Monday, February 10, 2014

သန်းခေါင် စာရင်း ကိစ္စ ထောင်ချီ နှစ်က


ခရစ်ယာန် ကျမ်းစာထဲမှာ သခင်ယေရှု မွေးဖွါးရာ သမိုင်းအစမှာ ရောမ အစိုးရရဲ့ သန်းခေါင်စာရင်းကောက်တဲ့ ကိစ္စ ကနေ စခဲ့တာပါ။

ပြောချင်တာ.. သူများနိုင်ငံတွေမှာ သန်းခေါင်စာရင်း ကောက်တာ နှစ်ပေါင်း ထောင်ချီ ကြာခဲ့လေပြီ။ ဘာ ပြဿနာမှ မရှိ။

ရောမ အစိုးရ ခေတ်မတိုင်မီ ကတည်းက သန်းခေါင်စာရင်း ကောက်ခြင်းမှာ ကိုယ့် လူမျိုး၊ ကိုယ့်ဌာနေ၊ ကိုယ့် မွေးရပ် ဒေသ မှာပဲ စာရင်း ထည့်ရတာပါ။

အဲဒါကြောင့် သခင်ယေရှု ရဲ့ မိဘ များက သန်းခေါင်စာရင်း ထည့်ဖို့ သူတို့ မွေးဖွါးရာ မွေးရပ်ဇာတိ ဖြစ်တဲ့ ဗက်ဒ်လေဟမ် မြို့လေးသို့ နေ့ည ခရီးနင် သွားခဲ့တာပါ။ အဲဒီ အသွားလမ်းမှာတင် သခင်ယေရှု ကို မွေးခဲ့တယ် လို့ သမိုင်းအစ ဆိုထားပါတယ်။



မြန်မာ့ သန်းခေါင် စာရင်းကတော့ ဘယ် နေရာ မဆို ရှိနေတဲ့ လူသား အားလုံး ကို ကောက်မယ် ဆိုသတဲ့။ ခွေးတောင် ဗမာ စကားပြောတတ်ရင် စာရင်းထည့်အုံးမလားပဲ။

ဒီတော့....

မြစ်ကြီးနား ပတ်ဝန်းကျင် က တောစပ်တွေမှာ ဘယ်က ရောက်လာတဲ့ လူတွေမှန်းမသိတဲ့ ဂျစ်ဆီ တွေ ရောက်ရောက်လာတာ သတိထားမိတယ်။ အလုပ်အကိုင် ရာရာစစ မရှိတဲ့ လူတွေ တဲထိုးပြီး နေနေကြတာပါ။ ဘာလုပ်လဲ ဆိုတော့ ဘာမှ မလုပ်ဘူး။ တချို့နီးစပ် သူတွေရဲ့ အပြောအရ ရန်ကုန် နဲ့ မန္တလေး လို ဆင်ခြေဖုံး ရပ်ကွက်က အိုးမဲ့ အိမ်မဲ့ တွေကို လူမှုဝန်ထမ်းနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ကနေ အကုန်အကျ ခံပြီး ပို့ထားသတဲ့။ သန်းခေါင် စာရင်း ကောက် အမှီ ပေါ့။

ဒီလိုပဲ....

ရခိုင်... ကရင်... ရှမ်းပြည်နယ် တွေမှာလဲ တွေ့လာရတယ်...

တခု ရှိတာက..

အိမ်နီးနားချင်းက ရောက်နေတဲ့ တရုတ် ကိစ္စ ပါ။ အားလုံး ကို ဗမာ နာမည်နဲ့ မှတ်ပုံတင် ပေးထားတယ်။ သူတို့ ဗမာ စကား မတတ်ပေမယ့် ကချင်တွေထက် လုပ်ပိုင်ခွင့် ပို ရထားတယ်။ မြစ်ကြီးနား တ၀ိုက် အိမ်ရောင်း၊ ခြံရောင်း ဆိုရင် ၀ယ်လက်က လက်ညိုး ထိုးစရာ တရုတ်ပဲ ရှိလာတယ်။ တချို့ အလုပ်ကိစ္စနဲ့ ရောက်နေတဲ့ တရုတ်တွေ ဒီတိုင်း သန်းခေါင်စာရင်း ထည့်ဖို့ စောင့်နေတယ် လို့တောင် ကြားထားပါတယ်။

နောက် နှစ်ပေါင်း ဘယ်လောက် ခံမလဲ ... တွေးကြည့်တာပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်