Thursday, February 28, 2013

ပြည်သူ့ရဲတွေရဲ့ သူရ သတ္တိ

ရိုးရှင်းသော နည်းပညာ နဲ့ ကြီးမားသော အောင်ပွဲများ



ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်သုံးခဲ့သော သတင်းပို့ နည်းပညာ နှင့် အာရပ်ကမ္ဘာကို အောင်မြင်ခဲ့သော အီစ္စရေးတို့ရဲ့ ရိုးရှင်းလှတဲ့ နည်းပညာအကြောင်း လေးတွေပါ။

စစ်ပွဲတခုမှာ အရေးအကြီးဆုံးက ရန်သူများ ကိုယ့်ရဲ့ လှုပ်ရှားမှု အကြောင်းမသိအောင် ကိုယ့်ရဲ့ စစ်တပ်တွေကို အမိန့်ပေးတဲ့ ကြေးနန်း လျှို့ဝှက်သတင်းပို့ စနစ်ဟာ အင်မတန် အရေးကြီးပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်မှာ ဂျာမဏီ သုံးခဲ့သော Enigma ဆိုတဲ့ ကြေးနန်းပို့စက် ဟာ အခုခေတ် ကွန်ပြူတာ ရှေ့ပြေးလို့တောင် ပြောလို့ ရပါတယ်။ အရမ်းကို နာမည်ကြီးခဲ့ပါတယ်။ မဟာမိတ်များကတော့ ကိုယ့်ရဲ့ ကြေးနန်းလျှို့ဝှက် ကုတ်များကို စကားဝှက်လောက်နဲ့ ပို့နေတဲ့ အချိန် ဂျာမဏီတွေက လူတွေ နားမလည်တဲ့ Enigma စက်နဲ့ ကုတ်နံပါတ်တွေ ပြောင်းပြီး ပို့ခဲ့ပါတယ်။ မဟာမိတ်ဖက်မှာ အဲဒီ ကြေးနန်းကုတ်တွေကို ဖမ်းယူရရှိခဲ့ပေမယ့် အစပိုင်း အချိန်တော်တော်ကြာ ဘာမှန်းကို မသိခဲ့ပါဘူး။ အကြောင်းမှာ Enigma စက်က ပို့လွတ်တဲ့ ကုတ်တွေကို ပြန်ပြီး ဘာသာပြန်ပေးမဲ့ စက် သီးသန့်လိုအပ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း မဟာမိတ်ဖက်က ဘာသာပြန် စက် (Code Cracker) ကို အောက်မြင်စွာ တီထွင် နိုင်ခဲ့ပါတယ်။

Wednesday, February 27, 2013

လွတ်တော် ဥက္ကဌ ဦးသူရ ရွှေမန်းကို ကချင်စီးပွါးရေး လုပ်ငန်းရှင် ဦးယွပ်ဇော်ခေါင် ရဲ့ ဆွေးနွေးတင်ပြချက်

 
Jade Land Company Ltd. ဥက္ကဌ ဖြစ်တဲ့ ဦးယွပ်ဇော်ခေါင် ကချင်အရပ်သား တစ်ယောက် အနေနဲ့ လွတ်တော် ဥက္ကဌ သူရရွှေမန်း နဲ့ တွေ့စုံပွဲမှာ တင်ပြချက်များ ဖြစ်ပါတယ်။ 


သူ တင်ပြတဲ့ အချက်အချို့ကတော့...

(၁) ကေအိုင်အို ဟာ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရေး ကို ယုံကြည်တဲ့ နည်းတူ၊ ၁၉၉၄ ခုနှစ် အပစ်ရပ်ထားပြီး နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးဖို့ စောင့်ခဲ့တယ်။ ဒါပေမယ့် စစ်အစိုးရ လက်ထက် တလျှောက်လုံး နောင်တက်လာတဲ့ အစိုးရ နဲ့ နိုင်ငံရေး စကားပြောကြပါ၊ လို့ ပြောခဲ့တယ်။ ဒါကြောင့် အစိုးရ သစ်နဲ့ နိုင်ငံရေး အရ စကားပြောနိုင်ဖို့ ၂၀၀၈ အခြေခံဥပဒေ ကိုတောင် အပြုသဘောဆောင်တဲ့ ထောက်ခံမှု ပေးခဲ့တယ်။ ပါတီလဲ ဖွဲ့ခဲ့တယ်။ အစိုးရသစ်မှာ ပါဝင်နိုင်ဖို့ စောင့်နေခဲ့ရင်းနဲ့ပဲ ကေအိုင်အို လုံးဝ မမျော်လင့်ထားတဲ့ နယ်ခြားစောင့်တပ် လုပ်ခိုင်းခဲ့တယ်။ တပြိုင်ထဲမှာပဲ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းပါ ခံလိုက်ရပါတယ်။ ကချင်လူထုက အံ့သြခဲ့ရပါတယ်။

အကြမ်းဖက်ဝါဒ၏ သားကောင်များ


(ဒီစာစုလေးက ၂၀၁၂ ဇွန်လ ရခိုင်အရေးအခင်း စဖြစ်တုန်းက ရေးထားတဲ့ စာစုလေးပါ။ ကြာပြီ ဆိုပေမယ့် ကျနော်တို့ မြန်မာနိုင်ငံသားများ ဆင်ခြင်နိုင်အောင် သုံးသပ်ထားခြင်းသာ ဖြစ်ပါတယ်။ ရခိုင်ပြီးတော့၊ လက်ပံတောင်းတောင် ကိစ္စ၊ ပြီးတော့ သာကေတ၊ ပြီးတော့ မအူပင်။ တိုင်းရင်းသားသတ်ပွဲတွေကတော့ ဇာတ်လမ်းတွဲကြီး ဆိုတော့ မပြီးသေးဘူး။)

ရခိုင်ကိစ္စဟာ တော်တော်လေး လူပြောများတဲ့ အဖြစ်အပျက် (issue) ဖြစ်ပြီး အသိမ်းအစောင်း မခံတဲ့ပြဿနာ လို့မြင်ပါသည်။ တင်ထားသမျှ သတင်း၊ ဓါတ်ပုံတိုင်းကို ဖတ်ပြီး comment များကိုဆက်ဖတ်ဖြစ်ပါသည်။ ဘင်္ဂလီိလူမျိုးများ အပေါ် မကျေနပ်သံ နှင့် ဘင်္ဂလီိဖက်မှ တုံ့ပြန်သံများ နှစ်ဖက်စလုံးက အားလုံးလိုလို သတ်ဟေ့၊ ဖြတ်ဟေ့၊ ချဟေ့၊ ဆိုတဲ့ ညာသံပေး နေတာ ကို တွေ့တော့ ငယ်ငယ်တုန်းက အဖြစ်လေးတွေ မြင်ယောင်နေမိသည်။ ကျနော်တို့ ရွာနားမှာ စစ်ဖြစ်တော့ ဗမာ စစ်သားတွေ ရွာထဲဝင်တာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ညာသံပေးကြတယ်။ "ငါလိုးမသားတွေ ချ ချကွာ. အလွတ်မထားနဲ့... အားလုံး သတ်ပစ်ကွာ... ရှုပ်တယ်..." ဆိုပြီးကျနော်တို့ရဲ့လူကြီးသူမတွေ... လူလတ်ပိုင်းတွေကို စုထားပြီး ကျိန်းမောင်းနေတဲ့ အသံ နားထဲ ကြားနေရသလို ခံစားရသည်။

