Showing posts with label ဗီဒီယိုသတင်း. Show all posts
Showing posts with label ဗီဒီယိုသတင်း. Show all posts

Wednesday, March 26, 2014

လန်ဒန်မှာ လူဖြူတွေ လူနည်းစု ဖြစ်လာ


၂၀၁၁ ခုနှစ် သန်းခေါင် စာရင်း စစ်တမ်း အရ ဗြိတိန်နိုင်ငံ လန်ဒန် မြို့မှာ အင်္ဂလိပ် လူမျိုး လူဖြူ တွေက စုစုပေါင်း လူဦးရေ ရဲ့ ၄၅ % သာရှိပြီး လူနည်းစု ဖြစ်လာရကြောင်း သိရပါတယ်။

အဲဒီ အကြောင်းအရာ နဲ့ ပတ်သက်ပြီး နိုင်ငံရေး ခေါင်းဆောင်များပါဝင်တဲ့ တီဗီ တိုက်ရိုက် ထုတ်လွင့်မှု မှာ ပြောကြဆိုကြတဲ့ အထဲမှာ လူဖြူ လူငယ် တစ်ယောက်က အဲဒီလို ဖြစ်လာရတာဟာ ကောင်းသလား၊ ဆိုးသလား? ဆိုတဲ့ မေးခွန်း မေးခဲ့ပါတယ်။ 

ပြန်ဖြေတဲ့ လူဖြူ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် ပြောသွားတာဟာ အင်မတန် လေးစားစရာ ကောင်းပါတယ်။ သူပြောသွားတဲ့ အထဲမှ တချို့ ရေးပြပါမယ်။

ဟုတ်ကဲ့.. ဒီ အကြောင်းအရာ နဲ့ ပတ်သက်ပြီး ကျနော် လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကျနော့ ပါတီအစည်းအဝေး မှာ ပြောဖူးပါတယ်။ ကျနော်တို့ဆီမှာ လူဖြူ မဟုတ်တဲ့ လူတွေ မွေးဖွါးနှုန်းမြန်တယ်၊ ဒီနိုင်ငံမှာ မွေးလာတဲ့လူတွေ များလာတယ်၊ ဟုတ်ပြီ၊ ကျနော်တို့ ဘယ်သူမှ သမိုင်းကို နောက်ပြန်ရစ်လို့ မရဘူး။ ဒီတော့ ဒီနိုင်ငံမှာ မွေး၊ ဒီနိုင်ငံမှာ ဥပဒေ အရ တရားဝင် ကြီးပြင်းလာတဲ့ မည်သည့် လူမျိုး၊ အသားအရောင်မဆို ဒီနိုင်ငံရဲ့ ဥပဒေ ချိုးဖေါက်မှုမျိုး မလုပ်ဘူး ဆိုရင် နိုင်ငံ့ ကောင်းကျိုးအတွက် အကောင်းဆုံး ဖြစ်အောင် တည်ဆောက်ယူရမယ်။ အားလုံးကို တန်းတူ အခွင့်အရေး နဲ့ ကြိုးစား ရပ်တည်ခွင့် ပေးရမယ်။ ဒါမှလဲ ဒီနိုင်ငံလဲ တိုးတက်လာမှာ ဖြစ်တယ်။ လို့ ဆိုပါတယ်။

သူတို့ ဆီမှာ ဒီလို အမျော်အမြင်ကြီးတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ရှိနေလို့လဲ ဒီလို ဘ၀မျိုး ပိုင်ဆိုင်နိုင်တာ မဆန်းပါ။

