Showing posts with label ဝေဖန်ရေးရာ. Show all posts
Showing posts with label ဝေဖန်ရေးရာ. Show all posts

Thursday, April 3, 2014

"သိပ်လည်း ဘ၀င်မမြင့်ကြပါနဲ့"

 By Kogyimind Mind

ပြည်တွင်းမှာ နေနေတဲ့ သူတော်တော်များများက
ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ်ထင်ကြတယ်။
ဘာကြောင့်ဆိုတော့ သူတို့ဟာ ဒေါက်တာ ဆွန်ယက်ဆင်၊ ဟိုးဆေးရီးဇော်၊ ဟိုချီမင်း၊ ဂန္ဒီ၊ ချေဂွေဗားရား တို့အကြောင်းမသိကြတော့ နိုင်ငံတိုင်းမှာ ရှိတဲ့ သူရဲကောင်းတွေကို လေးစားရကောင်းမှန်းမသိကြဘူး။

လေယဉ်ပေါ်ကနေ မြန်မာပြည်ကို မမြင်ဘူးတော့
အခုချိန်ထိ Golden Land ဆိုပြီး ဘ၀င်မမြင်ပါနဲ့။ တောတွေပြုန်းပြီး မီးလောင်ပြင်လိုဖြစ်နေတဲ့ လွင်ပြင်၊ တောင်တန်းတွေကိုမှ သူတို့မမြင်ဘူးကြပဲ။

တမလွန်အတွက် ပြင်ဆင်တဲ့အလေ့အကျင့်တွေ ထုံနေတဲ့ ထမင်းရေ၊ ချောင်းစီးအလှူကြီးမျိုးတွေကိုပဲ မြင်ဖူးပြေီး ဘ၀င်မြင့်မနေပါနဲ့။ ကမ္ဘာ့သူဋ္ဌေးသူကြွယ်ကြီးတွေရဲ့ ကိုယ်ကျိုးမဖက် ပရဟိတသက်သက်လှူဒါန်းမှုတွေကို အသိအမှတ်ပြုရကောင်းမှန်းမသိကြဘူး။

Wednesday, March 26, 2014

စနစ် ရဲ့သားကောင် ဖြစ်ရတဲ့ ညီလေး…


ညီလေး နဲ့ တခါ စကား ပြောဖြစ်ပါတယ်….

သူ့ အပြော.. သူ့ဟန်ပန် အမူအရာတွေက အင်မတန် တက်ကြွနေတဲ့ နိုင်ငံ့သားကောင်း တစ်ယောက်ပုံစံပါ။

ရိုးရှင်းစွာ ခံယူထားတဲ့ သူ့ မျိုးချစ်စိတ်ကိုလဲ မလေးစားပဲ မနေနိုင်တာ အမှန်ပါပဲ။

ဒါပေမယ့် ညီလေးမှာ ဖတ်စရာ စာပေ ကောင်းကောင်း မရှိတာတော့ သေချာတယ်… နှစ် ၅၀ လုံးလုံး စာပေစိစစ်ရေး ဆိုတဲ့ ဂိတ်ကနေ ဘယ်လိုမှ မထွက်နိုင်တဲ့ နိုင်ငံရေး အတွေးအမြင် စာပေ ကောင်း တွေဟာ ညီလေး အပါအ၀င် မြန်မာ လူထု အထဲကို မရောက်လာတာ နှစ်တွေ မနဲတော့ဘူးလေ… 

Thursday, March 20, 2014

လက်မှတ်မထိုးရင် လိုင်ဇာ သိမ်းမယ် ဆိုသတဲ့။


မြန်မာ Piss စင်တာ အဖွဲ့ ထိုင်းနိုင်ငံကို ရောက်လာပြီး ငြိမ်းချမ်းရေး လက်မှတ် မထိုးရင် လိုင်ဇာ သိမ်းမယ် ဆိုတဲ့ စကား လာပြော ကြောင်း သိရပါတယ်။

အော် မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး… တော်တော် ငြိမ်းချမ်းတဲ့ စကား ပြောတတ်တယ်။

အိုင်ဒန်ဒတီ (Identity)

