Wednesday, January 23, 2013

ဝ ပြည်ကတော့ သီးသန့် နေတော့မယ်။



အစိုးရ က ရွေးကောက်ပွဲလုပ်ပြီး လွတ်တော်ထဲမှာ ၀င်ဖို့ ပြောတယ်။ ပြီးတော့ ငါတို့ တပ်တွေကို နယ်ခြားစောင့်တပ် ဖွဲ့ခိုင်းတယ်။ စစ်တပ်ကို သီးသန့်ဖယ်ထုတ်ဖို့ လုပ်တာပါ။ ဘယ်ရမလဲ... ငါတို့လဲ အစိုးရ ပဲ.... နယ်ခြားစောင့်တပ်တော့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ ကျနော်တို့ နှစ်ပေါင်း ၃၀ လောက် ချွေးနဲ့ သွေးနဲ့ တည်ဆောက်ခဲ့ရတဲ့ တပ်မတော်ပဲ၊ ကျနော်တို့ လက်ထဲမှာပဲ ရှိရမယ်။

 

ငါတို့က သူများနယ် ကို သွားမကျူးကျော်ဘူး။ ငါတို့ ၀ ပြည်ကို လာတိုက်ရင်လဲ ဘယ်အဖွဲ့ ဖြစ်ဖြစ် ရွှံ့ရွှံ့ချွံချွံ ပြန်တိုက်မှာပဲ။ ကိုယ့်ပြည်နယ် ကိုယ် ကာကွယ်ခွင့် အပြည့်ရှိပါတယ်။


(Yamoun Nar မှ ကူးယူတင်ပြပါသည်။)

ဒါကြောင့် ဒူဝါ တခါ ရေးဖူးတယ်။ ခွဲထွက်ရေး ကို ကြောက်တယ် ဆိုရင် ၀ ကို အရင် တိုက်ရမှာပါ၊ လို့။

ဒါပေမယ့် ၀ တွေက တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ နိုင်ငံရေး စကား မပြောဘူး။ သူတို့ဟာ သူတို့ နေမယ်၊ ဆိုတော့ ဗိုလ်ချုပ်တွေ အတွက် ပြဿနာ မရှိဘူးလေ။

အခုတော့ ကေအိုင်အို က လျှာရှည်ပြီး တနိုင်ငံလုံး နဲ့ ဆိုင်တဲ့ နိုင်ငံရေး အခင်းအကျင်း ကို ပြောနေတာကိုး။ ဗိုလ်ချုပ်တွေရဲ့ ဗဟိုချုပ်ကိုင်မှု အာဏာ ကို တိုက်ရိုက်ထိလာတယ်လေ။ ဒါကြောင့် အညိုးအတေးကြီးစွာ တိုက်နေခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်