Tuesday, February 12, 2013

မြန်မာ အစိုးရ အနေနဲ့ လက်ပိုက် ကြည့် မနေသင့်ပါ။



ထိုင်း နိုင်ငံမှာ အရွယ် မရောက်သေးတဲ့ ၁၂ နှစ် အရွယ် မြန်မာ နိုင်ငံသား ကရင်မိန်ကလေး တစ်ယောက်ဟာ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က ပြန်ပေးဆွဲ ခံရပြီး၊ အိမ်ရှင် ဇနှီးမောင်နှံ ရဲ့ လူမဆန်စွာ ညှင်းပန်း နှိပ်စက်ထားကြောင်း ထိုင်းသတင်းစာ (http://www.pattayadailynews.com/en/2013/02/12/kidnapped-karen-girl-enslaved-by-cruel-thai-couple/) တွေမှာ ဖေါ်ထုတ် ရေးသား ကြပါတယ်။ အိမ်ရှင် အလိုကျ မဖြစ်ခဲ့လျှင် ခွေးလှောင်အိမ်မှာ လှောင်ထားပြီး ရေနွေးပူ နဲ့ လောင်းခြင်း၊ နားရွက် ဖြတ်ပေးခြင်း စသော ပြစ်ဒဏ်များ ပေးလေ့ ရှိပါသတဲ့။ တခါထွက်ပြေးဖူးသော်လဲ ရဲက အဲဒီ အိမ်ကို ပြန်ပို့ပေးခဲ့တယ်။ နောက်ဆုံးတော့ နီးစပ်ရာ ကူညီသူများ အကူအညီ နဲ့ ထိုင်း လူမှု ကယ်ဆယ်ရေး အဖွဲ့ကို အပ်နှံခဲ့တယ်။ မြန်မာ နိုင်ငံသား တစ်ယောက် အနေနဲ့ မြန်မာ အစိုးရ ရဲ့ အကူအညီ မရသေးပါဘူး။
နိုင်ငံတကာမှာ ဘယ်နိုင်ငံ မဆို ကိုယ့် နိုင်ငံသား တစ်ယောက် အခြား နိုင်ငံမှာ ဒုက္ခ ရောက်နေရင် အစိုးရ ကိုယ်တိုင် ၀င်ပြီး အရေးတယူ လုပ်တတ်ကြပါတယ်။ ဒါကြောင့်လဲ သူများနိုင်ငံသားတွေဟာ လုံခြုံမှု နဲ့ ကိုယ့် အစိုးရ အပေါ် ယုံကြည်မှု တွေ ရှိနေတာပါ။

မြန်မာ နိုင်ငံသားများကို သူများ နိုင်ငံ အစိုးရ အနေနဲ့ အထင်သေးတဲ့ အချက်တွေမှာ မြန်မာ အစိုးရ ရဲ့ ကိုယ့်နိုင်ငံသားတွေ အပေါ် တာဝန်ယူမှု ကင်းမဲ့ခြင်းကြောင့်လဲ ဖြစ်ပါတယ်။

အခုထိ နိုင်ငံတကာမှာ ဒုက္ခ အမျိုးမျိုးကြုံခဲ့ရတဲ့ မြန်မာ နိုင်ငံသားများဟာ ဥပဒေ ကြောင်းအရ အကူအညီ အပြည့်အ၀ မရပဲ ခံစားခဲ့ရတာတွေ အများကြီးပါ။

ဖီလိပိုင် နိုင်ငံ အစိုးရ ဆိုရင် သူ့နိုင်ငံသူ တစ်ယောက် အာရပ်စော်ဘွား နိုင်ငံမှာ အိမ်ဖေါ်လုပ်နေရင်း အိမ်ရှင် ကို သတ်လိုက်တဲ့ အမှု ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ အမှုမှာ အိမ်ရှင် အစိုးရ အနေနဲ့ ဖီလိပိုင် အမျိုးသမီး ကို လုံးဝ အပစ်ပုံချ ထားတာပါ။ ဥပဒေ ကြောင်းအရ ဆိုရင် သေဒဏ် မှ တပါး အခြား မရှိနိုင်။ သို့သော် ဖီလိပိုင် အစိုးရ ဟာ ငြိမ်ပြီး ကြည့် မနေပါဘူး။ သူတို့ နိုင်ငံသူ ဖက်က ရဲရဲ ရပ်တည်ပြီး အမှု လိုက်ပေး ခဲ့ပါတယ်။ နောက်ဆုံးတော့ မဒိမ်းကျင့်ဖို့ ကြံစည်ခဲ့တဲ့ အထောက်အထားများကို ပြနိုင်ခဲ့ပြီး ဖီလိပိုင်သူလဲ အသက်ဘေးက လွတ်မြောက်လို့ အိမ်ပြန်နိုင်ခဲ့ပါတယ်။ အပြန်လမ်းမှာ ဖီလိပိုင် ပြည်သူအားလုံး သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တာပါ။

အခု ကရင် မိန်းကလေး ကို နှိပ်စက် ခဲ့သူ ဇနီးမောင်နှံမှာ အာမခံ နဲ့ လွတ်မြောက်နေပြီး သူတို့ အိမ်ကိုလဲ သော့ခတ်ထားကြောင်း သိရပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ အမှုလဲ အလိုလို ပပျောက်သွားမှာပါ။

မြန်မာ အစိုးရ အနေနဲ့ ဒီလို မတရားမှုများအတွက် မာန တခွဲသားနဲ့ ငြိမ်မနေသင့်ပါ။ ထိုင်းအစိုးရ ကို အမှုမှန်ပေါ်ဖို့ ဖိအားပေးတန် ပေးရပါမည်။ ခံရသော မိန်းကလေး အတွက် ဘ၀ တသက်စာ ဖိုလုံစရာ လျှော်ကြေးများ တောင်းပေးသင့် ရင် တောင်းပေးရပါမည်။

ဒါမှလဲ မြန်မာပြည်သူများရဲ့ ဘ၀ပိုမို လုံခြုံမှု ရှိလာပြီး သူများနိုင်ငံအနေနဲ့ မြန်မာပြည်သားများပေါ် ထားတဲ့ သဘောထားများလဲ ပြောင်းလဲ လာမည် ဖြစ်သည်။

ကရင်လူမျိုးမို့လို့ ဂရုစိုက်စရာ မလိုဘူး လို့ ထင်ရင်တော့ ဘာမှ ပြောစရာ မရှိပြီ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်