Wednesday, January 30, 2013

မြန်မာ့အလင်းသတင်းလိမ်ဆင် မြန်မာတိုင်းမ် ဖေါ်ထုတ်။


မြန်မာ့ အလင်းသတင်းစာမှာ Air Bagan လေယဉ်တိုက်လို့ သေဆုံးတဲ့ သတင်းဓါတ်ပုံကို ကေအိုင်အေ ဗုံးခွဲလို့ သေကြောင်း သတင်းလွင့်ထားတဲ့ အကြောင်း မြန်မာတိုင်းမ် သတင်းစာက ဖေါ်ထုတ်ပြလိုက်ပါတယ်။

ဒီ သတင်းဖေါ်ထုတ်ချက်ကြောင့် ဒေါက်တာ တင်ထွန်းဦး (ကြံ့ဖွတ်အမတ် မဲရှုံး) ရဲ့ ဇနီး နဲ့ မြန်မာ တိုင်မ်း သတင်းစာ အမှုဆောင်အရာရှိချုပ် Australia နိုင်ငံသား ဒန်တလေ နဲ့ ပြဿနာ ဖြစ်သွားပုံ ရပါတယ်။

Myanmar state media mislabels Air Bagan crash photo as KIA mine blast

http://www.mmtimes.com/index.php/national-news/3946-myanmar-state-media-mislabels-air-bagan-crash-photo-as-kia-mine-blast.html#.UQkAsHFjv-8.facebook

မိုးကောင်းမြို့နယ် မရမ်းကျေးရွာတွင် သေနတ်ကြီးကျည်ဆံကျကာပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

(သတင်းအောက်မှာ မရမ်းကျေးရွာ အကြောင်း ထပ်ဖြည့်ထားပါသည်။)


 
မြစ်ကြီးနားမှ ၂၄ မိုင်အကွာရှိ မရမ့်ကျေးရွာ ရပ်ကွက် (၆) ရှိ နေအိမ် အတွင်း သို့ မနေ့ည ဇန်န၀ါရီ ၂၉ ည ၇ နာရီ မိနစ် ၃၀ ခန့်တွင်သေနတ်ကြီးကျည်ဆံ ကျရောက်ကာ အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ပစ်ခတ်မှုသည် မည်သည့် အစိုးရ အဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်းမသိရသေး သော် လည်း မြန်မာ အစိုးရမှ ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။ အခင်ဖြစ်ပွားရာ အိမ်နှင့် မြန်မာအစိုးရ အမြောက်တပ် အမတ (၃၇၂) နှင့် အနီးတွင်ရှိပြီး ထိုတပ်မှ ပစ်ခတ်လိုက်တာ ဖြစ်နိုင်ကြောင်းသိရသည်။ 

Tuesday, January 29, 2013

BBC က ထုတ်သွားတဲ့ ကချင် စစ်ပွဲသတင်း

လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ဒေါ်ဒွဲဘူ တုန့်ပြန်ပြောဆို


(KIO ဟာ ကချင်တမျိုးသားလုံးကို ကိုယ်စား မပြုဘူးလို့ ပြောသံ ခဏခဏ ကြားမိပါတယ်။ သူတို့ရဲ့ စွပ်စွဲသံတွေက အခြေအမြစ် မရှိပဲ ကေအိုင်အို ဆိုတဲ့ အဖွဲ့အစည်းကို ချိုးနှိင်ချင်တဲ့ သဘောလောက်နဲ့သာ ပြောခြင်း ဖြစ်တယ် ဆိုတာ သိသာပါတယ်။ တကယ်တမ်း ကချင်တမျိုးသားလုံး မဟုတ်ရင်တောင် အများပိုင်းက ထောက်ခံနေတယ် ဆိုတာ သိရအောင် လွတ်လပ်တဲ့ စစ်တမ်း ကောက်ယူမှု ရှိသင့်တာပေါ့။ တကယ်လို့ အဲဒီ စစ်တမ်းကောက်ယူမှုကနေ အတည်ပြုတယ် ဆိုရင်တော့ ထောက်ခံသလား မထောက်ခံဘူးလား ဆိုတာ အသိအကျ ပြောနိုင်မှာပါ။ မဟုတ်ရင်တော့ ကချင်လူမျိုးမဟုတ်တဲ့ လူမျိုးတစ်ယောက်အနေနဲ့က ကေအိုင်အေ ကို မထောက်ခံကြောင်း ပြောပိုင်ခွင့် မရှိပါဘူး။ ဗမာ စစ်တပ် ကို ကပ်ဖါးနေရတဲ့ စီးပွါးရေး သမားသော်လည်းကောင်း၊ နီးရာဓါးကြောက်နေရလို့ အေကိုင်အေ ကို မထောက်ခံဘူး လို့ ပြောရင် ပြောလာမယ်။ တကယ်တမ်း လွတ်လပ်တဲ့ စစ်တမ်းကောက်ယူမှု ဆိုရင်တော့ သေခြာပါတယ်။ ကချင်တွေ အားလုံးနီးပါး ကေအိုင်အေ နဲ့ တထပ်တည်း ရပ်တည်တယ် လို့ ပြောမှာပါ။ အခု လောလောဆယ်တော့ လွတ်တော်ထဲက ကချင်အမတ် တစ်ယောက်၊ အစိုးရ ၀န်ထမ်း ရှေ့နေ တစ်ယောက်၊ ကြံ့ဖွတ် ပါတီဝင်ထဲ က တရားဝင် ကချင်ပါတီဖွဲ့ခွင့်မရခဲ့တဲ့ KSPP ပါတီ နဲ့ စင်ပြိုင်ဖွဲ့ပေးတဲ့ ကချင် ပါတီ အမတ်၊ စစ်အစိုးရ ကို ကပ်ဖါးတဲ့သူ လို့ ကချင်လူမျိုးကြား နာမည် ကြီးခဲ့တဲ့ တစ်ယောက် ဒေါ်ဒွဲဘူ ရဲ့ အပြောကိုပဲ ဖတ်ကြည့်ပါကုန်။)

လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ဒေါ်ဒွဲဘူ တုန့်ပြန်ပြောဆို
****************************************

တပ်မတော်အပေါ် သံယောဇဉ်ကြီးသော ဒေါ်စု

ဟာဝိုင်အီ မှာ ငြိမ်းချမ်းရေး အကြောင်းပြောရင်း တပ်မတော်အပေါ် သံယောဇဉ် ရှိတဲ့ အကြောင်း ပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
(ဟာဝိုင်အီ မှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အပေါ် သံယောဇဉ် ရှိတဲ့ အကြောင်း မပြောခင် ဒူဝါ အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ မှာ စာစု တခု ရေးခဲ့ပါတယ်။ အောက်မှာဖတ်ကြည့်ပါ။)

တပ်မတော်အပေါ် သံယောဇဉ်ကြီးသော ဒေါ်စု
by Duwa Kachin on Monday, 12 November 2012 at 21:22 ·

၁၉၈၈ ခုနှစ်လူထုအုံကြွမှု ဖြစ်ကတည်းက မြန်မာ့ နိုင်ငံရေး ဇာတ်ခုံပေါ်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီနေ့ ကမ္ဘာက အသိအမှတ်ပြုတဲ့ လူထုခေါင်းဆောင် နိုဘယ်လ် ငြိမ်ချမ်းရေး ဆုရှင် ဖြစ်ပါတယ်။ သူ့ရဲ့ ကျော်ကြားမှု နဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိမှု၊ အပေါ် မြန်မာလူထု တော်တော်များများက သိပ်နားမလည်ပါဘူး။ အထူးသဖြင့် တပ်မတော် ခေါင်းဆောင်တွေရဲ့ သြ၀ါဒ လုံလုံလောက်လောက် ခံယူဖူးတဲ့ ပြည်သူများ နဲ့ အွန်လိုင်းပေါ်မှာ တပ်မတော် နာမည်ဖျက်ပေးနေတဲ့ စစ်ခွေးများ ပိုနားမလည်ပါ။ နိုဘယ်လ်ဆု ပေးတာကို အနောက်တိုင်းသားတွေရဲ့ လက်ရုဏ်းအဖြစ် သွပ်သွင်းခြင်းလို့ တထစ်ချ မှတ်ချက်ပြုထား ခြင်းလဲ ခံရပါတယ်။ ဒါပေမယ့်၊ လူတွေ တော်တော်များများသတိမထားမိတာက ဒေါ်စုဟာ အနောက်တိုင်းသားများကြားတွင်သာ မကပဲ၊ အရှေ့တိုင်း ဒီမိုကရေစီ နိုင်ငံသားများကြားမှာလဲ ရေပန်းစားနေခဲ့သူပါ။

နွားတွေလို....

 
တိုင်းရင်းသား တွေက တလှည့်စီ ရိုက်သတ်စားနေတာ ကို သိလျှက်နဲ့ ကိုယ့်အလှည့်မရောက်ခင် ကြောင်ကြည့်နေတတ် တဲ့ နွားတွေလိုပဲ ဖြစ်နေတယ်။ ၁၉၉၄ မှာ ကရင်ကို သတ်တုန်းကလဲ ကေအိုင်အို ခေါင်းဆောင်တွေ ဆင်ခြေအမျိုးမျိုးပေးပြီး မသိဟန်ဆောင်ခဲ့တယ်။ သို့သော်လည်း၊ စုပေါင်း တပ်မှာ တော့ ကေအိုင်အေ တွေ ပါခဲ့ပါသေးတယ်။ ကိုးကန့် ကို တိုက်တော့လဲ အားလုံး ကြောင်ကြည့်နေခဲ့တယ်။ အခု ကေအိုင်အေ အလှည့်။ နောက် ဘယ်သူ့အလှည့် လာအုံးမလဲ?????

Sunday, January 27, 2013

အစိုးရ စစ်တပ်နှင့် ကေအိုင်အေ တိုက်ပွဲ ။

ဦး လှဆွေ ကို မကောင်းဘူး လို့ ဘယ်သူ ပြောလဲ....



ဦး လှဆွေ ကို ဝေဖန်သံတွေကလဲ ဆူညံနေပါတယ်။

ဒူဝါ အတွက်တော့ သူ့ရဲ့ အပြော အဆိုအတွက် ဘာမှ အံ့သြတာ မရှိခဲ့ဘူး။

ဘာလို့လဲ ဆိုတော့ ဒူဝါ တွေ့ဘူးတဲ့ ဗမာ စစ်ဗိုလ်တိုင်းက သူ့ထက် အပေါက်ဆိုးပြီး ကောက်ကျစ်တဲ့လူတွေကြီးပါ။ သူကမှ နဲနဲ တော်သေးတယ် လို့တောင် ထင်မိပါတယ်။ ပွင့်လင်းတယ် လို့ ပြောရပါတယ်။ မပွင့်မလင်း နဲ့ ညာဖီးနေတဲ့ လူတွေထက်စာရင်တော့ သူက တော်ပါသေးတယ်။

Friday, January 25, 2013

ဦးလှဆွေ ကို ဝေဖန်သံများ......

အော် ဘယ်လိုလူတွေလဲဟ။ ဒုက္ခ ဒုက္ဂ
---------------------------
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးဒီနေ့ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေကKIAကိုအပြီးသတ် ချေမှုန်းပြီးမှသာ ငြိမ်းချမ်းရေး တည်ဆောက်သင့်ကြောင်းတင်ပြဆွေးနွေးခဲ့ တယ်လို့လွှတ်တော်ကိုယ်စားလှယ်တွေက ဧရာဝတီကိုဒီညနေမှာ ပြောပါတယ်။

အမေရိကန်နဲ့ဂျပန်နိုင်ငံအကြားမှာလည်း ဗုံးကြဲချေမှုန်းပြီးမှ ချစ်ကြည်ရေးတည်ဆောက်နိုင်ခဲ့ တဲ့အကြောင်း၊အလားတူပဲ သီရိလင်္ကာ နိုင်ငံမှာလည်း တမီလ်သူပုန်တွေကိုအစိုးရက အပြတ်ချေမှုန်းပြီးမှပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ပုံတွေကို စစ်အရာရှိဟောင်းဖြစ်တဲ့ ဦးလှဆွေကဥပမာ ပေးပြီးဆွေးနွေးသွားတယ်လို့ ဆိုပါတယ်။ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ အများစုကလည်း ဦးလှဆွေလိုပဲ သဘောထား တထပ်တည်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

Thursday, January 24, 2013

လိုင်ဇာကို ကချင်ပြည်နယ် မြို့တော်လို့ ဆိုတဲ့ CCTV




ရန်ကုန်မှာရောက်နေတဲ့ တရုတ်အစိုးရ မီဒီယာ ဖြစ်တဲ့ CCTV သတင်းထောက် ပေးပို့တဲ့ ကချင်ပြည်နယ် တိုက်ပွဲ အကြောင်းမှာ

လိုင်ဇာ ကို ကချင်ပြည်နယ် ရဲ့ မြို့တော် (the Capital of Kachin State) လို့ သုံးနှုန်းသွားပါတယ်။ ဗမာ တွေက ကချင်တွေရဲ့ မြို့တော်ထိ သွားတိုက်တယ် ပေါ့။