Tuesday, February 26, 2013

မြို့ပြစီမံကိန်းများမှာ လူမှုတရားမျှတ ရေး ချိန်ခွင်လျှာ ထည့်စဉ်းစားခြင်း။



(Social Justice in Urbanization)

မြန်မာနိုင်ငံလဲ နိုင်ငံရေး အပြောင်းအလဲ ဖြစ်နေပြီ ဆိုပြီး ထက်သာမြင်သာ ရှိတဲ့ အချက် လူတွေ အပြောများတာက ကားများလာတယ်။ တယ်လီဖုန်းကိုင်တဲ့လူတွေများလာတယ် ပေါ့။

ဒါပေမယ့် လျှပ်စစ်မီးကတော့ ထူးမခြားနားသလို ကားများလာတာနဲ့အမျှ Traffic Jam တွေကလဲ လိုက်လာပါတယ်။ အထူးသဖြင့် ရန်ကုန်အကြောင်း ပြောကြရအောင်ပါ။

ရန်ကုန် အစိုးရ နဲ့ နေပြည်တော် အစိုးရ တသဘောထဲ ထည့်စဉ်းစားတာက ကားကျပ်တဲ့ ကိစ္စဘယ်လို ဖြေရှင်းမလဲ ဆိုတာပါ။ စဉ်းစားတဲ့ ထဲမှာ အခြေခံလူတန်းစားအတွက် လူမှုတရားမျှတရေး (Social Justice) ကိုတော့ ထည့်စဉ်းစားပုံမရပါဘူး။

Monday, February 25, 2013

နိုင်ငံ့ဂုဏ်သိက္ခာ အစစ်အမှန်ကို ရချင်ရင် စစ်ပွဲများကို ရပ်ပြီး ပညာရေး နဲ့ ကျန်းမာရေး မှာ အရင်းအနှီး စိုက်ထုတ်ပါ။



ဖေဖေါ်ဝါရီလ ၂၅ရက်နေ့မှာ နိုင်ငံတော် ဘက်ဂျက် ရာထားချက်များကို ဆွေးနွေးအတည်ပြုမယ် လို့ သိရပါတယ်။

ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ ပြည်သူအတွက် ကျန်းမာရေး နဲ့ ပညာရေး ဘက်ဂျက်များကို အရင်ထက် ပိုတာလောက် မဟုတ်ပဲ။ စစ်တိုက်စရာ မလိုအောင်ထိန်းထားပြီး စစ်အသုံးစရိတ် နဲနဲတော့ လျှော့ခိုင်းရင် ကောင်းပါတယ်။

ကချင်တစ်ယောက်က စစ်အသုံစရိတ် လျှော့ခိုင်းလို့ ဘာကြံအုံးမလဲ ပြောချင်ပြောမယ်။ လူအင်အား နှစ်သောင်းလောက်ပဲ ရှိတဲ့ ကေအိုင်အေ အဖွဲ့ဟာ အစိုးရအနေနဲ့ ထိုးစစ်မဆင်ရင် ဘယ်တော့မှ အခုရှိနေတဲ့ စစ်အင်အားလောက်ကို ယှဉ်တိုက်ပြီး ကချင်ပြည်နယ်သိမ်းဖို့ မဖြစ်နိုင်ပါ။

Sunday, February 24, 2013

ဖက်ဒရယ် စနစ် ဆိုတာ တင့်သင့်မျှတတဲ့ အာဏာခွဲဝေရေးသာ ဖြစ်တယ်၊ ခွဲထွက်ရေး မဟုတ်ပါ။

ကမ္ဘာမှာ ဖက်ဒရယ် စနစ်ကျင့်သုံးတဲ့ ဒီမိုကရေစီ နိုင်ငံတိုင်း ငြိမ်းချမ်းပြီး၊ လူနေမှုဘ၀ စိတ်ချ လုံခြုံမှု ရနေတာ တွေ့ရပါတယ်။ ငွေကြေးချမ်းသာခြင်း ဆိုတာက တမျိုးပါ။ နယ်မြေဒေသ အကြောင်းကြောင့် ငွေကြေးချမ်းသာမှုကို ရနိုင်သော်လည်း၊ လူတိုင်းလူတိုင်းရဲ့ လူနေမှုဘ၀ စိတ်ချလုံခြုံခြင်း၊ စိတ်ကျေနပ်ဘွယ်ကောင်းခြင်း၊ စိတ်ချသော ပတ်ဝန်းကျင်ကို ပိုင်ဆိုင်လာခြင်း၊ ဥစ္စာဓန ပိုင်ဆိုင်ခွင့် စိတ်ချရခြင်း၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် စသည်များမှာ ငွေကြေးချမ်းသာ ခြင်းနဲ့ မတူပါ။ စနစ်ကောင်းရင် ပြည်သူတွေ စိတ်ချမ်းသာမည်။ ပြည်သူတွေ စိတ်ချမ်းသာရင် တော်လှန်ပုန်ကန် စရာ မလိုတော့ပါ။

စင်ကာပူ ချမ်းသာခြင်းသည် အုပ်ချုပ်သူများ စည်းစနစ်ကောင်းမွန်ခြင်းကြောင့်လို့ ဆိုနိုင်သော်လည်း သူ့ရဲ့ ပထ၀ီ အနေအထားမှာ များစွာ မူတည်နေပါတယ်။ မလကာ ရေလက်ကြားမှာ ဂိတ်မှူးဖြစ်နေတဲ့ မြို့လေးမို့၊ အလိုလို ရွှေလမ်း၊ ငွေလမ်း ပေါက်နေတယ် လို့ ဆိုရမှာပါ။ ဒါပေမယ့် စင်ကာပူ တဖက်ကမ်း နီးနီးလေးမှာ ရှိတဲ့ အင်ဒိုနီးရှား ကျွန်းလဲ ရှိနေသော်လည်း၊ နိုင်ငံတကာ သင်္ဘောတွေ ဘာလို့ မ၀င်သလဲ၊ ဆိုတော့ စည်းစနစ် ရဲ့ လုံခြုံစိတ်ချရမှုက ကွာသွားပြန်တယ်။

Saturday, February 23, 2013

အချိန်မရွေး ဒိုင်ကောက်စားလို့ ရနေတဲ့ မြန်မာနိုင်ငံ

လက်ပံတောင်းတောင် ကြေးနီမော် က ဒေသခံများဘဝ

ပြိုင်ဖက်မရှိ တဦးထဲ အာဏာပါဝါ နဲ့ စီးပွါးရေး လုပ်နေတဲ့ ဦးပိုင် ကုမ္မဏီကို သမ္မတ အဆင့်တောင် ထိလို့မရတဲ့ သဘောကို လက်ပံတောင်းတောင် မှာ အထင်အရှား တွေ့ရပါတယ်။

နိုင်ငံတကာ မီဒီယာ တွေနဲ့ တွေ့တိုင်း “ပြည်သူ့ဆန္ဒသဘောထား သာ အဓိက” ဆိုတဲ့ စကားလုံးကို နှုတ်ဖျားက မချတဲ့ သမ္မတကြီးက ဒီတခါတော့ ငြိမ်ချက်သား အကောင်းသား။
ဒေသခံ ပြည်သူ့ဆန္ဒ

ဦးပိုင်လား၊ နိုင်ငံတော်လား မသဲကွဲ

ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ စီးပွါး ရှာနေပြီလား?