ဗီဒီယို သတင်း ကြည့်လိုသူများအတွက် လင့်

https://www.facebook.com/photo.php?v=609529589139884

သန်းခေါင် စာရင်း ကိစ္စ ပြောကြဆိုကြ

အခုတလော သန်းခေါင် စာရင်း က သိပ် ကို အလောတကြီး ဖြစ်နေပုံ ရပါတယ်။

(၁) အလှူရှင်နိုင်ငံများ ဆိုတဲ့ နေရာမှာ ကမ္ဘာဘဏ် အဖွဲ့သားတွေက မြန်မာပြည်မှာ ဈေးကွက်စီးပွါးရေး အတွက် ရင်းနှီးမြုပ်နှံဖို့ ဒေတာ လိုအပ်နေတာ အမှန် ဖြစ်တယ်။

(၂) ဗမာ အစိုးရ ကတော့ ရတဲ့ အခွင့်အရေး ကို ထိထိမိမိ ဗမာ အတွက် အကျိုးရှိရှိ အသုံးချတယ်။ အဲဒီလို နေရာမှာ ဗမာ အုပ်စု အားလုံး ညီသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် က အစ၊ ရုပ်ရှင်အဖွဲ့သားများ အဆုံး လက်တွဲညီသွားတယ်။

(၃) DVB အထူးအစီအစဉ်မှာ ပြောကြဆိုကြတဲ့ အထဲမှာ နားထောင်ရင် သိနိုင်ပါတယ်။

Thursday, March 20, 2014

္လဒီမိုကရေစီ ပြောင်းပြန် မှအစ အပစ်ရပ် ပြောင်းပြန်သို့

တကယ်တမ်း အပစ်ရပ် ဖို့ ဆိုရင် အင်အားကြီးသူတွေရဲ့ သဘောထားက စစ်မှန်ဖို့ လိုတယ် လို့ ၀ါရင့် သတင်းစာ ဆရာကြီး ဘာတေ လက်တ်နာ ပြောလိုက် ပါတယ်။

မတ်လ ၁၇ နေ့ ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ခန်းမ မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါ အရင်ဆုံး စကားပြောမယ် ပြီးတော့မှ သဘောတူညီချက်ကို နောက်မှ ယူရမယ် ဖြစ်တယ်။ အဲလို မဟုတ်ပဲ အခုဟာက ပြောင်းပြန် ဖြစ်နေတယ်။ တကယ် ညှိနှုန်းမှု ဖြစ်တဲ့ အခါ
နိုင်ငံခြားသားကတော့ ပြောမှာပဲ နောက်မှ စကားပြောမယ် လို့ ပြောမှာပဲ၊ ၁၉ ၉ ၄ တုန်းက ဆိုရင် ကချင် အဖွဲ့နဲ့ စကားပြောခဲ့ပါတယ်၊ အုပ်ချုပ်သူ အစိုးရက စစ်အစိုးရ ဖြစ်နေတဲ့ အတွက် ငါတို့ တရားဝင် အစိုးရ မဟုတ်ဘူး၊ ခဏ တာဝန်ယူထားတဲ့ အစိုးရသာ ဖြစ်တဲ့ အတွက် နောက်မှ ပြောရတာပေါ့၊ အခု လက်မှတ်ထိုးလိုက်ပါ လို့ ပြောလိုက်တယ်။ အဲဒီ တော့ နောက်မှသာ ပြောကြပါ ဆိုတဲ့ စကားအတွက် ကချင် အဖွဲ့တွေက နှစ်ပေါင်း များစွာ စောင့်ခဲ့ရတယ်။
ဒီ ကိစ္စမှာ အရင်ဆုံး စကား မပြောပဲနဲ့ လက်မှတ်ထိုးလိုက်ကြရအောင် ဆိုရင် အခုလို ပြောတဲ့ လူရဲ့ ရင်ထဲက စကား စစ်မှန်ဖို့ကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

Wednesday, February 27, 2013

လွတ်တော် ဥက္ကဌ ဦးသူရ ရွှေမန်းကို ကချင်စီးပွါးရေး လုပ်ငန်းရှင် ဦးယွပ်ဇော်ခေါင် ရဲ့ ဆွေးနွေးတင်ပြချက်

 
Jade Land Company Ltd. ဥက္ကဌ ဖြစ်တဲ့ ဦးယွပ်ဇော်ခေါင် ကချင်အရပ်သား တစ်ယောက် အနေနဲ့ လွတ်တော် ဥက္ကဌ သူရရွှေမန်း နဲ့ တွေ့စုံပွဲမှာ တင်ပြချက်များ ဖြစ်ပါတယ်။ 


သူ တင်ပြတဲ့ အချက်အချို့ကတော့...