by Leonard Shinra Chan

မြန်မာနိုင်ငံရဲ့ တိုက်ပွဲဟာ အိုင်ဒန်ဒတီ တိုက်ပွဲဖြစ်ပါတယ်။ လူမျိုးပေါင်းများစွာက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဒီကနေ့ အထိ လှုပ်ရှားမှုများရှိနေကြခြင်းဟာ မိမိတို့ အိုင်ဒန်ဒတီ ကို ထိန်းသိမ်းကာကွယ်လိုတဲ့အတွက်ပါ။ ကျနော်တို့ ဟာ ကမ္ဘာကြီးပေါ်က ကိုလိုနီခေတ် ကုန်လွန်သွားတဲ့နောက်မှာမှ အကျဉ်းကျခံထားရတဲ့ လူ့ အခွင့်အရေး ချိုးဖေါက်ခံလူသားများ ဖြစ်လာကြတဲ့အခါ မိမိတို့ ရဲ့ အိုင်ဒန်ဒတီကို စွဲကိုင်ရတော့ မယ်လို့  ပိုမို ခံယူလာခဲ့ကြတယ်။ ဒီအိုင်ဒန်ဒတီဟာ ကျနော်တို့ ရဲ့ လွတ်လပ်စွာဖြစ် တည်မှုတွေ၊ အခွင့်အရေးတွေ၊ သမိုင်းတွေ၊ ရိုးရာအမွေအနှစ်တွေကို သယ်ဆောင်နေ တဲ့ ဂုဏ်သိက္ခာဖြစ်တယ်လို့  ယုံကြည်ကြတယ်။ ဒီအိုင်ဒန်ဒတီဟာ ကျနော်တို့ ရဲ့  အနာဂတ် အထိပါတယ်လို့ ရိုးရှင်းစွာ ခံယူထားကြသူများပဲ ဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့ ဟာ လူသားဖြစ်မှုအခြေခံဆိုတဲ့ ရှုဒေါင့်ကနေ ဘယ်တော့မှ လုံလောက်စွာ ဦးစားပေး မခံခဲ့ရလို့ လဲ ဖြစ်တယ်။ လူ့ ဂုဏ်သိက္ခာဆိုတာ ကိုယ်ကိုယ်တိုင်က တပိုင်တနိုင်လေး အုပ်စုဖွဲ့ တည်နိုင်မှ ရရှိနိုင်တဲ့အရာမျိုးလို့  ဘ၀ကနားလည်လာစေ ခဲ့တော့ အိုင်ဒန်ဒတီ ဆိုတာဟာ ကျနော်တို့ လူတိုင်းအတွက် အလွန်အရေးကြီးတဲ့ အသွေးအသက်ဖြစ်လာခဲ့တယ်။ တကယ့်တကယ်မှာလဲ ဒီအိုင်ဒန်ဒတီများဖြစ်တည် လာခဲ့ရတာ သွေးနဲ့ ၊ ချွေးနဲ့ ၊ ဘ၀နဲ့ ၊ တိုက်ပွဲများနဲ့ ၊ အချိန်ကာလများနဲ့  ရင်းနီးခဲ့ရတာ ကြီးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအိုင်ဒန်ဒတီကြောင့် ကျနော်တို့ ဟာ ထပ်ခါထပ်ခါ နာကျဉ်ရတယ်၊ ခံစားရတယ်၊ အနှိမ်ခံရတယ်၊ အထုအထောင်းခံရတယ်၊ အသက်ပေး ခဲ့ရသူတွေရှိတယ်၊ ပြီးတော့ ကျနော်တို့ ဟာ ဒီအိုင်ဒန်ဒတီကြောင့်ပဲ ပိုမိုသတ္တိတွေ ရှိလာခဲ့ကြတယ်၊ ပိုမိုစွန့် စား လာခဲ့ကြတယ်၊ ပိုမိုပေးဆပ်လာခဲ့ကြတယ်၊ ပိုမိုမာကျော လာခဲ့ကြတယ်၊ ပိုမိုရင့်ကျက် လာခဲ့ကြတယ်။ ပိုမို ယဉ်ကျေးလာသလို ပိုလို့ လဲ ခက်ခဲကြမ်းတမ်းမှုများးကို ရင်ဆိုင်ဖို့  တခါတရံမှာ အသင့်ဖြစ်နေခဲ့ကြတယ်။

နိုင်ငံတော် အကြီးအကဲ ဆိုသူတွေရဲ့ လက်ဆောင်ပစ္စည်းများ ကို ဝေဖန်ခြင်း


သမ္မတ ဦး သိန်းစိန် မြစ်ကြီးနား ရောက်တော့ ရပ်မိ ရပ်ဖတွေ ဘာသာရေး ခေါင်းဆောင်တွေကို ဆန်အိတ်အလှူတွေ ပေးတယ် လို့ ပြောပါတယ်။

ဟိုး အရင်တုန်းကတော့ ဖုန်း ပါမစ် ခေတ်စားခဲ့ပါတယ်။ 

တခု စဉ်းစား လိုက်တယ်။

မြန်မာ့နိုင်ငံရေး လှည့်ကွက်


Sunday, March 2, 2014

သန်းခေါင် စာရင်း ကိစ္စမှာ ဗမာခေါင်းဆောင်များ နိုင်ငံတကာကို ကောင်းကောင်း လှည့်စားခဲ့ကြတယ်။