သိန်းစိန် အစိုးရ မတက်ခင် လက်ရှိသမ္မတ ၀န်ကြီးချုပ်ဘ၀ ကတည်းက ကိုးကန့်ကနေ ဇာတ်ရှုပ်လာတာ ကေအိုင်အေ ကိုလဲ အဲဒီတုန်းက ရာဇသံ ပေးဖူးတယ်။ မြစ်ကြီးနားမြို့ပေါ်က ကြံ့ဖွတ်ပါတီဝင်တွေ ရှေ့မှာ ၀န်ကြီးချုပ်ကြီး ဦးသိန်းစိန်ပြောသွားတာက အစိုးရ သစ်တက်လာရင် ကေအိုင်အေ ကို အရှေ့တောင်အာရှမှာ စံနမူနာ အနေနဲ့ တပတ်အတွင်း အပြီးတိုင် ချေမုန်းပြစ်မယ်၊ ဆိုသတဲ့။ သူကိုယ်တိုင် သမ္မတ ဖြစ်လာမယ် ဆိုတာ ကြိုတင်သိနေတဲ့ အတိုင်းပဲ။

တကယ်ပဲ သူ သမ္မတဖြစ်ပြီး ၃ လ အကြာမှာတော့ စတိုက်ပါတော့တယ်။ ဒါပေမယ့်၊ တဖက်မှာလဲ နိုင်ငံတကာ ရောက်နေတဲ့ မြန်မာ့နိုင်ငံရေး သမားများ နဲ့ ပညာရှင်များကို ဖိတ်ခေါ်ခဲ့တယ်။ ဒီတော့ အရင်က အတိုက်အခံ လုပ်နေတဲ့ ပညာရှင်အုပ်စု တွေနဲ့ ပေါင်းမိခဲ့တယ်။
အဲဒီ နိုင်ငံတကာ မှာ နှစ်ပေါင်းများစွာ နိုင်ငံတကာ အလှူရှင်တွေကြားမှာ ရှင်သန်လာတဲ့ ပညာရှင် အုပ်စုဟာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ နိုင်ငံတကာ အလှူရှင်များ ဘာကြိုက်တယ် ဆိုတာ ကောင်းကောင်းသိနေတော့ သမ္မတကြီးကို အကြံအဥာဏ်တွေ ပေးလေပြီ။

ဒီနှစ်အတွက် စစ်တပ်ဘက်ဂျက်ထွက်ပြီ... ၂၁ ရာခိုင်နှုန်းတဲ့။ (အမေရိကန် ဒေါ်လာ သန်း နှစ်ထောင်လောက်)

စစ်တပ်ဘက်ဂျက်ကို နိုင်ငံတော် တခုလုံး အသုံးစရိတ်ရဲ့ ၂၁ ရာခိုင်နှုန်းတင်ပြထားတာ လွတ်တော်အမတ်တွေက ဘာတခုမှ မဆွေးနွေး (မဆွေးနွေးရဲ) ပဲ လက်ခံလိုက်ပြီတဲ့။ ပညာရေး နဲ့ ကျန်းမာရေး အတွက်တော့ ၃ ရာခိုင်နှုန်းတဲ့ကွာ... ကောင်းရော...

ဘီဘီစီမှာ ပြောကြ ဆိုကြတော့ ဒူဝါ လဲ နားထောင်ရင်းနဲ့ ကိုယ့်နိုင်ငံ အမတ်တွေရဲ့ အရည်အချင်း ကို ပိုပိုပြီး အော်ကလီဆန်လာတယ်။

စံတင်လောက်တဲ့ ဖွတ်အမတ် (ဘူးလက် လှဆွေ) ရဲ့ ဆွေးနွေးတင်ပြချက်ကိုလဲ နားထောင်နိုင်ပါတယ်။ သူပြောသွားတာက

(၁) မြန်မာ့ တပ်မတော်ဟာ ပတ်ဝန်းကျင် နိုင်ငံ စစ်တပ်တွေထက် အသုံးစရိတ် အများကြီးလျှော့နေသေးကြောင်း။ ဥပမာ ထိုင်းကိုပဲ ကြည့်၊ တဲ့။
(၂) ဘင်္ဂလားဒစ်က ၀င်တိုက်ရင် ဘယ်လို လုပ်မလဲ၊ တဲ့။
(၃) တပ်မတော်ကို ဒီထက် ပိုခေတ်မှီအောင် လုပ်ပေးသင့်ကြောင်း၊ အခုပေးတာတောင် မလောက်ဘူး၊ တဲ့။
(၄) ဗိုလ်ချုပ်အဆင့်တောင် အ၀တ်အစား ကောင်းကောင်းမလှဲ နိုင်ကြဘူး၊ တဲ့။
(၅) အခု ၀ယ်ထားတဲ့ လက်နက်တွေက ရုရှားလုပ်တွေပဲ ဆိုတော့ ခေတ်မမှီဘူး၊ ဒီထက်ပိုကောင်းတဲ့ လက်နက်တွေ ၀ယ်ရမယ်၊ ဒါပေမယ့် မြန်မာကို မရောင်းပေးလို့ ခက်တယ်၊ တဲ့။ (ရောင်းများ ရောင်းပေးလို့ကတော့ မတွေးဝံ့စရာပဲ၊ မြန်မာပြည်သားတွေ စားစရာ မရှိပဲ လက်နက်တွေဝယ်၊ ကိုယ့်အချင်းချင်း အနုမြူတွေကျဲပြီး ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်အုံးမယ်။)

ဦးလှဆွေရဲ့ အတွေးအခေါ်က အခုတလော MyanmarExpress, Opposite Eye, Myanmar Tar Kaung, Kachin Daily News တွေမှာ တွေ့တွေ့နေတဲ့ အာဘော်တွေနဲ့ ခတ်ဆင်ဆင် ဖြစ်နေတာ သတိထားမိတယ်။ ဦးလှဆွေ အပြောကို ထောက်ခံတဲ့ စာတွေလဲ သူတို့ ထပ်ရေးအုံးမယ် မြင်ယောင်သေးတယ်။

ကချင်ပြည်မှာလွတ်နေခဲ့တဲ့ ငရဲခွေး ရှမ်းပြည် ပြန်ရောက်။



ဗိုလ်ချုပ်အောင်ဆန်း အယ်ဒီတာလုပ်ခဲ့တဲ့ အိုးဝေ မဂ္ဂဇင်းက ငရဲခွေးလွတ်နေသည် ဆိုတဲ့ အင်္ဂလိပ် ကဗျာလေးက အင်္ဂလိပ် အစိုးရ ကိုတော်တော်လေး အထိနာခဲ့ပါတယ်။

ကဗျာလေးရဲ့ ဆိုလိုရင်းကတော့....

