Thursday, February 6, 2014

မြန်မာ နဲ့ ထိုင်း ဘာကွာလဲ?

ပြီးခဲ့တဲ့ ၂ နှစ် က ထိုင်းနိုင်ငံမှာ ကျင်းပ တဲ့ မနောပွဲကို ဒူဝါ သွားခဲ့ ပါတယ်။

ပြန်လာတော့ သူငယ်ချင်း တစ်ယောက်က မေးတယ်။

ထိုင်း နဲ့ မြန်မာ ဘာကွာလဲ တဲ့။

ကွာတာတော့ အများကြီး ပါ။

ထင်သာ မြင်သာ လူတကာ သိတဲ့ ထုထည် ပိုင်း ပြောရမယ် ဆိုရင်တော့...

လမ်း၊ တံတား တိုက်တာ အဆောက်အအုံ မိုးနဲ့ မြေ ကွာတယ်။
ဖုန်းကတ် (SIM) ထိုင်းမှာ အလကား ပေးတယ် (လေဆိပ် အ၀င်မှာ)။ မြန်မာမှာက ၅ သိန်း အထက် ပေးဝယ်နေရဆဲ။ ဖုန်းလိုင်း နေရာတကာ မိတယ်.. မြန်မာမှာ အော်ပြောနေရဆဲ။

အင်တာနက်လိုင်း ထိုင်းမှာ တီဗီ နဲ့ ကြည့်လို့ ရနေချိန် မြန်မာမှာ..... loading....


ထိုင်းမှာ ဖုန် မထ ဘူး။ မြန်မာမှာ ရန်ကုန်မှာတင် ဖုန် အလိမ်းလိမ်း.... သန့်ရှင်းတဲ့ နေရာက အစကွာ ပါတယ်။

မြန်မာပြည်ကထွက်တဲ့ ဂစ် ဖြည့်ရင် ၁၅ ကီလို မှာ ထိုင်းမှာ ဘတ် ၃၀၀ (မြန်မာကျပ် တစ်သောင်းအောက်)၊ မြန်မာ မှာက မြစ်ကြီးနားမှာ ၂၆၀၀၀ ကျပ် ပါ။

လူမှုရေး ပိုင်း ပြောရမယ် ဆိုရင်...

ထိုင်းမှာ မြန်မာတွေ အခြေခံ လုပ်သားဘ၀.. မြန်မာမှာ ထိုင်းတွေ ဘောစိ ဘ၀....

ထိုင်းမှာ ရွှေ့ပြောင်း နေထိုင်တဲ့ ကချင်ရွာ သေးသေးလေးက မနောပွဲ လွတ်လွတ်လပ်လပ် ကျင်းပခွင့် ရတဲ့ အပြင် အစိုးရ က ဘတ်ဂျက်တောင် ထုတ်ပေးသေးတယ်.. မနောတိုင်လဲ အခိုင်အမာ စိုက်ထားသေးတယ်။

ကချင်တို့ရဲ့ ဌာနေ မြန်မာ့ မြေပေါ်မှာတော့ တစ်နှစ် တခါ ကျင်းပခွင့် ရဘို့ ခွင့်အထပ်ထပ် တင်ရတဲ့ အပြင် လွတ်လွတ်လပ်လပ် လုပ်ခွင့် မရှိ... အကန့်အသတ် နဲ့ ပါ။ အစိုးရ ဘတ်ဂျက် ဆိုတာ မကြားဖူးတာ အမှန်ပါ။

ထိုင်း မှာ ရှိတဲ့ တိုင်းရင်းသားတွေက ထိုင်းလူမျိုး ဖြစ်ချင်ကြတယ်... အထင်ခံချင်ကြတယ်။

မြန်မာ့ တိုင်းရင်းသား တွေကတော့ ဗမာ လို့ အပြောခံရမှာ ရှက် တယ်ဗျ...

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်