သန်းခေါင်စာရင်း ဆိုတာ နိုင်ငံတနိုင်ငံအတွက် မရှိမဖြစ် ဆိုတာ လက်ခံတယ်။ သန်းခေါင်စာရင်းကောက်ခြင်းကို ကန့်ကွက်တာမဟုတ်။ ဒါပေမယ့်… 
UNFPA မှာ အလုပ်လုပ်တဲ့ နိုင်ငံခြားသား ၀န်ထမ်းတွေက ကျနော် ဒူဝါ တစ်ယောက် ဗမာ ခေါင်းဆောင်တွေ ပြုစုထားတဲ့ သန်းခေါင်စာရင်း ကုတ်နံပါတ် သုံးမျိုး (ကချင်၊ ဂျန်းဖေါ့၊ ခခူး) နဲ့ အကျူံးဝင်နေတယ် ဆိုတာ မသိဘူးလေ။ UNFPA ဌာနေကိုယ်စားလှယ် Ms. Janet Jackson သိတာ ရိုဟင်ဂျာ ဆိုတဲ့ နာမည်စာရင်းထဲ ပါလာဖို့ပဲ အာရုံ စိုက်နေတယ်။ အဲဒီ အချက်ကို ဗမာခေါင်းဆောင်တွေ ကောင်းကောင်းတွက်ထားခဲ့တယ်။ သူတို့ တကယ်ပဲ အောင်မြင်ခဲ့ပါတယ်။ UNFPA က နိုင်ငံခြားသား တွေ မပြောနဲ့ ဗမာ လွတ်တော်အမတ်မင်းများတောင် ဒီကိစ္စ မသိပါဘူး။ တိုင်းရင်းသား လွတ်တော်အမတ်များကလဲ အလုပ်ပြုတ်မှာပဲ ကြောက်နေသလား မသိ၊ ငြိမ်နေခဲ့ကြတယ်။

တကယ်တော့ လုံးဝ ကို မမှန်မကန် လုပ်ထားတဲ့ လှည့်ကွက် ပါ။ ဘာအတွက် လှည့်ကွက်လဲ လို့ ဆိုကြပါလိမ့်မယ်။ ရှင်း အောင်ပြောရရင် တိုင်းရင်းသား ပြည်နယ်တွေကို နာမည်ပြောင်းရင် နိုင်ငံတကာကို အပြ ကောင်းအောင်လို့ လုပ်ထားခြင်း ဖြစ်ပါတယ်။

ဥပမာ… ကျနော့လို ခခူး တွေက တချို့ ကချင်မှာ ထည့်မယ်၊ တချို့ ဂျိန်းဖေါ့မှာ ထည့်မယ်၊ တချို့ ခခူး မှာ ထည့်မယ်… အလားတူ တခြား ဂေါ်ရီ၊ ဒူလေန် ဆိုတာတွေ ရှိသေးတယ်။ ကချင်အားလုံး အနည်းဆုံး ကုတ်နံပါတ် ၂မျိုးထဲမှာ အကျူံးဝင်ကြတယ်။ ဒီတော့ ကချင် ဆိုတဲ့ လူမျိုး လူစာရင်းက မဖြစ်စလောက် ဖြစ်သွားမယ်။ ဒီတော့ ကချင်ပြည်နယ် ဆိုတဲ့ နာမည်က တကယ်မလိုအပ်ဘူး ဆိုတာ ဖြစ်လာမယ်။ တချို့က ကချင်မှာ ထည့်ရအောင် လို့ပြောတဲ့ အခါ ကိုယ့်လူမျိုး နာမည် ပြောက်မှာကိုတော့ မလိုလား… တကယ်တော့ လူမျိုးပျောက်မှာကို စိုးရိမ်စရာမရှိ ပြည်နယ် ပျောက်မှာသာ စိုးရိမ်စရာ ရှိတာ နားမလည်ကြ။

Saturday, March 1, 2014

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး (Nationwide Ceasefire) စာချုပ် အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များရဲ့ အခက်အခဲများ

(၁) ပြည်တွင်းစစ်ကို မြင်တဲ့ အမြင်အပေါ်မှာ မြန်မာ အစိုးရက လက်နက်ကိုင် ပဠိပက္ခလို့ မြင်တယ်၊ တိုင်းရင်းသား တွေက နိုင်ငံရေး ပဠိပက္ခ လို့ မြင်တယ်။

(၂) ပြည်ထောင်စု ပေါ်ပေါက်လာတဲ့ အမြင်အပေါ်မှာ မြန်မာ အစိုးရက ရှေးယခင် ဗမာ ဘုရင်များရဲ့  နယ်မြေသမိုင်းမှ ရပ်တည်လာခြင်း လို့ မြင်တယ်။ တိုင်းရင်းသား တွေက ပင်လုံညီလာခံ (ဗမာဘုရင်များရဲ့ နယ်မြေ နဲ့ တောင်တန်းဒေသ တိုင်းရင်းသားစော်ဘွား၊ ဒူဝါများရဲ့ နယ်မြေ ပူးပေါင်းခြင်း) မှ ဖြစ်ပေါ်လာခြင်း လို့ မြင်တယ်။