လောကပါလ တရား အနေနဲ့ ကြည့်မယ် ဆိုလဲ ဟုတ်နေတာပဲ။ ကချင်ပြည်နယ် ဆိုမှ ကချင်တွေ အုပ်ချုပ်တဲ့ မြို့ဟာ မြို့တော် ဖြစ်ရမှာလေ။

Wednesday, January 23, 2013

ဝ ပြည်ကတော့ သီးသန့် နေတော့မယ်။



အစိုးရ က ရွေးကောက်ပွဲလုပ်ပြီး လွတ်တော်ထဲမှာ ၀င်ဖို့ ပြောတယ်။ ပြီးတော့ ငါတို့ တပ်တွေကို နယ်ခြားစောင့်တပ် ဖွဲ့ခိုင်းတယ်။ စစ်တပ်ကို သီးသန့်ဖယ်ထုတ်ဖို့ လုပ်တာပါ။ ဘယ်ရမလဲ... ငါတို့လဲ အစိုးရ ပဲ.... နယ်ခြားစောင့်တပ်တော့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ ကျနော်တို့ နှစ်ပေါင်း ၃၀ လောက် ချွေးနဲ့ သွေးနဲ့ တည်ဆောက်ခဲ့ရတဲ့ တပ်မတော်ပဲ၊ ကျနော်တို့ လက်ထဲမှာပဲ ရှိရမယ်။

 

ငါတို့က သူများနယ် ကို သွားမကျူးကျော်ဘူး။ ငါတို့ ၀ ပြည်ကို လာတိုက်ရင်လဲ ဘယ်အဖွဲ့ ဖြစ်ဖြစ် ရွှံ့ရွှံ့ချွံချွံ ပြန်တိုက်မှာပဲ။ ကိုယ့်ပြည်နယ် ကိုယ် ကာကွယ်ခွင့် အပြည့်ရှိပါတယ်။

တစ်နှစ်စာ ၀န်ထမ်းလစာ နဲ့ လိုင်ဇာကို အလောင်းအစား လုပ်တော့မလား?

ဒီနှစ် အစိုးရ ဘက်ဂျက် ခန့်မှန်းရာထားချက်အရ ၀န်ထမ်းလစာ တိုးပေးဖို့ မဖြစ်နိုင်တော့ကြောင်း သိရပါတယ်။

သတင်းရင်းမြစ် >>
(လာမည့်ဘတ်ဂျတ်နှစ်အတွင်း အစိုးရ၀န်ထမ်းများ အတွက် လစာတိုးပေးရန် အစီအစဉ် မရှိသေးပါကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န် ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောသည်။

သီပေါမဲဆန္ဒနယ်မှ ပြည်ထောင်စုဝန်ကြီး ဦးရဲထွန်း၏ လာမည့်ဘတ်ဂျတ်နှစ် အတွင်း ၀န်ထမ်းများအား လစာတိုးပေးမည်ဟု ကတိပေးထားပြီးဖြစ်ရာ လစာ တိုးပေးပြီးနောက် ငွေကြေးဖောင်ပွမှု မဖြစ်စေရန် မည်သည့် အစီအမံ များ ချထားဆောင်ရွက်နေသည်ကို သိရှိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး တွင် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ယင်းကဲ့ သို့ ပြောကြားခြင်းဖြစ် သည်။ )

ဗညားဦး (နေပြည်တော်)
(Yangon Media Group)

×××××××××××××××

သိန်းစိန် အစိုးရ မတက်ခင် အသွင်ကူးပြောင်းရေးကာလမှာ ၀န်ထမ်းလစာ များ အားရဘွယ်တိုးထား တာကို ခဏတဖြုတ်မြင်လိုက်ပါတယ်။ သိန်းစိန်အစိုးရသစ်လဲ တက်လာအပြီးမှာတော့ ၀န်ထမ်းလစာ ကို ဘေးချိတ်ထားပြီး ကေအိုင်အေ ကို ထိုးစစ်ဆင် ပါတော့တယ်။

ဖွဘွတ်ပေါ်မှ အသုတ်စုံ အကြောင်း..


ကေအိုင်အေ ကိုထည့်ရေးပြီး အပုတ်ချလို့ရရင် ပြီးရော ဆိုပြီး ရေးထားပုံပဲ။

ခက်တာက မူလာရှီဒီး တံတား ဆိုတာ ဘယ်မှာ ရှိတယ် ဆိုတာ သိပုံ မပေါ်ဘူး။ ရွှီးထားတာတော့ ဟုတ်နေတာပဲ။

တချို့မသိသေးသူများကို ပြောပြချင်လို့ပါ။

Tuesday, January 22, 2013

လွှတ်တော် နဲ့ အစိုးရဟာ ပြည်ထောင်စု ပြိုကွဲဘို့ လုပ်နေကြသလား။

by Aung Htoo on Tuesday, 22 January 2013 at 04:10 ·

လွတ်မြောက်ရေး လှုပ်ရှားမှုများတွင် လူထုသည် မကုန်ခမ်းနိုင်သော စွမ်းအားဖြစ်သည်။ လူထုထံမှ သင်ကြားလေ့လာ စရာများ များစွာရှိပါသည်။ သို့ရာတွင် မျက်မှောက်အချိန်၌ နိုင်ငံရေးခေါင်းဆောင်က လူထုကိုဟိုဟာမလုပ်နဲ့၊ သည်လို လုပ်ပါ၊ ဟူ၍သာ သင်ကြားပို့ချ၊ လမ်းညွှန်ချက်ပေးနေကြ သည်ကများလွန်းနေသည်။ လူထု ထံမှ သင်ကြားလေ့လာ ရန်၊ လူထု၏ သဘောထားအမြင် များကို အလေးထားစု ဆောင်းရန်၊ လူထုကို လေးစားကြောင်း လက်တွေ့ပြသရန် တို့ မှာ နည်းလွန်းလှသည်။ မိမိလုပ်သည့် လုပ်ငန်း နှင့် စပ်လျှဉ်း၍ လူထုအား တန်ဘိုးထားကာ ရှင်းလင်းပြောပြရန်မကြိုး စားတော့ဘဲ “ လူတိုင်းကြိုက်အောင် မလုပ်နိုင် ဘူး၊” “ မကြေနပ်ရင်လဲကိစ္စ မရှိဘူး။” ဟု မာကြောစွာ တုန့်ပြန်ကာ ခေါင်းဆောင်ကို အဓိကထား သည့် နိုင်ငံရေးလုပ်ဟန် ပေါ်လာသည်ကို ၀မ်းနည်းဘွယ်တွေ့ရ သည်။

ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယခုကဲ့သို့ အရေးကြီးသောကာလမျိုးတွင် မြန်မာမဟုတ်သော တိုင်းရင်းသား များအား ဆင်နွှဲနေသော ထိုးစစ်များနှင့် စပ်လျှဉ်း မြန်မာတိုင်းရင်းသားများကိုယ်တိုင် လက်မခံနိုင်ကြောင်း နည်းပေါင်းစုံ ဆန္ဒ ထုတ်ဖေါ်မှုများမှာ တန်ဘိုးကြီးလှသည်။ ကချင်ပြည်နယ်အတွင်း ဆင်နွှဲနေ သော ထိုးစစ်များရပ်ရန်  မုံရွာသူ/သား များ စုပေါင်း၍ ဆန္ဒထုတ်ဖေါ်နိုင်ရေး အတွက် ဦးဆောင်လှုပ်ရှားခဲ့သော မြန်မာ အမျိုးသား ကိုအောင်ထွန်းဦး ၏ ပြော ကြားချက်မှာ  မှတ်သားဘွယ်ကောင်းကြောင်း သတိပြုမိသည်။

Monday, January 21, 2013

KIO/KIA Ningbaw Ningla ni hpe Hpaji Jaw mayu nngai.

(1) Myen Asuya gaw shanhte hku nna sa gasat ai raitim, Mungkan hpe gaw shanhte she KIO/KIA ni sa gasat shingtsang mana sha ai hku, kaning n chye di nna nhtang gasat ai re lam hku zai ladat galaw nga masai. Bai nna, shanhte mahtang she simsa lam grai sharawng ai zawn nga nna tsun galaw shakut nga ai. (Kaja nga yang moi kawn shanhte shajin da nna gasat ai lam yawng chye chyalu rai sai)

(2) Anhte KIO/KIA hku nna, ninggawn mung masa gara hku mi nga tim, Gaphkat jahkring ai lam (Ceasefire) hpe tinang maga hku koi taw nga ai, ngu ai arawn alai hpe tsepkawp koi ra na re. Ahkyak ai gaw, Mung Shawa hte seng ai Mung Masa hpe n mai malap na re. Mungkan hku yu ai gaw, Mung Shawa hkra machyi ai hpe kadai ni grau yu ai, ngu ai hpe amat jaw nga ai. (Hpyen Yen ni hpe makawp maga ai hta KIO tsawm ra mi amyat lu mat ai lam ni nga sai.)

ဇန်န၀ါရီလ ၂၁ ရက်နေ့ Aljazeera ရုပ်သံမှာ ထုတ်လွင့်တဲ့ လိုင်ဇာ တိုက်ပွဲ



မြန်မာ အစိုးရဟာ ကိုယ့်ဟာကိုယ် အပစ်ရပ်ကြေငြာထားတာကို ကိုယ်ဟာကိုယ် ပြန်ချိုးဖေါက်နေတယ်။ သမ္မတ သိန်းစိန် က ရန်ကုန်မှာ နိုင်ငံတကာ အဖွဲ့အစည်းများကို အပစ်ရပ်ထားဖို့ အမိန့်ပေးထားပါတယ် လို့ ပြောနေချိန်၊ စစ်တပ်က ရှေ့တန်းမှာ ထိုးစစ်ဆင်နေတယ်။ ဆိုတဲ့ အကြောင်းပါ။

ကေအိုင်အေ အရာရှိပြောတာက..

"ကျနော်တို့ကို အထက်က ညွန်ကြားထားတာရှိတယ်။ သူတို့ အရင် မပစ်ရင် ကိုယ်က အရင် မပစ်ဖို့.. ဒါပေမယ့် အခုလို သူတို့က ငါတို့ စခန်းတွေကို ထိုးစစ်ဆင်နေတော့ မဖြစ်မနေ ကိုယ့်ဟာကိုယ် ကာကွယ်ရတာပဲ။"

သမ္မတ နဲ့ စစ်တပ်

 သမ္မတ အမိန့် လိုက်နာဖို့ စစ်တပ်က ပျက်ကွက်တာလား၊ စစ်တပ်က သမ္မတကို ချောက်ချနေတာလား 
(ဧရာဝတီ)
 
သောကြာနေ့က လဂျားယန်ဒေသ စစ်ဆင်ရေးကို ရပ်ပြီလို့ သမ္မတရုံးက ကြေညာချက်ထွက်ပါတယ်။ 

စနေနေ့မှာတော့ နိုင်ငံတကာအလှူရှင်တွေ ရှေ့ ကေအိုင်အေကို အပစ်ရပ်ရအောင်၊ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရအောင်လို့ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းထဲ ထည့်ပြောပါတယ်။ 

ဒီနေ့ ရန်ကုန်မှာ လူမှုအဖွဲ့အစည်းများနဲ့ ထပ်တွေ့ရာမှာလည်း ကေအိုင်အေရဲ့လိုင်ဇာဌာနချုပ်ဟာ တပ်မတော်ရဲ့လက်တကမ်းမှာရှိပေမယ့် အဆုံးသတ် သိမ်းပိုက်မှု မလုပ်ဘူးလို့ကြေညာလိုက်တာက တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုတာသက်သေပြလိုက်တာပါပဲလို့ ဦးသိန်းစိန် ထပ်ပြောပြန်ပါတယ်။ 

Sunday, January 20, 2013

ပါးစပ်အငှားဘ၀ရောက်ရှိနေရတဲ့ ပြန်ကြားရေး ဒုဝန်ကြီး (သို့ ) သမ္မတရဲ့  ပြောရေးဆိုခွင့်ရှိသူ ရဲထွဋ် သိစေဖို့ ။

Nik Nayman
ယခုခေတ် သမ္မတဖြစ်နေတဲ့ သိန်းစိန် ၀န်ကြီးချူပ်ဖြစ်ခဲ့တဲ့ လက်ထက်မှာလည်း အာဏာရှင်တို့ ရဲ့ ယုတ်မာတဲ့လုပ်ရပ်အတိုင်း အတိုက်အခံအင်အားစုတွေနဲ့  ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထု တိုင်းရင်းသားတွေအပေါ်လိမ်လည်စွပ်စွဲ ဖန်တီးလုပ်ကြံတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်ဆိုတာ မကြာခင်ကမှ သေဆုံးခဲ့တဲ့ ကိုဖြိုးဝေအောင်ရဲ့  အဖြစ်အပျက်က သက်သေပြခဲ့ပါတယ်။ 

