Thursday, July 18, 2013

ဘိန်းဘုရင် တို့ရဲ့ သုခဘုံ နိုင်ငံ

ဘိန်းဘုရင် တစ်ယောက်က မြန်မာပြည်မှာ ဦးနေ၀င်း ထက်တော့ ကံကောင်းတဲ့လူပေါ့။ ပြည်ထောင်စု ၀ံကြီးအဆင့်တွေရဲ့ ဈာပန ပန်းခွေတွေနဲ့ ဆိုတော့...

အသက်ရှင်စဉ်ကလဲ ဖူးဖူးမှုတ်ထားခံရသူ..... သေတော့လဲ ၀မ်းနည်းတဲ့ ၀ံကြီးတွေနဲ့ ဟန်ကို ကျလို့။

၂၀၀၈ မြစ်ကြီးနား မနောပွဲမှာ ဘိန်း တိုက်ဖျက်ရေး ကို တာဝန်ယူထားတဲ့ ကေအိုင်အေ ဗိုလ်မှူး တစ်ယောက် နဲ့ ညပိုင်း မီးပုံဝိုင်းမှာ စကား စမြည် ပြောရင်း သူတာဝန်ယူထားတဲ့ ဘိန်းတိုက်ဖျက်ရေးနဲ့ ပတ်သက်တာတွေ မေးဖြစ်ပါတယ်။ လူငယ်တွေ အကျင့်စာရိတ္တပျက်လာတာတွေ၊ ကေအိုင်အို အနေနဲ့ ထိထိရောက်ရောက်တာဝန်ယူပြီး အရေးယူရင် ကောင်းတဲ့ အကြောင်း သူ့ကို အကြံပေးတော့။ သူတို့ အသေးစိပ် စုံစမ်းသိရှိရသလောက် မြန်မာပြည်မှာ ဘိန်းအမြစ်ပြတ် ဖို့ မဖြစ်နိုင်ဘူးတဲ့။ မြန်မာ အစိုးရ ၀န်ကြီးအဆင့် တွေနဲ့ ယူနန်ပြည်နယ် အစိုးရ ၀န်ကြီး အဆင့်တွေက ဘိန်းဘုရင်တွေနဲ့ ပေါင်းလုပ်နေတာဖြစ်တယ်၊ လို့ ပြောလာတော့ ဒူဝါ က မယုံ့တယုံ ပေါ့။ ဒီလူကြီးက ညာဖီးနေတာလား ပေါ့။

သူက သူတို့ အနေနဲ့ စုံစမ်းဆဲ ဖြစ်တဲ့အတွက် အသေးစိပ်ကို ပြောပြလို့ မဖြစ်သေးဘူး၊ လို့ ပြောသွားလေတော့ ကိုယ့်မှာ ဘာဆက်မေးရမှန်း မသိ ဖြစ်သွားတယ်။

၂၀၀၉ ခုနှစ် မှာ အေးရှားဝေါ တာဝန်ယူ လုပ်နေတဲ့ ချီဖွေရေအားလျှပ်စစ် စီမံကိန်း မှာ နေ့စား အလုပ်သမားခေါ်တော့ ဒေသခံတွေ သွားကြတယ်။ နေ့စား တစ်ရက် ငါးထောင်ကျပ် ပေးမယ် ဆိုတော့ ကိုက်တယ်ပေါ့။ လှိုင်ခေါင်းတွေ တူးရတယ်။ လှိုင်ခေါင်း အထဲမှာတော့ တာဝန်မှ အပ မ၀င်ရ ဆိုတဲ့ နေရာတွေ၊ နာမည် မသိတဲ့ စက်ကိရိယာ တွေ နဲ့ အပြည့် ဖြစ်နေတာတွေ ရှိတဲ့ အကြောင်း၊ လုပ်အားခ ရှင်းရင်လဲ ငွေသားက ၂၅၀၀ ကျပ် ပေးတယ်၊ ကျန်တာကိုတော့ ဘိန်းပေးလိုက်တယ် လို့ ဒေသခံ တွေရဲ့ အပြောအရ တဆင့်စကား ကြားဖူး ပါတယ်။

အဲတာကိုသိလို့ စစ်ဖြစ်လာတော့ ကေအိုင်အေ က အဲဒီလှိုင်ခေါင်းတ၀ိုက် လုပ်ငန်းခွင်တွေ အရင် ဖျက်ဆီးလိုက်တယ်။ မြန်မာ့ရုပ်မြင်သံကြားမှာ တခြားသတင်းတောင် မပါဘူး၊ အဲဒီ သတင်းကို ဦးဦးဖျားဖျား သဲသဲမဲမဲ သွယ်တော့တာပဲ။ ကေအိုင်အေ အဖျက်သမားပေါ့။ နောက်တော့ ချီဖွေဖက်မှာ မြန်မာစစ်တပ် လုံခြုံရေး တွေက လိုအပ်တာထက်ကို အစပေါင်းများစွာ ချလိုက်ပါတော့တယ်။

အခုမြင်တဲ့ အတိုင်း ပါပဲ၊ ပေါင်းလုပ် ပေါင်းစား တွေ ဆိုတော့ ၀မ်းနည်း ကြမှာပေါ့။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်