Thursday, March 20, 2014

နိုင်ငံတော် အကြီးအကဲ ဆိုသူတွေရဲ့ လက်ဆောင်ပစ္စည်းများ ကို ဝေဖန်ခြင်း


သမ္မတ ဦး သိန်းစိန် မြစ်ကြီးနား ရောက်တော့ ရပ်မိ ရပ်ဖတွေ ဘာသာရေး ခေါင်းဆောင်တွေကို ဆန်အိတ်အလှူတွေ ပေးတယ် လို့ ပြောပါတယ်။

ဟိုး အရင်တုန်းကတော့ ဖုန်း ပါမစ် ခေတ်စားခဲ့ပါတယ်။ 

တခု စဉ်းစား လိုက်တယ်။


ဘယ်သူ့ ပိုက်ဆံ နဲ့ ပေးတာလဲ… အစိုးရ က ပေးတယ် ဆိုရင် ဘယ်လို အကြောင်းကြောင့် ဘယ်လွတ်တော်မှာ ဆုံးဖြတ်ပြီး ပေးတာလဲ.. အခြေခံ ဥပဒေ မှာ သမ္မတ က နိုင်ငံတော် ဘက်ဂျက် ကို လိုသလို သုံးခွင့်ရှိတယ် လို့ ဆိုထားသလား..

ကိုယ့် စိတ်ကြိုက် သုံးတယ် ဆိုရင် ဘယ် နေရာမဆို သုံးလို့ ရ သလို ဖြစ်မနေဘူးလား… ဒါဟာ အာဏာရှင် ပုံစံ ပါပဲ။

ကိုယ့် ရဲ့ ကိုယ် ပိုင် အိတ်ကပ် ထဲက ထုတ်ပေးတယ် ဆိုရင် ဘယ်က ၀င်ငွေ နဲ့ ပေးတာလဲ.. သမ္မတ ရဲ့ လစာက ဘယ်လောက်ထိ များလို့လဲ.. ဆိုတာတွေပါ။

နောက်ပြီး အစိုးရ ဘက်ဂျက် နဲ့ ဆန်အိတ် ပေးတယ် ဆိုရင် ကချင်တွေက ဒီအစိုးရ ဘက်ဂျက်တွေ နဲ့မဆိုင်ဘူးလား.. ဆိုင်တယ် ဆိုရင် ကိုယ့် ပစ္စည်း ကိုယ့် ကို ပြန်ပေးတာလေ။

အစိုးရ လူကြီးတွေ လာပြီး တခုခု ပေးလိုက်ရင် မစဉ်းစားပဲ စွတ် ၀မ်းသာ တတ်တဲ့ မြန်မာပြည်သူတွေမှာလဲ ရောဂါ တခုပါပဲ။ အေးလေ.. နိုင်ငံရေး မှ နားမလည်ကြတော့တာ အနှစ် ၆၀ လုံးလုံး အမှောင်ထဲက လူတွေ ဆိုတော့ ဒီလောက်တော့ ရှိပေမပေါ့။

1 comment:

  1. သိန်းစိန်စောက်ရူး အရှက်လည်းမရှိ လုပ်ချင်ရာလျှောက်လုပ်

    ReplyDelete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်