Thursday, February 6, 2014

စစ်ဖြစ်ရခြင်း ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ နှင့် ဖြစ်သင့် ဖြစ်ထိုက်သော နိုင်ငံရေး လမ်းစဉ်


ပြီးခဲ့တဲ့ ၂ နှစ်တာကာလမှာ ဖြစ်ခဲ့တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာ အစိုးရ တပ်ကြား စစ်ပွဲသတင်းတွေ ဖတ်ပြီး Facebook ပေါ်က ကောမ်မန့်တွေကို ဖတ်ရင်း အတွေး တခု ရလာပါတယ်။
မြန်မာ စစ်တပ် အတိုင်းအ၀ိုင်းကတော့ သူပုန်မို့လို့ တိုက်တယ် ပေါ့၊ ကချင်လူမျိုးတွေကို တိုက်တာ မဟုတ်ဘူး၊ ဘာညာ ဆိုပြီး ပြောနေတာတွေ့ရပါတယ်။
အလားတူပဲ ကချင်လူမျိုးလို့ ထင်ရတဲ့ လူငယ်တော်တော် များများကလဲ မကျေမနပ်နဲ့ တုန့်ပြန်တာတွေ ဆဲတာတွေ တွေ့လာရပါတယ်။

ဒီနေရာမှာ……

မြန်မာ အစိုးရ က၊ ဥပဒေအရ လုပ်တယ်ပဲ ဆိုဆို၊ အစိုးရ စစ်တပ်မို့လို့ လုပ်ရမယ့်တာဝန်ရှိုလို့ပဲ ပြောပြော ကချင်တွေရဲ့ အမြင်မှာတော့ မြန်မာ စစ်တပ်ဟာ ကချင်တော်လှန်ရေး စစ်တပ်ကို တိုက်နေတဲ့ ရန်သူ စစ်တပ်ပါပဲ၊ အစိုးရအဖြစ် တရားဝင်တဲ့ စစ်လို့ မမြင်ပါဘူး။

ဒီလိုပဲ မြန်မာ လူမျိုးတစ်ယောက်အနေနဲ့ မြန်မာ အစိုးရ စစ်တပ် အနေနဲ့ အခုလို ကချင်တော်လှန်ရေး စစ်တပ်ကို တိုက်ထုတ်နေတာ လုပ်သင့်လုပ်ထိုက်တဲ့ ကာကွယ်ရေး အလုပ်လို့ မြင်ပါလိမ့်မယ်။ မြန်မာလူမျိုးတွေရဲ့ ဘာသာ၊ သာသနာ ကို ကာကွယ်တယ် လို့တောင် ထင်ပါအုံးမယ်။


ဒီနေရာ ငြင်းလို့မရတဲ့ အချက်တခုရှိတယ်…
အစိုးရ စစ်တပ်ပဲ ပြောပြော၊ မြန်မာ စစ်တပ်ပဲ ဆိုဆို၊ ဗမာ စစ်တပ်ပဲ ပြောပြော၊ စစ်တပ်အထိနာရင် စိတ်ဆိုးမာန်ဆိုးနဲ့ တုန့်ပြန်တတ်တဲ့လူမျိုးတွေကတော့ ဗမာ တွေပဲ ဆိုတာ ငြင်းလို့ မရသလို……
ကချင် သူပုန်ပဲ ခေါ်ခေါ်၊ ကချင် သောင်းကျန်းသူပဲ ခေါ်ခေါ်၊ ကချင် တော်လှန်ရေးလို့ပဲ ပြောပြော KIA စစ်သားတွေ အထိနာရင် ခံရခက်တဲ့ လူမျိုးတွေကတော့ ကချင်လူမျိုးတိုင်းပဲ ဖြစ်ပါတယ်။ အဆုံးစွန်ပြောရမယ် ဆိုရင် မြန်မာ အစိုးရ စစ်တပ်ထဲက ဗိုလ်ကတော် ဖြစ်နေတဲ့ ကချင်အမျိုးသမီး တစ်ယောက်တောင် KIA စစ်သားတွေ အထိနာမှာ မလိုလားပါဘူး။