(၃) ငြိမ်းချမ်းရေး လို့ ပြောတဲ့ အခါ၊ မြန်မာအစိုးရ က အပစ်အခတ် ရပ်စဲရေး (Negative Peace) ကို ဆိုတယ်၊ တိုင်းရင်းသားတွေက လူနေမှုဘ၀ လုံးဝ လုံခြုံစိတ်ချရတဲ့ ဘ၀ (Positive Peace) ကို ဆိုလိုတယ်။ အဲဒီအတွက် ဖက်ဒရယ် စနစ် လိုအပ်တယ် လို့ မြင်တယ်။ အကြောင်းကတော့ ဗမာစစ်တပ်တစ်ခုထဲရဲ့ အောက်မှာ ဘယ်လိုမှ မငြိမ်းချမ်းနိုင်တာ တိုင်းရင်းသားတွေသာ ဓါတ်သိဖြစ်တယ်။ ပြည်တွင်းစစ် မဖြစ်ခင်ကတည်းက တိုင်းရင်းသားတွေ အပေါ် ဗမာ စစ်တပ်ရဲ့ သတ်ဖြတ်မှု သမိုင်းရှိခဲ့ဖူးတယ်။ ဗမာ ဘုရင်များရဲ့ စစ်တပ်မှ အစ၊ ဂျပန်ခေတ် ဘီအိုင်အေ ခေါ် ဗိုလ်ချုပ်အောင်ဆန်းတပ်မှ တိုင်းရင်းသားဒေသ၊ အထူးသဖြင့် လက်နက်မဲ့ ခရစ်ယာန်တိုင်းရင်းသားတွေ အပေါ် သတ်ဖြတ်ခဲ့တာ သမိုင်းမှာ ရှိခဲ့တယ်။ အဲဒါကြောင့် တိုင်းရင်းသားတွေ ဗမာအုပ်ချုပ်မှု အောက်မှာ နေထိုင်ဖို့ ကြောက်လာရခြင်း ဖြစ်တယ်။ အခု မူဆလင် ကို လုပ်သလို တနေ့ ခရစ်ယာန်တွေ အပေါ် ပြန်မလုပ်ဘူး လို့ပြောလို့မရပါ။ (ဟုတ်ကဲ့ အခုလဲ စစ်တပ်ကတော့ လစ်ရင် လစ်သလို လုပ်နေမြဲပါ၊ မြို့ပေါ်က ဗမာ ပြည်သူတွေ ပြန်လုပ်လာမှာ ကို ဆိုလိုတာပါ။)

Thursday, February 27, 2014

ဖက်ဒရယ် စနစ် ဆိုတာ မျိုးစောင့် ဥပဒေ ပါ။

မြန်မာ စစ်ခေါင်းဆောင် တွေက ဖက်ဒရယ် စနစ် ကိုတော့ မကြိုက်ဘူးတဲ့၊ မျိုးစောင့် ဥပဒေ တော့ ပြဌာန်းမယ် ဆိုပဲ။

လူမျိုးတိုင်း၊ ဒေသန္တရတိုင်းဒေသတိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရင် မျိုးစောင့် ဥပဒေ ဆိုတာ မလိုပါ။ ဘာဖြစ်လို့ ဆိုတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ သာသနာ အရေး ကိုယ်တိုင် လုပ်ဆောင်ခွင့်ရလို့ပါပဲ။

ဗမာလူမျိုးတွေလဲ ဗမာဒေသတွေမှာ ကိုယ့်နည်း ကိုယ့်ဟန် လွတ်လွတ်လပ်လပ် ကျင့်သုံးခွင့် ရှိသလို၊ ကျန် တိုင်းရင်းသား တွေလဲ ကျင့်သုံးခွင့် ရှိလာမှာ ဖြစ်တယ်။

ရှင်းရှင်း ပြောရရင် ဖက်ဒရယ် ပြည်ထောင်စု စနစ် ဆိုတာ တိုင်းရင်းသားတွေ ကိုယ့် လူမျိုး၊ ကိုယ့် စာပေ၊ ကိုယ့် ဘာသာစကား၊ ကိုယ့် ယဉ်ကျေးမှု၊ ကိုယ့်ဘာသာတရား တွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ လိုလားခြင်းပဲ ဖြစ်ပါတယ်။

