Thursday, November 15, 2012

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ ဖားကန့်သို့ ရောက်ရှိ

(ဖါးကန့်သတင်းရပ်ကွက်၊ Uru Sengmaw Shiga)

ဦးလမိုင်ဂွမ်ဂျာ ဦးဆောင်သော ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ အနေဖြင့် မိမိတို့ လုပ်ဆောင်ခဲ့သော အကျိုးဆောင် ငြိမ်းချမ်
းရေး လုပ်ငန်းများအား ဖားကန့်နေပြည်သူများထံ လာရောက်ချပြ ခြင်းဖြစ်ကြောင်း သိရ။
ထူးခြားမှူ တခုမှာ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အဖွဲ့များ ရောက်ရှိသော နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၁၂ ညသန်းခေါင်ယံ အချိန်တွင် ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးအချက်ပေါင်း (၆) ကြိမ်ထက်မနည်း ပစ်ခတ်မှူ ဖြင့် ကြိုဆိုသကဲ့သို့ ဖြစ်ပွားခဲ့သည်။ 
နိုဝင်ဘာလ ၁၄ ရက်နေ့မနက် ၁၀ နာရီ ၀န်းကျင်တွင် ဖားကန့်မြို့နယ်အုပ်ချူပ်ရေးမှူး နှင့် ခရစ်ယာန် အသင်းတော် အသီးသီးမှ အမှူတော်ဆောင်များ မြို့မိမြို့ဖ များ ၊ စစ်ရှောင်စခန်း အသီးသီးမှ စစ်ရှောင်သူများ နှင့် ဖားကန့်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းတွင် တွေဆုံခဲ့သည်။ ထို့နောက် ညနေပိုင်း (၄း၃၀) ၀န်းကျင်တွင် ဖားကန့်ဗျူဟာကုန်းမှ နောက်ထပ် လက်နက်ကြီးများနှင့် ပစ်ခတ်မှူ (၈) ကြိမ် ထပ်မံဖြစ်ပွားခဲပြန်သည်။
 ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးမှူတွင် အကျိုးဆောင်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှူ အခြေအနေထိရောင်အောင် အကျိုးဆောင်ခဲ့ကြသော အကျိုးဆောင် အဖွဲ့များ ခေတ်တ ရောက်ရှိစဉ်တွင်ပြင် ထိုကဲ့သို့ မြန်မာစစ်တပ်များ၏ လုပ်ရပ်အား အများပြည်သူ နားမလည်နိုင်အောင် ဖြစ်ခဲ့ကြသည်။ ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးများနှင့်ပစ်ခတ်မှူ ၁၄ ကြိမ်တွင် KIA တပ်စွဲထားသော မော်မောင်းကုန်းအား ချိန်ရွယ်ပစ်ခတ် ခြင်းဖြစ်ပြီး ၊ အများပြည်သူ များနေထိုင်သော ကျေးရွာများအားချိန်ရွယ် ပစ်ခတ်ခဲ့ခြင်းဖြစ်သော်လည်း ယခုတကြိမ် ပစ်ခတ်မှူ တွင် ထိခိုက်မှူများ မရှိခဲ့ကြောင်း သိရ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်