(၁) ကေအိုင်အို ဟာ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရေး ကို ယုံကြည်တဲ့ နည်းတူ၊ ၁၉၉၄ ခုနှစ် အပစ်ရပ်ထားပြီး နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးဖို့ စောင့်ခဲ့တယ်။ ဒါပေမယ့် စစ်အစိုးရ လက်ထက် တလျှောက်လုံး နောင်တက်လာတဲ့ အစိုးရ နဲ့ နိုင်ငံရေး စကားပြောကြပါ၊ လို့ ပြောခဲ့တယ်။ ဒါကြောင့် အစိုးရ သစ်နဲ့ နိုင်ငံရေး အရ စကားပြောနိုင်ဖို့ ၂၀၀၈ အခြေခံဥပဒေ ကိုတောင် အပြုသဘောဆောင်တဲ့ ထောက်ခံမှု ပေးခဲ့တယ်။ ပါတီလဲ ဖွဲ့ခဲ့တယ်။ အစိုးရသစ်မှာ ပါဝင်နိုင်ဖို့ စောင့်နေခဲ့ရင်းနဲ့ပဲ ကေအိုင်အို လုံးဝ မမျော်လင့်ထားတဲ့ နယ်ခြားစောင့်တပ် လုပ်ခိုင်းခဲ့တယ်။ တပြိုင်ထဲမှာပဲ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းပါ ခံလိုက်ရပါတယ်။ ကချင်လူထုက အံ့သြခဲ့ရပါတယ်။

Sunday, February 17, 2013

ဗြိတိန် စစ်တပ်အတွက် အထူးထုတ်လုပ်ပေးတဲ့ မောင်းသူမဲ့ ရဟတ်ယဉ် အကြောင်းပါ။




ရန်သူနယ်မြေ အတွင်း ကင်းထောက် နိုင်သည့် ၈ လက်မ အရွယ်ရှိ Black Hornet မောင်းသူမဲ့ ရဟတ်ယာဉ်

လက်ဖဝါး ပုံစံရှိပြီး သေးငယ်သည့် ရဟတ်ယာဉ်ကို အမှတ်တမဲ့ ကြည့်ပါက ကလေးငယ်များ ကစားသည့် ရဟတ်ယာဉ်ဟု ထင်ရနိုင်ဖွယ် ရှိသည်။

သို့သော် သေးငယ်ပြီး အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် မောင်းနှင်နိုင်သည့် ယင်းမောင်းသူမဲ့ ရဟတ်ယာဉ်သည် တာလီဘန် စစ်သွေးကြွများကို တိုက်ခိုက်ရန် အတွက် ဗြိတိန် စစ်တပ်က အထူးထုတ် ထားသည့် နောက်ဆုံးပေါ် လက်နက်တစ်ခု ဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်အား Black Hornet ဟု အမည် ပေးထားပြီး ၈ လက်မ အရွယ် မောင်းသူမဲ့ ရဟတ်ယာဉ်ကို ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည်။ အလေးချိန် ၁၅ ဂရမ် သာရှိ သည့် ၎င်းရဟတ်ယာဉ်၏ ထိပ်ဖျားတွင် ကင်မရာ သုံးခု တပ်ဆင် ထားသည်။