Wednesday, February 26, 2014

ဒီမိုကရေစီ၊ ဖွံ့ဖြိုးမှု နဲ့ ဘ၀တန်ဖိုး

ဒီမိုကရေစီ တော့ လိုချင်တယ်၊ လူတန်းစား၊ လူမျိုး။ ဘာသာ ကိုတော့ ခွဲခြားဆက်ဆံချင်တယ် ဆိုပြီး ရွေးယူလို့ မရ ပါ။ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင် တခု နဲ့ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးမှုဟာလဲ တိုက်ရိုက် ဆက်နွယ်နေလေသည်။

ဒီမိုကရေစီ ရဲ့ အနှစ်သာရ သည် လူများစုရဲ့ သဘောဆန္ဒအရ လိုချင်တဲ့ အစိုးရ ပုံစံ ကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် လူများစုရဲ့ သဘောဆန္ဒအရ လူမျိုး၊ ဘာသာ၊ လူတန်းစား ခွဲခြားခြင်း မဟုတ်။ လူများစုက လူနည်းစု ကို အများသဘောနဲ့ သတ်ဖြတ် နှိပ်ကွပ်လို့လဲ မရပါ။ ရှင်းရှင်း ပြောရရင် လူများစုရဲ့ သဘောဆန္ဒနဲ့ ဥပဒေ ချိုးဖေါက်လို့မရပါ။

ဥပဒေ လို့ ဆိုရာဝယ် နိုင်ငံတိုင်းရဲ့တည်ဆဲ ဥပဒေ ရှိသလို နိုင်ငံတကာ ဥပဒေ စည်းမျဉ်းစည်းကမ်းများလဲ ရှိလေသည်။ နိုင်ငံတနိုင်ငံကိုလဲ နိုင်ငံတကာ စံချိန်စံညွန်းနဲ့ အရမ်းကို ကွာခြားပြီး ရေးဆွဲလို့ မရပါ။ ကိုယ့်နိုင်ငံကို ဘယ်လိုပုံစံ လိုချင်တယ်၊ ကိုယ့် နိုင်ငံကို ခေတ်သစ်လူ့ဘောင်နဲ့ သဟဇာတ ဖြစ်တာ လိုချင်သလား၊ ခေတ်သစ်လူ့ဘောင်နဲ့ သွေဖယ်ပြီး သီးသန့် နေချင်သလား ဆိုတာ အများပြည်သူက ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ဒီလို ဆုံးဖြတ်မှု မှန်ကန်အောင်လဲ ပြည်သူ တစ်ယောက်ချင်းရဲ့  အတန်းပညာ၊ ဥာဏ်ပညာ အရည်အသွေး မြင့်မားမှုက စကား ပြောလာတယ်။

ဒါကြောင့် ဒီမိုကရေစီ လူ့ဘောင် ကို တည်ဆောက်ရာမှာ အရေးအကြီးဆုံးသည် ပညာရေးမှာ ရင်းနှီးမြုပ်နှံဖို့ အရေးတကြီး လိုအပ်သည်။

Monday, February 24, 2014

ဖက်ဒရယ်ကို ငြင်းပယ်ထားခြင်းရဲ့ အကျိုးဆက်။

လူမျိုးတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေး ရှိနေရင် သေနတ်ကိုင်စရာမလိုပါ။

မြန်မာပြည်ဟာ မဆင်းရဲသင့်ပဲ ဆင်းရဲနေရတဲ့ နိုင်ငံ ဖြစ်တယ် ဆိုတာ ကမ္ဘာ့ စီးပွါးရေး ပညာရှင်တွေက ထောက်ပြကြပါတယ်။

၂၀၁၃ ခုနှစ် အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ စီးပွါးရေး အခွင့်အရေးများကို ကောင်းကောင်းထောက်ပြထားပါတယ်။ သူတို့ အပြောအရ ဆိုရင် ဘယ်လိုမှ ဆင်းရဲစရာ အကြောင်းမရှိ။

ဘာဖြစ်လို့ ဆင်းရဲသလဲ

ပြောစရာတွေတော့ အများကြီး ရှိမှာပါ။

ပြည်တွင်းစစ်ကြောင့်၊ စစ်အာဏာရှင်ကြောင့်၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်၊ ဆိုရှယ်လစ်စနစ်ကြောင့်၊ ဗဟိုဦးစီး စနစ်ကြောင့်၊ နိုင်ငံရေးပဠိပက္ခများကြောင့်၊ အမြင်မတူမှုများသောကြောင့်၊ စသည်စသည်များ အမျိုးမျိုးတွေးကြ၊ ပြောကြပါလိမ့်မယ်။

ဒါတွေအားလုံးကြောင့် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒါတွေ ဖြစ်လာရတဲ့ အကြောင်းရင်းကို စဉ်းစားရမယ်။

ပြဿနာအရင်းအမြစ်ကတော့…

Monday, February 17, 2014

Census... a bullet that killed all the etnic solidarity in Myanmar

February 17, 2014 at 8:39am

၁၇ ဖေဖော်ဝါရီလ
 by Khon Ja

အို ဘာတဲ့တုန်း။။။ National Happiness နဲ့ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို တိုင်းတာတယ်။ ဟုတ်လား???


