နိုင်ငံသား တန်းတူ အခွင့်အရေး ပြောခဲ့လို့ အသတ်ခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်းက အာဇာနည် ဖြစ်လာတယ်။
တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း အသတ်ခံရခြင်းသည် နယ်ချဲ့ လက်ပါး စေကြောင့်လို့ လူတွေက အလွယ်တကူ ယုံကြည်နေခဲ့တယ်။ တကယ်တော့ သူ့ ကို သတ်သူများသည် ဗမာ မျိုးစောင့် ဥပဒေ သား များ ဖြစ်ခဲ့တယ် ဆိုရင် ဗမာဗုဒ္ဓဘာသာ ၀င်တွေက နားခါး နေပါလိမ့်မည်။ ဒါပေမယ့် အဲဒါ တကယ် ဖြစ်ရပ် မှန် ဖြစ်ပါတယ်။
လွတ်လပ်ရေး မရမှီ ရန်ကုန် မြို့ ပေါ် အိန္ဒိယကုလား (မွတ်ဆလင်ချည်းမဟုတ်) လူဦရေက ဗမာ ဗုဒ္ဓဘာသာ ထက် ပိုများတယ်။ ဒီတော့ ရန်ကုန် နေ အစွန်းရောက် ဗုဒ္ဓဘုန်းကြီးတချို့ နဲ့ ဗမာဗုဒ္ဓဘာသာ မျိုးချစ်တွေက မွတ်ဆလင်တွေနဲ့ ပြဿနာ တွေ ရှိခဲ့တာကြောင့် လွတ်လပ်ရေး ရပြီး နောက်ပိုင်း ဗုဒ္ဓနိုင်ငံ (Theocracy) ထူထောင်ချင်တယ်။
ဒါပေမယ့် တဖက်မှာလဲ နိုင်ငံရေး အရ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အဖွဲ့ က ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ တိုင်းရင်းသား ဒေသ တွေကိုလဲ မြန်မာပြည်ထဲ သွတ်သွင်းလိုတာကြောင့် ဗုဒ္ဓနိုင်ငံတော် ဆိုတဲ့ အဆိုကို ခါးခါးတီးတီး ငြင်းခဲ့တယ်။ တကယ်လို့ သူ့ အနေနဲ့ အဲဒီ အဆိုကိုသာ ထောက်ခံခဲ့ရင် ခရစ်ယာန် ဒေသ တွေ ဖြစ်တဲ့ ချင်း၊ ကချင်၊ ကရင်၊ ကယား နယ်တွေက ဗမာ နဲ့ ပေါင်းဖို့ စိတ်ကူးတော့မှာ မဟုတ်ပါ။ ကချင် မပေါင်းရင် ရှမ်းလဲ ပေါင်းစရာ အကြောင်းမရှိ။ ရှမ်းပြည်နယ် မြောက်ပိုင်းက ကချင်ဒူဝါ တွေအုပ်ချုပ်တဲ့ နယ်တွေ အများကြီး မို့လို့ ရှမ်းစော်ဘွားတွေက ကချင်ဒူဝါ တွေနဲ့ တိုင်းပင်နေကျ ပါ။ အဲဒါကြောင့် ဗုဒ္ဓနိုင်ငံ ဖြစ်ရေး အဆိုကို သူ (မငြင်းချင်ပေမယ့်) လတ်တလော အခြေအနေအရ ငြင်းခဲ့တယ်။

