုးထဲက အကောင်းပဲ ဖြစ်ပါတယ်။

မြန်မာ့ နိုင်ငံရေး အကြပ်အတည်း နှစ် ၆၀ လုံးလုံးမှာ မြန်မာနိုင်ငံသားများ ဘယ်သော အခါမှ မရဖူးတဲ့ အတွေ့အကြုံမျိုး ထိုင်းနိုင်ငံသားတွေ ရနေတာပါ။

ဒီတော့ ထိုင်းနိုင်ငံမှာ ဘယ်လောက်ပဲ နိုင်ငံရေး ရှုပ်ထွေးနေစေကာမူ၊ နိုင်ငံသားတိုင်းရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကျဆင်းလာခြင်း မရှိသလို၊ နိုင်ငံရေး အသိပညာလဲ ပိုမိုကြွယ်ဝ လာပါတယ်။ ထိုင်းနိုင်ငံရဲ့ ပညာတတ်မှု အဆင့်အတန်းမှာ မြန်မာနိုင်ငံနဲ့ သိပ်မကွာလှသော်လည်း နိုင်ငံရေး ဗဟုသုတ မှာတော့ မြန်မာနိုင်ငံသားတွေထက် အစပေါင်းများစွာ သာသွားရတဲ့ အချက်လဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အောက်ခြေသိမ်း လုပ်သားအနေနဲ့ လာရောက် အလုပ်လုပ် နေတဲ့ မြန်မာနိုင်ငံသားများပင် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အကြောင်းကို စိတ်ဝင် တစား ပြောကြပါတယ်။ တချို့ ဆိုရင် လူကိုယ်တိုင် အားသက်သရော ပါဝင် ကြတာပါ။ မြန်မာ့ နိုင်ငံရေး အကြောင်းတောင် ဒီလောက် တခါမှ မလုပ်ဖူး၊ မပြောဖူးသူများက ထိုင်းနိုင်ငံရေး အကြောင်းကို စိတ်ဝင်စားလာတာကလဲ ထိုင်းနိုင်ငံ ရောက်မှ ဖြစ်လာတဲ့ ပြောင်းလဲ မှု တွေပါ။

မြန်မာ့သမိုင်းမှာ ပျောက်နေတဲ့ အရာများ

မြန်မာ့သမိုင်း ဖတ်စာအုပ်မှာ ဘယ်တော့မှ မပါတဲ့၊ နောက်နောင်အခါလဲ ပါဖို့ မသေချာတဲ့ အဖြစ်မှန်ကတော့

တိုင်းရင်းသားတွေ ဘာဖြစ်လို့ တော်လှန်လာရသလဲ ဆိုတဲ့ အဖြစ်မှန်လေးပါ။

ဖတ်စာအုပ်တွေမှာ မပါရင်တောင် သက္ကသိုလ်တွေမှာ နိုင်ငံရေး သိပ္ဗံ ဘာသာရပ်၊ သမိုင်းဘာသာရပ်တန်းတွေမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရရင် မြန်မာ့သမိုင်း ပါမောက္ခများ ကို တိုင်းရင်းသား ကျောင်းသားတွေ မေးတဲ့ မေးခွန်းများ ဖြေဖို့ အခွင့်ပေးအုံးမလား…

နောက်ပြီး မြန်မာ့ သတင်းမီဒီယာများ လွတ်လပ်ခွင့် တကယ်ရခဲ့သော် ရုပ်မြင်သံကြားအစီအစဉ်တွေမှာ တိုင်းရင်းသားကျောင်းသားတွေနဲ့လွတ်လွတ်လပ်လပ် တိုက်ရိုက် (Live) ဆွေးနွေးရဲတဲ့ မြန်မာ့ ပညာရှင် ဘယ်လောက်ထွက်လာမလဲ…

အဲဒီ အခွင့်အရေး တွေက စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်မှာ မဖြစ်မနေရလာ ရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလို အခွင့်အရေး တွေ တရားဝင် ပိတ်ပင်ထားနိုင်မဲ့ မြန်မာ့နည်း မြန်မာ့ဟန် စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဆိုတာ ဖြစ်လာရကြောင်း ပါ။

