Friday, March 14, 2014

ထိုင်းနိုင်ငံ အတွေ့အကြုံ

အခု ထိုင်းနိုင်ငံရေး အကြပ်အတည်းမှာ ထိုင်းနိုင်ငံအတွက် အကြီးဆုံး အမြတ်ကတော့ ထိုင်းနိုင်ငံသားတွေ နိုင်ငံရေး ဗဟုသုတ ကောင်းကောင်း သင်ယူနိုင်ကြပါတယ်။ ဘာဖြစ်လို့ ဆိုတော့ ထိုင်းနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ ပေးထားလို့ပါ။ မီဒီယာ တွေက အစိုးရကို ဖြစ်ဖြစ်၊ လူတစ်ဦးချင်းကို ဖြစ်ဖြစ်၊ နိုင်ငံရေး ပါတီကို ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ဝေဖန်နိုင်ကြပါတယ်။ အတိုက်အခံ နဲ့ အာဏာရပါတီ နှစ်ဖက်နိုင်ငံရေးခေါင်းဆောင်များရဲ့ ဟောပြောချက်များကို တီဗီ၊ FM Radio များမှ တိုက်ရိုက် ထုတ်လွင့်ကြပါတယ်။ အဲဒီ ဟောပြောချက်တွေကို ထိုင်းနိုင်ငံသားတိုင်းကလဲ စိတ်ဝင် တစား နားထောင်ကြတာပါ။

အဲဒါကတော့ အဆိုးထဲက အကောင်းပဲ ဖြစ်ပါတယ်။

မြန်မာ့ နိုင်ငံရေး အကြပ်အတည်း နှစ် ၆၀ လုံးလုံးမှာ မြန်မာနိုင်ငံသားများ ဘယ်သော အခါမှ မရဖူးတဲ့ အတွေ့အကြုံမျိုး ထိုင်းနိုင်ငံသားတွေ ရနေတာပါ။

ဒီတော့ ထိုင်းနိုင်ငံမှာ ဘယ်လောက်ပဲ နိုင်ငံရေး ရှုပ်ထွေးနေစေကာမူ၊ နိုင်ငံသားတိုင်းရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကျဆင်းလာခြင်း မရှိသလို၊ နိုင်ငံရေး အသိပညာလဲ ပိုမိုကြွယ်ဝ လာပါတယ်။ ထိုင်းနိုင်ငံရဲ့ ပညာတတ်မှု အဆင့်အတန်းမှာ မြန်မာနိုင်ငံနဲ့ သိပ်မကွာလှသော်လည်း နိုင်ငံရေး ဗဟုသုတ မှာတော့ မြန်မာနိုင်ငံသားတွေထက် အစပေါင်းများစွာ သာသွားရတဲ့ အချက်လဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အောက်ခြေသိမ်း လုပ်သားအနေနဲ့ လာရောက် အလုပ်လုပ် နေတဲ့ မြန်မာနိုင်ငံသားများပင် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အကြောင်းကို စိတ်ဝင် တစား ပြောကြပါတယ်။ တချို့ ဆိုရင် လူကိုယ်တိုင် အားသက်သရော ပါဝင် ကြတာပါ။ မြန်မာ့ နိုင်ငံရေး အကြောင်းတောင် ဒီလောက် တခါမှ မလုပ်ဖူး၊ မပြောဖူးသူများက ထိုင်းနိုင်ငံရေး အကြောင်းကို စိတ်ဝင်စားလာတာကလဲ ထိုင်းနိုင်ငံ ရောက်မှ ဖြစ်လာတဲ့ ပြောင်းလဲ မှု တွေပါ။



ဒီတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံသားများ အပေါက်စောင့် ဥပဒေ လောက်ကို မျိုးစောင့် ဥပဒေ ဆိုပြီး ထင်ယောင် ထင်မှား ဖြစ်နေကြတာ မြန်မာ နိုင်ငံသားတွေရဲ့ နိုင်ငံရေး ဗဟုသုတ ဘယ်အဆင့်မှာ ရှိနေတယ် ဆိုတာ နားလည်မှာပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်