Friday, November 9, 2012

ဒီမနက်အတွက် ဟာသ အကြီးစား သတင်းတစ်ပုဒ်


ဘီဘီစီ မြန်မာ ပိုင်းအစီအစဉ် ကို ဖွင့်လိုက်တယ် ဆိုတာနဲ့ ဖယ်ဒရယ် ဆိုတဲ့ စာသားလေး တွေ့လိုက်တော့ ဒူဝါ တော်တော် စိတ်လှုပ်ရှားသွားတယ်။ ခေါင်းစဉ် ဖတ်လိုက်တော့ ပိုတောင် စိတ်ဝင်စားသွားပါတယ်။ ခေါင်းစဉ်ပေးထားတာက

"ဖယ်ဒရယ် မူကြမ်းရေးဆွဲရေး တာဝန်ပေး" ဆိုတော့ ဘယ်လိုက ဘယ်လို စလာသလဲ၊ အရင်နေ့တွေမှာ လွတ်တော်မှာ ပြောတာလဲ မကြားသေး၊ ဘယ်လိုကနေ ညသန်းခေါင်မှာ နေမင်းကြီးထွက်လာပါလိမ့်

ဆိုပြီး ဆက်ဖတ်လိုက်တယ်။


လွတ်တော် ဥက္ကဌသူရ ဦးရွှေမန်းက ဦးတီခွန်မြတ် (ကချင်စီးပွါးရေးသမား၊ ကပ်ဖါးဥပဒေ ကျွမ်းကျင်သူ ကြံ့ဖွတ်အမတ်) နဲ့ ဒေါ်နန်းဝါနု (ရှမ်းပါတီ၊ Sanction ဖြုတ်ဖို့ အဆိုတင်သွင်းပြီး ဒေါ်စုကိုတောင် အကဲစမ်းသွားသူ) ကို ဖယ်ဒရယ်မူ ရေးဆွဲဖို့ တာဝန်ပေးတယ် ဆိုပါလား.... လွယ်လိုက်တာ...
တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖယ်ဒရယ်မူအုတ်မြစ် ဖြစ်လာနိုင်တယ် လို့လဲ ဆိုထားပါတယ်။ ဘယ်လိုဖြစ်ပြီး ဥပဒေ ပညာရှင်တွေကို တာဝန်မပေးပဲ ဒီနှစ်ယောက်ကို တာဝန်ပေးလိုက်တာပါလိမ့်။ လွတ်တော်မှာ ပြောတာလဲ မကြားသေးပါလား။

ဘီဘီစီ စာမျက်နှာမှာ ထုံးစံအတိုင်း သတင်း အပြည့်အစုံ မရေးထားတတ်တာကြောင့် အသံဖိုင် ကို အချိန်ယူ ပြီး ဆက်နားထောင်ဖြစ်ပါတယ်။

အော်အော်... ဒေါ်နန်းဝါနု ကို မေးထားတဲ့ အသံဖိုင်ကို နားထောင် လိုက်ရင်ပဲ တော်တော် စိတ်ကုန်သွား သလို အားရပါးရလဲ အော်ရီ မိပါတော့တယ်။

သူပြောသွားတာက

လက်ရှိ အခြေခံဥပဒေ ကို မပြင်ပဲ ဖယ်ဒရယ် မူ ရေးဆွဲမယ် သတဲ့ကွယ်......

ဘုရား ဘုရား...

ဖြစ်မှ ဖြစ်ရလေ... ဒေါ်နန်းဝါနု ရယ်....

1 comment:

  1. စောက်ရူးမ ပါ..ကြံ့ဖွတ်စစ်ဗိုလ်ချုပ်တွေနဲ့ ကုန်းနေတဲ့ မိန်းမ ပါ. ဦးခွန်ထွန်းဦး(SNLD ) အပြင်မှာရှိနေပါပြီ ...ကိုင်ပါလိမ့်မယ်..သူတို့ပါတီဆိုတာ
    လုပ်စားပါ..စစ်တပ်နဲ့ပေါင်းပြီးလုပ်စားပါ..တကယ့်နိုင်ငံရေးနဲ့ သြဇာအရှိန်အ၀ါက
    ဦးခွန်ထွန်းဦးတို့ အုပ်စုပါ...ဒီနန်းဝါနုကြောင့် ရှမ်းတွေလည်းမျက်နှာပျက်ရ..အရှက်
    ရစေပါတယ်..ဒီနန်းဝါနုက ယောင်္ကျားရှိရက်နဲ့ စစ်ဗိုလ်တွေနဲ့ ကုန်းနေတာ ကြာပါ
    ပြီ ...ပိုက်ဆံတော်တော်ရနေပါပြီ..ဘာနိုင်ငံရေးမှနားမလည်ပဲနဲ့ စိုင်းမောက်ခမ်းတို့
    နဲ့ ပေါင်းပြီး ဦးခွန်ထွန်းဦးတို့ ထောင်ကျနေစဉ်မှာ ကျားဖြူထဲဝင်ပြီး စစ်ဗိုလ်တွေနဲ့
    ကြံ့ဖွတ်တွေနဲ့ ပေါင်းပြီးခံနေတာ ကြာပေါ့ ..မသိရင်ခက်မယ်..

    ReplyDelete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်