တိုင်းရင်းသားတွေအနေနဲ့ စုပေါင်း တောင်းဆိုနေတာ သန်းခေါင်စာရင်း “မကောက်ဖို့ မဟုတ်ပါဘူး” “စနစ်တကျ မှန်ကန်စွာ၊ ဘေးအန္တရယ်ကင်းစွာ၊ စည်းလုံးညီညွှတ်စွာ၊ လူတိုင်း ပူးပေါင်း ပါဝင်နိုင်အောင် ကောက်ယူဖို့” ဖြစ်ပါတယ်။


ဒီမနက်မှာ... UNFPA က မိန်းမ ရာထူးကြီးကြီး နိုင်ငံခြားမ တယောက် ကျွန်မ မနိုးခင်းဖုန်းဆက်လာတယ်။


သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး Press Conference လုပ်တာနဲ့ ပတ်သက်လို့ သိချင်ပါသတဲ့။ ဘာအတွက် တောင်းဆိုသလဲ။ လွန်ခဲ့တဲ့ တပတ်က နေပြည်တော်မှာ အစည်းအဝေး ဘာလို့ လာမတက်သလဲ တဲ့။ ထုံးစံအတိုင်း ကျွန်မက ပြန်ပြောတော့လည်း သန်းခေါင်စာရင်းကောင်ပြီးရင် တိုင်းရင်းသားတွေနဲ့ တိုင်ပင်မှာပါတဲ့... ပြီးတော့ ဒီကိစ္စက နင်တို့ အစိုးရနဲ့ နင်တို့ ဆွေးနွေးရမှာတဲ့။။ မှန်လိုက်တာ။


၁) နေပြည်တော် အစည်းအဝေး ကို ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ လုပ်တယ်။ တိုင်းရင်းသား ထဲက ၄ မျိုးပါသွားပေမဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အနေနဲ့ ပါသွားတာ မဟုတ်ဘူး။ By Name နဲ့ ဖိတ်ခံရတဲ့ လူတွေ ပါသွားတာ။ ကချင်အဖွဲ့ကတော့ By Name နဲ့ ဖိတ်သူမဟုတ်ဘဲ ကျွန်မတို့ ပို့ချင်တဲ့လူ ပို့လို့ရအောင် ၃ ရက် အချိန်ယူပြီး ညှိပြီး မြစ်ကြီးနားက ဆရာတယောက်ကို ရအောင် အစားထိုး ထဲ့လိုက်တယ်။


၂) အစိုးရနဲ့ UNFPA က မလိမ့်တပတ် လုပ်ပြီး တက်လာတဲ့ ပရိဿတ်ကို National Technical Advisory Committee ဆိုပြီးး welcome လုပ်ပြီး အော်တော်မက်တစ် ကိုယ့်လူ သူ့ဘက်သား ဖြစ်အောင် လုပ်လိုက်တယ်။ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ၂ နာရီအတွင်းမှာ သူတို့ဖြစ်ချင်တာ ပြောလွှတ်တဲ့ သဘော။ ကံကောင်းချင်တော့ တိုင်းရင်းသား များက မေးခွန်းပြန်မေးတယ်။ အဲဒါကို ဝေ့လည်ကြောင်ပတ် ဖြေပေးခဲ့တယ်။ ကံဆိုးတာက ကိုယ့်တိုင်းရင်းသား တွေကလည်း သူတို့ National Technical Advisory Committee အဖွဲ့ဝင် ဖြစ်ဖို့ လာတာမဟုတ်လို့ လက်မခံပါဘူး လို့ မပြောခဲ့ဘူး။

Monday, February 10, 2014

ကချင်ပြည်နယ်မှာ ကချင်တွေရဲ့ သမိုင်းများ ဖျက်ခြင်း။


 
 ခေတ်အဆက်ဆက် လူသားသမိုင်းမှာ အရေးအကြီးဆုံးဟာ သခ်ျိုင်း ပါ။ နောက်လူတွေ သမိုင်း အထောက်အထား ပြန်ရှာ ရင် သခ်ျိုင်းမှာ ရှာတတ် ပါတယ်။

ဒီတော့ ဗမာ အစိုးရ ရဲ့ လုပ်ရပ်ဟာ ခေတ် အဆက်ဆက် သမိုင်းအထောက်အထားများ ကို ဖျက်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ လူတစ်ယောက်ရဲ့ မှတ်တမ်းဟာ သခ်ျိုင်းမှာ ရှိ ပါတယ်။ ရာစုနှစ်များစွာ သူတို့ မဖျက် ပါဘူး။ သဘာဝဘေး အန္တရယ် ရဲ့ ဖျက်ဆီးမှု ကိုတောင် ကြိုတင် ကာကွယ်ထားကြပါတယ်။

မြစ်ကြီးနားမှာ ကချင်တွေရဲ့ သခ်ျိုင်း ဘယ် နှခါ ပြောင်းရမှန်းတောင် မသိပါ။

Sunday, February 9, 2014

Ndai wa hpe sadi ga!!!!!!!!!!!


