Monday, February 17, 2014

စာပေဟောပြောပွဲ ပြဿနာမှာ တွေ့ရတဲ့ လူတန်းစား နှစ်မျိုး



ဒီ စာပေ ဟောပြောပွဲနဲ့ ပတ်သက်ပြီး ငြင်းခုန်ကြတဲ့ နေရာမှာ လူတန်းစား ၂ မျိုးတွေ့လာရတယ်။

စာပေဟောပြောပွဲ ပိတ်သူ ဘုန်းကြီးများကို အားပေးတဲ့လူများရဲ့ အကောင့် ကို တခုချင်း လေ့လာလိုက်တဲ့ အခါမှာ

(၁) အဆဲသန်တဲ့အချက်
(၂) လက်ရှိအစိုးရ ကို တခါမှ မဝေဖန်ဖူးတဲ့အချက်၊ (မဝေဖန်တတ်တာလဲ ပါမယ်။)
(၃) စစ်တပ် ကို အမွန်းတင်တဲ့အချက်၊
(၄) ကျန်တဲ့အချိန်တွေမှာ နိုင်ငံရေး စကား သိပ်မပြောတတ်တဲ့အချက်၊ (နိုင်ငံရေးအကြောင်း သိပ်နားမလည်သူများလဲပါ။)
(၅) ပညာအရည်အချင်း နှိမ့်ကျနေသူများ ဖြစ်နေတဲ့အချက်၊
(၆) နိုင်ငံရပ်ခြားမှာ နေသူ ဖြစ်နေရင်၊ အောက်ခြေအလုပ်သမား ဖြစ်နေတဲ့အချက်၊
(၇) တချိန်လုံး စစ်တပ် လော်ဘီ လုပ်နေသူများ အားလုံးပါဝင်နေတဲ့အချက်၊
(၈) ဗမာလူမျိုးများ ဖြစ်နေတဲ့အချက်

တွေ သွားတူနေတာ တွေ့ရတယ်။

စာပေဟောပြောပွဲ ပိတ်ခြင်း အပေါ် ရှုံ့ချတဲ့ သူများရဲ့ အကောင့် များကို လေ့လာလိုက်တဲ့အခါမှာတော့

(၁) NLD အဖွဲ့ဝင်များ
(၂) နိုင်ငံရေး အသင်းအဖွဲ့ မသေးကွဲသော်လည်း ခေတ်သစ် လူ့ဘောင် ကို နားလည်သူများ၊
(၃) ယဉ်ယဉ်ကျေးကျေးနဲ့ ကျိုးကြောင်း ဆီလျှော်စွာ ရေးသား ဆွေးနွေးတတ်သူများ
(၄) နိုင်ငံရပ်ခြားမှာ နေသူများ ဖြစ်လျှင် အလုပ်အကိုင်ကောင်းပြီး အမျှော်အမြင်ကြီးသူများ
(၅) ဗမာ မဟုတ်တဲ့ တိုင်းရင်းသား များ
(၆) အင်္ဂလိပ်လို ကောင်းကောင်း ရေးသား ဆွေးနွေးတတ်သူများ
(၇) အမြဲလိုလို နိုင်ငံရေး အကြောင်း စိတ်ဝင်တစား လေ့လာဖတ်ရှု့နေသူများ၊
(၈) အပြုသဘော ဆောင်တဲ့ ဝေဖန်မှုမျိုး ပြုလုပ်တတ်လေ့ရှိသူများ၊
(၉) စာပေ ဗဟုသုတရှိသူ အသိုင်းအ၀ိုင်း များ

ပါဝင်နေတာ တွေ့ရပါတယ်။

ကျနော် မသိသေးတာလေး ဆက်ဖြည့်ပေးကြပါအုံး။

1 comment:

  1. 2014 Census နဲ့

    http://atsammarai.blogspot.com/2014/02/2014-census-kachin.html?m=1

    ReplyDelete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်