Saturday, January 19, 2013

နောက်ထပ် ဒါမျိုး အနိဌာရုံ ထပ် မမြင်ရလေ အောင်





(လဂျားယန်တိုက်ပွဲ မှတ်တမ်း ပါ)

ဘာရည်ရွယ်ချက်နဲ့မှ တင်တာတော့ မဟုတ်ပါ.. နောက်ထပ် ဒါမျိုး အနိဌာရုံ ထပ် မမြင်ရလေ အောင် ၀ိုင်းလုပ် ၀ိုင်း ပြော ရအောင်လို့ပါ။ စစ်သွေးကြွ စကားပဲ ပြောရင်တော့ နောက်ထပ် ဒါမျိုးလေးတွေပဲ တွေ့နေရမှာပဲ။ မဖြစ်သင့်ပဲ ဖြစ်နေရတယ် လို့ မြင်ပါတယ်။ တကယ်တော့ စားပွဲပေါ်မှာ ဖြေရှင်းလို့ ရနေရဲ့သားနဲ့ စားပွဲပေါ် ကို ရောက်မလာ အောင် တမင်တကာ တွန်းထုတ်တဲ့ လူတစ်စု ကြောင့် ဖြစ်နေရတာပါ။

ယနေ့ခေတ်ဟာ မရှိ မာန တွေ ထောင်လွှားနေရမဲ့ အချိန် မဟုတ်တော့ပါ။ မြန်မာ နိုင်ငံကို အများတကာ အထင်အမြင်သေးပြီး ဆက်ဆံခံနေရတာကိုလဲ ကျနော်တို့ နိုင်ငံသားအားလုံး ညီတူမျှတူ ခံစားရတာပါပဲ။ ကချင်လူမျိုးတွေလဲ မြန်မာ နိုင်ငံသား ဖြစ်ရခြင်းအတွက် ဂုဏ်ယူချင်ပါတယ်။ အထင်သေးတာကိုတော့ မခံချင်ကြပါဘူး။ မြန်မာ နိုင်ငံနဲ့ ဆိုင်တဲ့ ကောင်းသတင်းပဲ ကြားချင်ကြပါတယ်။ တကယ်ပဲ လက်တွေ့မှာ လူမျိုးအချင်းချင်း ရိုသေလေးစား ခြင်းနဲ့ အောက်ခြေက စပြီး လုပ်ရမှာပါ။ မခံချင်အောင် ထိုးနက် စကားနာထိုးနေလို့ ပြီးနိုင်မှာ မဟုတ်ပါ။

ဇန်န၀ါရီလ ၁၉ မနက်ပိုင်း တိုက်ပွဲ...

ဦးသိန်းစိန်အစိုးရက ကချင်ပြည်နယ်အတွင်း စစ်ဆင်ေ၇းရပ်ဆိုင်းမည့် ထုတ်ပြန်ချက် အပေါ်သုံးသပ်ချက်

by Aung Htoo on Saturday, January 19, 2013 at 1:26am ·

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် နံက်ခြောက်နာရီမှ စတင်ပြီး နယ်မြေရှင်းလင်းစစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ဦးသိန်းစိန်အစိုးရ၏ ထုတ်ပြန်ချက်နှင့် စပ်လျှဉ်း၍ အောက်ပါ အတိုင်း သုံးသပ်ပါသည်။

 (၁) စစ်အစိုးရ၏ တပ်များသည် ကေအိုင်အေ တပ်များအား ကြီးကြီးမားမား စတင်ထိုးစစ်ဆင်သည့် ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ (၁၄) ရက်နေ့မှစ၍ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁၈) ရက်နေ့အထိ ရက်ပေါင်း ၃၃ ရက်မျှတွင် ကျဆုံး၊ ဒဏ် ရာရ၊ ထိခိုက် ဘ၀နစ်နာ ပျက်စီးသွားကြရသော ရဲဘော်များ၏ အရေအတွက်မှာ ထောင်ဂဏန်း ချီမျှ ရှိသည်ဟု သိရ သည်။ တိုက် လေယဉ် များ၊ စစ်ရဟတ်ယဉ်များ၊ ၁၂၀ နှင့် ၁၀၅ မီလီမီတာ အမြှောက်ကြီးများ ကိုပါ အသုံးပြု၍ ပြည် တွင်းစစ်သမိုင်း၌ အချိန်တိုအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့ရသဖြင့် ခန့်မှန်းတွက်ချက်မှုများအရ အမေရိကန် ဒေါ်လာ သန်းတရာကျော်မျှ ကုန်ကျခဲ့ရသည်။ ရရှိသည့် အကျိုးအမြတ်မှာ ပထ၀ီအရ ပွိုင့် (၇၇၁) အပါအ၀င် လဂျား ယန် တ၀ိုက်ရှိ တောင်ကုန်း အချို့မျှသာ ဖြစ်သည်။

(၂) အဆမတန်ကြီးမားလှသော စစ်လက်နက်အင်အားနှင့် လူအင်အားများကို အသုံးပြု၍တိုက်ခိုက်ခဲ့ သော်လည်း ကေအိုင်အို၊ ကေအိုင်အို တခုလုံး ကို အပြုတ်တိုက်နိုင်ရန်ဝေးစွ၊ ကချင်ပြည်နယ် ဒေသကြီးတခုလုံးကို လုံးဝ ချုပ်ကိုင် နိုင်ရန် အိပ်မက်၍ပင်မရ၊ ပထ၀ီ နယ်မြေ အချို့မျှကို သာ တိုးချဲ့သိမ်းပိုက် ထိမ်းချုပ်နိုင်ကြောင်း ထင်ရှား သည်။ စစ်ရေးသဘောသက်သက်အရ ကြည့်လျှင်ပင် စစ်အစိုးရအတွက် အရှုံး အမြတ် လုံးဝပင် မကာ မိသော စစ်ပွဲဖြစ်သည်။ အရှုံးကြီး ရှုံးခဲ့သော စစ်ပွဲဖြစ် သည်။ တပြည်လုံးလူထုကြီးတရပ်လုံးအတွက် ပညာရေး၊ ကျမ္မာရေး အတွက်သုံးရမည့် ငွေများ အလဟသ ဖြစ်ခဲ့ရသည်။ မသေသင့်သော အောက်ခြေတပ်မတော်သားများ၊ ပေးသည့် အမိန့်အတိုင်း နာခံ တိုက်ပွဲဝင်ပေးခဲ့ရသည့် တပ်မတော်သားများ မလိုအပ်ဘဲ ဘ၀နစ်နာပျက်စီးဆုံးရှုံးခဲ့ ရသည်။ ယင်းအတွက် သမတ ဦးသိန်းစိန် နှင့် ကာချုပ် မင်းအောင်လှိုင်တို့ ထိပ်ဆုံးတွင် တာဝန်ရှိသည်။ ၄င်းတို့အနေဖြင့် လူထုအကျိုးစီးပွားကို ထောက်ထားလျှက် ပြည်တွင်းငြိမ်းချမ်းရေးကို မည်သို့တည်ဆောက်သင့်ကြောင်း ပြန်လည်သုံးသပ်သင့်ပြီဖြစ်သည်။

Friday, January 18, 2013

ရန်လိုမုန်းတီးတတ်လာအောင် ဘယ်သူတွေ သင်ပေးသလဲ?





ကျနော် တနေ့တော့ ရှမ်းပြည် တောမြို့လေး တနေရာမှာ ဗမာ လက်သမား မိသားစု နဲ့ အနီးအနားက ရှမ်းလူမျိုးမိသားစု တွေကြားက ကလေးတွေရဲ့ ဆက်ဆံရေး ကို ရုတ်တရက် သတိထားမိသွားတယ်။

အသက် ၂ နှစ် ခွဲ အရွယ် ဗမာမိသားစုထဲက ကောင်လေးက အနီးအနားမှာ ဆော့နေတဲ့ အသက် ၅ နှစ် အရွယ် ကလေးတသိုက် ကို တုတ် တစ်ချောင်းနဲ့ လိုက်ရွယ်တော့ အားလုံးထွက်ပြေးသွားပြီး သူတို့ မိဘ တွေကို တိုင်ကြတယ်။ ရှမ်းမိသားစုတွေက သူတို့ ကလေးတွေ သူများနဲ့ ရန်ဖြစ်လာတယ် ထင်ပြီး သူတို့ ကလေးတွေကို ဆူကြတယ်။ တုတ်ကိုင်တဲ့ ကောင်လေးရဲ့ အဖေက အနားမှာ သူ့သားရဲ့ လုပ်ရပ်အပေါ် ချီးကျူးတဲ့ အပြုံးနဲ့ ကြည့်နေတယ်။ ပြီးတော့ သူ့သားကို ဂုဏ်ပြုတဲ့ အနေနဲ့ အာပွားပေးပြီး ကောက်ချီလိုက်တယ်။

ကချင်လူမျိုးတွေနဲ့ ရှမ်းလူမျိုးတွေဟာ ဟိုးအရင်ကတည်းက ရှမ်း စော်ဘွား တွေ နဲ့ ကချင် ဒူဝါ ကြီးတွေ နယ်စပ်ချင်း ထိစပ်လျှက် အတူ နေလာခဲ့တာပါ။ ကချင်ဒူဝါတွေလဲ လူများတဲ့ နယ်ကလူတွေက လူနည်းတဲ့ ဒူဝါရဲ့ နယ်မြေ ပိုင်ဆိုင်မှုတွေကို မထိခဲ့သလို၊ သူများနယ်ထဲက တောကောင် မိလာရင် တရိုတသေ နဲ့ တောကောင် ပေါင်သား ဆက်သ တတ်ကြပါတယ်။ ရှမ်းစော်ဘွား တွေနဲ့လဲ ဒီလို ပေါင်းလာခဲ့တာ ရာစု နှစ်ပေါင်း များစွာ ကတည်းကပါ။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ကချင်လူမျိုးတွေဟာ စစ်တိုက်ခြင်းကို ရွှံ့မုန်းခဲ့ကြပြီး၊ အေးအေးချမ်းချမ်း နေလိုခြင်းကြောင့်လဲ၊ အောက်မြန်မာ ပြည်နဲ့ အတူလွတ်လပ်ရေး ရယူဖို့ ဆုံးဖြတ်ခဲ့ ဟန်တူပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ရေး နဲ့ ကိုယ်တိုင် အုပ်ချုပ်ရေး ကွာခြားပုံ။


မဆလ ခေတ်ကတည်းက အခုထိ ဗမာ စစ်ခေါင်းဆောင်များ အာရုံသွင်းလာတာက ကိုယ်ပိုင်အုပ်ချုပ် ရေး ဆိုတာကို ဆင်တူရိုးမှား ဖြစ်အောင် ကိုယ်တိုင်အုပ်ချုပ်ရေး အစားထိုးလာခဲ့ပါတယ်။

တိုင်းရင်းသား တွေ ပြောနေတာ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်တယ်။

ဗမာ စစ်ခေါင်းဆောင်တွေ လုပ်နေတာက ကိုယ်တိုင်အုပ်ချုပ်ရေး ပုံစံ.... သူတို့ အမြဲတမ်း ပြောတတ်တာက ခင်များတို့ ကချင်တွေလဲ အစိုးရ ၀န်ထမ်း အများကြီး ရှိတာပဲ၊ တပ်မတော်မှာလဲ ကချင်ရှိတာပဲ... ကချင်ပြည်နယ် အုပ်ချုပ်ရေးမှူးတောင် ကချင်လူမျိုးခန့်ထားတာပဲလေ... တဲ့။

နိုင်ငံရေး နားမလည်တဲ့ သာမန်အရပ်သားများအနေနဲ့ နားယောင်လွယ်တဲ့ နည်းပရိရာယ်ပါ။

ဥပမာ...

