Sunday, February 17, 2013

တိုင်းပြည်ဖြင့် ပျက်နေတာ ကြာလှပြီ။ အခုထိ ပျက်မှာ ကြောက်နေတုန်း။



ဖက်ဒရယ် လုပ်ရင် တိုင်းပြည်ပဲ ပျက်မယောင် နဲ့ စစ်အာဏာ ထိန်းထားချင်တဲ့ လူတစ်စု ရှိသေးတယ် ဆိုတာ မြန်မာ နိုင်ငံသားများ နားလည်နိုင်ပါစေ။

လွတ်တော်ထဲမှာရော၊ လွတ်တော် အပြင်မှာရော ဖက်ဒရယ် ဆိုတာ ဂဃနဏ မသိတဲ့လူတွေလဲ တပုံကြီးပါ။

ကော့မှူးမဲရှုံး ဒေါက်တာဖွတ် အမတ် လဲ ဘီဘီစီ ဆွေးနွေးခန်းမှာ ပြောလိုက်သေးတယ်၊
ဘာတဲ့... လက်ရှိ အခြေခံဥပဒေ မူအတိုင်း ဆက်သွားရင် အကောင်းဆုံးပါ၊ တဲ့။
သူ့လို ဒေါက်တာ တစ်ယောက် တောင် ဒီ အတွေးအခေါ်မျိုးရှိသေးရင်၊ ကျန် သာမာန် ပြည်သူများကတော့ ပြောမနေနဲ့တော့။



ပညာရေး လောက ကို အမှောင်ချထားတဲ့ အကျိုးရလဒ်ကတော့ လွယ်လွယ်နဲ့ ပြုပြင်ဖို့ လွယ်မယ် မထင်ပါ။

သို့သော်... လွယ်ကူတဲ့ နည်းလမ်းတော့ ရှိတယ်။ စစ်ဦးစီးချုပ် တစ်ယောက်လောက် အမြင်မှန်ရသွားပြီး ချက်ချင်း ဖက်ဒရယ် ထ လုပ်ရင် ဖြစ်တယ်။... (ဒါကတော့ မိုးပြိုသည် ရှိခဲ့သော်... ပေါ့)။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်