Wednesday, November 21, 2012

ပညာရေး လွတ်လပ်ခွင့် ဆိုသည်မှာ



ပညာရေး လွတ်လပ်ခွင့် ဆိုတာကို တချို့က ဘာသာရပ်ဆိုင်ရာလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်၊ သင်ရိုးညွန်းတမ်း လွတ်လပ်ခွင့်တွေကို ဆိုလိုတယ် ထင်ကြပါတယ်။

ပညာရေးလွတ်လပ်ခွင့်ရဲ့ အဓိက သော့ချက်မှာ အဆင့်မြင့်ပညာ သက္ကသိုလ်များ အုပ်ချုပ်ရေးဆိုင်ရာ လွတ်လပ်ခွင့် ဖြစ်ပါတယ်။

ပညာရေးကို အစိုးရ အုပ်ချုပ်မှု ယန္တရားအောက်မှ လွတ်လွတ်ကျွတ်ကျွတ် ဖြစ်အောင် ထားပေးရပါမယ်။ အုပ်ချုပ်ရေး ဆိုတဲ့ နေရာမှာ ဘဏ္ဍငွေ စီမံခန့်ခွဲမှုကအစ လွတ်လပ်ခွင့်ပေးရပါမယ်။ အစိုးရ အနေနဲ့ ရန်ပုံငွေ ထည့်ဝင်ခြင်းမှတပါး၊ တခြားဝင်ရောက် စွပ်ဖက်မှုမျိုးမလုပ်သင့်ပါ။ ပညာရှင်များ၊ ပါမောက္ခများ၊ အစိုးရအရာရှိများ၊ ရပ်မိရပ်ဖ များ ပါဝင်တဲ့ ကော်မီတီမှ အုပ်ချုပ်သော စနစ် ဖြစ်သင့်သည်။

နိုင်ငံခြား သက္ကသိုလ်များနှင့် လွတ်လပ်စွာ ကူးလူးဆက်ဆံပိုင်ခွင့် ရှိရမည်။ လွတ်လပ်စွာ ပညာရပ်ချဲ့ထွင့်ခွင့် ရှိရပါမည်။ ၄င်းသက္ကသိုလ်များ အတွက် လူ့စွမ်းအား အရင်းအမြစ်ကိုလဲ ကိုယ့်သက္ကသိုလ်အတွက် ကိုယ်ဟာကိုယ် မွေးထုတ်ပိုင်ခွင့် ရှိရမည်။ အရည်အချင်းမရှိသော ဆရာများကို ဖြုတ်ထုတ် ပိုင်ခွင့်လဲ ရှိရပါမည်။ ဒါမှသာ အရည်အချင်း ပြည့်မီတဲ့ သက္ကသိုလ်များ အပြိုင်အဆိုင် ပေါ်လာမှာ ဖြစ်သည်။

ပြီးခဲ့သော လွတ်တော်မှာ ဒေါ်အောင်စုကြည်မှ ရန်ကုန် သက္ကသိုလ်ကို လွတ်လပ်ရေး တောင်းခဲ့ပါတယ်။ ရလဲရပါပြီ။ ဒီတော့ တိုင်းရင်းသား နယ် သက္ကသိုလ်တွေကော မလိုအပ်ဘူးလား။

အမှန်ဆိုရင် နှစ်ပေါင်းများစွာ တိုင်းရင်းသား နယ် သက္ကသိုလ်များကို အထီးကျန်စွာ ထားခဲ့တာပါ။ အပြစ်ပေးဝန်ထမ်းများ နဲ့ ပရိုမိုးရှင်းလာယူတဲ့ စိတ်မပါပဲ လာသင်တဲ့ ဆရာများ နဲ့ ဖြစ်သလို သင်ခဲ့တာ တိုင်းရင်းသား ပြည်နယ် သက္ကသိုလ်တွေပါ။

အခု ရန်ကုန် သက္ကသိုလ် ကို ကမ္ဘာအဆင့်မီ လုပ်မယ် လို့လဲ သတင်းထွက်နေပါပြီ။ ရန်ကုန်နေ လူတန်းစားကိုပဲ ပညာတတ်အောင်လုပ်ပြီး၊ နိုင်ငံ့ဝန်ထမ်းကောင်းများ မွေးထုတ်မယ် လို့ပြောပါတယ်။ ကျန် ရန်ကုန် လက်လမ်း မမီတဲ့ တိုင်းရင်းသားများကို ကျွန်ခံခိုင်းမဲ့ သဘော ဖြစ်နေပါတယ်။

ဒီတော့...

တိုင်းရင်းသား ပြည်နယ် သက္ကသိုလ်တွေကို မလုပ်ပေးချင်နေပါ။ လုပ်ပိုင်ခွင့်ပဲ ပေးပါ။ ကျနော်တို့ကို လွတ်လပ်ခွင့်ပေးပါ။ တိုင်းရင်းသား ပြည်နယ်က ထွက်ထွက်သမျှ သယံဇာတ ကိုတော့ တနိုင်ငံလုံးသုံးမယ်၊ ခင်များတို့ ထောင်သား ကျွေးသလို ပေးသမျှယူ၊ ကျွေးသမျှ စား ဘာမှ ပြန် မပြောနဲ့ ဆိုတဲ့ ပုံစံ ဆက်ပြီး လက်မခံနိုင်တော့ပါ။

လွတ်လပ်ခြင်းသာ အလိုရှိပါတယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်