Saturday, February 15, 2014

သက်တန့်ရောင်လမ်းစဉ်



ခရစ်ယာန်ကျမ်းစာ ဓမ္မဟောင်းကျမ်းမှာ လူသားတွေ ဆိုးသွမ်းမှု များလွန်းတာကြောင့် ကမ္ဘာကြီးကို တခါ ဆေးကြောခဲ့တယ်။ တကမ္ဘာလုံး ရေလွမ်းလို့ လူအများအပြား သေကြေခဲ့ရတယ်။ (ဒီကာလ ကို သိပ္ဗံပညာရှင်တွေက ဒိုင်နိုဆော များ မျိုးသုန်းခဲ့တုန်းက အဖြစ်အပျက် နဲု့ခိုင်းနှိုင်းကြပါတယ်။) ဘုရားစကား ကို လိုက်နာတဲ့ နောဧ ဆိုတဲ့ မိသားစုကျန်ခဲ့တယ်။ သူတို့ မိသားစု ကတော့ ဘုရားရဲ့ အကြံအစည်ကို ယုံကြည်ပြီး ကြိုတင်ပြီး လှေသင်္ဘောကြီး တည်ဆောက်ခဲ့တယ်။ သူတို့ မိသားစု ကို နောက်ဆုံး ဘုရားသခင် ပြခဲ့တဲ့ ငြိမ်းချမ်းရေး နိမိတ် လက္ခဏာ ကတော့ သက်တန့်ရောင် ပါပဲ။
သက်တန့်ရောင် တည်နေသ၍ ဘယ်သောအခါမှ ဒီလို ဘေးဆိုးနဲ့ တရားမစီရင်တော့ပါ။ ဆိုသတဲ့။

ဆိုလိုချင်တာက

သက်တန့်ရောင်လို အရောင်အတွေးစုံနေခြင်း ကို လက်ခံတဲ့ လူ့လောကဟာ ငြိမ်းချမ်းခြင်း ရှိမယ် ဆိုတဲ့ သဘောပါ။

အဲဒီ အိုင်ဒီယာ ကို Unity in Diversity လို့ ပညာရှင်တွေက ခေါ်ကြပါတယ်။

သက်တန့်ရောင်ဟာ တစ်ရောင် နဲ့ တစ်ရောင် နှောက်ယှက်ဖျက်ဆီးခြင်း အလျဉ်းမရှိ သလို၊ တစ်ရောင်က အခြား တစ်ရောင်အပေါ် လွမ်းမိုး အုပ်စိုးခြင်းလဲ မရှိပါ။ ညီမျှနေတဲ့ အရောင်အသွေး ပင်လျှင် သက်တန့်ရဲ့ လှပခြင်း သဘောတရား ကို ဖေါ်ဆောင် ပါတယ်။

ဒီနေ့ အရောင်အသွေးစုံတဲ့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ ပြဿနာ အများပိုင်းဟာ တစ်ရောင်ရောင်က အခြားတစ်ရောင် အပေါ် လွမ်းမိုးဖို့ ကြိုးစားခြင်းရဲ့ ရလဒ်တွေပါပဲ။

အဲဒါကြောင့် ပဠိပက္ခ ဖြစ်နေတဲ့နိုင်ငံတိုင်းရဲ့ မူရင်း ပြဿနာကို သုံးသပ်လိုက်တိုင်း တစ်ရောင်တည်းချေချင်သူများရဲ့ လွမ်းမိုးခြင်း ကို ခံရတတ် ပါတယ်။

အကျိုးဆက် အနေနဲ့ ရောင်စုံ လက်ခံတဲ့ နိုင်ငံတွေဆီ လူသားအရင်းအမြစ်များ အလျိုလျို စီးဆင်းသွား ပါတော့တယ်။ ဒီတော့ ဆင်းရဲခြင်း၊ ဦးနှောက်ယိုစီးခြင်း ဆိုတဲ့ ရလဒ်ကျန်ခဲ့တယ်။

ငြိမ်းချမ်းခြင်းရဲ့ ရလဒ် ကို အမှန်တကယ် ဖေါ်ဆောင်မယ် ဆိုရင် အရောင်အသွေး စုံလင်ခြင်း ကို လက်ခံ ရမယ်။

ပန်းခြံမှာ တောင် ပန်းတွေရဲ့ အရောင် စုံစုံလင်လင် ရှိမှ လူတွေက သိပ်လှတယ် လို့ ပြော ကြတယ်။ တစ်ရောင်ထဲ ရှိနေတဲ့ ပန်းခြံကို ဘယ်သူမှ သွားချင်မှာ မဟုတ်။ ခဏတဖြုတ် ရာသီပွင့်လို့ သွားချင်ရင် သွားမယ်။ အမြဲတမ်းအတွက်တော့ လှပခြင်း ဆိုတဲ့ ဂုဏ်အင်္ဂါ မထိမ်းထားနိုင်ပါ။

အမြဲတမ်းအတွက် လှပ ခြင်း ဆိုတာ အရောင်စုံတဲ့ ပန်းခြံ ပါ။

ဒါကြောင့် ငြိမ်းချမ်းခြင်း ဆိုတဲ့ လှပခြင်းတရားဟာလဲ အရောင်စုံ လက်ခံတဲ့ လောက မှာ အမှန်တကယ် ရှိတယ် ဆိုတာ ယုံပါ။

1 comment:

  1. Du Wa e, sa chyai kau da sai yaw. Du Wa na post ni yawng grai hkrak ai. Byin mai yang blog http://atsammarai.blogspot.com
    de ma sa chyai rit yaw.

    ReplyDelete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်