တော်လှန်ရေး ဆိုတာ တည်ဆဲ ဥပဒေ ကို တော်လှန်နေတာ ဖြစ်တယ်။

တော်လှန်ရေး ဆိုတာ တည်ဆဲ ဥပဒေ ကို တော်လှန်နေတာ ဖြစ်ပါတယ်။ ဒီတော့ ဥပဒေ ဘောင်အတွင်းဝင်ပါ၊ လွတ်တော်ထဲ ၀င်ပြီး စကား ပြောပါ၊ ဆိုတာ တွေဟာ တည်ဆဲ ဥပဒေ ကို လက်ခံ ခိုင်းတာ ဖြစ်ပါတယ်။

ဒီနေ့ ကျနော်တို့ တိုင်းရင်းသားတွေ တော်လှန်နေတာ ဗမာ လူမျိုးတွေကို အသားလွတ် မုန်းတီ နေတာ မဟုတ်ပါ။ ကျနော်တို့ရဲ့ ရပိုင်ခွင့်ကို နည်းမျိုးစုံ နဲ့ ကန့်သတ်ထားတဲ့ အာဏာရှိသူ ဗမာ ခေါင်းဆောင်များ နဲ့ အပေါင်းအပါများ ပြုစုထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို တော်လှန်နေတာ ဖြစ်ပါတယ်။

ဒီတော့ တည်ဆဲ ဥပဒေ ဆိုတိုင်း တရားမျှတ တာ မဟုတ်၊ မမှန်တဲ့ ဥပဒေ ရှိနေလို့သာ မြန်မာပြည် ဆင်းရဲ နေတာဖြစ်ပါတယ်။ ဗမာလူမျိုးတွေ အင်္ဂလိပ် ကို မကြိုက်လို့တော်လှန်ခဲ့တာ သူတို့ရဲ့ ကိုလိုနီ စနစ် နဲ့ကျင့်သုံးခဲ့တဲ့ ဥပဒေ တွေကို တော်လှန်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် အခုသူတို့ မကြိုက်ခဲ့တဲ့ အင်္ဂလိပ်ခေတ်က နည်းဥပဒေတွေ ကျန်တိုင်းရင်းသားတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ သုံးနေဆဲ ဖြစ်တယ်။

အာဏာဖီဆန် တော်လှန်ရေး ဆိုတာ

အာဏာဖီဆန်တော်လှန်ရေး ဆိုတာ ဂန္ဒီ လုပ်ခဲ့တာ ကမ္ဘာက အသိအမှတ်ပြုပေးပါတယ်။ ဥပဒေ ကိုက မှားနေလို့ တော်လှန်ပါတယ် ဆိုမှပဲ တည်ဆဲ ဥပဒေ နဲ့ အရေးယူမယ် ဆိုတာကို ကြောက်နေရင် ဖက်ဒရယ် နဲ့ တော့ ဝေးနေရအုံးမှာပါ။ ရှင်းရှင်း ပြောရရင် အာဏာဖီဆန် တော်လှန်ရေး ဆိုတာ တည်ဆဲ ဥပဒေ အရ အုပ်ချုပ်နေတဲ့ အစိုးရ ယန္တရား တခုလုံး ရပ်တံ့သွားအောင် တော်လှန်နေတာ ဖြစ်ပါတယ်။

သန်းခေါင် စာရင်းကိစ္စမှာ စာရင်းပုံစံ မှားနေလို့ ပြင်ပေးပါ… ဆိုတာလဲ နားမထောင်.. ဗမာအစိုးရ က လုပ်ချင်တာလုပ်… မသိနားမလည်တဲ့ အလှူ့ရှင် နိုင်ငံတွေက သူတို့ အလုပ်ဖြစ်ဖို့လောက်သာ ကြည့်တယ် ဆိုရင်… သန်းခေါင်စာရင်းမထည့်ဘူး လို့ ကိုယ့်ဟာကိုယ် ငြင်းဆန်နိုင်ပါတယ်။ 

ငြင်းဆန်တာလောက်နဲ့ ထောင်ထဲ ပို့မယ် ဆိုရင် တမျိုးလုံး ဆိုရင်ကော…. ဘယ်ထောင်မှာ ပို့ထားမှာလဲ….