ဒီမနက် ၀င်လာတဲ့ လိုင်ဇာမှ အီး သတင်းပါ။

သူငယ်ချင်းတို့ ကောင်းတဲ့ နံနက်ခင်းဖြစ်ပါစေ။ ခင်များတို့အားလုံး ၀ိုင်းဆုတောင်းပေးလို့ လိုင်ဇာလဲ ကျန်းမာလျှက်ပါ။ မနေ့ ခရာဘွမ်မှာ ဂျက်လေယဉ် နှစ်စင်း နဲ့ မိုးချုပ်ထိ လေးခါ လာပစ်တယ်။ ဗုံးတွေ အများကြီးကျဲချသော်လည်း ဘာမှ မဖြစ်ခဲ့ဘူး။ ရှေ့တန်းစစ်မျက်နှာမှာ အခုတလော မြစ်ကြီးနားက ဖမ်းပြီးလွတ်လိုက်တဲ့ ကချင်လူငယ် ၄၀ ယောက်ပါလာကြောင်းသိရပါတယ်။

တစ်ယောက်က ဒဏ်ရာရပြီး သေခါနီး ပြောပြ သွားတာက မြစ်ကြီးနား ကျွန်းပင်သာ ရပ်ကွက်က မွေဂျန်သား (Mwijang Kasha) ဖြစ်ကြောင်းသာ ပြောပြီး ဆုံးသွားတယ်။ အခု လက်ရှိ ၀ိုင်းမော်မြို့ ရဲစခန်းမှာ အယောက် ၆၀ ဖမ်းချုပ်ထားတယ် လို့ ပြောပါတယ်။ မနေ့က ကျောင်းသား တစ်ယောက်ကိုတော့ သူ့ဆရာမ အာမခံ ပြီး ပြန်ခေါ်ထုတ်သွားတယ် လို့ ကြားပါတယ်။

အခုလဲ မြစ်ကြီးနားမှာ ညတိုင်း ကချင်ရပ်ကွက်တွေမှာ လိုက်ဖမ်းနေတယ် လို့ ကြားသိရပါတယ်။

De/

Myitrum Manang ni, Good Morning yaw. Yawng akyu jawm hpyi ai hte mana LZ hkam kaja nga ai. Majan shiga gaw, mani Hkayabum de Jet 2 hkawng rai, jan du ten du hkra 4 lang bat nna, bom jahkrat bun ma timung hpa n ra ai; Shawnglam majan pa de ya hte MKA kaw hkan rim woi la ai, Jinghpaw ramma ni 40 hpe dat dat ai lam teng ai. Hkayabum majan pa e si hkyen hkyen re ai Jinghpawma 1 hpe anhte a hpyenla ni san yu yang, MKA, Chyunpinta na Mwijang kasha re ngu tsun nna si mat wa sai; ya Waingmaw Pyada dap e marai 60 jan naw rawng da ma ai;mani jawngma 1 hpe gaw shi a sarama sa hkam la nna, lawt wa sai; shiga ni na lu ai yaw. Ya mung MKA e shana shagu rim tik tik naw re ai da.

Thursday, January 17, 2013

ဖက်ဆစ် ၀ါဒ ကိုင်စွဲထားဆဲ...



"ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး မပြောခင် သူတို့ ပြောနေတဲ့ ဒုက္ခသည် အရေအတွက်ထဲမှာ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဘယ်လောက် ပါနေသလဲဆိုတာ သေသေချာချာ စိစစ်သင့်တယ်လို့ ထင်ပါတယ်"ဟု ဦးရဲထွဋ်က 7Days News ဂျာနယ် အင်တာဗျူးတွင် ပြောပါသည်။

Crimes against humanity ဆိုတဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှု ဆိုတာ နိုင်ငံတကာ အတိုင်းအ၀ိုင်း နဲ့ ကင်းကွာ နေတဲ့ မြန်မာ နိုင်ငံသားတွေ အတွက်တော့ စိမ်းနေအုံးမှာပါ။

လက်နက်ကိုင် မိသားစု အားလုံးကို ပစ်မှတ်ထားရေး၊ သုတ်သင် ရေး ဆိုတာ ဖက်ဆစ် ၀ါဒ ဖြစ်ပါတယ်။ အခုထိ မြန်မာ နိုင်ငံတော် အစိုးရ ရဲ့ ပြည်ထောင်စု ၀န်ကြီး အဆင့်မှာ တောင် ဒီလို စိတ်ထား ရှိနေသေး တယ် ဆိုတာ တော်တော် ကြောက်ဖို့ ကောင်းတဲ့ လူ့အဖွဲ့အစည်းပါ။

အွန်လိုင်းပေါ်မှာ ဥပဒေ ဆိုတာ နားမလည်ပဲ ဘုမသိ.. ဘမသိ အော်နေတဲ့ သာမန် စစ်သွေးကြွ လူငယ်များကို မဆိုလို... နိုင်ငံတော် ၀န်ကြီးအဆင့်ရဲ့ သဘောထားဟာ တော်တော် ရှင်းနေပါတယ်။

Wednesday, January 16, 2013

ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ရေး နှင့် ငြိမ်းချမ်းရေး

by သံလွင် ရရစ် on Tuesday, 15 January 2013
လူအတော်များများရေးပီးသားအကြောင်းအရာတွေပါပဲ မေ့ချင်ယောင်ဆောင်နေသူတွေအတွက် ပြောချင်
တာလေးတွေထပ်ဖြည့်ကြည့်တာပါ စစ်တိုက်တယ်ဆိုတာသူရဲကောင်းဆန်ဆန်တိုက်ကြသလိုစိတ်ဓာတ်စစ်ဆင်ရေးအရအလိမ္မာသုံးတာမျိုးလဲ
ရှိတယ်ဆိုတာသဘောပေါက်ထားပါတယ် အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတာလဲသဘောပေါက်ပါတယ်
..ဒါပေမယ့် လူနဲ့လောကမှာတော့ တရားတာနဲ့မတရားတာရှိတယ်လို့ဆိုချင်ပါတယ်

ဝါဒဖြန့်မှုမရှိသင့်
ပြည်ပရန်သူလဲမဟုတ်ပဲ တိုင်းရင်းသာမျိုးနွယ်ချင်းကြားမှာဆိုဝါဒဖြန့်မှုဟာနှစ်ဖက်လုံးအတွက်မလိုအပ်ပါဘူး.
အထက်ကတာဝန်ပေးတဲ့အခါ စစ်ပွဲကိုရဲဝံ့ပြောင်မြောက်စွာတိုက်ပါ သူရဲကောင်းဆန်ဆန် သေပြတဲ့အခါ
ဘယ်ဘက်ကဖြစ်ဖြစ့် ဝမ်းနဲနေမှာအမှန်ပဲ ဒါပေမယ့် သူရဲကောင်းမဆန်တဲ့ဝါဒဖြန့်မှုမျိုးကိုတော့မလုပ်စေချင်ပါ
တစ်ယောက်ဗိုက်တစ်ယောက် ဓားနဲ့ထိုးလို့သေတာကတစ်သက်ပဲ သေတာ ဒါပေမယ့်ပါးစပ်နဲ့ဝါဒဖြန့်ခဲ့တာ
ကတော့မဆုံးနိုင်တဲ့အသက်ပေါင်းများစွာကိုသေစေတာ နောက်ထပ်စစ်ပွဲပေါင်းများစွာကိုဖန်တီးနေတာ
တအုံ့နွေးနွေးဒါဏ်ရာကို မကျက်အောင်လုပ်နေတာပါ.. လူဒါဏ်ရာထက် မတရားပြောခံရလို့ရတဲ့ဒါဏ်ရာက
ပိုပါတယ်လက်ဝှေ့သမား နှစ်ယောက် ကြိုးဝိုင်းထဲမှာထိုးတယ် ပွဲပီးသွားရင် တစ်ယောက်ပုခုံးတစ်ယောက်
ဖက်ကြတယ် ချစ်ချစ်ခင်ခင်ပဲ ခုနက အသေအကြေထိုးနေတာတွေမရှိတော့ဘူး ဒါပေမယ့် တချို့လက်ဝှေ
့သမားကတော့ ပြိုင်ဖက်ကိုဟုတ်တာတွေရော မဟုတ်တာတွေရော လျှောက်ပြောတယ် အဲဒိတော့
နာကျည်းချက်တွေနဲ့ဆော်ကုန်ကြတယ် ပွဲပီးသော်လည်း ရင်ထဲက အခဲကမကြေ ထစ်ခနဲရှိတာနဲ့
ထပ်ဆော်ချင်နေတာပဲ ထပ်မတွေ့လို့မဆော်ရလဲ တသက်လုံးအခဲမကြေတာမျိုး လက်ဝှေ့ပွဲတွေမှာ
မကြာမကြာတွေ့ရဖူးတယ် ဒါဟာပါးစပ်သေနတ်ရဲ့ ဒုက္ခပေးမှုတွေပါ။

အသက်စွန့်ပြီးစစ်ခွေးခေါ်ခံရတဲ့ဘဝကနေကင်းလွတ်ပါစေ။

ဒီနေ့မနက်က မကွေးမြသလွန်ဘုရားပေါ်မှာတွ့ခဲ့ရတဲ့ ကန်တော့ပွဲပါ။ရှေ့တန်းသွားသူများအတွက်ကျန်ခဲ့တဲ့မိသားစုများကဆုတောင်းကုသိုလ်ပြုပေးထားတာပါ။
ကျဆုံးသတင်းရောက်မလာပါစေနဲ့ဆိုပြီးနေ့တိုင်းဆုတောင်းရတဲ့ဘဝကနေအမြန်ကင်းလွတ်ပါစေ။ အသက်စွန့်ပြီးစစ်ခွေးခေါ်ခံရတဲ့ဘဝကနေကင်းလွတ်ပါစေ။
(Sunny Man မှ Jan. 15, 2013 နေ့ တင်ထားသော ဓါတ်ပုံ နဲ့ စာ ကို ကူးယူတင်ပြပါသည်)

++++++++++++++++++++

ထိုးစစ်မဆင်ပါဘူး... ဆိုတဲ့ သမ္မတ နဲ့ ကာချုပ်တွေရဲ့ စကား နဲ့ ဒီ မကွေးက တပ်မ တွေ ကချင်ပြည်ရောက်လာတာ ပြောင်းပြန်သဘော တက်ရောက်တယ်။ ထိုးစစ်မဆင်ဘူး ဆိုရင် ဘာသွားလုပ်ဖို့တက်သွားခိုင်းတာလဲ.. သွားအသေခံခိုင်းဖို့လား....

စကားမစပ် ပြောရအုံးမယ်...
၂၀၁၁ ဇွန်လ တိုက်ပွဲ မတိုင်မှီ ၂၀၁၀ မှာ သမ္မတ ဦးသိန်းစိန် က ၀န်ကြီးချုပ်ရာထူးနဲ့ ပူတာအို မှာ လူထု ရှေ့ ပြောခဲ့တဲ့ စကား ရှိပါတယ်။ နယ်ခြားစောင့်တပ် လက်မခံ တဲ့ ကေအိုင်အေ ကို ရွေးကောက်ပွဲ ပြီးတဲ့ နောက် အမြစ်ပျက် တိုက်မယ် ဆိုပြီး ကျူးံဝါးခဲ့တယ်။ (သူ သမ္မတ ဖြစ်လာမယ် ဆိုတာ ကျိန်းသေ တွက်ထားပုံပါ။)

တိုင်းမှူးက ကချင်ဝန်ကြီးချုပ်ကို ခြိမ်းခြောက်...



 မြစ်ကြီးနားမြို့ ပတ်ဝန်းကျင်က ကချင်ရွာတွေမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်မရှိခိုက် ညတိုင်း လူဖမ်းပွဲ ကျင်းပ နေကြောင်း သိရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို နေပြည်တော်မှာ တမင်တကာ မကြာကြာ အောင် အချိန်ဆွဲပြီး ထိန်းထားကြောင်းလဲ သိရပါတယ်။

ဒီရက် မတိုင်ခင် အရင်လအတွင်း၊ မြောက်ပိုင်းတိုင်း တိုင်းမှူးထွန်းထွန်းနောင် ဟာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦး လဂျောန် ငန်ဆိုင်း ကို မြစ်ကြီးနားမှ အရပ်သား အထမ်းသမား တောင်းရာ မပေးနိုင်တဲ့ အကြောင်း နဲ့ မြစ်ကြီးနားမှာ ပေါ်တာ မဆွဲဖို့ ငြင်း နေခြင်းကြောင့်၊ နေပြည်တော် တံခါးပိတ် ဆွေးနွေးပွဲတွင် အပြင်းအထန် ခြိမ်းခြောက်ခဲ့ ကြောင်း မိသားစု ၀င်များမှ တဆင့် ကြားသိရပါတယ်။

ခေတ်ရေစီကြောင်းနှင့်အမျိုးသမီးများ..တဲ့...။


အရင်ပါတ်က တင်ပြခဲ့သည့် ....ခေတ်ရေစီးကြောင်းနှင့်
အမျိုးသမီးများ အပိုင်း ( ၂ ) ဖြစ်ပါတာ်

၁၅. ၁. ၂၀၁၃
RAF မှထုတ်လွှင့်သော အသံဖိုင်ကို ထပ်ဆင့်ကူးယူပြီး ...
မိတ်ဆွေထံ ထပ်ဆင့် မျှဝေခြင်းဖြစ်တယ်....။
နားထောင်သင့်သော တင်ပြချက်ဖြစ်လို့ ... နားထောင်ကြစေရန်
တင်ပေးလိုက်ပါသည်... နားထောင်ကြည့်ကြပါ....၊
" ခေတ်ရေစီကြောင်းနှင့်အမျိုးသမီးများ. အပိုင်း ( ၂ )..။"

Monday, January 14, 2013

ဗမာ တပ်မတော် နည်းဗျူဟာ...

