Saturday, November 17, 2012

ဗမာ နဲ့ တိုင်းရင်းသား စစ်ပွဲများကို ဘီအိုင်အေ အစပျိုးခဲ့တာပါ။


ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးချိပ် အဖွဲ့များဟာ ဟိုင်နန်ကျွန်းမှာ ဂျပန် စစ်သင်တန်းမှူးများ လေ့ကျင့်ပေးပြီး ၁၉၄၁ ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော် (Burma Independence Army) စတင်ဖွဲ့စည်းခဲ့သည်။

၁၉၄၂ ဇန်န၀ါရီလမှာ ဂျပန်က မြန်မာနိုင်ငံထဲကို ထိုးစစ်ဆင်ရာမှာ ဘီအိုင်အေ အဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့သည်။

ပထမဆုံး တိုက်ခိုက်ခံရသော ဒေသမှာ ထိုင်းနိုင်ငံ နယ်စပ် တစ်လျောက်မှ ကရင် နှင့် မွန် ကျေးရွာ များ ဖြစ်သည်။ အထူသဖြင့် ခရစ်ယာန် သာသနာပြုကျောင်းများ အများအပြား တည်ရှိရာ ကရင်လူ့အဖွဲ့အစည်းတခုလုံးသည် အင်္ဂလိပ် လက်ပါးစေများ အဖြင့် သမုတ်ခံရပြီး၊ တရွာလုံး အပြတ်ရှင်းခြင်းခံခဲ့ရသည်။ အဆိုးဆုံးဖြစ်ရပ်မှာ ဖါပွန်ခရိုင် နှင့် ဧရာဝတီ တိုင်းတွင် ဖြစ်ပျက်ခဲ့သော ကရင်သုတ်သင်ရေး အဋ္ဌိကရုဏ်းဖြစ်သည်။ အဲဒီ အဋ္ဌိကရုဏ်းမှာ အဓိက ဇာတ်ကောင်များကတော့ ဘီအိုင်အေ တပ်ဖွဲ့ဝင်များ ဖြစ်သည်။ (Martin Smith, "BURMA Insurgency and the Politics of Ethnicity," Page-62, Paragraph 3)


ကချင်ပြည်နယ်သို့ တက်လာသော ဂျပန်တပ်များ နှင့် အတူ ဗမာ တပ်များလဲ ထိုနည်း၎င်း ပင်ပြုမူခဲ့သည်။
ထို့ကြောင့် ကချင်လူမျိုးများက အစကတည်းက ဂျပန်ကို လက်မခံခဲ့ပေ။ ဂျပန်များ စတင်ဝင်ရောက်လာသည့် ၁၉၄၂ မှ စ၍ တော်လှန်ပုန်ကန်နေခဲ့ ရာမှ အမေရိကန် စီအိုင်အေများ အကူအညီ ရယူခဲ့ပြီး၊ နောက်ပိုင်း ပိုအားရှိလာခဲ့သည်။

၁၉၄၃ မှစ၍ ဂျပန်ကို မဟာမိတ်များ စတင် ထိုးစစ်ဆင်လာခဲ့ရာ ကချင်ပြည်နယ်သည် အရှေ့တောင် အာရှ၏ ပဏာမ စစ်မျက်နှာ ဖြစ်ခဲ့သည်။

ကချင်လူမျိုးများ ထောင်ကဏန်းဖြင့်သာ ဖွဲ့စည်းခဲ့သော အမေရိကန် ရိန်းဂျား နှင့် ကချင် လေ၀ီး တပ်များ၏ အောင်မြင်မှုကို ထိုစဉ်က အမေရိကန် သမ္မတ အိုင်ဆင်ဟောင်ဝါ ၏ တရားဝင် ဂုဏ်ပြုမှတ်တမ်းကိုတောင် ရခဲ့သည်။ အင်အားမမျှ တဲ့ ဂျပန်စစ်တပ်ကို ပြောက်ကျားစစ်နဲ့ ထိုးစစ်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။ (http://en.wikipedia.org/wiki/OSS_Detachment_101)