သူ့ဟာသူ လူကြီးလူကောင်းလိုလိုပြော... သူ့ဟာသူ ကြွားလုံးထုတ်ပြီးတော့ လုပ်နေတာတွေက လူတွေရွံစရာကောင်းတဲ့ အလုပ်တွေပဲ သူလုပ်တတ်တယ်... ပါးစပ်က ဘုရားဘုရား.. လက်က ကိုးရိုးကားရား... သူဟာ ငရဲပြည်က လူမသိသူမသိထွတ်ပြေးနေတဲ့ ခွေးဖြစ်ပါတယ်... ၀ိုင်းဖမ်းပြီး ပြန်ပို့ပေးကြပါ... ဆိုပြီး အင်္ဂလိပ်လို သရော်ထားတဲ့ ကဗျာလေးပါ။...

Friday, February 22, 2013

နိုင်ငံသား တစ်ယောက်ချင်းရဲ့ အသိကညာ မြင့်မားမှု နဲ့ နိုင်ငံတိုးတက်မှု ဆက်နွယ်ခြင်း။




ကမ္ဘာမှာ ဒီမိုကရေစီ နိုင်ငံ ဖြစ်လာပြီး ရင်းနှီးမြုပ်နှံသူများလာလို့ အလိုလို တိုးတက်လာတာ မရှိပါဘူး။ နိုင်ငံသား တစ်ယောက်ချင်းရဲ့ စိတ်ဓါတ်အခြေခံကလဲ အရေးကြီးပါတယ်။ မြန်မာနိုင်ငံလို စနစ်တကျ စိတ်ပိုင်းဆိုင်ရာ ဖျက်ဆီးထားတဲ့ နိုင်ငံအဖို့ ပိုပြီး နှစ်ဆ သုံးဆ ကြိုးစားရမှာပါ။

ဂျပန် နိုင်ငံ နဲ့ ဂျာမဏီ နိုင်ငံက ဥပမာ နှစ်ခုကိုပဲ ဖေါ်ပြချင်ပါတယ်။

ဂျပန် နိုင်ငံမှာ အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသားတွေကို ယေဘုယ အားဖြင့် မြန်မာ နိုင်ငံထဲမှာ သူဌေးစာရင်း သွင်းထားပါတယ်။ တကယ်တော့ မြန်မာနိုင်ငံသားများ (အားလုံးမဟုတ်၊ အများပိုင်း) ဂျပန်နိုင်ငံမှာ လုပ်နေတဲ့ အလုပ်တွေဟာ ဂျပန် နိုင်ငံသားတွေ မလုပ်ချင်တဲ့ 3D (ရုပ်ရှင်မဟုတ်ပါ) အလုပ်တွေပါ။ 3D ဆိုတာကိုတော့ အထူးတလေ မရှင်းပြတော့ပါဘူး၊ နာမည်ကြီးပြီးသား မို့လို့ပါ။ (ဂျပန်မှာ အလုပ်လုပ်တဲ့ လူတွေကို စော်ကားလိုခြင်း မဟုတ်ပါ။ ဖြစ်ရပ်မှန်တခုကို တင်ပြလိုခြင်းသာ ဖြစ်ပါတယ်။)

ဘာဖြစ်လို့ ဒီလို ကွာသွားသလဲ.... ဂျပန်တွ အလုပ်ကျိုးစားကြတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် အလုပ်ကျိုးစားခြင်း တခုထဲတော့ မဟုတ်။ သူတို့မှာ စံနမူနာ ယူစရာ အများကြီးရှိတဲ့ အနက် တခုကို ပြောပြချင်ပါတယ်။

Thursday, February 21, 2013

မြန်မာ့သမိုင်း ကျောင်းသင်ခန်းစာမှာ မပါတဲ့ ဂျပန်တော်လှန်ရေး





ကချင်တွေက ဂျပန် နိုင်လို့ အောင်ပွဲခံ မနောပွဲ (Padang Manau Poi) ကို ၁၉၄၅ မတ်လ ၂၄ မှ၂၆ အထိ ဗန်မော် အထက် စိန်လုံ (Zinlum Kaba) မှာ လုပ်တယ်။ ဂျပန် နိုင်တယ် ဆိုတာ ကချင်ပြည်က မောင်းထုတ်တာကိုပဲ ပြောတာ မဟုတ်၊ ထိုင်းထိ လိုက်တိုက်ပြီး အောင်ပွဲခံတာကို ပြောတာပါ။

ကချင်တွေ တိုက်တဲ့ ဂျပန်တွေ ထိုင်း အထိ ပြေးသွားပြီးနောက်မှ ဗမာတွေက ဖက်ဆစ်ဂျပန် တော်လှန်ရေး ဆိုပြီး မတ်လ ၂၇၊ ၁၉၄၅ မှာ စတယ်။

ဒီကာတွန်းကြောင့် သတိရစရာလေးတွေ တွေးမိတယ်...



သက္ကသိုလ်တုန်းက ကချင်စာပေယဉ်ကျေးမှုကော်မီတီ က ဦးဆောင်ပြီး ကချင်စာပေ မဂ္ဂဇင်းထုတ်မယ် ဆိုတော့ ကျောင်းအုပ်ဆရာကြီးက စာပေစီစစ်ရေးတင်ရမယ် ဆိုလို့ တင်ဖြစ်ပါတယ်။ ကျနော် တာဝန်ယူတဲ့ ကော်မီတီ သက်တမ်းက တစ်နှစ်ပါ။ စာပေစီစစ်ရေးက မှတ်ပုံတင်ကျလာတာက နောက်နှစ်။ ကျနော်လုပ်ထားတဲ့ မဂ္ဂဇင်းက နောက်ကော်မီတီမှပဲ ရောင်းခဲ့ရတဲ့ အဖြစ်။

Wednesday, February 20, 2013

Requesting for urgent help


Dear Friend,

I am sending an emergency appeal for the cost of medical treatment for Rut Ring Awng Tu, 8 years old boy who have been seriously ill in Zai Awng IDP camp in Sadung area.

While we have visited Zai Awng IDP camp on 17th Feb we met Rut Ring Awng Tu who has been seriously sick without adequate medical treatment for many months in Mungga Zup clinic in Zai Awng. His condition got worsens since a recent month. His parents and medical staff are left hopeless therefore the Kachin Relief Fund (KRF) offered financial assistance in the form of the transportation and medical check up. He was briefly checked up at Yinjiang general hospital in China but the doctors referred him to Mangshi hospital and admitted there unconscious on 18th of Feb night. The doctors at Mangshi hospital diagnosed him with Tuberculosis (TB) infection, infected throughout his body, and hydrocephalus, also called water on the brain. For initial medical check-up we have spend 3,000 Yuan yesterday, but he remain unconscious. For further treatment the Chinese doctors asked Yuan 30,000 (£3,296) deposit.