၂၀၁၁ ဇွန်လ ကတည်းကနေ တိုက်ပွဲ စဖြစ်ကတည်းက ဗမာ စစ်တပ်တွေဟာ အရပ်သားတွေကို အကျပ်ရိုက်အောင်လုပ်ပြီး ကေအိုင်အေ ကို လက်နက်ချခိုင်းမယ်... ဆိုတဲ့ သဘောနဲ့ ထိုးစစ်ဆင်လာတာ တွေ့ရပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်တော့ သူတို့ စစ်ဗိုလ်ချုပ်များရဲ့ အမြင်တွေ မီဒီယာ မှာ ပြောလာတာ ရှိတယ်။ အမေရိကန် နဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွါးရေး ဒဏ်ခတ်ပိတ်စို့ခြင်းရဲ့ ရည်ရွယ်ချက် ဟာ ပြည်သူတွေကို အနေဆင်းရဲအောင်လုပ်ပြီး လမ်းပေါ်ထွက်လာအောင် လုပ်ခြင်း ဖြစ်တယ်၊ ဆိုပြီး ဖွင့်ပြောလာတာ တွေ့ခဲ့ရပါတယ်။

အနောက်နိုင်ငံတွေရဲ့ Sanction ရည်ရွယ်ချက်ကတော့ ဒီလို ဟုတ်ချင်မှ ဟုတ်မယ်..

သို့သော်.... ရွှေမြန်မာ ဗိုလ်ချုပ်ကြီးများရဲ့ ရွှေဥာဏ်တော်ကွန့်မြူးချက် ကတော့ ဒီအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုတယ်.... အခု ကချင် စစ်ပွဲမှာ လက်တွေ့ အကောင်အထည်ဖေါ်နေပြီ။

လိုင်ဇာ ကို တိုက်ရတဲ့ အကြောင်းရင်း တချို့ပေါ့....




ဗမာ စကား မပြောပဲ ကချင်စကား ပြောလို့ တိုက်တာ တဲ့။

တရုတ်စာ ကတော့ မန္တလေးမှာလဲ သုံးတာပဲ။

Sunday, January 13, 2013

အကျည်းတန် မှန်ကြောက်...



အမေရိကန် နဲ့ al-Qaeda စစ်ပွဲမှာ....

အမေရိကန် ဗိုလ်ချုပ်များကို မီဒီယာ တွေ လွတ်လွတ်လပ်လပ် မေးခွင့်ရ ပေမယ့်... ဘင်လာဒင် ကို မရခဲ့....

ထိုနည်း၎င်းပဲ....

ကေအိုင်အေ စစ်ဦးစီးချုပ်များကို မီဒီယာများ လွတ်လွတ်လပ်လပ် မေးခွင့်ရသလို ....
ဗမာ စစ်ဦးစီးချုပ်များနဲ့ မရခဲ့ပါ။......

လိုင်စင်ရ လူသတ်မိန့် နဲ့ ဗမာ စစ်တပ် ရဲ့ စစ်ရာဇ၀တ်မှုများ



တပ်မ ၈၈ က အရာရှိ ကိုယ်တိုင် ၀န်ခံထားတဲ့ ဗမာ့ တပ်မတော် လူသတ် လိုင်စင် အထောက်အထား တခုပါ။

ဥပဒေ မဲ့လူသတ်တယ် ဆိုတာ သူတို့ နားလည်ထားပုံ မရဘူး။

စစ်တိုက်တာနဲ့ လူသတ် သမား ဆိုတာ ကွာခြားမှန်းလဲ သူတို့ မသိပါ။

ကေအိုင်အေမှာက ရန်သူ ဖြစ်နေရင်တောင် ယူနီဖေါင်း နဲ့ သေနတ် မပါရင်၊ ဒါမှ မဟုတ် မထွက်ပြေးရင် ပစ်ခွင့်မရပါဘူး။ သတင်းအရ ထောက်လှမ်းရေးတွေကို ဖမ်းတာကတော့ တမျိုးပေါ့။

ဗမာ စစ်တပ်ဟာ စစ်ကြောင်းက စစ်သားတွေကို ၀ိုင်းကြည့်နေတဲ့ ရွာသားများကို ကလေးပါမကျန် ပစ်သတ်လိုက်ကြောင်း၊ Namlim Pa ရွာ အကြောင်း ရေးထားတဲ့ နော်ဝေ နိုင်ငံ အခြေစိုက် Partners Relief & Development အဖွဲ့ပြုစုထားသော Crimes in Norther Burma (http://goo.gl/MEkg6) အစီရင်ခံစာ မှာ အတိအကျ ဖေါ်ပြထားပါတယ်။

ကချင်ခရစ်ယာန် သင်းထောက်တစ်ပါးကို ဗမာစစ်သားများ ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်တယ်။

သမ္မတ ရာထူး ဆိုတာ ဦးသိန်းစိန် ရဲ့ ကိုယ်ပိုင် အကျိုးစီးပွါးမဟုတ်ပါ။


တချို့လူတွေ သမ္မတ ဦး သိန်းစိန် ကို ထောက်ခံချင်တာနဲ့ပဲ နဲနဲမှ ဝေဖန်ပေးတာ မကြိုက်တော့ဘူး။ မုတိတာ မပွါးနိုင်ဘူးတဲ့လေ။

ဦး သိန်းစိန် ရဲ့ ကိုယ်ပိုင် ကုမ္ပဏီ ကြီးပွါး တိုးတက် နေတာကို သွားမနာလိုတာ မဟုတ်။ သူတို့ မိသားစု ကိုယ်ပိုင် အကျိုးစီးပွါး ကို သွားပြီး မနာလို ၀န်တို နေလို့ ပြောတာ မဟုတ်။

သမ္မတ ရာထူး ဆိုတာ မြန်မာ နိုင်ငံသား အားလုံးရဲ့ဘ၀ နဲ့ တိုက်ရိုက် ပတ်သက် နေလို့ ဖြစ်တယ်။

ကိုယ်ပိုင် ကုမ္ပဏီ တခုကို အောင်မြင် အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သူဌေးတောင် သူ့ရှယ်ယာ ရှင်တွေရဲ့ ဝေဖန်တာကို ခံရတတ်တယ်။

NLD အဖွဲ့ဝင်များ နဲ့ ဗမာလူမျိုး ဒီမိုကရေစီ ဘက်တော်သားများကို ပြောချင်တယ်....

ကေအိုင်အေ စစ်ရုံးချုပ်နဲ့ စကားစမြည်


The Voice Weekly မှာ ဖေါ်ပြတဲ့ ကေအိုင်အေ အလင်းဝင် သတင်းနဲ့ ပတ်သက်ပြီး ကေအိုင်အေ စစ်ရုံးချုပ်က အရာရှိ တစ်ယောက်ကို ဖုန်းဆက်မေးဖြစ်တယ်။

ဒူဝါ။ ။ ယေက္ဖ သတင်းတခု အကြောင်း မေးချင်လို့ပါ။ (ကချင်လို Hkau ဆိုတာ တိုက်ရိုက် အဓိပ္ပါယ် ပြန်ရင်တော့ ယောက္ဖ ဒါပေမယ့် ဗမာတွေ တွေးသလို ရိုင်းတဲ့ သဘော မဟုတ်ဘူး။ မသိသေးသူ အချင်းချင်းကြား ယဉ်ကျေးတဲ့ အခေါ်အဝေါ် ဖြစ်တယ်။)..

အရာရှိ။ ။ မေးပါ၊ ရပါတယ်။

ဒူဝါ။ ။ စစ်သား တချို့ အလင်းဝင် လာတယ် လို့ သတင်းပြန့်နေပါတယ်။ မှန်ပါသလား။?

အရာရှိ။ ။ ဟုတ်ကဲ့ မှန်ပါတယ်။

ကျနော်တို့က ၁၉၉၄ ကတည်းက အပစ်ရပ်ပြီးသား..






၂၀၁၂ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ လုပ်တဲ့ UNFC အစည်းအဝေး မှာ ကေအိုင်အို အတွင်းရေးမှူး ဒေါက်တာ လဂျာ ကနေ တဖန် တိုက်ပွဲ ဖြစ်လာရတဲ့ အကြောင်းကို ရှင်းလင်း နေခြင်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကတည်းက ကေအိုင်အို အနေနဲ့ အပစ်ရပ်လက်မှတ်ထိုး တာဟာ နိုင်ငံရေး ဆွေးနွေးဖို့ ဖြစ်တဲ့အကြောင်း။ နိုင်ငံရေး ဆွေးနွေးရအောင် ပြောတော့ ကျနော်တို့က အာဏာသိမ်း တပ်မတော် ဖြစ်တယ် ဆိုပြီး လက်မခံ တဲ့ အကြောင်း၊၊ နောင်တက်လာမဲ့ အစိုးရ နဲ့ ဆွေးနွေးပါ လို့ ပြောတဲ့ အကြောင်း။ အခုတခါ... အပစ်ရပ် ရအောင်တဲ့... ကေအိုင်အို အနေနဲ့ ၁၉၉၄ ကတည်းက လက်မှတ်ထိုးထားပြီးသား ဖြစ်တယ် ဆိုတဲ့ အကြောင်း... အခု ဖြစ်နေတာက ခင်များတို့ လာပစ်လို့ ဖြစ်နေတဲ့ တိုက်ပွဲတွေ ဖြစ်တယ် ဆိုတဲ့ အကြောင်း။ ခင်များတို့ တပ်တွေ ကို ဆုတ်လိုက်ပါ... လက်မှတ်ထိုးစရာ မလိုဘူး.... ကျနော်တို့က ခင်များတို့ နေရာကို သွားတိုက်တာ မဟုတ်ဘူး... ကျနော်တို့ ပိုင်နက်ထဲ ကျူးကျော်လာလို့ တိုက်တာဖြစ်တယ်...... ဆိုတဲ့ အကြောင်း တွေပါ။

ဒီနှစ်သစ်မှာ ရှက်စရာ......


ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရင် နဲနဲသက်သာမလားလို့ပါ။။။ အဟားဟား.....

ဟုတ်ကဲ့.. အောက်တိုဘာ ၂၀၁၂ မှာ.. ဒီတသက်တော့ မဆဲတော့ပါဘူး.. လို့ Vow လုပ်ထားပြီး ဒီဟုတ်ကဲ... ဒီဇင်ဘာ ၃၁ ည၊ နှစ်သစ်ကူးဖို့ ၃ နာရီအလိုမှာ ”အစိုးရက ကချင်စစ်ပွဲမှာ လေယာဉ်မသုံးဘူးလို့ ငြင်းဆိုလိုက်ပါတယ်” ဆိုတဲ့သတင်းက ဒိုင်းကနဲ တက်လာရာက... အစပြုပြီးသကာလ.. New Year Resolution ကို ဘုရားကျောင်းရှေ့မှာ သွားလုပ်မိတဲ့အထိ....

၁၀ ရက်တိတိ အားရပါးရ ဆဲဆိုပြီးသကာလ... တခြားသူတွေ ဘယ်လိုများ နေပါလိမ့်လို့ လူကြီးသူမများကို ချဉ်းကပ်နာယူ ရတာပေါ့ကွယ်။။ ထုံးစံအတိုင်း လုပ်နေကျ..

ဆဲတာပတ်သက်ပြီး။။။ လားလား.. လူကြီးတွေ အမြင်က ကျွန်မနဲ့ ပြောင်းပြန်။။။

Saturday, January 12, 2013

ကျနော်တို့နားလည်သလို ခင်များတို့ နားမလည်ဘူး

 
 
ကချင်ပြည်နယ်က လူဦးရေ စာရင်းကို နှစ်ပေါင်း ၅၀ အတွင်း မရမက ဗမာ လူဦးရေများအောင် လုပ်ယူအပြီးမှာတော့...

အခုတလော ခဏဏ တွေ့လာရတာက

ကချင်ပြည်နယ်မှာ ကချင်တွေပဲ နေတာ မဟုတ်ဘူး... တဲ့။ သူတို့ အစိုးရ ရဲ့ စာရင်းလိမ် တွေကို ထုတ်ပြပါတော့တယ်။

TIME magazine နဲ့ ၀ူးတိန်းရှိန် ကိစ္စ



ကမ္ဘာကျော် TIME magazine မှာ သမ္မတ ၀ူးတိန်းရှိန် ပါလာတော့၊ သူ့နောက်လိုက်များလဲ ရှယ်ကြ... ၀မ်းသာကြ.. ဂုဏ်ပြုကြ... နဲ့ တော်တော်လေး စည်ကားခဲ့ပါတယ်။

ဒါပေမယ့်... အဲဒီ အထဲမှာ ပါတဲ့ အချက်တွေကို ကောင်းကောင်း ဖတ်ပြီး သုံးသပ်တဲ့ လူကတော့ တော်တော် ရှားနေပုံပါ။

TIME ဆိုတာ လူကောင်းရော.. လူဆိုးရော.. ကမ္ဘာ့လူသားများ အသိချင်ဆုံး ပုဂ္ဂိုလ်များကို ဦးစားပေး ရေးလေ့ ရှိပါတယ်။ ဒါကြောင့်လဲ နာမည်ကျော်တာပါ။

ဘင်လာဒင် အကြောင်း.. ရာဇာ အာရာဖတ်အကြောင်း.. အာရပ် အာဏာရှင်များ အကြောင်း မှ အစ... အမေရိကန် သမ္မတ ကတော် များအဆုံး စုံလို့ပါ။

တခု ရှိတာက TIME မှာ ရွေးချယ်တဲ့ လူစားမျိုးဟာ တခြား မီဒီယာ တွေမှာ အလွယ်တကူ သိဖို့ ခက်ခဲတဲ့ လူတွေ အကြောင်း ဖြစ်တတ်ပါတယ်။

သမ္မတ ၀ူးတိန်းရှိန် လဲ နေ့ချင်း ညချင်း သမ္မတဘ၀ ကနေ ကမ္ဘာကျော်သွား တာ အကြောင်း ရှိပါတယ်။

ဒါကတော့ မြန်မာ နိုင်ငံကို ကမ္ဘာက စိတ်ဝင် တစား ကြည့်နေတဲ့ အချိန် နဲ့လဲ တိုက်ဆိုင်နေပါတယ်။

မျက်နှာဖုံးမှာ အပေါ်တင် ရေးထားတဲ့ စာ အကြောင်းက ပိုစိတ်ဝင် စားစရာပါ...