ဂျပန် တော်လှန်ရေး ခရီး တစ်လျှောက် ၁၉၄၃ မှ ၁၉၄၅ မတ်လထိ ကချင်လူမျိုးများ နှင့် တခြား တိုင်းရင်းသား ဂျပန် တော်လှန်ရေး အင်အားစုများ ရင်ဆိုင်ခဲ့ရသော စစ်ပွဲများတွင် ဂျပန်လူမျိုးများ သီးသန့်မဟုတ်ခဲ့ပါ။ ဂျပန်စစ်တပ်တွင် ရှမ်း နှင့် ဗမာ အများအပြား ပါဝင်ခဲ့သည်။ အထူးသဖြင့် ဂျပန်ခေတ် ဒေါက်တာ ဘမော် အစိုးရ နဲ့ တိုက်ခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ ဘမော် အစိုးရ တွင် ဗိုလ်ချုပ်အောင်ဆန်းက စစ်ဦးစီးချုပ်ပါ။ ကချင်လူမျိုးများ ဂျပန် စစ် အောင်ပွဲခံမနောပွဲ ကို စိန်လုံတွင် ၁၉၄၅ မတ်လ ၂၄-၂၆ မှာလုပ်ခဲ့သည်။ ရန်ကုန်အစိုးရက မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်ဂျပန် တော်လှန်ရေး (ဖဆပလ) ဆိုပြီး ထလုပ်သည်။ အခု ကျောင်းသင်ခန်းစာ များတွင် မြန်မာ့ သမိုင်းမှာ ဂျပန်တော်လှန်ရေးစတာ ၁၉၄၅ မတ်လ ၂၇ ဖြစ်သည်။

ဂျပန်လူမျိုးများက ဗုဒ္ဓဘာသာ လူမျိုးများအုပ်စု နှင့် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသား အုပ်စုကိုလဲ သီးသန့်ခွဲထုတ်ပြီး အုပ်ချုပ်ခဲ့သည်။ ဥပမာ- ထိုစဉ်က ကချင်ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့သော ဆမားဒူဝါ မိသားစုကို ဂျပန်များ အသုံးချခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်များ နှင့် ရန်သူဖြစ်ခဲ့သော ဆမားဒူဝါသည် နောင်အခါ ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဘော်တူခဲ့သည်။

ထိုစဉ်အခါက မြန်မာနိုင်ငံကို အုပ်ချုပ်သော အင်္ဂလိပ်အစိုးရ ရုံးသည် အိန္ဒိယ နိုင်ငံ ဆင်းမ်လားတွင် ရုံးထိုင်ခဲ့သော အချိန်ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ပြီးတော့ အထက်မြန်မာပြည်သည် အမေရိကန် စစ်တပ်၏ ဦးဆောင်မှု ဖြစ်ပြီး အောက်မြန်မာပြည်မှာ အင်္ဂလိပ်စစ်တပ်ဦးဆောင်မှု အောက်တွင်ရှိနေသော အချိန်လဲ ဖြစ်သည်။ ထိုအခြေအနေတွင် ဆင်းမ်လား အစိုးရသည် မဟာမိတ်ဖက်မှ ပါဝင်ခဲ့သော တောင်ပေါ်ဒေသ တိုင်းရင်းသားများ နှင့် ဂျပန်ဖက်မှ တိုက်ခဲ့သော မြေပြန့်ဒေသ လူမျိုးများ အကြား ဆက်ပြီးပြဿနာ တက်မဲ့ အရေး ကြိုတင် မြင်လာသည်။ ထို့ကြောင့်၊ ဆင်းမ်လား စက္ကူ ဖြူ စီမံကိန်းကို ရေးဆွဲခဲ့လေသည်။ ထိုစီမံကိန်းသည်၊ တောင်ပေါ်ဒေသ တိုင်းရင်းသားများ နှင် မြေပြန့်ဒေသ တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ အဖြင့် တစ်ဦးအပေါ် တစ်ဦး လွမ်းမိုးချုပ်ချယ်မှု ကင်းကင်း နဲ့ ဆက်လက်ရပ်တည်ရန် ဖြစ်သည်။

သို့သော်....
ဖဆပလ အထဲတွင်တော့ ဒီလို မဟုတ်ခဲ့ပါ။ သူတို့အထဲမှာ အတွင်းကြိတ် စီစဉ်နေခဲ့သည်။ ဒါကတော့ ရန်ကုန် အစိုးရ အနေဖြင့် အရာရာ အားလုံး ဗဟိုချုပ်ကိုင်မှု စနစ် ဖြစ်ထွန်းရေး ဖြစ်သည်။

တကယ်တော့ ပင်လုံ စာချုပ်သည်၊ တောင်ပေါ်ဒေသနေ တိုင်းရင်းသားများ နှင့် မြေပြန့်နေ ဗမာ၊ မွန်၊ ရခိုင် များကြား မဟာမိတ်ဖွဲ့ပြီး အတူယှဉ်တွဲနေထိုင်ရေးမူ ရေးဆွဲခြင်းသာ ဖြစ်သည်၊ ဖက်ဒရယ် မူရေးဆွဲရန် ပဏာမ ဘုံသဘောတူညီချက် ဖြစ်သည်။ ထိုအချိန်က ကချင်တွင် လက်နက်၊ လူအင်အား အပြည်အစုံ နှင့် တိုက်ရည် ခိုက်ရည် ၀ပြီးသော ကချင် လက်နက်ကိုင် တပ်ရင်း (၅) ရင်း (စစ်အင်အား တစ်သောင်းဝန်းကျင်) ရှိနေသော အချိန်လဲ ဖြစ်သည်။ သီးသန့် နေချင်ရင် နေလို့ရသည်။