The KRF have limited resources therefore we would like to appeal our friends for the cost of his medical treatment as much as you can.

Please kindly response this urgent appeal on my Chinese mobile phone 0086 1831 459 3122 or Maran Zau Hkum on 0086 1536 8673 673 for your commitment.

I am sorry to ask for your assistance on very short notice but looking forward to hear from you very soon.

Sincerely yours,
--
Hkun Htoi
Secretary
The Kachin Relief Fund
Mai Ja Yang

ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံချစ်တဲ့ အမြင်...



နိုင်ငံ တခု တိုးတက်ဖို့ ဆိုရင် ဘာသာရေး နဲ့ နိုင်ငံရေး ကို ကွဲကွဲပြားပြား မြင်ရမယ်။ အထူးသဖြင့် မြန်မာ နိုင်ငံ လွတ်လပ်ရေး ရလာ တဲ့ သမိုင်းကို မမေ့သင့်ဘူး။

ဆော်ဒီ အာရေဗျ နိုင်ငံတွေလို ဘာသာရေး အခြေခံတဲ့ နိုင်ငံ တည်ထောင်ချင်ရင် နှကိုယ်ကတည်းက ခရစ်ယာန် လူ့အဖွဲ့အစည်းများဖြစ်တဲ့ ကချင် နဲ့ ချင်းတောင် တန်းတွေကို ချန်ထားပြီး အောက်မြန်မာပြည်သီးသန့် လွတ်လပ်ရေး ယူသင့်တာပါ။

အများသဘောတူ ဆိုတိုင်း ဒီမိုကရေစီ မဟုတ်ပါ။

သာကေတ က မူဆလင် ကျောင်းတခုကို ဖျက်လိုက်တာဟာ အများသဘောအရ ဆိုပြီးလုပ်တာ တွေ့ရပါတယ်။ အများသဘောတူ ဆန္ဒအရ မင်းမဲ့စရိုက်နဲ့ ဖြေရှင်းလို့ ဥပဒေအရ တရားဝင်တယ် ဆိုရင်တော့ ဗုဒ္ဓဘာသာဝင် မရှိပဲ စေတီ ဆောက်ထားတဲ့ ချင်းတောင်တန်း နဲ့ ကချင်တောင်တန်း တွေက စေတီတွေ တခုမှ ရှိတော့မှာ မဟုတ်ဘူး။ (ကချင် နဲ့ ချင်းတွေကတော့ ဒီလောက် မသိတတ်တာ မရှိပါဘူး၊ သဘောကို ပြောတာပါ။)

ဒီတော့ အများသဘောတူပြီး ကြိုက်သလို လူသတ်လို့ မရသလို၊ ကြိုက်သလို သူများပစ္စည်း၊ ဘာသာတရား၊ ထုံးတမ်းစဉ်လာ ဖျက်ဆီးလို့လဲ မရပါ။ နိုင်ငံသား တစ်ယောက်ချင်းစီကို ကာကွယ်ထားတဲ့ ဥပဒေ ဆိုတာလဲ ရှိပါသေးတယ်။ အုပ်စုဖွဲ့ပြီး အများသဘောတူနဲ့ လူနည်းစုကို အနိုင်ကျင့်လို့ မရပါဘူး။ ဒါကို အစိုးရ က ကာကွယ်ပေးရမဲ့ တာဝန်ရှိနေတယ်။

Sunday, February 17, 2013

ဗြိတိန် စစ်တပ်အတွက် အထူးထုတ်လုပ်ပေးတဲ့ မောင်းသူမဲ့ ရဟတ်ယဉ် အကြောင်းပါ။




ရန်သူနယ်မြေ အတွင်း ကင်းထောက် နိုင်သည့် ၈ လက်မ အရွယ်ရှိ Black Hornet မောင်းသူမဲ့ ရဟတ်ယာဉ်

လက်ဖဝါး ပုံစံရှိပြီး သေးငယ်သည့် ရဟတ်ယာဉ်ကို အမှတ်တမဲ့ ကြည့်ပါက ကလေးငယ်များ ကစားသည့် ရဟတ်ယာဉ်ဟု ထင်ရနိုင်ဖွယ် ရှိသည်။

သို့သော် သေးငယ်ပြီး အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် မောင်းနှင်နိုင်သည့် ယင်းမောင်းသူမဲ့ ရဟတ်ယာဉ်သည် တာလီဘန် စစ်သွေးကြွများကို တိုက်ခိုက်ရန် အတွက် ဗြိတိန် စစ်တပ်က အထူးထုတ် ထားသည့် နောက်ဆုံးပေါ် လက်နက်တစ်ခု ဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်အား Black Hornet ဟု အမည် ပေးထားပြီး ၈ လက်မ အရွယ် မောင်းသူမဲ့ ရဟတ်ယာဉ်ကို ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည်။ အလေးချိန် ၁၅ ဂရမ် သာရှိ သည့် ၎င်းရဟတ်ယာဉ်၏ ထိပ်ဖျားတွင် ကင်မရာ သုံးခု တပ်ဆင် ထားသည်။

တိုင်းပြည်ဖြင့် ပျက်နေတာ ကြာလှပြီ။ အခုထိ ပျက်မှာ ကြောက်နေတုန်း။



ဖက်ဒရယ် လုပ်ရင် တိုင်းပြည်ပဲ ပျက်မယောင် နဲ့ စစ်အာဏာ ထိန်းထားချင်တဲ့ လူတစ်စု ရှိသေးတယ် ဆိုတာ မြန်မာ နိုင်ငံသားများ နားလည်နိုင်ပါစေ။

လွတ်တော်ထဲမှာရော၊ လွတ်တော် အပြင်မှာရော ဖက်ဒရယ် ဆိုတာ ဂဃနဏ မသိတဲ့လူတွေလဲ တပုံကြီးပါ။

ကော့မှူးမဲရှုံး ဒေါက်တာဖွတ် အမတ် လဲ ဘီဘီစီ ဆွေးနွေးခန်းမှာ ပြောလိုက်သေးတယ်၊
ဘာတဲ့... လက်ရှိ အခြေခံဥပဒေ မူအတိုင်း ဆက်သွားရင် အကောင်းဆုံးပါ၊ တဲ့။
သူ့လို ဒေါက်တာ တစ်ယောက် တောင် ဒီ အတွေးအခေါ်မျိုးရှိသေးရင်၊ ကျန် သာမာန် ပြည်သူများကတော့ ပြောမနေနဲ့တော့။

Wednesday, February 13, 2013

ဒူဝါ ဟော်ဝါး ဇော်လှ ရဲ့ ပြည်ထောင်စု နေ့ အခန်းအနား မိန့်ခွန်း

ပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့သော ဟော်ဝါး ဒူဝါ ခွန်ဖုန်း (နိုင်ငံ့ဂုဏ်ရည် ပထမ ဆင့်) ရဲ့ မြေး၊ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆိုရန် နိုင်ငံတော် သမ္မတ အကြံပေး ဒေါက်တာ ဦးမြင့် ကို အကြံပေးခဲ့သူ ဟော်ဝါး ဇော်ဂမ်ရဲ့ သား အရင်း၊ ဒူဝါ ဟော်ဝါး ဇော်လှ ရဲ့ ဂျပန်မှာ ပြုလုပ်သော တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ ပြည်ထောင်စု နေ့ အခန်းအနား မိန့်ခွန်း ဖြစ်ပါတယ်။


ပြည်ထောင်စုနေ့ ဆိုတာ တိုင်းရင်းသားတွေ အလိမ်ခံရတဲ့ နေ့လား....

