မြန်မာနိုင်ငံရဲ့ တိုက်ပွဲဟာ အိုင်ဒန်ဒတီ တိုက်ပွဲဖြစ်ပါတယ်။ လူမျိုးပေါင်းများစွာက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဒီကနေ့ အထိ လှုပ်ရှားမှုများရှိနေကြခြင်းဟာ မိမိတို့ အိုင်ဒန်ဒတီ ကို ထိန်းသိမ်းကာကွယ်လိုတဲ့အတွက်ပါ။
အိုင်ဒန်ဒတီနဲ့ ကျနော်တို့ ရဲ့ ဘ၀များဟာတခုထဲအဖြစ်နဲ့ တည်နေပြီး ကမ္ဘာမှာ သူလိုကိုယ်လို လူသားတစ်ဦးအဖြစ် အသိအမှတ်ပြုခံရဖို့ ၊ အသက်ဆက်ရဖို့ ၊ မနက်ဖြန်ရှိဖို့ အတွက် ဒီနေ့ နဲ့ အနာဂတ်ကို စိတ်ရှုပ်ထွေးမှုပေါင်းများစွာ၊ မွန်းကြပ်မှု ဒုက္ခပေါင်းများစွာ၊ စွန့် လွှတ် စွန့် စားရမှုပေါင်းများစွာနဲ့  ရင်ဆိုင်နှစ်ပါးသွားနေရတုန်းမှာ
အစိုးရကတော့ အလွန်တော်တာလား၊ အတော်လွန်တာလား၊ အမှတ်တမဲ့  တိုက်ဆိုင်မှု ပဲလား၊ စနစ်တကျ စီစဉ်မှုလားဆိုတာ ကျနော်လဲ ဥာဏ်မမှီတော့ မသိပါ။ သူကတခွန်း ထဲလောက်ကို ဟ အပြီးမှာ ရှုပ်ထွေးသွားရတာက ကျနော်တို့ အားလုံးပဲ ဖြစ်ပါတယ်။ မရှုပ်ထွေးတဲ့ဒေသနဲ့ လူမျိုးတွေလဲ ရှိပါတယ်။ ဒါပေမယ့် တချို့ ဒေသတွေအတွက် ပိုပို သွေးကွဲစေနိုင်တဲ့အဖြစ်ဆိုတာ ငြင်းလို့ မရပါဘူး။ သူ့ ရဲ့ ခဲ တစ်လုံးက ကျနော် တို့ ရဲ့ အဟတွေ အက်ကြောင်းတွေ အကုန်လုံးကိုပေါ်သွားစေခဲ့တယ်။ သွေးခွဲ အုပ်ချုပ်မှု Divide and Rule ဆိုတဲ့ အင်္ဂလိပ်ကိုလိုနီဆီက လက်ထပ်သင်လာ ခဲ့တဲ့ နိုင်ငံရေးညစ်ညမ်းမှုကြီးကို အခုလို ၂၁ ရာစုမှာ မြိန်ရည်ယှက်ရည် ပြန်လည် အသုံးပြုကာ အစိုးရကတော့ ဒူးနှံ့ နေပါတော့တယ်။ ခေတ်အဆက်ဆက် စစ်အစိုးရဟာ ကျနော်တို့ ရဲ့ အိုင်ဒန်ဒတီများကို အသိအမှတ်မပြုတဲ့အတွက် စစ်အာဏာရှင်၊ မဆလ အာဏာရှင်၊ ကြံ့ဖွံ့ အာဏာရှင်၊ လွှတ်တော်အနုကြမ်းစီး အာဏာရှင် အဖြစ်နဲ့  နေနေ ခဲ့ နေနေဆဲ ဖြစ်ပြီး ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ ဖက်ဒရယ် စံနစ်ကို အစဉ်ငြင်းဆန် ခဲ့တာဖြစ်ပါတယ်။
အချင်းအချင်းများကြားမှာ အိုင်ဒန်ဒတီကိစ္စနဲ့ စကားပြောကြတဲ့အခါ ညှိနှိုင်းလို့  မရနိုင်တဲ့ တစုံတရာ အခြေအနေမျိုးဖြစ်လာရင် အတိတ်က အစိုးရရဲ့  သမိုင်းကြောင်းနောက်ခံကိုသိမြင်
ကျနော် 'ကချင်' ဖြစ်နေခြင်းကို ဘယ်သူကမှ ယူဆောင်သွားလို့ မရသလို ပယ်ဖျက် လို့ လဲ မရပါဘူး။ အကယ်၍ 'ကချင် ၀န်ပေါင်' အမျိုးသားတစ်ဦးက ကျနော့်ကို မင်း 'ကချင်' မဟုတ်တော့ဘူး ပယ်လိုက်ပြီလို့  ပြောလာစေဦးတော့ ကျနော် 'ကချင်' ဖြစ်နေခြင်းဟာ ပျောက်ပြယ်မသွားနိုင်ပါဘူး။ ဒီလိုမဟုတ်ပဲ ကျနော်က 'ကချင်' လို့ မခံယူချင်တော့ဘူးဆိုပြီး ကမ္ဘာကြီးရဲ့ ဒေါင့်တနေရာမှာ သွားဇာတ်မြုပ်နေရင်လဲ ကျနော် 'ကချင်' ဖြစ်နေခြင်းဟာ ပျက်ပြယ်သွားနိုင်တဲ့အရာ မဟုတ်ပါဘူး။ 'ကချင်' ဆိုတော့ ဘယ်မိသားစုကလဲလို့  ကျနော့်ကိုအတွင်းထဲထိစစ်မေးကြည့
၁၇.၃.၂၀၁၄
ရွှေပြည်တော်မျော်တိုင်းဝေး
ReplyDeletehttp://atsammarai.blogspot.com/2014/03/blog-post_18.html?m=1