Monday, February 10, 2014

ကချင်ပြည်နယ်မှာ ကချင်တွေရဲ့ သမိုင်းများ ဖျက်ခြင်း။


 
 ခေတ်အဆက်ဆက် လူသားသမိုင်းမှာ အရေးအကြီးဆုံးဟာ သခ်ျိုင်း ပါ။ နောက်လူတွေ သမိုင်း အထောက်အထား ပြန်ရှာ ရင် သခ်ျိုင်းမှာ ရှာတတ် ပါတယ်။

ဒီတော့ ဗမာ အစိုးရ ရဲ့ လုပ်ရပ်ဟာ ခေတ် အဆက်ဆက် သမိုင်းအထောက်အထားများ ကို ဖျက်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ လူတစ်ယောက်ရဲ့ မှတ်တမ်းဟာ သခ်ျိုင်းမှာ ရှိ ပါတယ်။ ရာစုနှစ်များစွာ သူတို့ မဖျက် ပါဘူး။ သဘာဝဘေး အန္တရယ် ရဲ့ ဖျက်ဆီးမှု ကိုတောင် ကြိုတင် ကာကွယ်ထားကြပါတယ်။

မြစ်ကြီးနားမှာ ကချင်တွေရဲ့ သခ်ျိုင်း ဘယ် နှခါ ပြောင်းရမှန်းတောင် မသိပါ။


စည်ပင်သာယာ ဥပဒေ အရ ထား ပါ။

ဒါပေမယ့် ပလန ဆိုတဲ့ ကျေးရွာလေးရဲ့ အဖြစ်ကတော့ ထူးဆန်း ပါတယ်။

ပလန မှာ တရုတ် သခ်ျိုင်း ရှိနေတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ လူတိုင်း သိနေတဲ့ ကိစ္စ ပါ။

ဒါပေမယ့် အဲဒီ တနေရာထဲမှာ ပဲ ရှိနေတဲ့ ကချင် သခ်ျိုင်းကတော့ ကောင်းကောင်း မနေရပါဘူး။ အစိုးရ ပိုင် မြေ တဲ့။ ခိုင်ခန့်မှုလဲ အတူတူ ပါ။ တရုတ်တွေက ခိုင်ခိုင်မာမာ လုပ်ထားလို့ မဖျက်ရက်ဘူး... ဆိုရင်.. ကချင်တွေက ဖြစ်သလို လုပ်ထားလို့ လား ဆိုတော့ အတူတူ လောက် ပါ။ သူတို့လောက် ငွေကြေးမတတ် နိုင်လို့သာ မယှဉ်နိုင်တယ် ထား.. တတ်နိုင်သလောက် အကောင်းဆုံး လုပ်ထားတဲ့ အုတ်ဂူများ ဖြစ်ပါတယ်။
(ဒီနေရာမှာ တရုတ် သခ်ျိုင်းကို ဖျက်ခိုင်းတာ မဟုတ်ပါ။ ဘယ်လူမျိုးစု ရဲ့ သမိုင်းမှ ဖျက်စရာ မလို ပါ။ နယ်မြေ ထပ် မရှိတော့ရင် တခြားနေရာ ထပ်မြုပ်နှံဖို့ပဲ ရှိ ပါတယ်။)

စဉ်းစား ပေါ့။

2 comments:

  1. Du Wa e, grai hkrak ai yaw. Du Wa na post hpe la mat sai yaw. ngai na blog
    http://atsammarai.blogspot.com/ kaw mara da yang mai na kun?

    ReplyDelete
  2. brangwunpawng.nightmare@gmail.com kaw bai shana ya rit yaw

    ReplyDelete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်