Tuesday, February 12, 2013

ပင်လုံစာချုပ်- ဖေဖေါ်ဝါရီလ ၁၂ ၁၉၄၇


    ဗမာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင် အချို့နှင့်စဝ်ဖများအားလုံးတို့အပြင်၊ ရှမ်းပြည်နယ်များ၊ ကချင်ပြည်နယ်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှကိုယ်စားလှယ်များတက်ရောက်သော ပင်လုံမြို့တွင် ကျင်းပသည့်အစည်းအဝေးကြီးတစ်ရပ်တွင်-
    ကြားဖြတ်ဗမာအစိုးရ နှင့်ချက်ချင်းပူးပေါင်းခြင်းဖြင့် ရှမ်းပြည်၊ကချင်နှင့်ချင်းတို့သည်လွတ်လပ်ရေးကိုပိုမို၍
    လျင်မြန်စွာ ရရှိလိမ့်မည်ဟုအစည်းအဝေးတက်ရောက်သူအဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိပဲ
    အောက်ပါအတိုင်းသဘောတူကြလေသည်။

မြန်မာ အစိုးရ အနေနဲ့ လက်ပိုက် ကြည့် မနေသင့်ပါ။



ထိုင်း နိုင်ငံမှာ အရွယ် မရောက်သေးတဲ့ ၁၂ နှစ် အရွယ် မြန်မာ နိုင်ငံသား ကရင်မိန်ကလေး တစ်ယောက်ဟာ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က ပြန်ပေးဆွဲ ခံရပြီး၊ အိမ်ရှင် ဇနှီးမောင်နှံ ရဲ့ လူမဆန်စွာ ညှင်းပန်း နှိပ်စက်ထားကြောင်း ထိုင်းသတင်းစာ (http://www.pattayadailynews.com/en/2013/02/12/kidnapped-karen-girl-enslaved-by-cruel-thai-couple/) တွေမှာ ဖေါ်ထုတ် ရေးသား ကြပါတယ်။ အိမ်ရှင် အလိုကျ မဖြစ်ခဲ့လျှင် ခွေးလှောင်အိမ်မှာ လှောင်ထားပြီး ရေနွေးပူ နဲ့ လောင်းခြင်း၊ နားရွက် ဖြတ်ပေးခြင်း စသော ပြစ်ဒဏ်များ ပေးလေ့ ရှိပါသတဲ့။ တခါထွက်ပြေးဖူးသော်လဲ ရဲက အဲဒီ အိမ်ကို ပြန်ပို့ပေးခဲ့တယ်။ နောက်ဆုံးတော့ နီးစပ်ရာ ကူညီသူများ အကူအညီ နဲ့ ထိုင်း လူမှု ကယ်ဆယ်ရေး အဖွဲ့ကို အပ်နှံခဲ့တယ်။ မြန်မာ နိုင်ငံသား တစ်ယောက် အနေနဲ့ မြန်မာ အစိုးရ ရဲ့ အကူအညီ မရသေးပါဘူး။

ဖါထေး နည်းပညာ ဘယ်ကထွက်၊ စစ်သက္ကသိုလ် ကထွက်။




ဒီနေ့ အေးချမ်းမွန် တင်ထားတဲ့ ပိုစ့်ကို ဖတ်မိရင်း တွေးမိ တွေးရာလေးတွေကို ပြန် ဝေငှ ချင်တာနဲ့ ရေး ဖြစ်တာပါ။

စစ်ဗိုလ်တွေကို အဓိက Training ပေးတဲ့ အချက်မှာ ရန်သူကို လိမ်ညာ လှည့်ဖြား နည်း ဖြစ် ပါတယ်။ စစ်တိုက်ရာမှာတော့ ဒါဟာ မဖြစ်မနေလိုအပ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ သဘောတရား နဲ့ မြန်မာပြည်ကြီး ကို အုပ်ချုပ်လာတာ ရာစု နှစ် ၀က်လောက် ရှိပြီ ဆိုတော့ မြန်မာပြည်သားတွေလဲ စစ်တပ်ရဲ့ လေ့ကျင့်ရေး ကောင်းကောင်း ၀ နေပြီ။

Monday, February 11, 2013

မြန်မာ မီဒီယာသမားများရဲ့ အကောင့်များကို အစိုးရ နောက်ခံ အဖွဲ့များ တိုက်ခိုက်ဟု ဆို။



အမေရိကန်အခြေစိုက် နာမည်ကြီး သတင်းစာ ဖြစ်တဲ့ နယူးယောက်တိုင်းမ် သတင်းစာမှာ မြန်မာ မီဒီယာ သမားများကို အစိုးရ နောက်ခံ အဖွဲ့တခုက တိုက်ခိုက်နေကြောင်း သတင်းတခု ပါလာ ပါတယ်။

Hacker အဖွဲ့နာမည် မသိသော်လည်း၊ အစိုးရ တခုရဲ့ ပံ့ပိုးမှု နဲ့ မြန်မာ မီဒီယာ သမားများ သုံးတဲ့ gmail, facebook အကောင့်များကို Hacked ထားကြောင်း Google က သတိပေးစာပို့လာတယ် လို့ ဆိုပါတယ်။

အထူးသဖြင့် Eleven Media Group နဲ့ The Voice Weekly က သတင်းထောက်များ သုံးတဲ့ အကောင့်များကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

Saturday, February 9, 2013

ကချင်လူမျိုး သတ်တဲ့ ဗမာ သူရဲကောင်း များ စာရင်း ထွက်ပြီ။




သမ္မတကြီးက ထိုးစစ်မဆင်ပါဘူး ဆိုပြီး တလျှောက်လုံး ဘူးခံနေလျှက် အခုတော့ သူရဲကောင်းဘွဲ့တွေတောင် တသီတတန်းကြီး ပေးနေပြီ။ ဘာအတွက် သူရဲကောင်းလဲတော့ မသိဘူး။ ကချင်ရွာ ၂၀၀ ကျော် နဲ့ ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ၆၆ ပါး ဖျက်ဆီး လိုက်နိုင်လို့ ထင်ပါတယ်။ (http://kachinduwa.blogspot.com/2013/01/blog-post_31.html) ကချင်အရပ်သား အများအပြားကိုလဲ သတ်နိုင်ခဲ့ပါတယ်။ မဒိမ်းကျင့်ခဲ့ကြတယ်။

