Thursday, February 27, 2014

ဖက်ဒရယ် စနစ် ဆိုတာ မျိုးစောင့် ဥပဒေ ပါ။

မြန်မာ စစ်ခေါင်းဆောင် တွေက ဖက်ဒရယ် စနစ် ကိုတော့ မကြိုက်ဘူးတဲ့၊ မျိုးစောင့် ဥပဒေ တော့ ပြဌာန်းမယ် ဆိုပဲ။

လူမျိုးတိုင်း၊ ဒေသန္တရတိုင်းဒေသတိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရင် မျိုးစောင့် ဥပဒေ ဆိုတာ မလိုပါ။ ဘာဖြစ်လို့ ဆိုတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ သာသနာ အရေး ကိုယ်တိုင် လုပ်ဆောင်ခွင့်ရလို့ပါပဲ။

ဗမာလူမျိုးတွေလဲ ဗမာဒေသတွေမှာ ကိုယ့်နည်း ကိုယ့်ဟန် လွတ်လွတ်လပ်လပ် ကျင့်သုံးခွင့် ရှိသလို၊ ကျန် တိုင်းရင်းသား တွေလဲ ကျင့်သုံးခွင့် ရှိလာမှာ ဖြစ်တယ်။

ရှင်းရှင်း ပြောရရင် ဖက်ဒရယ် ပြည်ထောင်စု စနစ် ဆိုတာ တိုင်းရင်းသားတွေ ကိုယ့် လူမျိုး၊ ကိုယ့် စာပေ၊ ကိုယ့် ဘာသာစကား၊ ကိုယ့် ယဉ်ကျေးမှု၊ ကိုယ့်ဘာသာတရား တွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ လိုလားခြင်းပဲ ဖြစ်ပါတယ်။


ဒီတော့ ဖက်ဒရယ် ကိုတော့ မလိုချင်ဘူး၊ အပေါက်စောင့် ဥပဒေ တော့ လုပ်မယ် ဆိုတော့ ဘယ်လူမျိုးအတွက်လဲ? ဘယ်နိုင်ငံသားတွေအတွက်လဲ။

ဥပမာ ဆိုကြပါစို့၊ ဗမာလူမျိုးတွေမှာ ခရစ်ယာန်ရှိမယ်၊ မူဆလင်လဲ ရှိမယ်။ ဗုဒ္ဓဘာသာကတော့ အများပိုင်းပေါ့။ ဒီတော့ အမျိုးစောင့် ဥပဒေ ဆိုတာက ဗုဒ္ဓဘာသာဝင်တွေအတွက်လို့ သီးသန့် ဆိုထားပါတယ်။ ဗမာလူမျိုးအချင်းချင်း ပေမယ့် ဘာသာမတူရင် လက်ထပ်ဖို့ခက်သွားတယ်။ ဒါပေမယ့် တရုတ်လူမျိုး၊ အိန္ဒိယလူမျိုး ဗုဒ္ဓဘာသာဝင် ဆိုရင်တော့ လာထား၊ အဲလို သဘော ဖြစ်မနေဘူးလား။

ရခိုင် နဲ့ မွန် တွေလဲ ထိုနည်း၎င်းပဲ။ မွန်ခရစ်ယာန်၊ မွန်မူဆလင် ဘာသာဝင်တွေနဲ့ မညားပဲ၊ ဗုဒ္ဓဘာသာဝင်ချင်းတူတဲ့ ဗမာတွေနဲ့ညားဖို့ ပိုလွယ်သွားတာပေါ့။ ဒါပေမယ့် ပိုရှုပ်ကုန်မှာ ကရင်လူမျိုးတွေပါ။ ဗုဒ္ဓဘာသာဝင် နဲ့ ခရစ်ယာန် ညီတူမျှတူ ဖြစ်နေတဲ့ ကရင်တွေအတွက်တော့ ဒီ ဥပဒေ ဟာ သင်းကွဲခြင်း ပါပဲ။

ကချင်တွေအတွက်တော့ အေးဆဲ ပဲ လို့ပြောလို့ ရပါတယ်။ လုံးဝ ပိုစရာ မလိုတာ ကချင်တွေပဲ။ ဗုဒ္ဓဘာသာဝင်တွေနဲ့ ယူဖို့ ခက်လေ ပိုကောင်းလေ ပဲလေ။

အခု မြန်မာနိုင်ငံသား ကချင်လူမျိုးတွေ ကြောက်နေရတာ ကုလား မဟုတ်ဘူးဗျ။ လူများစုက တဖြည်းဖြည်းဝါးမျိုနေတဲ့ ပြဿနာ ပါ။ ဖက်ဒရယ် တောင်းနေရတာလဲ လူမျိုးတိုင်း၊ ဒေသတိုင်း ကိုယ့် ကြမ္မာကိုယ်ဖန်တီးဖို့ ပါ။ အဲဒါ မျိုးစောင့် ဥပဒေ စစ်စစ်ပဲ။

လူများစု ဗမာတွေ တောင် မျိုးစောင့်ဥပဒေ လိုနေသေးရင် တိုင်းရင်းသားတွေ ဖက်ဒရယ် တောင်းတာလောက်ကတော့ ဗမာလူမျိုးများ ကိုယ်ချင်းစာ တရားထားတတ်ရင် နားလည်သင့်ပါတယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်