Saturday, April 6, 2013

ဘီဘီစီ မှာ မဆွေးနွေးခင် ဒူဝါ အဖွဲ့သားတွေ အရင် ဆွေးနွေးတာပေါ့။



မြန်မာ့ပညာရေး လောကမှာ ဗုဒ္ဓဘာသာပုံပြင် နဲ့ သမိုင်း၊ မြန်မာ့ သမိုင်း တွေနဲ့ပဲ လွှမ်းမိုးနေခဲ့တာ မြန်မာပြည်ကြီးလဲ ဒီ အဆင့်က မကျော်နိုင်သေးဘူး ဆိုတော့... တမျိုးစဉ်းစားတာ ကောင်းပါတယ်။

တိုင်းရင်းသားဒေသ တွေမှာ အများအားဖြင့် တိုင်းရင်းသားတိုင်းခံရတတ်တာက ဘာသာတရားထက် ယဉ်ကျေးမှု ပြဿနာပါ။ အထူးသဖြင့် အောက်ပိုင်းက တက်လာတဲ့ ဗမာ ၀န်ထမ်းတွေက နယ်ခံ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ တွေကို နားမလည်ဘူး၊ နားမလည်တော့ တန်ဖိုးထားရကောင်းမှန်း၊ လေးစားရကောင်းမှန်လဲ နားမလည်ဘူး။ ဘာသာမတူရင် ပိုဆိုးပြီ။ အတိုင်းအ၀ိုင်းက တလေးတစား တန်ဖိုးထားတဲ့ ဘာသာရေး ဆရာတွေကိုတောင် မတူမသန် ဆက်ဆံတာမျိုး ခံရတာ မနည်းလှပါ။ တိုင်းရင်းသားတွေကတော့ ပညာရေး မသင်ခဲ့ရလို့ ဗမာ အကြောင်းမသိလို့ ဗမာလို ဘယ်လို ပြုမူရမယ် ဆိုတာ မသိဘူး ထားပါ။ ပညာတတ်တဲ့ ၀န်ထမ်းတွေက တိုင်းရင်းသား အကြောင်းမသိတာ ပိုခက်ပါတယ်။ ဘာကြောင့် တိုင်းရင်းသား အကြောင်း မသိသလဲ ဆိုတော့ ကျောင်းသင်ခန်းစာမှာ မပါဘူးလေ။ သူကိုယ်တိုင်က ဗမာ၊ ကျောင်းမှာ သင်တာကလဲ ဗမာ အကြောင်းပဲ သင်တာကိုး... ဒီတော့ ကျန်လူမျိုးတွေကို လူမထင်တော့ဘူး... ကမ္ဘာမှာ အဆင်းရဲဆုံး နိုင်ငံက ၀န်ထမ်းသာ လုပ်နေတာ မာန ကတော့ ထိပ်ခေါင် ဖြစ်နေပြီ။

တချို့ အောက်ပိုင်းက နယ်ပြောင်းလာတဲ့ ကျောင်း ဆရာ၊ ဆရာမ တွေ၊ တချို့ သက္ကသိုလ် ဆရာ တွေတောင်မှ ကချင် ဆိုတာတဲ့ မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံတာ တွေ့ဖူးတယ်။ ယဉ်ကျေးမှု မတူတာနဲ့ ကချင်တွေ ရိုင်းတယ် လို့ ပြောတာ ကြားဖူးတယ်။ တကယ်တော့ သူကိုယ်တိုင် ရိုင်းပြ နေတာကို သူ မသိဘူး။ ကချင်တွေက ဆရာ၊ ဆရာမ မဖါးတတ်ဘူး။ လက်ဆောင်မပေးတတ်ဘူး။ မ ကတော့တတ်ဘူး။ အထူးသဖြင့် ဗမာလို ပြောရမယ် ဆိုရင် ရှောင်တတ်တယ်။ ဒါပေမယ့် စိတ်ထဲက လှိုက်လှိုက်လှဲလှဲ လေးစားတယ်။ ကိုယ့်ရဲ့ ဆရာ၊ ဆရာမ များ ပင်စင်ယူပြီး အိုမင်းသွားတဲ့ အထိ ကိုယ့်ရဲ့ ဆရာပဲ။

ဘီဘီစီ စာမျက်နှာ မှာ ၀င်ရေးတဲ့သူ တော်တော်များများကတော့ ဘာသာ ပေါင်းစုံ ဆိုတာနဲ့ မူဆလင် နဲ့ ဗုဒ္ဓဘာသာ ကိုပဲ ပြောတယ် ထင်ပုံ ရတယ်။ ကျနော်တို့ မူဆလင်လဲ မဟုတ်၊ ဗုဒ္ဓလဲ မဟုတ်တဲ့လူတွေကိုတောင် ဗုဒ္ဓဘာသာကလွဲပြီး ကျန်ဘာသာတွေ ခရုစိုက်စရာ မလိုဘူး ဆိုပြီး သိမ်းကျူံးသမ သွားတာ တွေ့ရတယ်။

ပင်လုံစာချုပ်ချုပ်တုန်းက ဗုဒ္ဓဘာသာ မြန်မာ နိုင်ငံတော် လုပ်မယ် ဆိုတာ မပါဘူး။ ကချင် နဲ့ ချင်း တောင်တန်းတွေဟာ ဘယ်တုန်းကမှ ဗုဒ္ဓ ယဉ်ကျေးမှုနဲ့ မဆက်နွယ်ခဲ့ဖူးပါ။

ဘယ်ဘာသာတရား ကောင်းတယ် မကောင်းဘူး ဆိုတာ ကလေးဆန်တဲ့ အတွေးအခေါ်တွေပဲ ဖြစ်ပါတယ်။ ခေတ်သစ်လူ့လောကမှာ လူမျိုးခြား၊ ဘာသာခြား အချင်းချင်း လေးစားတတ်တဲ့ ဓလေ့သာလျှင် ယဉ်ကျေးတဲ့ လူ အနေနဲ့ သတ်မှတ်တာပါ။

ဘီဘီစီ ဆွေးနွေးချင်တဲ့ အချက်က ပညာရေး သင်ခန်းစာ မှာ ဘာသာတရား ပေါင်းစုံ သင်ပေးဖို့ ပြောတာ မဟုတ်။ ဘာသာတရား တွေ အကြောင်း နဲ့ လူမျိုးခြားတွေ အကြောင်း သင်ပေးဖို့၊ ဒါမှ အချင်းချင်းနားလည်လာမယ်။ သိမြင်လာမယ်။ လေးစား တတ်လာမယ်၊ ဆိုတဲ့ သဘောလို့ ထင်ပါတယ်။

2 comments:

  1. ကောင်းလိုက်တဲ့အရေးအသား

    ReplyDelete
  2. လူကို လူအချင်းချင်း လူလို့ ပဲသဘောထားပြီးလေးစားကြရင် ဘာပြသာနာမှမရှိဘူး..။

    ReplyDelete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်