ရွာ ပျက်စီး သွားလို့ နေစရာအိမ် မရှိပဲ အခုထိ စစ်ပြေးဒုက္ခသည်ဘ၀ အနေနဲ့ ခိုလုံ နေရတဲ့ ကချင်လူမျိုး တစ်သိန်းကျော် ရှိနေပါတယ်။ ကချင်ပြည်နယ်များ ကချင်တွေပဲ နေတာ မဟုတ်ဘူး ဆိုပေမယ့်၊ ဒုက္ခသည်ကျတော့ ကချင်လူမျိုးတွေပဲ ဖြစ်နေရတာလဲ တမျိုးပဲနော်။

Thursday, February 7, 2013

အဆမတန် ဈေးကြီးပေးလိုက်ရတဲ့ အောင်ပွဲ တဲ့။

ဇန်န၀ါရီလ အတွင်း လဂျားယန် တိုက်ပွဲတွင် ကေအိုင်အေမှ သိမ်းစည်းရမိသော ဗမာ စစ်တပ်ပိုင် ပစ္စည်းများ

ဘန်ကောက်အခြေစိုက် လုံခြုံရေးဆိုင်ရာ ဆန်းစစ်ဝေဖန်သူ Anthony Davis ရဲ့ Asia Times မှာ ဇန်န၀ါရီလ ၃၀ ရက်နေ့ ဖေါ်ပြထားတဲ့ Pyrrhic victory in Myanmar ဆိုတဲ့ စာစု ကို ဒီနေ့ပဲ ကောင်းကောင်း ဖတ်ဖြစ်ပါတယ်။ စိတ်ဝင်စား စရာ တော်တော်ကောင်းလို့ အတိုချုံး ဝေငှလိုက်တာပါ။

(၁) လိုင်ဇာ ထိုးစစ်ဆင်တဲ့ တိုက်ပွဲကို ၉ လ ကြိုတင် ပြင်ဆင်မှုတွေနဲ့ စတိုက်ခဲ့တယ်။

(၂) မြန်မာ့ တပ်မတော် သမိုင်းမှာ ခေတ်အမီဆုံး နဲ့ အင်အား အများဆုံး ထုတ်သုံးတဲ့ တိုက်ပွဲ ဖြစ်တယ်။ (တပ်အင်အား = တပ်မ ၃၃၊ ၆၆၊ ၈၈၊ ၉၉၊ ၁၀၁ နဲ့ မြောက်ပိုင်းတိုင်း နယ်မြေခံ တပ်ရင်းများ၊ လက်နက်ကြီး ၁၀၅မမ၊ ၁၂၀ မမ၊ Mi-35 ရဟတ်ယဉ်၊ ဂျက် တိုက်လေယဉ်များ)

Wednesday, February 6, 2013

လွတ်တော်တာဝန် ဆိုတာကိုရော သိကြပါသလား?




ဒီမိုကရေစီ လွတ်တော် တွေမှာက ပြည်ထောင်စု အဆင့်လွတ်တော် ဆိုတာ တိုင်း နဲ့ ပြည်နယ်ထဲက အူမ ချေးခါးမကျန် ပြောဖို့ မဟုတ်ပါ။ တိုင်းဒေသတခုရဲ့ လူနာတင် ယဉ် တစ်စီး ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ပြီး မေးကြမြန်းကြမဲ့အစား၊ မြန်မာတနိုင်ငံလုံး အရေးပေါ်လူနာတွေကိစ္စ ဘယ်လို ကိုင်သွယ်သင့်ကြောင်း၊ ပေါ်လစီ နဲ့ ဌာနဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ဆွေးနွေးညှိနှိုင်းသင့်တာပါ။

လွတ်တော်အမတ်တွေဟာ ကိုယ့်မဲဆန္ဒနယ်က လူထုရဲ့ ထောက်ခံမဲအတွက်ပဲ အလုပ်လုပ်မဲ့ အစား တတိုင်းပြည်လုံး နဲ့ ဆိုင်တဲ့ နိုင်ငံရေး မူဝါဒ ကို စဉ်းစားဆုံးဖြတ်ရမဲ့ နေရာ ဖြစ်ပါတယ်။

ဝန်ကြီးဌာန အဆင့်ကို ထမင်းတစ်နှပ်စာ ဆန်တောင်းသလို တောင်းနေမဲ့ အစား ၀န်ကြီးဌာန တွေကို လမ်းညွန်မှု ပေးနိုင်တဲ့ ပေါ်လစီ အကြောင်း၊ ဝေဖန်ထောက်ပြ ရ တဲ့ လွတ်တော် ဖြစ်သင့်တာပါ။

မီးခိုးကြွက်လျှောက်ပေါ်သွားမှာ စိုးလို့လား....

နမ်ဆန်ယန် ရွာကို အခုလို ဗမာ စစ်တပ်များ မီးရှို့ဖျက်ဆီးခဲ့သည်။

ဗမာ နိုင်ငံရေးသမားများအနေနဲ့ စစ်တပ်ကနေ တိုင်းရင်းသားလူနည်းစုများအပေါ် ဥပဒေမဲ့ သတ်ဖြတ်နေမှုများ နဲ့ ပတ်သက်ပြီး အခုလို ဥပဒေမဲ့လုပ်ရပ်များ ကို ခွင့်ပြုပေးခြင်းအားဖြင့် ဒီမိုကရေစီ ဆိုတာ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။

အင်ဒိုနီးရှား အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲမှုမှာ ဂျာဗားကျွန်း နဲ့ အရှေ့တီမော လူမျိုးစု တိုင်းရင်းသားများကို နှိပ်ကွပ်ခဲ့တဲ့ စစ်တပ်အရာရှိတွေကို အရေးယူတာတွေ ရှိခဲ့ပါတယ်။ သီရိလင်္ကာမှာ လွတ်တော်က တရားဝင် ခွင့်ပြုပြီး စစ်တိုက်ခိုင်းတာတောင် ဥပဒေမဲ့ လုပ်ရပ်အတွက် ပြစ်မှုကျူးလွန်တဲ့ တပ်မှူးများကို ခုံရုံးတင်နိုင်ခဲ့တယ်။ မြန်မာပြည်မှာတော့ စစ်တပ်အနေနဲ့ ဘုန်းကြီး နဲ့ ကျောင်းသား (ဗမာလူထု) သတ်တာကလွဲလို့ တိုင်းရင်းသားများသတ်ဖြတ်မှုကို ဗမာ နိုင်ငံရေး သမားများ အရေးသယူ ပြောတာ မရှိဘူး။ မနောစိတ်နဲ့ မကောင်းမှန်းသိနေတာ ရှိကောင်းရှိမယ်၊ လက်တွေ့ ထပြောတာ ရှားပါတယ်။

ON location myanmar rocky path-to-peace in kachin state: reported by Global Post

Sunday, February 3, 2013

ဗမာ စစ်တပ် ကံဆီး ရွာသားများကို လူသား တံတိုင်းလုပ်နေ...