Anhte Jinghpaw Wunpawng amyu sha ni gaw makam masham lam hku rai yang yawng hpe kam loi ai re majaw, tai hpyen wa gaw ladat amyu myu shaw nna shang wa ai hpe sadi ra ai.

Gospel Interview nga ai youtube hku sasana galaw nga ai Sam sara langai gaw grai nhten na zawn rai nga ai.

Thursday, February 6, 2014

မြန်မာ နဲ့ ထိုင်း ဘာကွာလဲ?

ပြီးခဲ့တဲ့ ၂ နှစ် က ထိုင်းနိုင်ငံမှာ ကျင်းပ တဲ့ မနောပွဲကို ဒူဝါ သွားခဲ့ ပါတယ်။

ပြန်လာတော့ သူငယ်ချင်း တစ်ယောက်က မေးတယ်။

ထိုင်း နဲ့ မြန်မာ ဘာကွာလဲ တဲ့။

ကွာတာတော့ အများကြီး ပါ။

ထင်သာ မြင်သာ လူတကာ သိတဲ့ ထုထည် ပိုင်း ပြောရမယ် ဆိုရင်တော့...

လမ်း၊ တံတား တိုက်တာ အဆောက်အအုံ မိုးနဲ့ မြေ ကွာတယ်။
ဖုန်းကတ် (SIM) ထိုင်းမှာ အလကား ပေးတယ် (လေဆိပ် အ၀င်မှာ)။ မြန်မာမှာက ၅ သိန်း အထက် ပေးဝယ်နေရဆဲ။ ဖုန်းလိုင်း နေရာတကာ မိတယ်.. မြန်မာမှာ အော်ပြောနေရဆဲ။

အင်တာနက်လိုင်း ထိုင်းမှာ တီဗီ နဲ့ ကြည့်လို့ ရနေချိန် မြန်မာမှာ..... loading....

စစ်ဖြစ်ရခြင်း ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ နှင့် ဖြစ်သင့် ဖြစ်ထိုက်သော နိုင်ငံရေး လမ်းစဉ်


ပြီးခဲ့တဲ့ ၂ နှစ်တာကာလမှာ ဖြစ်ခဲ့တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာ အစိုးရ တပ်ကြား စစ်ပွဲသတင်းတွေ ဖတ်ပြီး Facebook ပေါ်က ကောမ်မန့်တွေကို ဖတ်ရင်း အတွေး တခု ရလာပါတယ်။
မြန်မာ စစ်တပ် အတိုင်းအ၀ိုင်းကတော့ သူပုန်မို့လို့ တိုက်တယ် ပေါ့၊ ကချင်လူမျိုးတွေကို တိုက်တာ မဟုတ်ဘူး၊ ဘာညာ ဆိုပြီး ပြောနေတာတွေ့ရပါတယ်။
အလားတူပဲ ကချင်လူမျိုးလို့ ထင်ရတဲ့ လူငယ်တော်တော် များများကလဲ မကျေမနပ်နဲ့ တုန့်ပြန်တာတွေ ဆဲတာတွေ တွေ့လာရပါတယ်။

ဒီနေရာမှာ……

မြန်မာ အစိုးရ က၊ ဥပဒေအရ လုပ်တယ်ပဲ ဆိုဆို၊ အစိုးရ စစ်တပ်မို့လို့ လုပ်ရမယ့်တာဝန်ရှိုလို့ပဲ ပြောပြော ကချင်တွေရဲ့ အမြင်မှာတော့ မြန်မာ စစ်တပ်ဟာ ကချင်တော်လှန်ရေး စစ်တပ်ကို တိုက်နေတဲ့ ရန်သူ စစ်တပ်ပါပဲ၊ အစိုးရအဖြစ် တရားဝင်တဲ့ စစ်လို့ မမြင်ပါဘူး။

ဒီလိုပဲ မြန်မာ လူမျိုးတစ်ယောက်အနေနဲ့ မြန်မာ အစိုးရ စစ်တပ် အနေနဲ့ အခုလို ကချင်တော်လှန်ရေး စစ်တပ်ကို တိုက်ထုတ်နေတာ လုပ်သင့်လုပ်ထိုက်တဲ့ ကာကွယ်ရေး အလုပ်လို့ မြင်ပါလိမ့်မယ်။ မြန်မာလူမျိုးတွေရဲ့ ဘာသာ၊ သာသနာ ကို ကာကွယ်တယ် လို့တောင် ထင်ပါအုံးမယ်။

