Wednesday, February 5, 2014

စိတ်ပျက် စရာ ကောင်းတဲ့ မြန်မာ့ သန်းခေါင်စာရင်း


ယူအန် က နေ မြန်မာ နိုင်ငံ ကို နှစ်ပေါင်း သုံးဆယ် ကျော် အထိ သန်းခေါင် စာရင်း အမှန်အကန် မရှိပဲ အုပ်ချုပ်နေတဲ့ အစိုးရ အတွက် အကူအညီ ပေးခဲ့ ပါတယ်။

နည်းနည်းနောနော မဟုတ်... ဒေါ်လာ သန်းချီ ပါ။

ဒါပေမယ့် ဗမာ အစိုးရ က လက်နက် တဖွယ် အသုံးချခဲ့တယ်။

မြစ်ကြီးနား မှာ ခရိုင် လ၀က အရာရှိ လိုက်ဟောတဲ့ ပွဲတွေမှာ ပြောသွားတာက တခြားတော့ သိပ်မမှတ်မိ... သူ အခေါက်ခေါက် အခါခါ ပြောတာက
နိုင်ငံတော်က စေတနာ နဲ့ ငွေကုန်ကြေးကျခံပြီး လုပ်ပေးတာဖြစ်တဲ့ အတွက် ပြည်သူ အားလုံး အားသက်တရော ပါဝင် ကြပါ။ဆိုသတဲ့။ (မသိတဲ့ တောသူ တောင်သား၊ သတင်း မဖတ်တဲ့ လူတွေအတွက် တော့ ဟုတ်ပ့ ပေါ့။ သူများ က အကုန်အကျ ခံ ပေး တာ မသိရှာပဲကိုး။)


နောက် ဆက်ပြောတာကနယ်စွန် နယ်ဖျား ဖွံ့ဖြိုးရေး အတွက် ဖြစ်တယ်လို့ ပြော ပါတယ်။

ယူအန် က အကူအညီ ပေးခြင်းဟာ မီလန်နီယမ် ဖွံ့ဖြိုးရေး စီမံကိန်း အတွက် ဆိုတာ ငြင်းစရာ မရှိ ပါ။

ဒါပေမယ့်.... မြန်မာ့ နည်း မြန်မာ့ ဟန် ဖွံ့ဖြိုးရေး ကတော့ ကြောက်ခမန်း လိလိ ဖြစ်သွား ပါတယ်။

အဲဒါကတော့

နာမည် စာရင်း ကောက်တဲ့ နေရာမှာ လူမျိုးစု နာမည် ပြသနာ ပါ။

ဒူဝါ လွန်ခဲ့ တဲ့ တစ်နှစ် လောက် ကတည်းက ပြော ပြော နေတဲ့ ကချင် လူမျိုးစု တွေ အကြောင်းမှာ ကောမ်မန့် တချို့ ပြောလာတာက ပြုစုဆဲမို့လို့ အတည် မဟုတ်သေး ပါ၊ လို့ ပြောတယ်။ အခုတော့ တကယ် ပဲ နိုင်ငံတော် အဆင့်ရဲ့ စီမံကိန်းမှာ ထွက်လာလေပြီလေ။

ကချင်ပဲလားဆိုတော့ ကရင် သူငယ်ချင်း ပြောမှ ပိုဆိုးသေး...

ဘာတဲ့.. ကရင်လူမျိုးစု တွေမှာ ဘာသာရေး အသင်းအဖွဲ့ နာမည် ကို ကရင်လို ခေါ်တဲ့ အခေါ်အဝေါ် တခုတောင် လူမျိုးစု စာရင်းထဲ ပါသေး ဆိုပဲ။

ကချင် အုပ်စုထဲမှာ ကချင်လူမျိုးတွေ သိထားတာက

လူမျိုးခွဲ () ခု ပါ။

ကချင် ဆိုပြီး ဗမာ အစိုးရ လုပ်သလို ဂျိန်းဖေါ့ ဆိုတာ သီးသန့် မရှိ။ တခုထဲ ပါ။ ဘာနဲ့ တူသလဲ ဆိုတော့

Burma, Myanmar, Bamarုဆိုတဲ့ နာမည် များ ကို လူမျိုးစု စာရင်း သီးသန့် ထည့်ထားတာနဲ့ အတူတူ ပါပဲ။ ဒီလောက် ဆိုရင် ရှင်းလောက် ပါပြီး

ဘာဖြစ်လို့ ဗမာ အုပ်စုကျတော့ ရန်ကုန် ဗမာ၊ မန်းတလေး ဗမာ၊ မုံရွာ ဗမာ ဆိုပြ။ိး မထည့်သလဲ... သူများ ခေါ်တဲ့ ဖါမ၊ ဘီရုမ၊ ဘားမား ဆိုတာတွေလဲ ထည့်အုံးလေ။ ဘာဖြစ်လို့ မထည့်သလဲ...