Friday, January 11, 2013

ဘယ်သူမပြု မိမိမှု...

 
 
ဗိုလ်ချုပ်အောင်ဆန်းကို လူလိမ် လို့ အပြောမခံ ချင်ရင်....
ရှမ်းစော်ဘွားများနဲ့၊ ကချင် ဒူဝါကြီး များကို သူပြောထားတဲ့ ကတိစကား တွေကို လိုက်နာကြပါ...

ဗိုလ်ချုပ်အောင်ဆန်းကို ကလိမ်ကကျစ် သမား လို့ အပြောမခံ ချင်ရင်...
သူ တိုင်းရင်းသားတွေနဲ့ လုပ်ထားတဲ့ စာချုပ်အပေါ် လေးစားလိုက်နာကြပါ....

ပင်လုံစာချုပ် ကို အလေးမထားခြင်းသည်... ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ နိုင်ငံအတွက် ဘာအရေးမှ မပါတဲ့လူ... သူ့ဟာသူ စိတ်ရူးထပြီး လုပ်ချင်ရာ လုပ်ထားခြင်း ဖြစ်တယ်... ဆိုတဲ့ သဘော သက်ရောက်စေပါတယ်။

ဝန်ကြီး အဆင့်တွေက အွန်လိုင်းသုံးဖို့ လွတ်တော်မှာ အဆိုတင်သွင်း ရတယ်လို့....

အွန်လိုင်း ပေါ်ကနေ အေအိုင်အေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လွတ်တော်မှာ ယခင် ၁၅သိန်းတန် ဆင်မ်းကဒ် အရောင်းသမား ဦးသိန်းဇော် က ဒီကနေ့ပဲ အဆိုတင်သွင်း ပြီး လက်ခံ ဆွေးနွေးကြောင်း သိရပါတယ်။

မြစ်ကြီးနားသား ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော် ဟာ... သူ ၀န်ကြီး ခေတ်က မြစ်ကြီးနား တက်လာတိုင်း သူ့ငယ်ပေါင်းများ နဲ့ သူတို့ မိတ်ဆွေများ၊ ကြံ့ဖွတ် အဖွဲ့ဝင်များ၊ သူမဲဆွယ်ပြီး တွေ့ခဲ့တဲ့ ရပ်မိရပ်ဖ များ၊ ဘာသာရေး ဆရာများ ကို ဖုန်းပါမစ် ချပေးတတ်ပါတယ်။ အလကားတော့ မဟုတ်ဘူး.. ၁၅ သိန်းနဲ့ ၀ယ်ယူ ခွင့်ပါ။ ဒါကြောင့် မြစ်ကြီးနား သားတွေက ဖုန်း အရောင်း ၀န်ကြီး လို့ ချစ်စနိုးခေါ်ကြပါတယ်။

ဝန်ကြီး အဆင့်က ဖုန်းရောင်းတဲ့ဘ၀ ကနေ အခုလည်း အွန်လိုင်းသုံးဖို့ လွတ်တော် အဆင့်မှာ အဆိုတင်သွင်းလာပါတယ်။...

Thursday, January 10, 2013

တရုတ်ပြည်ဖက်မှ ကချင်ညီနောင်များရဲ့ အားပေးသံ။

 

စာရွက်မှာ ကချင်လို ရေးထားတဲ့ စာ "Myit Hkum Kaji" ဆိုတာ "အားမငယ် နဲ့" တဲ့။ တဖက်မှာတော့ လိုင်ဇာဖက်ခြမ်းက ကချင်ပြည်သူတွေရဲ့ လက်ယပ် ပြီး ကြိုဆိုနေတဲ့ ပုံပါ။

သူတို့ ရိုးရာ ၀တ်စုံ ကိုယ်ဆီ ၀တ်ပြီး စုံတွဲအလိုက် မနောက ပွဲဝင်လာတဲ့ ပုံစံ နဲ့ လမ်းလျှောက် ဆန္ဒ ပြခဲ့ကြပါတယ်။

ဟိုး အရင် အပစ်ရပ်ထားစဉ်တုန်းက ဒီ ဇန်န၀ါရီလ ၁၀ ရက် ရောက်တိုင်း မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်း မှာ ကျင်းပ လျှက် ရှိတဲ့ မြန်မာ အစိုးရ က တရားဝင် ရုံးမပိတ်ပေးသော ကိုယ်ထူကိုယ်ထ ကချင်ပြည်နယ်နေ့ မနောပွဲသို့ တရုတ်ပြည်မှ ညီနောင်များက တရုတ်အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနက စရိတ်ပေးပြီး အခုလိုပဲ တန်းစီ ရောက်လာတတ် တာကို သတိရလိုက်ပါတယ်။

မြန်မာ ဖုန်း ဘာကြောင့် ဈေးကြီး


မြန်မာ နိုင်ငံရဲ့ အိမ်ဖုန်း နဲ့ မော်ဘိုင်း ဆင်မ်းကဒ် ဈေးကြီးရတဲ့ အကြောင်းရင်းကို လူတွေ အမျိုးမျိုး ဝေဖန်ကြပါတယ်။

စစ်အစိုးရ ခေတ် တလျှောက်လုံးလဲ ဘယ်နိုင်ငံမှာမှ မရှိဖူးတဲ့ ဈေးနှုန်းတွေနဲ့ ဖြတ်သန်းလာတာပါ။

ဝန်ကြီး ကိုယ်တိုင်က ဖုန်းရောင်းသူ အဖြစ်ကနေ အခုတော့ ကုမ္ပဏီ ကို ရောင်းခိုင်းတဲ့ အဆင့် တော့ ရောက်ပါပြီ။ နိုင်ငံခြားတိုင်းပြည်တွေလို လမ်းဘေး ဈေးသည်များကို ရောင်းခိုင်းတဲ့ အဆင့်တော့ ဘယ်တော့ရောက်လာမယ် မသိသေးပါ။

ဖုန်း ဆိုတာ လူသားကမ္ဘာရဲ့ ဆက်သွယ်ရေး နယ်ပယ်မှာ ထိပ်ဆုံးက ရှိနေဆဲပါ။ လူလူချင်း သတင်းဖလှယ်လွယ်တဲ့ နည်းပညာ ဆိုလဲ မမှားပါဘူး။

Wednesday, January 9, 2013

မြန်မာ့ပို့ကုန် လုပ်ငန်း ပြည့်တန်ဆာများ

 

မြန်မာ့သတ်မတော်က စစ်လေယဉ်တွေ ဖေါဖေါသီသီ သုံးဖြုန်းနေတဲ့ အချိန်မှာ မြန်မာ အမျိုးသမီးများကတော့ ထိုင်းနိုင်ငံသွားပြီး မိသားစုတွေကို ဒီလို ခန္ဓာကိုယ် အရင်းအနှီးလုပ်ပြီး ငွေရှာပို့နေရပါတယ်။ သူတို့ ရှာရတဲ့ အထဲက အိမ်ခွန်၊ ယာခွန်၊ ဂိတ်ကြေးကအစ နိုင်ငံ့ဘဏ္ဍတိုက် ကို တနည်းနည်းနဲ့ ရောက်ပါတယ်။ အဲဒီ ဘဏ္ဍ ငွေကို စစ်လေယဉ်ဝယ်တယ်၊ ဒုံးကျည်တွေ ၀ယ်တယ်။ အဲဒီ အမျိုးသမီး တွေ နဲ့ သူတို့ရဲ့ မိသားစု၊ မိဘ၊ ညီကိုယ် မောင်နှမများအတွက် ကျန်းမာရေး နဲ့ ပညာရေး ကိုတော့ ဘေးမဲ့ပေးထားကြောင်းပါ။


(9 January 2013 18:30
ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာ ဒီဇင်ဘာ ၆ ရက်နေ့ညက ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသူ မြန်မာအမျိုးသမီး ၁၀ဦးကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီထဲက ၅ ဦးဟာ အသက်မပြည့်တဲ့သူတွေ ဖြစ်နေပါတယ်။။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်၊ ရိုက်ကူး ဂျိုး)


Khin Min Zaw မှ ကူးယူတင်ပြပါသည်။ 

Tuesday, January 8, 2013

နိုင်ငံရေး ဆိုတာ သိပ္ပံ ဖြစ်တယ်။ ၀ိဇ္ဇာ မဟုတ်။




သိပ္ပံ ဆိုတာ လက်တွေ့ကျကျ စနစ်တခုရဲ့ အလုပ်လုပ်ခြင်း ဆိုင်ရာ နည်းပညာ ဖြစ်ပါတယ်။ သိပ္ပံမှာ နောင်ဘ၀၊ ရှေးဘ၀၊ ကုသိုလ်ကံ၊ ချစ်ခြင်း၊ နိုင်ငံတော်ရဲ့ စေတနာ၊ ယုံကြည်ခြင်း၊ ဆိုတဲ့ စိတ္တဇ နာမ်များ မဟုတ်။ လူသားဘ၀ ဖြစ်တည်မှု (မွေးခြင်းမှ သေခြင်းအထိ) နဲ့ ဆိုင်တဲ့ လက်တွေ့ကျင့်ထုံးနည်း စနစ်သာ ဖြစ်ပါတယ်။

စိဇ္ဇာ ဘာသာရပ်လို မောင်နှမလို ခင်ပါတယ်။ ချစ်ခင်ရမယ်၊ ကူညီပါရစေ၊ ချစ်ခြင်း၊ မုန်းခြင်း၊ ဆိုတဲ့ အရည်မရ အဖတ်မရ အာရုံခံ စကားနဲ့မရပါ။ နိုင်ငံရေး ဆိုတာ စနစ်တခုကို သိသိကျကျ လည်ပတ်စေတဲ့ ယန္တရား (Mechanism) တွေကို လက်တွေ့ဘ၀ (Empirical evidences) များ နဲ့ တွက်ချက်သော သိပ္ပံဘာသာရပ် ဖြစ်ပါတယ်။

Monday, January 7, 2013

KIO ကို နိုင်ငံရေး ဇာတ်ခုန်ပေါ် ရောက်မလာရေး တွန်းပို့ ခြင်းသာဖြစ်တယ်။

 
အပစ် အခတ် မရပ်ချင်တာ ကေအိုင်အေ မဟုတ်ပါဘူ... တခြား လက်နက်ကိုင် အဖွဲ့တွေက အပစ်ရပ်ပြီး ကေအိုင်အေ ပဲ မရပ်ချင်သယောင် အစိုးရ အနေနဲ့ တမင် ဒီလို ဇာတ်ထွင်ခဲ့တာ နိုင်ငံတကာ လေ့လာသူတွေအားလုံး သိနေပါတယ်။ ကေအိုင်အေ ဟာ ၁၉၉၄ အပစ်ရပ်ကတည်းက နိုင်ငံရေး ဆွေးနွေးပြီး ဖက်ဒရယ် ဖြစ်ပေါ်လာရေး ကြိုးစားခဲ့တာဖြစ်တယ်။ အစတုန်းက အခု KNU ကို ကြိုဆိုသလို ကြိုဆိုခဲ့တာပဲ။ တကယ်တော့ KNU ကို တိုက်ဖို့ ကေအိုင်အေ ကို အချိုသပ်ထားခဲ့တာပါ။

ကေအိုင်အေဟာ အခုထိ ခုခံစစ် ဆင်နွဲနေတာပါ။ မီဒီယာ အားလုံးသိပါတယ်။ လွတ်လွတ်လပ်လပ် သတင်းယူနေကြတာပါ။ အစိုးရ စစ်တပ်ဖက်မှာသာ သတင်းလိုက်ခွင့်မရတာ သူတို့မှာ အကြောင်းရှိပါတယ်။

အစိုးရ ရဲ့ သတင်းထုတ်ပြန်ချက်အားလုံးကို သုံးသပ်ကြည့်ခြင်းအားဖြင့်လဲ ကေအိုင်အေ ဟာ ခုခံ စစ် ဖြစ်တယ် ဆိုတာ စစ်ရေး အကဲခတ်များ ပြောကြပါတယ်။

Saturday, January 5, 2013

ထိုးစစ်ရပ် ပြီး ရွာ မီးရှို့


 

ဇန်န၀ါရီလ ၄ ရက်၊ လွတ်လပ်ရေး နေ့မှ ယနေ့ ၅ရက်ထိ နှစ်ရက် ဆက်တိုက် မြန်မာ အစိုးရ စစ်တပ် ထိုးစစ်ဆင်မှု ရပ်သန့် နေပြီး ရင်ဆိုင်တိုက်ပွဲများလဲ ရပ်သန့်နေခဲ့သည်။

သို့သော်...