သို့သော်လဲ..... တိုင်းရင်းသားခေါင်းဆောင်များ နှင့် ဗိုလ်ချုပ်အောင်ဆန်း အဖွဲ့ မျက်နှာစုံညီ ရေးဆွဲခဲ့သော ၁၉၄၇ အခြေခံ ဥပဒေ ပထမ မူကြမ်းကို ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဖဆပလအထဲတွင် တိုင်းရင်းသားခေါင်းဆောင်များသဘောဆန္ဒမပါပဲ ပြန်ပြင် ရေးဆွဲခဲ့သည်။ ထို့ကြောင့် ၁၉၄၇ အခြေခံ ဥပဒေ မှ စ၍ တိုင်းရင်းသားများ မကျေနပ်မှု စတင်လာသည်။

သူတို့ အဓိက ပြုပြင်လိုက်သော အချက်များမှာ ဗဟိုအစိုးရမှ ပြည်နယ်များအပေါ် တိုက်ရိုက်ချုပ်ကိုင်နိုင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်နယ် ၀န်ကြီးချုပ်ရာထူးများကို ခန့်အပ်ပိုင်ခွင့် ဖြစ်သည်။


ထိုသို့ ဖဆပလ၏ မူမမှန်လုပ်ရပ်အပေါ် တခြားတိုင်းရင်းသား ခေါင်းဆောင်များ က သိပ်မသိခဲ့သော်လဲ ထိုစဉ်က ပညာတတ် အများဆုံးရှိခဲ့သော ကရင်နိုင်ငံရေး ခေါင်းဆောင်များက စပြီး သတိထားမိလာသည်။ ထို့ကြောင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ရုံးကို ဖဆပလ အတင်းအဓမ္မ ၀င်စီးပြီး ဖျတ်ပေးလိုက်ရာမှ ကေအန်ယူ တောခိုသွားရသည်။

ဖဆပလ တွင်လဲ နှစ်ခြမ်းကွဲခြင်း နှင့် ကွန်မြူနစ်ပါတီ များ တောခိုခြင်းများ ဆက်တိုက် ပေါ်ပေါက်ခဲ့သည့်တိုင် ကချင်လူမျိုးများသည်၊ ဦးနေ၀င်း အာဏာမသိမ်းမီအချိန်အထိ ပြည်ထောင်စု အပေါ် သစ္စာရှိရှိ ကာကွယ်ခဲ့သည်။

သို့သော်လဲ....

ဗမာ အမျိုးသားစိတ်ဓါတ် ပြင်းထန်သူများ၏ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြင့် သွပ်သွင်းခြင်း နှင့် ဦးနေ၀င်း ၏ ဗဟိုချုပ်ကိုင်မှု စနစ် ကျင့်သုံးခြင်းမူ များသည်၊ ကချင်တော်လှန်ရေး ပေါ်ပေါက်လာရန်၊ ခိုင်လုံသော အကြောင်းပြချက်များ ဖြစ်ပေါ်ခဲ့သည်။

ဒီနေ့ထိ ဖြစ်ပေါ်နေခဲ့သော လက်နက်ကိုင် တော်လှန်ရေး နှင့် ပြည်တွင်းစစ် နောက်ကြောင်း အတိုချုပ်ရမယ် ဆိုရင်... ဘီအိုင်အေ၏ ခရစ်ယာန် အသိုင်းအ၀ိုင်းအပေါ် ပစ်မှတ်ထားခြင်းကြောင့် ကရင်တော်လှန်ရေးကို အစပျိုးပေးခဲ့သည်။ အဲဒီ ဘီအိုင်အေ စစ်ခေါင်းဆောင်များသည်ပင် ကွန်မြူနစ်ခေါင်းဆောင်များ နှင့် အစိုးရ စစ်ခေါင်းဆောင်များ ဖြစ်လာသည်။ ကရင်တော်လှန်ရေး နှင့် ဗမာပြည် ကွန်မြူနစ်ပါတီ ကြောင့် ပြည်တွင်းစစ် ပြင်းထန်လာရာက ဦးနေ၀င်း အာဏာသိမ်းသည်။ ဦးနေ၀င်း အာဏာသိမ်းရာမှ တခြားတော်လှန်ရေး အဖွဲ့များ ပိုမို အားကောင်းလာသည်။

အခုတော့.. အားလုံးသိနေတဲ့ အခြေအနေ အတိုင်းဖြစ်နေပါပြီ။

10 comments:

  1. ရှုံးမှာပဲ သူပုန်တွေ

    ReplyDelete
    Replies
    1. ဗမာသူပုန်တွေတောင် အင်္ဂလိပ်တွေကို ကံကောင်းပြီး နိုင်ခဲ့သေးတာပဲကွာ
      တိုင်းရင်းသားသူပုန်တွေလည်း ဗမာကိုမနိုင်ဘူးလို့ ဘယ်သူပြောရဲသလဲ

      Delete
  2. တစ်ခုဘဲ ကွဲကွဲ ပြားပြားမေးချင် တာက

    စတိုက်ခဲ့ တာတော့ ဟုတ်ပါပြီ

    နောက်ပိုင်းဆက်တိုက်နေတာ က

    တကဲ့ ကိုယ့်ဆန္ဒနဲ့ လား...

    လက်နက် ခဲယမ်း ထောက်ပံ့
    မသိချင်ဟန်ဆောင်
    ဒလံနဲ့ ဂိုက်လိုင်း ပေးတဲ့
    ဘေးက အိမ်နီးချင်းကို
    မလွန်ဆန် နိုင်လို့ လားဗျ

    ReplyDelete
    Replies
    1. ငါလည်း တစ်ခုဘဲ ကွဲကွဲ ပြားပြားမေးချင်တာက

      မင်းတို့စတိုက်ခဲ့ တာတော့ ဟုတ်ပါပြီ

      နောက်ပိုင်းဆက်တိုက်နေတာ က

      တကဲ့ အနိုင်ကျင့်ချင်တဲ့ ဆန္ဒနဲ့ လား...

      လက်နက် ခဲယမ်းနဲ့ ငွေကြေးတွေ သိပ်ပိုနေလို့လားကွ

      Delete
  3. ဒီမှာ ဖတ်ကြည့်ပါ.. ဘာဖြစ်လို့ ဆိုတာ.. ကလေးလို ဆက်ပြီး ငြင်းနေချင်တယ် ဆိုရင်တော့ သဘောတိုင်းပါ...
    http://kachinduwa.blogspot.com/2012/11/blog-post_3884.html

    ReplyDelete
  4. ငြိမ်းချမ်းရေးကိုအမှန်တကယ်မြတ်နိုးတယ်ဆိုရင် ဘယ်အရာကိုမဆိုနှစ်ဖက်လုံးမြင်အောင်ကြည့်ကြပါ တစ်ဖက်ဇောင်းနင်းပြီးကြည့်တဲ့အကျင့်တွေကိုဖြောက်သင့်ပြီး လူးတိုင်းလူတိုင်းဟာအမှားနဲ့မကင်းကြပါဘူး လူတစ်ယောက်ကိုမကောင်းတဲ့ဘက်ကကြည့်ရင် အမြဲတမ်းမကောင်းတာပဲမြင်နေတတ်တယ်...သမိုင်းစာမျက်နှာအများကြီးရှိတယ် တစ်မျက်နှာတည်းမကြည့်ကြပါနဲ့.....

    ReplyDelete
  5. အခုလို တိုင်းရင်းသားဘက်က အမြင်မျိုးကို အခုမှ ဖတ်ရလို့ ကျေးဇူးတင်ပါတယ်.... ရာစုနှစ်ဝက်လောက် ဗမာဘက်က တစ်ဖက်ဇောင်းအမြင်ပဲ သမိုင်းမှာ ဖတ်ဖူးတာပါ...

    ReplyDelete
  6. အစတိုက်ကတည်းက အခုထိ နိုင်ငံရေး စနစ်အပြောင်းအလဲ မရှိသေးလို့ တိုက်နေတာ နေမှာပါ... အခုထိ ဗဟိုချုပ်ကိုင်မှု စနစ်မှ မပြောင်းသေးတာ....

    ReplyDelete
  7. Tensions began to rise as soon as the first BIA troops re-entered Burma.The BIA was predominantly Burman. But while it was again the Indians who bore the brunt of the communal hostilities which broke out, many atrocities were reported in Karen villages, especially in Papun distric in the eastern hills, where a number of Karen elders were taken hostage and executed, and in outlaying rural areas of the Delta. No final figures have ever been tabulated of Karen casualties, but in Myawngmya distric alone the official report put the Karen death toll at over 1,800 and recorded the destruction of 400 Karen villages. In one notorious incident, 152 men, women and children were brutally murdered by the BIA, including pre-war Cabinet minister, Saw Pe Tha, and his family.

    Page 62
    Paragraph 3
    BURMA Insurgency and the Politics of Ethnicity(Martin Smith)

    ReplyDelete
    Replies
    1. Great... Thanks for your sharing...

      Delete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်