ဗမာ ကို မခွဲပဲ.. တိုင်းရင်းသား လူမျိုးစု တွေကိုပဲ သီးသန့်ခွဲထားခြင်းဟာ တိုင်းရင်းသား ပြည်နယ် တွေရဲ့ နာမည် တွေကို ပြင်ဖို့ နည်းပရိယာယ် ဖြစ် ပါတယ်။

ဥပမာ... ကချင် ဆိုတဲ့ လူမျိုးစု အားလုံး ကို သီးသန့် ကုတ် ပေးလိုက်ခြင်း အားဖြင့် ကချင် ဆိုတဲ့ နာမည်ကုတ်မှာ လူနည်းသွားပြီး... သောင်းကဏန်း လောက် တောင် ကျန် ချင်မှ ကျန်မှာ ပါ။ စာရင်း ကောက်တဲ့လူကလဲ ဗမာ ဆိုရင် ပိုဆိုးပြီ။...

နောက် ဆက်တွဲကတော့ ယူအန် မှာ ကချင် ဆိုတဲ့ လူဦးရေ အနည်းဆုံး ဖြစ်သွား ဖို့ ပါ။ ယူအန် လူကြီးတွေ ဆိုတာ ပညာရှင်များ မဟုတ်... စာရင်းပဲ ကြည့်မယ်... မြန်မာပြည်မှာ ဗမာ ဆိုတာ အင်အား အများဆုံး ဆိုတာ အစကတည်းက ဟုတ်နေတာ ကို ပို သေခြာ အောင် လုပ်ခြင်း ဖြစ်ပါတယ်။ အဲဒါကိုငါးသေ ကြိုးသုတ်လို့ ခေါ်တယ်။

အလားတူ...

ကရင် နဲံ ရှမ်း ပေါင်း ရင် မြန်မာ့ လူဦးရေ ထက်ဝက် နီးပါး ရှိတယ်။ ဒါပေမယ့် ဒီ သန်းခေါင်စာရင်း နဲ့ ဆိုရင်တော့ ရှမ်း ဆိုတဲ့ နာမည် သိန်း လောက် ရရင် ကံကောင်း... ကရင် ဆိုတာလဲ အလားတူ ပါ။ ဘာလို့ ဆိုတော့ အားလုံး ကုတ် နံပါတ် သီးသန့် ရထားတယ်လေ။

တရုတ် ကို မြန်မာတွေက ခေါ်တာ...
နိုင်ငံတကာက China လို့ခေါ်တယ်။...
တရုတ်လူမျိုးတွေက သူတို့ဟာ သူတို့ ကျူံးကော့ လို့ ခေါ်တယ်။ အနောက်နိုင်ငံတွေက China လို့ခေါ်ရင် သူတို့ (တရုတ်) လူမျိုးမှန်းသိတယ်။

ဒီလိုပဲ ကချင် ဆိုတာ ကချင်မျိုးနွယ်စု အားလုံး ကို ခြုံပြီး ခေါ်တာ...

အခုတော့ ကချင် လဲ ကုတ် သတ်သတ်
ဂျိန်းဖေါ့ ဆိုတာလဲ သတ်သတ်...
ပိုဆိုးတာ က ဂျန်းဖေါ့ လူမျိုးများကို နယ် အလိုက် ခေါ်တဲ့ နာမည်ပါ လူမျိုးစု စာရင်းထည့်လိုက် သေးတယ်။

တချို့ က ကချင် ဆိုတဲ့ နာမည်မှာ ထည့်ဖို့ ဆော်သြ နေလေရဲ့... လုံးဝ မဖြစ်နိုင်တဲ့ နည်း ကို လုပ်ဖို့ ဆော်သြခြင်း ပါ...

မှားမှန်း သိရင်တော့ ကန့်ကွက်ဖို့ကလွဲပြီး အခြား မရှိပါ။ ကချင် ဆိုတဲ့ ကုတ်မှာ စုထည့်ရင်လဲ မမှန် ပါ။ မှားနေတဲ့ အစိအစဉ် ဘယ်လိုမှ လက်ခံစရာ မရှိ။ ဒီလို ပဲ တခြား တိုင်းရင်းသားတွေလဲ ကန့်ကွက်သင့်တယ်။

မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရ တရပ် က

ကိုယ့် နိုင်ငံရဲ့ လူမျိုးစု အကြောင်း တောင် မသိသေးရင်တော့ အုပ်ချုပ်ဖို့ မတန်သေးဘူး လို့ပြော ပါရစေ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်