Friday, March 14, 2014

တော်လှန်ရေး ဆိုတာ တည်ဆဲ ဥပဒေ ကို တော်လှန်နေတာ ဖြစ်တယ်။

တော်လှန်ရေး ဆိုတာ တည်ဆဲ ဥပဒေ ကို တော်လှန်နေတာ ဖြစ်ပါတယ်။ ဒီတော့ ဥပဒေ ဘောင်အတွင်းဝင်ပါ၊ လွတ်တော်ထဲ ၀င်ပြီး စကား ပြောပါ၊ ဆိုတာ တွေဟာ တည်ဆဲ ဥပဒေ ကို လက်ခံ ခိုင်းတာ ဖြစ်ပါတယ်။

ဒီနေ့ ကျနော်တို့ တိုင်းရင်းသားတွေ တော်လှန်နေတာ ဗမာ လူမျိုးတွေကို အသားလွတ် မုန်းတီ နေတာ မဟုတ်ပါ။ ကျနော်တို့ရဲ့ ရပိုင်ခွင့်ကို နည်းမျိုးစုံ နဲ့ ကန့်သတ်ထားတဲ့ အာဏာရှိသူ ဗမာ ခေါင်းဆောင်များ နဲ့ အပေါင်းအပါများ ပြုစုထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို တော်လှန်နေတာ ဖြစ်ပါတယ်။

ဒီတော့ တည်ဆဲ ဥပဒေ ဆိုတိုင်း တရားမျှတ တာ မဟုတ်၊ မမှန်တဲ့ ဥပဒေ ရှိနေလို့သာ မြန်မာပြည် ဆင်းရဲ နေတာဖြစ်ပါတယ်။ ဗမာလူမျိုးတွေ အင်္ဂလိပ် ကို မကြိုက်လို့တော်လှန်ခဲ့တာ သူတို့ရဲ့ ကိုလိုနီ စနစ် နဲ့ကျင့်သုံးခဲ့တဲ့ ဥပဒေ တွေကို တော်လှန်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် အခုသူတို့ မကြိုက်ခဲ့တဲ့ အင်္ဂလိပ်ခေတ်က နည်းဥပဒေတွေ ကျန်တိုင်းရင်းသားတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ သုံးနေဆဲ ဖြစ်တယ်။


တိုင်းရင်းသားတော်လှန်ရေး သမားတွေ ပြောနေတဲ့ နိုင်ငံရေးလမ်းစဉ်ဟာလဲ ခေတ်နောက်ကျနေတဲ့ လမ်းစဉ် မဟုတ်၊ ဗမာ အစိုးရ သာ ခေတ်နောက်ပြန်ဆွဲနေလို့ မပြီးနိုင်တာ ဖြစ်တယ်။ နိုင်ငံတကာ က နိုင်ငံရေး နားလည်သူပညာရှင် အစစ်အမှန် (အာဏာရှင်ပေါင်းစားနေသူများ မဟုတ်သော ပညာရှင်) များ ဓါတ်သိ ပါ။ ပညာရှင်အဆင့် စကော်လာ တွေရဲ့ စာတမ်း တော်တော်များများမှာလဲ တိုင်းရင်းသား တွေ တောင်းဆိုချက် နိုင်ငံရေး လမ်းစဉ် ကို မှန်ကန်ကြောင်း အသိအမှတ်ပြုထားပါတယ်။

ဥပမာ တခု ပြောမယ်။

ပဒေသရာဇ် ခေတ်၊ ကိုလိုနီခေတ်တွေ မှာသာ သုံးခဲ့တဲ့ ဗဟိုဦးစီးစနစ် (Centralized administration system) ကို မြန်မာပြည်မှာ လွတ်လပ်ရေး ရကတည်းက အခုထိ သုံးနေဆဲ ဖြစ်တယ်။ အစိုးရ နာမည်သာ အမျိုးမျိုး ပြောင်းသွားပေမယ့် အုပ်ချုပ်ပုံ ယန္တရား အားလုံး အတူတူ ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ တော်လှန်ရေး စခဲ့တာလဲ အဲဒီ စနစ်ကို မလိုလားလို့ ဖြစ်ပါတယ်။ အဲဒီ စနစ် ကို ခေတ်သစ် ဒီမိုကရေစီ နိုင်ငံရေး မူဘောင်အတွက် ဘယ်နိုင်ငံမှ မသုံးတော့ပါ။ သုံးဖို့လဲ မသင့်တော်တော့လို့ ဖြစ်ပါတယ်။ နိုင်ငံရေး သုသေတီ အားလုံး သဘောတူထားတဲ့ ဒီမိုကရေစီ ဆိုတာ ဗဟိုချုပ်ကိုင်မှု စနစ် လျှော့ချရေး (Decentralization) သာ ဖြစ်ပါတယ်။

Federal Democracy ဆိုတာလဲ Decentralized administration ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Decentralization လုပ်ထားတိုင်း ဖက်ဒရယ်တော့ မဟုတ်ပါ။ ဖက်ဒရယ်တိုင်းမှာ ဗဟိုချုပ်ကိုင်မှု စနစ် ကို အတိုင်းအတာ တခုထိသာ လက်ခံ (limit) ထားခြင်း ဖြစ်ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာက အဲဒီလို နိုင်ငံရေး လမ်းစဉ်အစား နည်းမျိုးစုံသုံးပြီး လူတစ်စု က ကြိုက်သလို ချယ်လည်နိုင်တဲ့ နည်းဥပဒေ ကို လုပ်ထားခြင်း ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံမှာ လူမျိုး တစ်မျိုးမျိုးကို ဦးစားပေးသလိုလို လုပ်ထားပြီး လူများစုရဲ့အကာအကွယ် အောက်မှာ လူနည်းစုများက ကြိုက်သလို ချယ်လည်ခွင့်ရ အောင် ဖန်တီးယူတာ အာဏာရှင် နိုင်ငံရေး လမ်းစဉ် ဖြစ်ပါတယ်။

ဦးနုမှ အစ ဦးနေ၀င်း လက်ထက်မှာ ဗမာလူထုကို အကာအကွယ်သူပြီး သူတို့ လူနည်းစုကသာ စိတ်ကြိုက်လုပ်သွားတယ်။ နောက်တဆင့် အနေနဲ့ ဦးသန်းရွှေ လက်ထက်မှာ ဗမာလူထုထဲမှ စစ်မိသားစု အုပ်စု ကို အကာအကွယ်ယူပြီး မကွေးသားတွေ နေရာယူလာတယ်။

ဒီနေ့ခေတ် ၀ူတိန်းရှိန် ကတော့ အပေါက်စောင့် လူထုကို အကာအကွယ်ယူ ပြီး ဘာတွေ လုပ်အုံးမလဲ မသိတော့ပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်