Thursday, November 29, 2012

ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ လူမှုဝန်းကျင်ထိခိုက်မှု ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပါ။

အမေရိကန် နိုင်ငံက ဒီမနက်ပဲ အင်္ဂလန်ပိုင် BP ရေနံ ကုမ္မဏီကို ရပ်ခိုင်း လိုက်တယ် တဲ့။ (http://finance.ninemsn.com.au/newsbusiness/aap/8572552/bp-banned-from-us-government-contracts) အကြောင်းပြချက်ကတော့ ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ အတွက် လို့ ပြောပါတယ်။

စင်ကာပူ နိုင်ငံမှာ ဆိုရင် ဆောက်လုပ်ရေးလုပ်ငန်း ကုမ္မဏီတွေ သူတို့ရဲ့ ဆောက်လုပ်ရေး ဆိုက်ထဲမှာ ခြင်ကောင် ပေါက်ပွါးနိုင်တဲ့ အထောက်အထားတွေ့တာနဲ့ ချက်ချင်းရပ်ပဲ။
အဲဒီလို ရပ်ခိုင်းလိုက်လို့ စင်ကာပူနိုင်ငံရဲ့ စီပွါးရေးမူဝါဒအပေါ် ဘယ်နိုင်ငံမှ သံသယ မရှိပါဘူး။ ပိုတောင် ခိုင်မာလာသေးတယ်။


နိုင်ငံတကာအနေနဲ့ ပိုအထင်သေးတာက ပြည်သူကို ဂရုမစိုက်ပဲ လုပ်ချင်ရာလုပ်နိုင်တဲ့ နိုင်ငံမျိုးပါ။ တကယ်တမ်း ပွင့်လင်းမြင်သာမှု (Transparency) ကို တန်ဖိုးထားတဲ့ သိက္ခာရှိ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ကုမ္မဏီကြီးများ ကို ဖိတ်ခေါ်ချင်ရင် ဒီလိုနည်းနဲ့ ယုံကြည်မှု တည်ဆောက်လို့ မရပါ။


ပြည်သူကို တန်ဖိုးထားတဲ့၊ လူ့အဖွဲ့အစည်းကို တန်ဖိုးထားတဲ့ အစိုးရ ကိုမှ ပိုယုံကြည်တာပါ။

တရုတ်လုပ်ငန်းရှင်တွေ နိုင်ငံတကာ မှာ လူမိုက်အစိုးရတွေကို လက်သပ်မွေးပြီး လုပ်စားလာသမျှ သူတို့ ကောင်းကျိုးအတွက်ပဲ ကြည့်တာပါ။ အိမ်ရှင် နိုင်ငံအတွက်ကတော့ လူနည်းစု အာဏာရှင် အသိုင်းအ၀ိုင်း များသာ ခံစားရပြီး၊ လူများစု ဖြစ်တဲ့ ပြည်သူများကတော့ သူတို့ချန်ထားပေးတဲ့ ရစရာမရှိတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုပါပဲ။

ဒီတော့....

လက်ပံတောင်းတောင် ဟာ ပြည်သူအများစုအတွက် အနာဂတ် စိန်ခေါ်မှု တစ်ရပ်လို့လဲ ပြောလို့ရပါတယ်။ လူတစ်ဦးချင်း၊ မိသားစု တခုချင်းကို တန်းတူ တန်ဖိုးထားနိုင်တယ် ဆိုရင်၊ လက်ပံတောင်းတောင် စီမံကိန်းက ရတဲ့အကျိုးအမြတ် (ဦးပိုင် နဲ့ အစိုးရ၀င်ငွေ အနည်းငယ်ထက်)၊ နယ်ခံပြည်သူများ ထာဝရ ခံစားရမဲ့ ဆိုးကျိုးက ပိုများပါတယ်။

အစိုးရ ဘက်ဂျက်က လက်ပံတောင်းတောင်က ဘယ်လောက် အထောက်အပံ့ရနိုင်ပါ့မလဲ။ အလွန်ဆုံးရရင် တစ်နှစ်စာ လုံလောက်တဲ့ ဘက်ဂျက် ၀င်ငွေမဟုတ်ပါ။

နော်ဝေး နိုင်ငံရဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ လုပ်ကွက်တွေ လို နိုင်ငံသားတိုင်းရဲ့ စားဝတ်နေရေး အတွက် နှစ် ၂၀၀ အာမံခံတယ် ဆိုပြီး ပွင့်ပွင့်လင်းလင်း ထုတ်ပြန် ကြေငြာရင်တော့ တမျိုးပေါ့။

အခုတော့ ဘယ်အပေါက်ထဲ ၀င်သွားမှန်းတောင် ကောင်းကောင်းမသိလိုက်တဲ့ ပြည်သူတွေအတွက် ဆိုးကျိုးက ပိုများမှာပါ။ မြန်မာပြည်ရဲ့ အနာဂတ်ပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်