Wednesday, March 5, 2014

လူမျိုးပျောက်မှာ ပူစရာ မလို၊ ပြည်နယ်ပျောက်မှာ အရင်ပူ

သန်းခေါင်စာရင်းကိစ္စမှာ

တချို့ မျိုးနွယ်စုတွေက လူမျိုးပျောက်သွားမှာ စိုးရိမ်နေကြတယ်။ မြန်မာအစိုးရ စာရင်းမှာ နာမည်မပါပေမယ့် လူမျိုးမပျောက်ပါဘူး။ လူမျိုးပျောက်တယ် ဆိုတာ မျိုးနွယ်နဲ့ ဆိုင်တဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ထုံးတမ်းဓလေ့တွေ ပျောက်သွားမှ လူမျိုး ပျောက်တာပါ။ 

ဒီတော့ ကိုယ့် မျိုးနွယ်စု နဲ့ ဆိုင်တဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေ၊ ထုံးတမ်းဓလေ့တွေ မပျောက်ဖို့ ဆိုရင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ ကိုယ့် ကိုယ်ပိုင် ပြည်နယ် လိုအပ်တယ်။ အဲဒါမှ ကိုယ့် ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာကို ကိုယ့်စိတ်ကြိုက်ဖန်တီးလို့ ရမယ်။ အဲဒါကြောင့် ဖက်ဒရယ် လိုအပ်တယ် လို့ တိုင်းရင်းသား လက်နက်ကိုင်တွေက ပြောနေကြတာပါ။ အဲဒါကြောင့် ဒီ ရပ်တည်ချက်အပေါ် ဗမာအုပ်စု ကတော့ နည်းမျိုးစုံ နဲ့ တိုက်နေကြမှာပဲ။

မြန်မာပြည် ဖက်ဒရယ် လုပ်ရင် ကချင်ပြည်နယ်မှာ ရှိတဲ့ မျိုးနွယ်စု (ရှမ်း၊ ဗမာ က အစ) အားလုံးလဲ ကိုယ့်ဒေသ၊ ကိုယ့်မြို့နယ်အလိုက် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တွေ ရလာမှာ ဖြစ်တယ်။ ကိုယ့်ဒေသ အလိုက် ကြမ္မာကိုယ်ဖန်တီးခွင့် ရှိလာမှာ ဖြစ်တယ်။ ကိုယ့် ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများကို ထိမ်းသိမ်းခွင့် ရှိလာမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် ကချင်မျိုးနွယ်စု အားလုံးနဲ့ ဆိုင်တဲ့ ကချင်ပြည်နယ် ဆိုတာ ရှိနေဖို့ လိုအပ်တယ်။

Sunday, March 2, 2014

သန်းခေါင် စာရင်း ကိစ္စမှာ ဗမာခေါင်းဆောင်များ နိုင်ငံတကာကို ကောင်းကောင်း လှည့်စားခဲ့ကြတယ်။

သန်းခေါင်စာရင်း ဆိုတာ နိုင်ငံတနိုင်ငံအတွက် မရှိမဖြစ် ဆိုတာ လက်ခံတယ်။ သန်းခေါင်စာရင်းကောက်ခြင်းကို ကန့်ကွက်တာမဟုတ်။ ဒါပေမယ့်… 
UNFPA မှာ အလုပ်လုပ်တဲ့ နိုင်ငံခြားသား ၀န်ထမ်းတွေက ကျနော် ဒူဝါ တစ်ယောက် ဗမာ ခေါင်းဆောင်တွေ ပြုစုထားတဲ့ သန်းခေါင်စာရင်း ကုတ်နံပါတ် သုံးမျိုး (ကချင်၊ ဂျန်းဖေါ့၊ ခခူး) နဲ့ အကျူံးဝင်နေတယ် ဆိုတာ မသိဘူးလေ။ UNFPA ဌာနေကိုယ်စားလှယ် Ms. Janet Jackson သိတာ ရိုဟင်ဂျာ ဆိုတဲ့ နာမည်စာရင်းထဲ ပါလာဖို့ပဲ အာရုံ စိုက်နေတယ်။ အဲဒီ အချက်ကို ဗမာခေါင်းဆောင်တွေ ကောင်းကောင်းတွက်ထားခဲ့တယ်။ သူတို့ တကယ်ပဲ အောင်မြင်ခဲ့ပါတယ်။ UNFPA က နိုင်ငံခြားသား တွေ မပြောနဲ့ ဗမာ လွတ်တော်အမတ်မင်းများတောင် ဒီကိစ္စ မသိပါဘူး။ တိုင်းရင်းသား လွတ်တော်အမတ်များကလဲ အလုပ်ပြုတ်မှာပဲ ကြောက်နေသလား မသိ၊ ငြိမ်နေခဲ့ကြတယ်။