(ဓါတ်ပုံ- အစိမ်းရောင်လွင်ပြင်) ဂျပန်စစ်အတွင်း ပျက်စီးသွားတဲ့ ကံဆီး ဒူဝါ မိသာစု တည်ထား ကိုးကွယ်ခဲ့သော စေတီဟောင်း

ကံဆီးရွာကို ဗမာ စစ်တပ် တက်သိမ်းကတည်းက တချို့ရွာသားများ ထွက်ပြေး လွတ်မြောက်သွားသော်လည်း တချို့ကျန်နေသော ရွာသားများ ပိတ်မိ နေကြောင်း သိရပါတယ်။

ပိတ်မိနေတဲ့ ရွာသွားများကို ကူညီဖို့ KBC ခေါ် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်မှ လူမှုကယ်ဆယ်ရေး ၀န်ထမ်း ၁၂ ယောက် တက်သွားသော်လည်း ဆန်ခါရွာမှ ဗမာ စစ်တပ် တားဆီးလို့ မြစ်ကြီးနားကို လှည့်ပြန်ရတယ် လို့ ပြောပါတယ်။ (Source: KNG News)

ကေအိုင်အေ တပ်ရင်း (၆) မှ တာဝန်ရှိသူ အရာရှိ တစ်ယောက် ပြောတာက "သူတို့ (ဗမာ စစ်တပ်) ကို ပြန်လာတိုက်မှာ စိုးလို့ထင်တယ် ရွာသားတွေကို မထွက်ခိုင်းဘူး၊ နောက်ပြီး အပြင်ကလူတွေကိုလဲ မ၀င်ခိုင်းဘူး၊ ကျနော်တို့ တကယ်သွားတိုက်ရင်တော့ ရွာသားတွေကို နှိပ်ကွပ်တော့မှာ၊ အဲဒါကြောင့် ကျနော်တို့လဲ ရွာထိမှာ စိုးလို့ လက်ရှောင်ထားရတယ်။" လို့ ပြောပါတယ်။

Saturday, February 2, 2013

တိုင်းရင်းသားများအတွက် စိုးရိမ်စရာ Classical Democracy



တချို့က အစိုးရ ရဲ့ အပြောင်းအလဲ ကို တော်တော်လေး အကောင်းမြင်နေကြတာ ဖြစ်ပါတယ်။ အရင်ထက်စာရင်တော့ လုံးဝ မပြောင်းလဲ ဘူးလို့ ပြောလို့တော့ မရတာ အမှန်ပါ။ သို့သော် ဗမာ လူထု နဲ့ NLD လို Classical Democracy လမ်းကြေားဖက် သွားနေသူများအတွက် မျော်လင့်စရာ ရှိကောင်း ရှိပါမယ်။ ဒါပေမယ့် တိုင်းရင်းသားများ လိုလားတောင့်တ နေတဲ့ နိုင်ငံရေး အာဏာခွဲဝေခြင်း နဲ့ ဆိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကိုတော့ ဗမာ နိုင်ငံရေး သမားများ အနေနဲ့ လက်နက်မဲ့ တိုင်းရင်းသား နိုင်ငံရေး သမားများတောင်းဆိုသံကို စိုးစဉ်းမျှ စဉ်းစားပြီး လိုက်လျှောမှာ မဟုတ်ပါ။ Classical Democracy ဆိုတာ အရပ်စကားနဲ့ ပြောရရင် ရေများရေနိုင်၊ မီးများမီးနိုင် ဒီမိုကရေစီ စနစ်ကို ပြောတာပါ။


NLD ရဲ့ မူဝါဒ ဖြစ်တဲ့ Classical Democracy အတွက်တော့ ဖြစ်လာနိုင်စရာ ရှိပါတယ်။ သို့သော် Classical Democracy ဟာ လူနည်းစု တိုင်းရင်းသားများအတွက် လက်တွေ့ အာမခံချက် မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ အဲဒီစနစ်ဟာ လူများစု အတွက်ပဲ အလုပ်လုပ်တဲ့ စနစ်ဖြစ်လို့ပါ။ နောက်ဆုံးတော့ တိုင်းရင်းသား ပြည်နယ်များ ဆက်လက် ရပ်တည်နိုင်ဖို့တောင် မလွယ်ပါ။ လွတ်တော်မှာ ဗမာကိုယ်စားလှယ် လူများစုက လွမ်းမိုးပြီး တိုင်းရင်းသားများရဲ့ အခွင့်အရေးများ လုံးဝ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

Friday, February 1, 2013

ဗမာ စစ်သားများ မဒိမ်းကျင့် သတ်ဖြတ်


 

မြစ်ကြီးနား လိုင်ဇာ လမ်းပေါ်ရှိ ဒဘတ်ကျေးရွာ အလွန်မှာ ဒေါ်နာဖေါ့ ခေါန်တောင် (ကလေး မိခင်) ကို ဗမာ စစ်သားများ စိတ်ကြိုက် မဒိမ်းကျင့်ပြီး ရက်ရက်စက်စက် နှိပ်စက်ပြီးမှ သတ်ဖြတ်ထားကြောင်း သိရပါတယ်။

နှစ်ခုထဲက တခုခုကို ရွေးပါ။

မြန်မာ လူမျိုးများအနေနဲ့ ဗမာမှု ပြုခြင်း နဲ့ ဖွံ့ဖြိုးတိုးတက်မှု ကို တပြိုင်ထဲ ရယူလို့ မရနိုင်ပါ။ နှစ်ခုထဲက တခုခု ကို စွန့်လွတ်ရမည်။

တိုင်းရင်းသား အခွင့်အရေး ကို ပေးပြီးမှ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံ ဖြစ်ပြီး ကြီးပွါးတိုးတက်မှု ကို အမှန်တကယ် ရယူ နိုင်မှာ ဖြစ်ပါတယ်။

အရာရာ အားလုံး ဗမာမှု ပြုခြင်း နဲ့အတူ စစ်ရဲ့အနိဌာရုံသည်လဲ ဆက်လိုက်လာမည်သာ ဖြစ်သည်။

ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်ကြီးရဲ့ အစီရင်ခံစာ အရ၊ ပြီးခဲ့သော တစ်နှစ်ခွဲကြာလ ကြာ စစ်ပွဲအတွင်းတွင် ကချင်ရွာပေါင်း ၂၀၀ ကျော် ဖျက်ဆီးခဲ့သည့်အပြင်၊ ခရစ်ယာန် ဘုရားကျောင်း ၆၆ ခုကိုလဲ ဖျက်ဆီးပေးလိုက်ကြောင်း စာရင်းတင်ပြထားသည်ကို တွေ့ရသည်။ (အသေးစိတ် သိလိုသူများ နှစ်ခြင်း အသင်းချုပ်ရုံးသို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်သည်။) ထိုအကြောင်းအရာများ မြန်မာ အစိုးရ ပိုင် မီဒီယာ များမှာ ဘယ်တော့မှ ဖေါ်ပြခဲ့ခြင်း မရှိခဲ့ပါ။ အကယ်၍ ကေအိုင်အေသာ ဗမာရွာ နှင့် ဗမာ ဘုန်းကြီးကျောင်း ဒီလောက် အများအပြားကို လုပ်မိခဲ့လို့ ရှိရင် မြန်မာပြည်က ရှိရှိသမျှ မီဒီယာများတွင် မည်သို့ ဝေေ၀ဆာဆာ ဖေါ်ပြမည်ကို စိတ်ကူးလို့ရနိုင်ပါသည်။

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်