ဒေါဖုန်းယန် မြို့နယ်ခွဲ၊ မြန်မာ အစိုးရ အထက်တန်းကျောင်း နဲ့ ဘုန်းကြီးကျောင်းလဲ ရှိတဲ့၊ နမ်ဆန်ယန် ရွာ မှ ကချင်အိမ် ၁၅ အိမ် သီးသန့်ရွေးပြီး မြန်မာ စစ်တပ်မှ ဒီနေ့ (Jan 5) ပဲ မီးရှို့ပေးလိုက်တယ် လို့ ဓါတ်ပုံ နဲ့ တကွ သိရပါတယ်။

နမ်ဆန်ယန် ရွာဟာ ကချင်၊ ရှမ်း၊ ဗမာ၊ တရုတ် လူမျိုးများ ရောနှော နေထိုင်နေတဲ့ မြို့နယ်ခွဲအဆင့်ရှိတဲ့ ရွာကြီး ဖြစ်ပါတယ်။ အစိုးရ စစ်တပ်ထိုင်တဲ့ ရွာလဲ ဖြစ်ပါတယ်။

ဒါတွေကြောင့် နိုင်ငံတကာ သတင်းမီဒီယာ များကို မ၀င်ခိုင်းခြင်း ဖြစ်ပါလိမ့်မယ်။ သူတို့ လုပ်ချင်ရာ လုပ်လို့ မရမှာ စိုးလို့ပါ။

ဆွိဒင် ဘာသာ နဲ့ထုတ်တဲ့ သတင်းစာ တစ်စောင်မှ ကချင် စစ်ပွဲသတင်း


 



 လူသတ်သမား မြန်မာအစိုးရ စစ်တပ် ရဲ့ ကချင်လူထု အပေါ် လူသားမျိုးနွယ်အပေါ်ကျူးလွန် တဲ့ ရာဇ၀တ်မှု စစ်ဆင်နွဲ
***********************************

(၁) ခရစ္စမတ် အကြိုနေ့မှ စ၍ နှစ်သစ် ပွဲတော်အထိ ခရစ်ယာန် လူနည်းစု ကချင်တော်လှန်ရေး အပေါ် ဗုဒ္ဓလူများစု မြန်မာများ အနေနဲ့ အကြီးအကျယ် ထိုးစစ်ဆင်ခြင်းဖြစ်။

(၂) အရင်တစ်နှစ်ခွဲစစ်ပွဲစ ကတည်းက မိမိနေရပ်မှ ထွက်ပြေးလာသူ စစ်ရှောင် ဒုက္ခသည် တစ်သိန်းဝန်းကျင်မှ ခုနှစ်သောင်းလောက်ဟာ တရုတ်အစိုးရ လက်မခံ၍ ကေအိုင်အေ ထိန်းချုပ်နယ်မြေတွေမှာ ခိုလုံနေခဲ့ရာမှ ဒုတိယ အကျော့ ပြန်ထွက်ပြေးရမဲ့ ကိန်းစိုက်နေရခြင်းဖြစ်။

(၃) တိုက်ခိုက်ရေး ရဟတ်ယဉ်များမှာ ရုရှားလုပ်များ ဖြစ်ပြီး၊ ၁၉၈၀ ကျော်က အာဖကန် စစ်မြေပြင်မှာ သုံးခဲ့သော မော်ဒယ်များ ဖြစ်။

(၄) တိုက်ပွဲရည်မှန်းချက်ကတော့ ကေအိုင်အေ ရဲ့ နိုင်ငံရေး နဲ့ စစ်ရေး အခြေခိုင်မှုများကို ဖြိုဖျက်ရန်ဖြစ်နိုင်။

(၅) ၁၉၉၄ ကတည်းက အပစ်ရပ်ထားတဲ့ ကေအိုင်အေ အပေါ် ၂၀၁၁ ဇွန်လကနေ မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးမှု မလုပ်ချင်၍ စတင် တိုက်ခိုက်လာခြင်းဖြစ်။

လွတ်လပ်ရေးရပေမဲ့ တန်းတူမှုမရှိသေးဟု တိုင်းရင်းသားခေါင်းဆောင်တွေဝေဖန်


VOABurmese
မြန်မာနိုင်ငံမှာလွတ်လပ်ရေး ရရှိခဲ့တာ နှစ်ပေါင်း ၆၅ နှစ် ဒီကနေ့ ပြည့်သွားပေမဲ့ တိုင်းရင်းသား အားလုံး အဆင့်အတန်း အခွင့်အရေး တူညီတဲ့ ပြည်ထောင်စုနိုင်ငံ မဖြစ်သေးဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောလိုက် ပါတယ်၊ မြန်မာလူမျိုးတွေ
နဲ့ ကျန်တဲ့ တိုင်းရင်းသား လူမျိုးတွေကြားမှာ အမြင်မတူညီမှုတွေကြောင့် ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေ က ပြောကြပါတယ်။ ဒီလိုသဘောထားတွေနဲ့အတူ သမ္မတဦးသိန်းစိန်ရဲ့ လွတ်လပ်ရေး သဝဏ်လွှာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လွတ်လပ်ရေး မိန့်ခွန်းထဲမှာ လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုအကြောင်း ပြောကြားခဲ့တာတွေကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။

Friday, January 4, 2013

အဆိုးထဲက အကောင်း


မြန်မာ အစိုးရ ရဲ့ ထိုးစစ်ကြောင့်...
(၁) ကချင်တော်လှန်ရေး အကြောင်း ကမ္ဘာက ပို စိတ်ဝင်စားလာတယ်။
(၂) ကချင် ဆိုတာ မြန်မာ မဟုတ်မှန်း ကမ္ဘာက ပိုသိလာတယ်။
(၃) မြန်မာ့ နိုင်ငံရေး သတင်း မှန်သမျှ လေ့လာ သုံးသပ်ချက်မှာ ကချင်အကြောင်း မပါမဖြစ် ပါလာရတယ်။
(၄) ပြည်တွင်း ပြည်ပ ကချင်လူငယ် များ ပိုမို စည်းရုံးလာတယ်။ (အရင်က ကချင်စကားတောင် မပြောတတ်တဲ့ မြို့နေလူတန်းစားများ ကိုယ့်ဟာကိုယ် ကချင် ဆိုပြီး ရဲရဲ ပြောလာတယ်။)
(၅) ကချင်လူမျိုးများ နဲ့ မြန်မာ နိုင်ငံသားများ သမိုင်းအမှန် ကို ပိုစိတ်ဝင်စားလာတယ်။
(၆) လိုင်ဇာမြို့ကို လူသိပိုများလာတယ်။ (လိုင်ဇာ မှာ ကချင်အထက်တန်းကျောင်း ကောင်းရှိပုံ၊ ၂၄ နာရီ လျှပ်စစ်မီး ရပုံ၊ လမ်းများ ကောင်းပုံ.. စသည်ဖြင့်..)
(၇) မြန်မာ အစိုးရ ရဲ့ မသမာမှု များကို ကမ္ဘာက ပိုသိလာတယ်။ (စစ်ပွဲသတင်းနဲ့ ဆိုင်တဲ့ ဆောင်းပါးတိုင်းမှာ နောက်ကြောင်း ရာဇ၀င် ရေးလာတာ တွေ့ရပါတယ်။)
မြန်မာ အစိုးရ ရဲ့ ခေတ်အဆက်ဆက် လိမ်လည်မှု များကို သတင်းဆောင်းပါးတိုင်းလိုလို ရေးကြပါတယ်။

ပဋိပက္ခ ရဲ့ နောက်ကွယ်...


မြန်မာ လူမျိုးတွေကို အင်္ဂလိပ် အုပ်ချုပ်ရင်ပိုတောင် တိုးတက်ပြီး ပညာတတ်အုံးမယ်... ဒါပေမယ် မြန်မာတွေ အင်္ဂလိပ် အုပ်ချုပ်ခံချင်သလား... ဘယ်သူမှ သူများလူမျိုး အုပ်ချုပ်တာ မခံချင်ပါဘူး... ဒီလိုပါပဲ.. ကချင်တွေလဲ အင်္ဂလိပ်နဲ့ ပေါင်းခဲ့ရင် ပိုတိုးတက်မယ် ဆိုတာ မသိခဲ့တာမဟုတ်.. လွတ်လပ်ခြင်းကို လိုချင်လို့ မြန်မာ နဲ့ ပေါင်းခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော်... ကျနော်တို့ ကံမကောင်းခဲ့ဘူး...

မြန်မာကျောင်းစာ နဲ့ မြန်မာစာပဲဖတ်ရင် တာတွေနားလည်မှာ မဟုတ်ပါဘူး... ဘာလို့လဲ ဆိုတော့ သမိုင်းလိမ်ထားလို့ပဲ... စာပေစိစစ်ရေး နှစ် ၅၀ လုပ်လာတာ မြန်မာလို ရေးထားတဲ့ နိုင်ငံရေး စာအုပ်နဲ့ သမိုင်း အမှန် စာအုပ် မရှိခဲ့ပါဘူး..

ဥပမာ.. ပင်လုံစာချုပ်အကြောင်း မြန်မာ ကျောင်းစာ သင်ရိုးညွန်းမှာ ထည့်ထားတာ မတွေ့ရဘူး။

ခံယူချက် နဲ့ ခံစားချက် ချင်းတူရင် မဟာမိတ်တွေပါ။


 

မြန်မာ လူမျိုး အများအပြားဟာလဲ ၂၀၀၈ အခြေခံ ဥပဒေ ကို ပြင်လိုကြတယ်။ ကချင်တွေလဲ ၂၀၀၈ အခြေခံ ဥပဒေ ကို ပြင်လိုတာပါပဲ။  တိုင်းရင်းသားအများပိုင်းလဲ ၂၀၀၈ အခြေခံဥပဒေ ကို ပြင်ချင် ကြတယ်။ တပ်မတော်သားများ (နိုင်ငံရေး နားလည်သူများ) လည်း ပြင်ချင်မှာ အမှန်ပါ။

မပြင်ချင်တဲ့ လူတစ်စုတော့ ရှိနေတယ်။ ဒါဆိုသူတို့က လူနည်းစုပဲလေ။ ဒီမိုကရေစီမှာ လူတစ်စုက လုပ်ချင်သလို လုပ်လို့ ရသလား။ သူတို့ ဘာကို စိတ်ကူးသလဲ၊ သူတို့ ဘာကြောင့် မပြင်ချင်ရတာလဲ၊ မပြင်ချင်တဲ့ အကြောင်းပြချက် ကို ဘာဖြစ်လို့ ပွင့်ပွင့်လင်းလင်း မဆွေးနွေးချင်ရတာလဲ၊

ဒါတွေကို ဒီနေ့ မြန်မာပြည်သူတွေကြားမှာ မေးရမယ့် မေးခွန်းပါ။ အမြင်မတူ တိုင်း တိုက်မယ် ခိုက်မယ်၊ သေနတ် နဲ့ ဖြေရှင်းနေမယ် ဆိုရင် ဘာအကြောင်းမှ မထူးပါ။

၂၀၀၈ အခြေခံဥပဒေ ကို မလိုချင်တဲ့ ကချင်တော်လှန်ရေး ကိုတော့ အမြစ်ပြတ်တိုက်မယ်၊ တခြားလူတွေလဲ ရှိနေတာပဲ။ ကချင်တော်လှန်ရေး အဖွဲ့ပြောနေတာလဲ အခြေခံဥပဒေ ပြင်ပြီး စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ ဖြစ်တယ်။ ဒီမိုကရေစီ ဘက်တော်သားတွေလဲ ဒီသဘောသာ ဖြစ်တယ်။ ဘာဖြစ်လို့ ကချင်ကို တိုက်နေတာလဲ၊ ဒါဆို လူမျိုးရေး တိုက်ပွဲပေါ့။

ကချင်တွေက မရသေးတဲ့ အခွင့်အရေးအတွက် တိုက်နေတာ... ဗမာ တွေက ဘာအတွက် တိုက်နေတာလဲ...