ဒီတော့ စစ်ပွဲဖြစ်လိုက်တိုင်း လူမျိုးရေးအရ အမြင်မကြည်တဲ့ စိတ်သဘောထား ပိုပိုပြင်းထန်လာဖို့ပဲ ရှိပါတယ်။ ဘယ်သူပဲနိုင်နိုင်၊ ဘယ်သူပဲ ရှုံးရှုံး၊ တဖက်ကနိုင်ရင်၊ တဖက်က ရှုံးမယ်။ တဖက်လူ ၀မ်းသာရင်၊ တဖက်လူမျိုးတွေ ရင်နာမယ်။ ဒီလူမျိုးနှစ်မျိုးက တနေရာ မဟုတ် တနေရာ တော့ ထိတွေ့ ဆက်ဆံနေရမှာပဲ… ရေရှည်မှာ ဘာအကျိုးပေးမလဲ….
KIA ကို အမိမြေကနေ တိုက်ထုတ်လို့မရသလို၊ အစိုးရ စစ်တပ်ကြီးကိုလဲ ကချင်ပြည်နယ်က တိုက်ထုတ်ဖို့ မလွယ်မှန်း ကချင်လူမျိုးတိုင်း သဘောပေါက်ပါတယ်။

ဒီတော့..
ဘယ်နှစ်၊ ဘယ်အခါထိ ဆက်တိုက်နေမှာလဲ……… နှစ်ပေါင်း ၅၀ ကျော် တိုက်လာတာပဲ… ကာချုပ်တိုင်းကတော့ သူတို့ လက်ချက်မှာ အပြုတ် တိုက်ချင်မှာပဲ…. ဂုဏ်ယူချင်တာကိုး.. ဒါပေမယ့် မဖြစ်နိုင်လို့ KIA ဆိုတာ ပို အားကောင်းလာတယ်.. အခုဆိုရင် ကချင်လူမျိုးတိုင်းရဲ့  တော်လှန်ရေး စိတ်ဓါတ်ဟာလဲ အရင်ကထက် ပိုတောင် နက်ရှိုင်းနေပြီ… ဘယ်လို နည်းပရိယာယ်နဲ့ တိုက်တိုက် ကချင်လူမျိုးတွေရဲ့ ရပိုင်ခွင့်ဆိုတာကို ဖျောက်ဖျက်လို့လဲ မရပါဘူး…
လူမျိုးတိုင်းမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးရှိတယ် ဆိုတာ ကမ္ဘာ့ နိုင်ငံတိုင်း အသိအမှန်ပြုနေတဲ့ အချိန်၊ မြန်မာ ပြည်တခုထဲ လောကပါလ တရားနဲ့ ဆန့်ကျင်ပြီး နေလို့ရပါ့မလား ဆိုတာ စဉ်းစားချိန်တော့ တန်ပါပြီ။

ကမ္ဘာကြီးနဲ့ အဆက်အသွယ်ယူပြီး လောကပါလ တရားနဲ့ အညီ၊ လူမျိုးတိုင်း၊ ဘာသာတရားတိုင်း ရဲ့ လုံခြုံရေးနှင့် တရားမျှတမှုကို အခြေခံတဲ့ လူအဖွဲ့အစည်းထူထောင်ပြီး တိုးတက်မှုမျိုးကို ယူမလား…..

ကမ္ဘာလောက လုံးက ရွံရှာတဲ့ လူမျိုးနှိပ်ကွပ်မှု ပုံစံယူပြီး အထီးကျန်နေမလား… ဆိုတာတော့ အခုချိန်မစဉ်းစားရင် နောင် နှစ်ထောင်ချီသွားရပါလိမ့်မယ်……..
မြန်မာပြည်ရဲ့ နှစ်ပေါင်း ၅၀ ခရီးမှာ ဗမာလူမျိုး တစ်မျိုးထဲက စိတ်ကြိုက် အုပ်ချုပ်နေတဲ့ ကာလမှာ တိုးတက်အောင် လုပ်ဖို့ အချိန် အတိုင်းအတာ လိုတာထက် ပိုများသွားပါပြီ…
ဒီတော့….
တိုင်းရင်းသားများ ကိုယ့် ပြည်နယ်… ကိုယ် ဒေသ ကိုယ် ပိုင် အုပ်ချုပ်ခွင့် နဲ့ ကိုယ် ပိုင် တိုးတက် အောင် လုပ်ပိုင်ခွင့်များ ချပေးသင့် ပါပြီ….