တကယ်တော့ လုံးဝ ကို မမှန်မကန် လုပ်ထားတဲ့ လှည့်ကွက် ပါ။ ဘာအတွက် လှည့်ကွက်လဲ လို့ ဆိုကြပါလိမ့်မယ်။ ရှင်း အောင်ပြောရရင် တိုင်းရင်းသား ပြည်နယ်တွေကို နာမည်ပြောင်းရင် နိုင်ငံတကာကို အပြ ကောင်းအောင်လို့ လုပ်ထားခြင်း ဖြစ်ပါတယ်။

ဥပမာ… ကျနော့လို ခခူး တွေက တချို့ ကချင်မှာ ထည့်မယ်၊ တချို့ ဂျိန်းဖေါ့မှာ ထည့်မယ်၊ တချို့ ခခူး မှာ ထည့်မယ်… အလားတူ တခြား ဂေါ်ရီ၊ ဒူလေန် ဆိုတာတွေ ရှိသေးတယ်။ ကချင်အားလုံး အနည်းဆုံး ကုတ်နံပါတ် ၂မျိုးထဲမှာ အကျူံးဝင်ကြတယ်။ ဒီတော့ ကချင် ဆိုတဲ့ လူမျိုး လူစာရင်းက မဖြစ်စလောက် ဖြစ်သွားမယ်။ ဒီတော့ ကချင်ပြည်နယ် ဆိုတဲ့ နာမည်က တကယ်မလိုအပ်ဘူး ဆိုတာ ဖြစ်လာမယ်။ တချို့က ကချင်မှာ ထည့်ရအောင် လို့ပြောတဲ့ အခါ ကိုယ့်လူမျိုး နာမည် ပြောက်မှာကိုတော့ မလိုလား… တကယ်တော့ လူမျိုးပျောက်မှာကို စိုးရိမ်စရာမရှိ ပြည်နယ် ပျောက်မှာသာ စိုးရိမ်စရာ ရှိတာ နားမလည်ကြ။

Saturday, March 1, 2014

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး (Nationwide Ceasefire) စာချုပ် အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များရဲ့ အခက်အခဲများ

(၁) ပြည်တွင်းစစ်ကို မြင်တဲ့ အမြင်အပေါ်မှာ မြန်မာ အစိုးရက လက်နက်ကိုင် ပဠိပက္ခလို့ မြင်တယ်၊ တိုင်းရင်းသား တွေက နိုင်ငံရေး ပဠိပက္ခ လို့ မြင်တယ်။

(၂) ပြည်ထောင်စု ပေါ်ပေါက်လာတဲ့ အမြင်အပေါ်မှာ မြန်မာ အစိုးရက ရှေးယခင် ဗမာ ဘုရင်များရဲ့  နယ်မြေသမိုင်းမှ ရပ်တည်လာခြင်း လို့ မြင်တယ်။ တိုင်းရင်းသား တွေက ပင်လုံညီလာခံ (ဗမာဘုရင်များရဲ့ နယ်မြေ နဲ့ တောင်တန်းဒေသ တိုင်းရင်းသားစော်ဘွား၊ ဒူဝါများရဲ့ နယ်မြေ ပူးပေါင်းခြင်း) မှ ဖြစ်ပေါ်လာခြင်း လို့ မြင်တယ်။

