Tuesday, July 9, 2013

ဒါက မြန်မာပြည်သား ကချင်လူမျိုးများလို့ ခေါ်ပါတယ်။

ကိုယ့်ဟာကိုယ် အစိုးရ တပ်မတော် လို့ မည့်ခေါ်တဲ့ အောက်ပိုင်းက တက်လာတဲ့ ဗမာစစ်တပ်က ဒီလို ကချင်ပြည်နယ်၊ ကိုယ့်ရွာ၊ ကိုယ့်ဌာနေမှာ အေးချမ်းစွာ နေထိုင်တဲ့ ဒေသခံ ကချင်အိမ်တွေ၊ ကချင်ဘုရားကျောင်းတွေ၊ ကချင်ရွာတွေကို ဖျက်တယ်လေ။ ငါတို့ကချင်တွေက နိုင်ငံခြားသားလား၊ ဧည့်နိုင်ငံသား မို့လို့လား။ ခိုးဝင်လာတဲ့လူတွေ မို့လို့လား။

ကေအိုင်အေ ကြောင့် လို့ ပြောပါလိမ့်မယ်။ ကေအိုင်အေ ရှိတဲ့ နေရာက တောင်ကုန်း ၂ ခု ပဲ ရသေး တာပါ။ အခု ဖျက်ဆီး လိုက်တဲ့ အိမ်၊ ဘုရားကျောင်း၊ ရွာ အားလုံးဟာ ဗမာ စစ်တပ်စခန်း ထိုင်ထားတဲ့ ရွာ တွေ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ မီဒီယာ တွေကို မ၀င်ခိုင်းတာဟာ ဒီလိုဟာတွေ ဖုံးကွယ်ချင်လို့ ဖြစ်ပါတယ်။
မီဒီယာ တွေ လိုက်ရင် ဘေးကင်းလုံခြုံမှု မရှိဘူး လို့ ပြောလိမ့်မယ်။ ဗမာစစ်တပ်ရဲ့ အမြောက်ဗုံးမိုးရွာ နေတဲ့ ကေအိုင်အေ ရှေ့တန်း စခန်းမှာတောင် နိုင်ငံတကာ သတင်းထောက်တွေ ရောက်ပါတယ်။ ဘာမှ မဖြစ်ပါဘူး။ ဖြစ်ရင်လဲ ဖြစ်တဲ့ သတင်းထောက်ခံ ပေါ့။ နိုင်ငံတကာမှာ သတင်းထောက်တွေ သေနေတာ နေရာတကာ ပါပဲ။ အဲဒါက ထုံးစံ ပါ။

ကေအိုင်အေ ရှေ့တန်း စခန်းမှာ မီဒီယာ ရောက်သွားလို့ စစ်ရှုံးတယ် လို့ ပြောလိမ့်မယ်။ အစိုးရ စစ်တပ် တခု အနေနဲ့ လူအင်အား၊ လက်နက် အင်အား၊ လေယဉ်စစ်ကူ၊ ငွေအင်အား အစမတန် သုံးတိုက်တာက နည်းဗျူဟာ အားသာမှု နဲ့ မဆိုင် ပါ။ အင်အားချင်း က ဘယ်လိုမှ မယှဉ်သာ လို့သာ နောက်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။ ကေအိုင်အေ ရှေ့တန်း စခန်း ရာကဏန်းပဲ ရှိတဲ့ ကင်း စခန်း တွေကို သောင်းဂဏန်းက ၀ိုင်းထားတယ်။ နောက်ပြီး တနာရီကို အမြောက်ဆန် ထောင်ဂဏန်း ပစ်ကူတယ်။ လေယဉ်နဲ့ ပစ်တယ်။ အဲဒါက ဗျူဟာကြောင့် မဟုတ်။ မြန်မာပြည်သူ အားလုံး ရဲ့ ကျန်းမာရေး၊ ပညာရေး ရံပုံငွေတွေ အဖြတ်ခံပြီး ငွေအင်အား နဲ့ အနိုင်ယူတာ ဖြစ်ပါတယ်။

ကချင် ဒုက္ခသည် တစ်သိန်း ဆိုတာ ကချင်လူမျိုး စုစုပေါင်း လူဦးရေ ရဲ့ ၂၀ % လောက် ဖြစ်ပါတယ်။ သူတို့ ရဲ့ အိုးအိမ်၊ မျိုးရိုးစဉ်ဆက် နေလာတဲ့ ကျေးရွာတွေ၊ ကချင်တွေရဲ့ ဇာတိ ချက်ကြွေ တွေကို ဖျက်ပြီး စံပြကျေးရွာ ဆိုပြီး ဗမာ နာမည် အသစ်တွေနဲ့ စတင် ချထားနေတာ ဖြစ်ပါတယ်။ အခု မီးလောင်သွားတဲ့ အိမ်တွေမှာ တန်ဖိုးကြီး အိမ်တွေ အများအပြား ပါသွားပါတယ်။ ကျန်နေတဲ့ အိမ်တွေမှာလဲ လူမရှိတော့ ပစ္စည်းတွေအားလုံး ဗမာ စစ်သားတွေ ၀င် မွေ လို့ ကုန်ပြီ။

အဲဒါတွေဟာ ဘာ သဘောလဲ?????????

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်