ကချင်တော်လှန်ရေးကို အမြစ်ပြတ် တိုက်မယ် ဆိုတဲ့ အိမ်မက် မက်နေတဲ့ စစ်သွေးကြွ အဖွဲ့များကို ပြောချင်တယ်။

ခင်များတို့လိုပဲ အိမ်မက်မက်ခဲ့တဲ့လူတွေ နှစ် ၅၀ ကျော် တိုက်လာလဲ ဆက်ရှိနေတာ ဘာကြောင့်လဲ? ဆိုတာ တချက် စဉ်းစားပါ။

စစ်ဦးစီးချုပ် တစ်ယောက်ကို လုပ်ကြံရင် နောက်ထပ် စစ်ဦးစီးချုပ် ၁၀ ယောက်မက လာအုံးမှာပဲ။ ကချင်တော်လှန်ရေး ခေါင်းဆောင် အလီလီ ပြောင်းသွားသော်လည်း ကေအိုင်အေ ဆက်ရှိနေတယ်။ ကချင်တော်လှန်ရေး မျိုးဆက် ၃ဆက်တောင် ဖြတ်လာခဲ့ပါပြီ။ နောက်လဲ ဆက်ရှိနေမှာပါ။

ခင်များတို့က အမြစ်ပျက် လို့ ပြောတာ ဘယ်အတိုင်းအတာ ကို ပြောတာလဲ.. လိုင်ဇာ ကို ပြောတာလား... လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်မှာ ကေအိုင်အေ ဌာနချုပ် ပါဂျောင် ကို တခါ သိမ်းဖူးပါတယ်။ ကေအိုင်အေ က ရှောင်ထွက်သွားတာပဲ ရှိတယ်။ အမြစ်ပြတ် အောင် လုပ်လို့ မရပါဘူး။ အခု ပါဂျောင်မှာ ကေအိုင်အေ ပြန်ထိုင်တာပါပဲ။

Thursday, January 3, 2013

ငြိမ်းချမ်းရေး အကျိုးဆောင် ကော်မီတီ ထုတ်ပြန် ကြေငြာချက်

PCG's Statement1

လတ်တလော ကချင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ မတက်ရောက်ဘူးလို့ဆို

လတ်တလော ကချင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ မတက်ရောက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌက ပြောပါတယ်။

လွတ်လပ်ရေးနေ့မှာ စစ်တိုက်နေရတဲ့ ကချင်ညီအစ်ကိုတွေ ပျော်ရွှင်နိုင်မှာ မဟုတ်တဲ့အတွက် သူ့အနေနဲ့လည်း ထပ်တူခံစားရပြီး သမ္မတဦးသိန်းစိန် ဖိတ်ကြားထားတဲ့ နေပြည်တော်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် ညစာစားပွဲကို မတက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ပူးဇိုဇမ်က ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖော်မှုမှု လုပ်ငန်းတွေ အကြီးအကျယ် လုပ်နေတဲ့ အချိန်မှာ ငြိမ်းချမ်းရေးမဆန်တဲ့ လုပ်ငန်းတွေ ဒီဘက်မှာ တဖက်လှည့်ပြီး လုပ်နေတာကတော့ ကျနော် အကြီးအကျယ်ကန့်ကွက်တယ်။ နေပြည်တော်မှာ လွတ်လပ်ရေး ညစာစားပွဲနဲ့ ပျော်ပွဲရွှင်ပွဲအတွက် ကျနော့်ကို ဖိတ်ထားတယ်။ ကျနော်ကတော့ မတက်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကချင်ညီအစ်ကိုတွေ လွတ်လပ်ရေးနေ့မှာ သူတို့ မပျော်ရွှင်နိုင်ဘူး။ သူတို့နဲ့အတူ ကျနော်လည်း မပျော်ရွှင်နိုင်ဘူး။ ကချင်ညီအစ်ကိုတွေ ခရစ္စမတ်ညတောင်မှ အေးအေးဆေးဆေး မလုပ်နိုင်တဲ့အခြေအနေ ရောက်သွားတယ်။ အဲဒါကတော့ မဖြစ်သင့်မဖြစ်ထိုက်ဘူးလို့ ကျနော် သုံးသပ်ချင်တယ်။”

တစ်နှစ်ကျော်ကြာ ထိုးစစ်ဆင်မှု ရလဒ်

မြန်မာ အစိုးရ အနေနဲ့ ကေအိုင်အေ ကို မတိုက်ပါဘူး၊ ဆိုပြီး ခိုးခိုးတိုက်နေတာ တစ်နှစ်ကြာမှာ တောင်ကုန်းတခုကို လူထောင်နဲ့ ချီ အသက်တွေ စတည်းပြီး ရလိုက်တော့မှ ကေအိုင်အေ ကို တိုက်ကြောင်း တရားဝင် မြ၀တီ မှာ ရေးပါတော့တယ်။

ဒီတောင်ကုန်းကို ကေအိုင်အေ က ဇန်န၀ါရီလ ၂ရက်နေ့ ပြန်သိမ်းလိုက်တယ် ဆိုတာတော့ မရေးထားဘူး။

အစိုးရ အနေနဲ့ အခုထိ ကေအိုင်အေ ကို တရားဝင် တိုက်တယ် ဆိုတာ မကြေငြာသေးဘူး။ လိုင်ဇာကိုလဲ မတိုက်ဘူးလို့ ပြောနေပါပြီ။

တကယ်လို့များ လိုင်ဇာ ကိုလဲ လွယ်လွယ်နဲ့ သိမ်းလို့ ရခဲ့ရင် ဆင်ခြေ တမျိုးပြောပြီး သတင်းလွင့်အုံးမှာပါ။

အမေရိကန် နဲ့ တရုတ် က ဘာဖြစ်လို့ ဒီ စစ်ပွဲအတွက် ငြိမ်နေခဲ့သလဲ ဆိုရင် အမေရိကန် အနေနဲ့က တရုတ် ပိုက်လိုင်း နဲ့ တရုတ်ရဲ့ လုပ်ငန်းများကို အတားအဆီး ဖြစ်စေတဲ့ အတွက် အားပေးတဲ့ သဘော ဖြစ်တယ်။

တရုတ်ကတော့ ကေအိုင်အေ ကို မြန်မြန် မောင်းထုတ်ပြီး လွတ်လွတ်လပ် စီးပွါးရေးလုပ်နိုင်ဖို့ တွန်းအားပေးတဲ့ သဘော ဖြစ်တယ်။

အပစ်ရပ်တာ ငြိမ်းချမ်းရေး မဟုတ်...

တချို့က အပစ်ရပ်တယ် (Ceasefire) ဆိုတာနဲ့ ငြိမ်းချမ်းရေး (Peace) ဆိုတာတောင် သဲသဲကွဲကွဲ သိပုံ မရဘူး... မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဘယ်တုန်းကမှ မရဖူးသေးပါ။... အပစ်ရပ်ထားတာပဲ ရှိတယ်.. ကေအိုင်အေက ငြိမ်းချမ်းရေူး လိုချင်တာပါ...

ကရင် နဲ့ အခြား အဖွဲ့များလဲ အပစ်ရပ်ထားတာပဲ ရှိတယ်... အချိန်တန်လို့ သွားတိုက်ရင် သူတို့လဲ ပြန်တိုက်မှာပဲ... ဒီတော့ ငြိမ်းချမ်းခြင်း မရှိသေးဘူး....

ဝ ကိုလဲ သွားတိုက်ရင် ဟိုက ပြန်တိုက်ဖို့ အဆင်သင့်ပဲ...

အခု ဖြစ်နေတာ ဗမာ စစ်တပ် သွားတိုက်တဲ့ နေရာတိုင်း စစ်ဖြစ်နေတာပါ။

အဲဒီလို ကိုယ်ထင်တာ စစ်သွေးကြွ တစ်စုက ခိုင်းစေမှု အောက်မှာ ထင်တိုင်းကြဲလို့ ရနေတာဟာ ငြိမ်းချမ်းရေး မရသေးဘူး ဆိုတဲ့ သဘောပါ။

ဒီလို ထင်တိုင်းကြဲလို့ မရအောင် ထိန်းချုပ်နိုင်တဲ့ စနစ်ရှိလာမှ ငြိမ်းချမ်းရေး ရမှာပါ။

သေနတ်နဲ့ ခြိမ်းခြောက်တဲ့ ငြိမ်ဝပ်ပိပြားရေးဟာ ငြိမ်းချမ်းရေး မဟုတ်။


နှစ်ပေါင်း ၅၀ ကျော် သေနတ်နဲ့ ခြိမ်းခြောက်ပြီး အုပ်ချုပ်လာတယ်.... လွန်ခဲ့တဲ့ နှစ် ၂၀ကျော်က ငြိမ်ဝပ်ပိပြားရေး ဆိုတဲ့ ခေါင်းစဉ်တောင် သပ်ပြီး အုပ်ချုပ်လာတာ မြန်မာနိုင်ငံသားတွေ ဘာမှ မငြိမ်းချမ်းခဲ့ပါဘူး။ ချမ်းသာလဲ မသွားဘူး။ လူနည်းစု သာ ချမ်းသာသွားတယ်။ ၉၉ ရာခိုင်နှုန်းသော မြန်မာ နိုင်ငံသားတွေဟာ ဒုံ ရင်းက ဒုံရင်းပါပဲ။

ခေတ်မီ အသုံးအဆောင် ပစ္စည်းများ သုံးလာတာ အစိုးရ ကြောင့် မဟုတ်။ ဒီဖက်ခေတ်တွေမှာ တကမ္ဘာလုံး အတိုင်းအတာ ပြောင်းလဲ လာတဲ့ ခေတ်ကြီး ဖြစ်တယ်။

တာတောင် မြန်မာနိုင်ငံမှာ ခေတ်ပေါ် အိုင်တီ နည်းပညာ အသုံးအဆောင် များ မသုံးလိုက်ပဲ ခေတ်လွန်သွားတာတွေ အများကြီးပါ။

ဥပမာ...

Wednesday, January 2, 2013

စစ်တိုက်တမ်း ကစားရင်တောင် ဗမာတွေနဲ့ ပစ်ကြမယ်၊ ခတ်ကြ မယ်ဆိုတဲ့ ကစားနည်းမျိုးတွေ ကစားကြတယ်။

ကြယ်ရန်းဒုက္ခသည်စခန်းမှ ကချင်ကလေးငယ်များ စစ်တိုက်တမ်းကစားနေကြစဉ် (ဓာတ်ပုံ – မရှင်ဒေ၀ီ)
KIA စစ်ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ အနီးရှိ ကြယ်ရန်း ကချင် စစ်ဘေး ဒုက္ခသည် စခန်းသို့ မှတ်တမ်း ဗီဒီယိုသွားရောက် ရိုက်ကူးခဲ့သော မရှင်းဒေ၀ီကမူ ကချင်ကလေးငယ်များတွင် လူမျိုးရေး အခြေခံသော မုန်းတီးစိတ်များ မြင်တွေ့ ရသည့် အပြင် ကလေးငယ်များသည် သေနတ်ဖြင့် တိုက်ခိုက်ရသည့် စစ်တိုက်ကစားနည်းကို အလွန် နှစ်သက်ကြ သည်ကို တွေ့ရ ကြောင်း ပြောသည်။

“ကချင် ကလေးတွေက သေနတ်ကိုပဲ စိတ်ဝင်စားကြ တယ်။ သူတို့ အချင်းချင်း ကချင်လိုပြောပြီး ပစ်ကြတာ။ အချို့ကလေးတွေက ကစားစရာ သေနတ်မရှိတော့ ၀ါးတွေ၊ သစ်သားတွေကို သေနတ်လုပ်ပြီး ကစားကြတယ်။ ကျမ ကချင် ဒုက္ခသည် စခန်းမှာ မှတ်တမ်း ဗီဒီယိုသွား ရိုက်ဖြစ်တော့ စစ်တိုက်တမ်း ဆော့နေတဲ့ ကလေးလေးတွေက
ကျမက ဗမာဆိုပြီး သေနတ်နဲ့ ပစ်တဲ့ ပုံစံမျိုးလေးတွေ လုပ်ကြတယ်”ဟု မရှင်းဒေ၀ီက ပြောသည်။

BBC World News ထုတ်လွင့်သွားတဲ့ လိုင်ဇာ လေယဉ်ပစ်ချ သတင်း

My Escape from the Union of Burma


Tu Hkawng Saga
Facility Maintenance
North Grafton Job Corps Career Academe
H.B.I USA

In the morning, the window opened slowly from the small house. The fresh wind around the small house waved like the princesses. Suddenly the blue sky cried after the thunderbolt’s anger. The birds took shelter from the rain. At the same time a baby was born at the small house. The baby was a boy. That baby was called Tu Hkawng Saga. That baby was me and today I am known as Yaw Yaw Hpaga and this is my story.

Tuesday, January 1, 2013

အစိုးရ တိုက်လေယဉ် တစ်စီး ပစ်ချ... ချက်ချင်း မီးလောင် ပေါက်ကွဲ

 

Min Htay 2 hours ago Jan 1, 2013 7:27pm အားချောင်ပြီး ရူးကြောင်ကြောင်နဲ့ ပြောင်းပြန်ဝါဒဖြန့်နေတဲ့ စစ်ကျွန်တွေကြည့်ဖို့

မီးလောင်ပြီး ချက်ချင်း တစဆီ ပေါက်ကွဲသွားကြောင်းသိရပါတယ်။

လွတ်လပ်တဲ့ မီဒီယာတိုင်း ဒီမိုကရေစီ စစ်တပ်မှာ သတင်းယူ


ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်