(၃) ငြိမ်းချမ်းရေး လို့ ပြောတဲ့ အခါ၊ မြန်မာအစိုးရ က အပစ်အခတ် ရပ်စဲရေး (Negative Peace) ကို ဆိုတယ်၊ တိုင်းရင်းသားတွေက လူနေမှုဘ၀ လုံးဝ လုံခြုံစိတ်ချရတဲ့ ဘ၀ (Positive Peace) ကို ဆိုလိုတယ်။ အဲဒီအတွက် ဖက်ဒရယ် စနစ် လိုအပ်တယ် လို့ မြင်တယ်။ အကြောင်းကတော့ ဗမာစစ်တပ်တစ်ခုထဲရဲ့ အောက်မှာ ဘယ်လိုမှ မငြိမ်းချမ်းနိုင်တာ တိုင်းရင်းသားတွေသာ ဓါတ်သိဖြစ်တယ်။ ပြည်တွင်းစစ် မဖြစ်ခင်ကတည်းက တိုင်းရင်းသားတွေ အပေါ် ဗမာ စစ်တပ်ရဲ့ သတ်ဖြတ်မှု သမိုင်းရှိခဲ့ဖူးတယ်။ ဗမာ ဘုရင်များရဲ့ စစ်တပ်မှ အစ၊ ဂျပန်ခေတ် ဘီအိုင်အေ ခေါ် ဗိုလ်ချုပ်အောင်ဆန်းတပ်မှ တိုင်းရင်းသားဒေသ၊ အထူးသဖြင့် လက်နက်မဲ့ ခရစ်ယာန်တိုင်းရင်းသားတွေ အပေါ် သတ်ဖြတ်ခဲ့တာ သမိုင်းမှာ ရှိခဲ့တယ်။ အဲဒါကြောင့် တိုင်းရင်းသားတွေ ဗမာအုပ်ချုပ်မှု အောက်မှာ နေထိုင်ဖို့ ကြောက်လာရခြင်း ဖြစ်တယ်။ အခု မူဆလင် ကို လုပ်သလို တနေ့ ခရစ်ယာန်တွေ အပေါ် ပြန်မလုပ်ဘူး လို့ပြောလို့မရပါ။ (ဟုတ်ကဲ့ အခုလဲ စစ်တပ်ကတော့ လစ်ရင် လစ်သလို လုပ်နေမြဲပါ၊ မြို့ပေါ်က ဗမာ ပြည်သူတွေ ပြန်လုပ်လာမှာ ကို ဆိုလိုတာပါ။)

Friday, February 28, 2014

လာခီးလာ ညီလာခံသို့ တင်ပြသော အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း

အစိုးရ ပြည်ထောင် စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီသည်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် တနိုင်ငံ လုံးအပစ် အခတ်ရပ် စဲရေး စာချုပ် ချုပ်ဆိုရေး အတွက်၎င်းတို့ချုပ် ဆိုလိုသည့် စာချုပ် မူကြမ်းကို ပြီးခဲ့သည့် ဇန္နာရီလ အကုန်ပိုင်း တွင် ကရင် အမျိုးသားအစည်း အရုံး (KNU) နယ်မြေ လောခီးလာ စခန်း၌ ကျင်းပသော ဒုတိယ အကြိမ်  တိုင်းရင်း သားလက်နက် ကိုင်ညီလာ ခံသို့ တင်ပြ ထား ပါသည်။
၎င်းတို့၏ စာချုပ် မူကြမ်း ကို (PDF) ဖိုင်ဖြင့် ရထား သဖြင့် ရွှေဟင်္သာ သတင်းဌာန မှပြန်လည်ရိုက်နှိပ်ပြီး အောက်ပါ အတိုင်း တင်ပြလိုက် ပါသည်။
-လှို့ဝှက်-
ပြည်ထောင်စု သမ္မတမြန်မာနို င်ငံ၏ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူ ညီချက်
(မူကြမ်း)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရနှင့် တိုင်းရင်း သားလက် နက်ကိုင် အဖွဲ့အ စည်းများ အကြား ချုပ်ဆိုသည့် တနိုင်ငံ လုံးဆိုင်ရာ အပစ်အ ခတ်ရပ် စဲရေး သဘောတူ ညီချက်သည်ယခင်က သဘောတူ ချုပ်ဆိုခဲ့သော သဘောတူညီ ချက်များ အားပြန် လည်အမှတ်ရခြင်း ၊အသိအ မှတ်ပြုခြင်း၊ ပိုမိုခိုင် မာစေခြင်းနှင့် ထပ်ဆင့် အတည်ပြုခြင်း ဖြစ်ပြီး အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှု မှတဆင့် တည်တံ့ခိုင်မြဲ သည့်ငြိမ်းချမ်းရေး ရရှိရေး ကိုဦးတည် ပါသည်။
နိဒါန်း
ဤသဘော တူညီချက်ကိုလက်မှတ်ရေး ထိုးသည့်ကျွန်ုပ်တို့အားလုံး သည် -

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်