Saturday, July 6, 2013

နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံစာ ဟာ နိုင်ငံ အတွက် တကယ် အကျိုးပြုသလား?

လူမှန်ရင် နိုင်ငံရေး နဲ့ မကင်းပါ၊ ဒါပေမယ့် လူတိုင်းက နိုင်ငံရေး နားမလည်တတ်ပါ။ နိုင်ငံသား တစ်ယောက်ကို နိုင်ငံရေး မလုပ်ပါနဲ့ လို့ ပြောခြင်းဟာ ထမင်းမစား နဲ့ ပြောလိုက်တာ ဖြစ်တယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေး သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ၊ ထမင်းစားခြင်းသည် နိုင်ငံရေးတွေးခေါ်မှုအတွက် အခြေခံ အုတ်မြစ် ဖြစ်တယ်၊ ဆိုခြင်း အတွက် ပါ။ သဘောမှာ လူတစ်ယောက်ရဲ့ အိပ်ကောင်းခြင်း၊ စားကောင်းခြင်း သည်၊ နိုင်ငံ့ အရေး ဖြစ်လေသည်။

ပေါ်လစီ ချမှတ်သူတိုင်းဟာ နိုင်ငံရေးသမား များ ဖြစ်တယ်။ ဒါပေမယ့် ပေါ်လစီချမှတ်သူတိုင်း နိုင်ငံရေး ပညာရှင်များ မဟုတ်။

နိုင်ငံရေး ပညာရှင်များဟာလဲ ပေါ်လစီ ချမှတ်သူများ မဟုတ်လေတော့ ..... နိုင်ငံရေး ပညာရှင်များကို နေရာပေးတတ်သော ဓလေ့ရှိတဲ့ နိုင်ငံတိုင်းဟာ ကြီးပွါးချမ်းသာ စမြဲ ဖြစ်တယ်။

ပညာရှင်တွေကို မောင်းထုတ်တတ်တဲ့ ဓလေ့ဟာ လူပြိန်းကြိုက်နိုင်ငံရေးသမားများ ကြီးစိုးတဲ့ နိုင်ငံတွေမှာ ဖြစ်လေ့ ဖြစ်ထရှိတယ်။ အဲဒီ နိုင်ငံတွေရဲ့ သွင်ပြင်လက္ခဏာဟာ "ဆင်းရဲနှုံချာခြင်း၊ လူမျိုးရေးမုန်းတီးခြင်း၊ နာကျည်းဘွယ် ဖြစ်ရပ်များ၊ အကြမ်းဖက်မှုများ... " စသည်များ ဖြစ်တယ်။

နိုင်ငံတိုးတက်အောင်မြင်ဖို့ နိုင်ငံရေး တွေးခေါ်ပညာရှင်များများ ပေါ်ထွက်လာဖို့ မရှိမဖြစ် လိုအပ် စမြဲ ဖြစ်တယ်။ နှစ်ပေါင်း ၅၀ ကျော် နိုင်ငံရေး သိပ္ပံ ပညာ ကို ဖြုတ်ထုတ် လိုက်တဲ့ မြန်မာ နိုင်ငံရဲ့ လက်ရှိ အခြေအနေ ဟာ သုတေသန စာတမ်းတွေ ဖတ်ပြစရာ မလိုတဲ့ မျက်မြင်သက်သေ ဖြစ်ပါတယ်။

ဒီတော့ မြန်မာပြည်သားတွေ ကြားဖူး နားဝ ဖြစ်နေတဲ့ နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံစာ အကြောင်း ဆက် ဆွေးနွေးနိုင်ပါတယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်