Wednesday, February 13, 2013

ဒူဝါ ဟော်ဝါး ဇော်လှ ရဲ့ ပြည်ထောင်စု နေ့ အခန်းအနား မိန့်ခွန်း

ပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့သော ဟော်ဝါး ဒူဝါ ခွန်ဖုန်း (နိုင်ငံ့ဂုဏ်ရည် ပထမ ဆင့်) ရဲ့ မြေး၊ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆိုရန် နိုင်ငံတော် သမ္မတ အကြံပေး ဒေါက်တာ ဦးမြင့် ကို အကြံပေးခဲ့သူ ဟော်ဝါး ဇော်ဂမ်ရဲ့ သား အရင်း၊ ဒူဝါ ဟော်ဝါး ဇော်လှ ရဲ့ ဂျပန်မှာ ပြုလုပ်သော တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ ပြည်ထောင်စု နေ့ အခန်းအနား မိန့်ခွန်း ဖြစ်ပါတယ်။


Thursday, January 24, 2013

လိုင်ဇာကို ကချင်ပြည်နယ် မြို့တော်လို့ ဆိုတဲ့ CCTV




ရန်ကုန်မှာရောက်နေတဲ့ တရုတ်အစိုးရ မီဒီယာ ဖြစ်တဲ့ CCTV သတင်းထောက် ပေးပို့တဲ့ ကချင်ပြည်နယ် တိုက်ပွဲ အကြောင်းမှာ

လိုင်ဇာ ကို ကချင်ပြည်နယ် ရဲ့ မြို့တော် (the Capital of Kachin State) လို့ သုံးနှုန်းသွားပါတယ်။ ဗမာ တွေက ကချင်တွေရဲ့ မြို့တော်ထိ သွားတိုက်တယ် ပေါ့။

လောကပါလ တရား အနေနဲ့ ကြည့်မယ် ဆိုလဲ ဟုတ်နေတာပဲ။ ကချင်ပြည်နယ် ဆိုမှ ကချင်တွေ အုပ်ချုပ်တဲ့ မြို့ဟာ မြို့တော် ဖြစ်ရမှာလေ။

Wednesday, January 23, 2013

ဝ ပြည်ကတော့ သီးသန့် နေတော့မယ်။



အစိုးရ က ရွေးကောက်ပွဲလုပ်ပြီး လွတ်တော်ထဲမှာ ၀င်ဖို့ ပြောတယ်။ ပြီးတော့ ငါတို့ တပ်တွေကို နယ်ခြားစောင့်တပ် ဖွဲ့ခိုင်းတယ်။ စစ်တပ်ကို သီးသန့်ဖယ်ထုတ်ဖို့ လုပ်တာပါ။ ဘယ်ရမလဲ... ငါတို့လဲ အစိုးရ ပဲ.... နယ်ခြားစောင့်တပ်တော့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ ကျနော်တို့ နှစ်ပေါင်း ၃၀ လောက် ချွေးနဲ့ သွေးနဲ့ တည်ဆောက်ခဲ့ရတဲ့ တပ်မတော်ပဲ၊ ကျနော်တို့ လက်ထဲမှာပဲ ရှိရမယ်။

 

ငါတို့က သူများနယ် ကို သွားမကျူးကျော်ဘူး။ ငါတို့ ၀ ပြည်ကို လာတိုက်ရင်လဲ ဘယ်အဖွဲ့ ဖြစ်ဖြစ် ရွှံ့ရွှံ့ချွံချွံ ပြန်တိုက်မှာပဲ။ ကိုယ့်ပြည်နယ် ကိုယ် ကာကွယ်ခွင့် အပြည့်ရှိပါတယ်။

Monday, January 21, 2013

ဇန်န၀ါရီလ ၂၁ ရက်နေ့ Aljazeera ရုပ်သံမှာ ထုတ်လွင့်တဲ့ လိုင်ဇာ တိုက်ပွဲ



မြန်မာ အစိုးရဟာ ကိုယ့်ဟာကိုယ် အပစ်ရပ်ကြေငြာထားတာကို ကိုယ်ဟာကိုယ် ပြန်ချိုးဖေါက်နေတယ်။ သမ္မတ သိန်းစိန် က ရန်ကုန်မှာ နိုင်ငံတကာ အဖွဲ့အစည်းများကို အပစ်ရပ်ထားဖို့ အမိန့်ပေးထားပါတယ် လို့ ပြောနေချိန်၊ စစ်တပ်က ရှေ့တန်းမှာ ထိုးစစ်ဆင်နေတယ်။ ဆိုတဲ့ အကြောင်းပါ။

ကေအိုင်အေ အရာရှိပြောတာက..