ကိုးကန့် ဒေသ မှာ ဗမာ စစ်ဗိုလ် တစ်ယောက် က ပြောတယ်တဲ့… ဒီ ဒေသ ရဲ့ ဖွံ့ဖြိုးရေး အတွက် ကူညီ ချင်လို့ စစ်တပ် နေရာယူရခြင်း ဖြစ်တယ် လို့ ပြောသတဲ့… ကိုးကန့် လူမျိုးတွေကြားမှာ ပြောနေတဲ့ ဟာသ စကားကတော့… ဗမာ တွေ သူတို့နေတဲ့ နေရာ အရင်မီးမှန် အောင် လုပ်ပြီးမှ သူများ နယ် မှာ လာ ပြော ပါ.. တဲ့။

ဒီလို ပါပဲ… လိုင်ဇာ ဆိုတာ မနေ့တနေ့ ဆယ်စုနှစ် ၂ ခု တောင် မပြည့်မီက မြို့လေး ပါ…  ရေ၊ မီး လိုတာထက် ပိုရတယ်… နိုင်လွန် ကတ်တရာလမ်း ကောင်း.. ဖုန်မထ ဘူး… ရေမ၀ပ်ဘူး…. စည်ပင်သာယာ ကောင်းကောင်း နိုင်တယ်… သုံးထပ် ဆောင် အထက်တန်း ကျောင်း ကောင်းကောင်း ရှိတယ်… အခမဲ့ ဆေးရုံမှာ နိုင်ငံခြားပြန် ခွဲစိပ်ဆရာဝန်များ အပြည့်… လူတိုင်း ၀င်ငွေ၊ အလုပ် အကိုင် ရှိတယ်….  လူမျိုးပေါင်းစုံ ရှိပေမယ့် လူမျိုးရေး ပရိပက်ခ မရှိဘူး… အဲဒါ လုပ်ပိုင်ခွင့် မဖြစ်စလောက် ရထားတဲ့ နေရာလေး ပါ။

အဲဒီလိုပဲ.. ကျန်တိုင်းရင်းသား ဒေသတွေမှာ လဲ သူတို့ လုပ်ပိုင်ခွင့် အသီးသီး ရထားရင် တိုးတက်လာမှာ အမှန် ဖြစ်တယ်။… တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ဖက်ဒရယ် အစိုးရကလဲ ၀င်ငွေတိုးပြီး နိုင်ငံတကာ မျက်နှပန်းလှ မှာ သေခြာ ပါတယ်။
ဗမာ လူမျိုး တစ်မျိုးထဲက လုပ်ပိုင်ခွင့် ရထားအောင် ဗဟိုချုပ်ကိုင်မှု စနစ်လုပ်ခြင်ရဲ့ အကျိုးဆက်ကနေ.. လူတစ်စုလက်ထဲ အာဏာ ရောက်သွားတယ်…

အကျိုးဆက် အနေနဲ့… လူတစ်စု က လုပ်ချင်ရာ လုပ်နေတဲ့ ခေတ်ကနေမကျွတ်သေးတာ အမှန် ပါ။
ဒီတော့ မြန်မာပြည်ကြီး တိုးတက်ဖို့ အားလုံး ပါဝင် နိုင်တဲ့ နိုင်ငံရေး လမ်းစဉ် လိုအပ်လာပါတယ်။ အဲဒါကတော့ ဖက်ဒရယ် စနစ် ပါ။ ပြည်နယ်တိုင်း၊ တိုင်းဒေသတိုင်း၊ လူမျိုးစုတိုင်းမှာ အပေါ်က ခိုင်းတာကို လုပ်တဲ့ အစိုးရ မဟုတ်တဲ့၊ အောက်ခြေက တက်လာတဲ့ အစိုးရပုံစံမျိုး လိုအပ်တယ်။ အဲဒါဟာ ဒီနေ့ တိုးတက် နေတဲ့ နိုင်ငံတိုင်း ကျင့်သုံးနေတဲ့ စနစ် ပါပဲ။
မြန်မာပြည်လဲ တိုးတက်ချင်တယ် ဆိုရင်ပေါ့။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်