Thursday, February 28, 2013

ရိုးရှင်းသော နည်းပညာ နဲ့ ကြီးမားသော အောင်ပွဲများ



ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်သုံးခဲ့သော သတင်းပို့ နည်းပညာ နှင့် အာရပ်ကမ္ဘာကို အောင်မြင်ခဲ့သော အီစ္စရေးတို့ရဲ့ ရိုးရှင်းလှတဲ့ နည်းပညာအကြောင်း လေးတွေပါ။

စစ်ပွဲတခုမှာ အရေးအကြီးဆုံးက ရန်သူများ ကိုယ့်ရဲ့ လှုပ်ရှားမှု အကြောင်းမသိအောင် ကိုယ့်ရဲ့ စစ်တပ်တွေကို အမိန့်ပေးတဲ့ ကြေးနန်း လျှို့ဝှက်သတင်းပို့ စနစ်ဟာ အင်မတန် အရေးကြီးပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်မှာ ဂျာမဏီ သုံးခဲ့သော Enigma ဆိုတဲ့ ကြေးနန်းပို့စက် ဟာ အခုခေတ် ကွန်ပြူတာ ရှေ့ပြေးလို့တောင် ပြောလို့ ရပါတယ်။ အရမ်းကို နာမည်ကြီးခဲ့ပါတယ်။ မဟာမိတ်များကတော့ ကိုယ့်ရဲ့ ကြေးနန်းလျှို့ဝှက် ကုတ်များကို စကားဝှက်လောက်နဲ့ ပို့နေတဲ့ အချိန် ဂျာမဏီတွေက လူတွေ နားမလည်တဲ့ Enigma စက်နဲ့ ကုတ်နံပါတ်တွေ ပြောင်းပြီး ပို့ခဲ့ပါတယ်။ မဟာမိတ်ဖက်မှာ အဲဒီ ကြေးနန်းကုတ်တွေကို ဖမ်းယူရရှိခဲ့ပေမယ့် အစပိုင်း အချိန်တော်တော်ကြာ ဘာမှန်းကို မသိခဲ့ပါဘူး။ အကြောင်းမှာ Enigma စက်က ပို့လွတ်တဲ့ ကုတ်တွေကို ပြန်ပြီး ဘာသာပြန်ပေးမဲ့ စက် သီးသန့်လိုအပ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း မဟာမိတ်ဖက်က ဘာသာပြန် စက် (Code Cracker) ကို အောက်မြင်စွာ တီထွင် နိုင်ခဲ့ပါတယ်။


အဲဒီလို ကြေးနန်းနည်းပညာတွေ သူ့ထက်ငါ ပိုကောင်းအောင် တီထွင်ကြံဆ နေချိန် အမေရိကန် စစ်တပ်က သုံးတဲ့ နည်းပညာဟာ ဘယ်သူမှ မထင်မှတ်ထားတဲ့ နည်းပါ။ သူကတော့ စက်မဟုတ်ဘူး။ လူသား ပါပဲ။ အမေရိကန်နိုင်ငံ အလယ်ဗဟိုမှာ နေတဲ့ ဌာနေ တိုင်းရင်းသား လူမျိုးစုများ ဖြစ်တဲ့ Choctaw, Cherokee, Comanche, Meskwaki, Basque, Navajo လူမျိုးများကို နေရာဒေသ မတူတဲ့ စစ်မြေပြင်တွေမှာ ကြေးနန်းစကားပြော စက်တွေ (Code Talkers) အဖြစ် သုံးခဲ့ပါတယ်။ ဂျာမန် စက်တွေကတော့ ခေတ်မီတယ် ဆိုပေမယ့် အားနဲချက်တွေ ရှိနေတယ်။ ပြန်ပြီး ဘာသာပြန်ရတာတွေကြောင့် အချိန်ကြာတယ်၊ တဖက်က Code Cracker စက်တွေနဲ့ ဖမ်းယူ ဘာသာပြန်နိုင်ခဲ့တယ်။ ဒီ တိုင်းရင်းသား ဘာသာစကားနဲ့ ပို့လွတ်တဲ့ ကြေးနန်းကတော့ သူတို့ ဘာသာစကားတတ်သူ အချင်းချင်းသာ ပြန်ဖမ်းယူပြီး စက္ကန့်ပိုင်းအတွင်း ချက်ချင်းပဲ အနားမှာ နားထောင်နေတဲ့ အရာရှိကို ဘာသာပြန်ပေးပါတယ်။ နောက်ပြီး ချက်ချင်း သတင်းပြန်ပို့ခိုင်းလို့လဲ ရနေပါတယ်။

ဒီလိုနည်းနဲ့ ပစိတ်ဖိတ်သမုဒ္ဒရာ၊ အတ္တလန်တိတ် သမုဒ္ဒရာ များက စစ်သင်္ဘောများ ရန်သူနားမလည်တဲ့ စကားတွေနဲ့ ကိုယ်ယောင်ဖျောက်ပြီး သွားလာခဲ့ကြပါတယ်။

နောက်ပြီး ၁၉၆၇ ခုနှစ် အာရပ် စစ်ပွဲတွေမှာ အီစ္စရေး အနိုင်ရခဲ့တဲ့ နည်းပရိရယ်တွေ အများကြီးထဲက နှစ်ခုပါ။

အီဂျစ် နဲ့ အီစ္စရေး ကြားမှာ ဆိုင်းနိုင်း သဲကန္တာရ ခံနေပါတယ်။ အဲဒီ သဲကန္တာရကို အုပ်စိုးဖို့ အချင်းချင်း စစ်ရေး ပြင်ဆင်တဲ့အခါ၊ အီစ္စရေးတွေက စစ်သားတွေကို တနာရီခြား ရေ တလီတာ သောက်ခိုင်းခဲ့ပါသတဲ့။ ဒီလိုနဲ့ သဲကန္တာရထဲ သွားတိုက်တဲ့ အီဂျစ်စစ်သားတွေ ရေခန်းခြောက်ပြီး မောနေတဲ့ အချိန် အီစ္စရေး စစ်သားတွေ ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။

နောက်တနည်းကတော့ ကင်းလှည့် ဂျစ်ကားတွေ အကြောင်းပါ။ အီစ္စရေး စစ်တပ်ဟာ သဲကန္တာရ လွင်ပြင်မှာ ဂျစ်ကားများကို အတားအဆီးမရှိ မောင်းနှင် နိုင်ခဲ့ကြတယ်။ ဘယ်သူမှ ဂျစ်ကား နဲ့ ဒီလို သွားလာလို့ ရမယ် လို့ မထင်ခဲ့ပါ။ သူတို့ လုပ်နိုင်ခဲ့ပါတယ်။ နည်းပညာ အနေနဲ့ကတော့ ထူးထူးခြားခြားတော့ မဟုတ် သဲသောင်ပြင်ထဲ ဂျစ်ကားဘီး မြုပ်တဲ့အခါ လေလျှော့ပြီး မောင်းခဲ့ပါသတဲ့။ အဲဒီ နည်းပညာဟာ အင်မတန် ရိုးရှင်းပေမယ့် အထူးကိုအသုံးတည့်ပြီး အောင်မြင်ခဲ့ပါတယ်။

ရန်သူထက် အနည်းငယ် နည်းပညာလေး ထပ်ဖြည့်လိုက်တာနဲ့ အံ့မခန်း အောင်မြင်မှုတွေ ရခဲ့တယ် ဆိုတာ သမိုင်း သက်သေပါ။
 
(ဈာန် မှ ကူးယူ တင်ပြ ပါသည်။)

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်