"ကျနော်တို့ကို အထက်က ညွန်ကြားထားတာရှိတယ်။ သူတို့ အရင် မပစ်ရင် ကိုယ်က အရင် မပစ်ဖို့.. ဒါပေမယ့် အခုလို သူတို့က ငါတို့ စခန်းတွေကို ထိုးစစ်ဆင်နေတော့ မဖြစ်မနေ ကိုယ့်ဟာကိုယ် ကာကွယ်ရတာပဲ။"

Saturday, January 19, 2013

နောက်ထပ် ဒါမျိုး အနိဌာရုံ ထပ် မမြင်ရလေ အောင်





(လဂျားယန်တိုက်ပွဲ မှတ်တမ်း ပါ)

ဘာရည်ရွယ်ချက်နဲ့မှ တင်တာတော့ မဟုတ်ပါ.. နောက်ထပ် ဒါမျိုး အနိဌာရုံ ထပ် မမြင်ရလေ အောင် ၀ိုင်းလုပ် ၀ိုင်း ပြော ရအောင်လို့ပါ။ စစ်သွေးကြွ စကားပဲ ပြောရင်တော့ နောက်ထပ် ဒါမျိုးလေးတွေပဲ တွေ့နေရမှာပဲ။ မဖြစ်သင့်ပဲ ဖြစ်နေရတယ် လို့ မြင်ပါတယ်။ တကယ်တော့ စားပွဲပေါ်မှာ ဖြေရှင်းလို့ ရနေရဲ့သားနဲ့ စားပွဲပေါ် ကို ရောက်မလာ အောင် တမင်တကာ တွန်းထုတ်တဲ့ လူတစ်စု ကြောင့် ဖြစ်နေရတာပါ။

ယနေ့ခေတ်ဟာ မရှိ မာန တွေ ထောင်လွှားနေရမဲ့ အချိန် မဟုတ်တော့ပါ။ မြန်မာ နိုင်ငံကို အများတကာ အထင်အမြင်သေးပြီး ဆက်ဆံခံနေရတာကိုလဲ ကျနော်တို့ နိုင်ငံသားအားလုံး ညီတူမျှတူ ခံစားရတာပါပဲ။ ကချင်လူမျိုးတွေလဲ မြန်မာ နိုင်ငံသား ဖြစ်ရခြင်းအတွက် ဂုဏ်ယူချင်ပါတယ်။ အထင်သေးတာကိုတော့ မခံချင်ကြပါဘူး။ မြန်မာ နိုင်ငံနဲ့ ဆိုင်တဲ့ ကောင်းသတင်းပဲ ကြားချင်ကြပါတယ်။ တကယ်ပဲ လက်တွေ့မှာ လူမျိုးအချင်းချင်း ရိုသေလေးစား ခြင်းနဲ့ အောက်ခြေက စပြီး လုပ်ရမှာပါ။ မခံချင်အောင် ထိုးနက် စကားနာထိုးနေလို့ ပြီးနိုင်မှာ မဟုတ်ပါ။

ဇန်န၀ါရီလ ၁၉ မနက်ပိုင်း တိုက်ပွဲ...

Sunday, January 13, 2013

ကချင်ခရစ်ယာန် သင်းထောက်တစ်ပါးကို ဗမာစစ်သားများ ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်တယ်။

ကျနော်တို့က ၁၉၉၄ ကတည်းက အပစ်ရပ်ပြီးသား..