Wednesday, February 5, 2014

စိတ်ပျက် စရာ ကောင်းတဲ့ မြန်မာ့ သန်းခေါင်စာရင်း


ယူအန် က နေ မြန်မာ နိုင်ငံ ကို နှစ်ပေါင်း သုံးဆယ် ကျော် အထိ သန်းခေါင် စာရင်း အမှန်အကန် မရှိပဲ အုပ်ချုပ်နေတဲ့ အစိုးရ အတွက် အကူအညီ ပေးခဲ့ ပါတယ်။

နည်းနည်းနောနော မဟုတ်... ဒေါ်လာ သန်းချီ ပါ။

ဒါပေမယ့် ဗမာ အစိုးရ က လက်နက် တဖွယ် အသုံးချခဲ့တယ်။

မြစ်ကြီးနား မှာ ခရိုင် လ၀က အရာရှိ လိုက်ဟောတဲ့ ပွဲတွေမှာ ပြောသွားတာက တခြားတော့ သိပ်မမှတ်မိ... သူ အခေါက်ခေါက် အခါခါ ပြောတာက
နိုင်ငံတော်က စေတနာ နဲ့ ငွေကုန်ကြေးကျခံပြီး လုပ်ပေးတာဖြစ်တဲ့ အတွက် ပြည်သူ အားလုံး အားသက်တရော ပါဝင် ကြပါ။ဆိုသတဲ့။ (မသိတဲ့ တောသူ တောင်သား၊ သတင်း မဖတ်တဲ့ လူတွေအတွက် တော့ ဟုတ်ပ့ ပေါ့။ သူများ က အကုန်အကျ ခံ ပေး တာ မသိရှာပဲကိုး။)

Wednesday, December 18, 2013

ဘော်လုံး (အားကစား) နဲ့ နိုင်ငံရေး ဆက်နွယ်မှု


ဆီးဂိမ်း မှာ မြန်မာဘော်လုံး အသင်း ရှုံး တာကို တော်တော် ခံပြင်း ကြပါတယ်။

တခါမှ မရှုံးဖူးပဲ ရှုံးရတာဆိုရင် တမျိုးပေါ့။ အခုတော့ မြန်မာ့ ရှုံးပွဲကို အဆန်းတကျယ် လုပ်နေတယ် လို့ မြင် မိ ပါတယ်။ ဟုတ်ပါတယ်။ ဒူဝါ တသက် အားပေးလာသမျှ မြန်မာ့ ဘော်လုံးအသင်း ဘယ်တော့မှ အနိုင်နဲ့ ပြန်လာတာ မရှိသလောက် ပါပဲ။

တချို့က ဒိုင် ကို အပစ်တင်ကြတယ်။ တချို့က နည်းပြ၊ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဠ် ကတော့ ကစားသမား များကို အပစ်တင် သလိုလို နဲ့ ရေးထားတာ တွေ့ရတယ်။

Monday, December 16, 2013

အခြေခံ ဥပဒေ ပြင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ကို သီးသန့် မြင်နိုင်ရမည်။

အခြေခံ ဥပဒေ ပြုပြင် ရေးဆွဲရေးအတွက် NLD ပါတီဝင် ပြည်သူများ စုရုံးကြစဉ်။ 
အန်အယ်ဒီပါတီကို အားပေး နေတဲ့ သာမန်လူငယ် တော်တော်များများဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် အဓိက လိုအပ်ချက် ဆိုပြီး ရှေ့တန်းတင် ဆွေးနွေးလာတာ တွေ့ရတယ်။ တဖက်မှာလဲ စစ်ဝါဒီတွေက ဒီအချက်ကိုပဲ အဓိက ထောက်ပြပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲရေး (သို့) အသစ်ရေး ဆွဲရေး ဆိုပြီး ပြောကြဆိုကြတဲ့ အထဲမှာ ဒေါ် အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ကြိုးစားနေတယ် ဆိုပြီး ကလော်လာတာ တွေ့ရပါတယ်။

Friday, December 13, 2013

အတိုက်အခံခေါင်းဆောင် ဆိုတဲ့ နာမည်ကို ခါးသီး နေသူများသို့......



မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်မျှ အတိုက်အခံ ဆိုတဲ့ ခေါင်းစဉ်ဟာ လူဆိုး ဖြစ်နေခဲ့တာပါ။ အဲဒီရဲ့ အကျိုးဆက်ကတော့ မြန်မာနိုင်ငံသားတွေရဲ့ စိတ်မနောမှာ ညှိကျန်ခဲ့တာပဲ။ အဲဒါကတော့ အတိုက်အခံ ဆိုတာ သူပုန် ပုံစံ ဖြစ်သွားပါတယ်။ အတိုက်အခံ လုပ်သူဟာ အဆိုးမြင် ပေါ့။

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်