၂၀၁၂ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ လုပ်တဲ့ UNFC အစည်းအဝေး မှာ ကေအိုင်အို အတွင်းရေးမှူး ဒေါက်တာ လဂျာ ကနေ တဖန် တိုက်ပွဲ ဖြစ်လာရတဲ့ အကြောင်းကို ရှင်းလင်း နေခြင်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကတည်းက ကေအိုင်အို အနေနဲ့ အပစ်ရပ်လက်မှတ်ထိုး တာဟာ နိုင်ငံရေး ဆွေးနွေးဖို့ ဖြစ်တဲ့အကြောင်း။ နိုင်ငံရေး ဆွေးနွေးရအောင် ပြောတော့ ကျနော်တို့က အာဏာသိမ်း တပ်မတော် ဖြစ်တယ် ဆိုပြီး လက်မခံ တဲ့ အကြောင်း၊၊ နောင်တက်လာမဲ့ အစိုးရ နဲ့ ဆွေးနွေးပါ လို့ ပြောတဲ့ အကြောင်း။ အခုတခါ... အပစ်ရပ် ရအောင်တဲ့... ကေအိုင်အို အနေနဲ့ ၁၉၉၄ ကတည်းက လက်မှတ်ထိုးထားပြီးသား ဖြစ်တယ် ဆိုတဲ့ အကြောင်း... အခု ဖြစ်နေတာက ခင်များတို့ လာပစ်လို့ ဖြစ်နေတဲ့ တိုက်ပွဲတွေ ဖြစ်တယ် ဆိုတဲ့ အကြောင်း။ ခင်များတို့ တပ်တွေ ကို ဆုတ်လိုက်ပါ... လက်မှတ်ထိုးစရာ မလိုဘူး.... ကျနော်တို့က ခင်များတို့ နေရာကို သွားတိုက်တာ မဟုတ်ဘူး... ကျနော်တို့ ပိုင်နက်ထဲ ကျူးကျော်လာလို့ တိုက်တာဖြစ်တယ်...... ဆိုတဲ့ အကြောင်း တွေပါ။

Wednesday, January 9, 2013

မြန်မာ့ပို့ကုန် လုပ်ငန်း ပြည့်တန်ဆာများ

 

မြန်မာ့သတ်မတော်က စစ်လေယဉ်တွေ ဖေါဖေါသီသီ သုံးဖြုန်းနေတဲ့ အချိန်မှာ မြန်မာ အမျိုးသမီးများကတော့ ထိုင်းနိုင်ငံသွားပြီး မိသားစုတွေကို ဒီလို ခန္ဓာကိုယ် အရင်းအနှီးလုပ်ပြီး ငွေရှာပို့နေရပါတယ်။ သူတို့ ရှာရတဲ့ အထဲက အိမ်ခွန်၊ ယာခွန်၊ ဂိတ်ကြေးကအစ နိုင်ငံ့ဘဏ္ဍတိုက် ကို တနည်းနည်းနဲ့ ရောက်ပါတယ်။ အဲဒီ ဘဏ္ဍ ငွေကို စစ်လေယဉ်ဝယ်တယ်၊ ဒုံးကျည်တွေ ၀ယ်တယ်။ အဲဒီ အမျိုးသမီး တွေ နဲ့ သူတို့ရဲ့ မိသားစု၊ မိဘ၊ ညီကိုယ် မောင်နှမများအတွက် ကျန်းမာရေး နဲ့ ပညာရေး ကိုတော့ ဘေးမဲ့ပေးထားကြောင်းပါ။


(9 January 2013 18:30
ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာ ဒီဇင်ဘာ ၆ ရက်နေ့ညက ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသူ မြန်မာအမျိုးသမီး ၁၀ဦးကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီထဲက ၅ ဦးဟာ အသက်မပြည့်တဲ့သူတွေ ဖြစ်နေပါတယ်။။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်၊ ရိုက်ကူး ဂျိုး)


Khin Min Zaw မှ ကူးယူတင်ပြပါသည်။ 

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်