Saturday, November 17, 2012

မစားလိုက်ရတဲ့ အကြွေး



မြန်မာနိုင်ငံမှာ လွန်ခဲ့သော ဆယ်စု နှစ်ချီ နေ့မအား၊ ညမအား တိုင်းပြည်တာဝန် ထမ်းဆောင်ပါတယ်၊ တိုင်းပြည်ချစ်လှပါတယ်၊ တိုင်းပြည်ကာကွယ် ပါတယ်၊ ဆိုတဲ့ စစ်ခေါင်းဆောင်များ။

စေတနာ ဗလပွ နဲ့ လှူဋ္ဌာန်းနေတဲ့ ခရိုနီတွေရဲ့ ကျေးဇူးကတော

့ မြန်မာနိုင်ငံသား အယောက်တိုင်းအတွက် အကြွေးလေးသိန်းနီးပါး ထားပေးပါသတဲ့။


လှူတယ်၊ ဋ္ဌာန်းတယ် ဆိုတာ အမြင်အားဖြင့် ကြည်နူးစရာပါ။ သို့သော်၊ လှူဋ္ဌာန်းခြင်းရဲ့ နောက်ကွယ်မှာ နိဗ္ဗာန် အကျိုးမြော် တာတွေ ပါလာပါတယ်။

တိုင်းပြည်ရဲ့ အာဏာကို ကန်ထရိုက် စနစ်နဲ့ ခွဲတန်းယူထားပြီးတဲ့ တကာလ၊ ကြိုက်သလို ဈေးတင်ရောင်းပါတော့တယ်။

ဒီတော့....
ကန်ထရိုက်သမားများ ပီပီ... အမြတ်အစွန်းအတွက် အလုပ်လုပ်လာခဲ့တာ... ဂိတ်ကြေးဆောင်ရင်တောင် ဈေးလျှော့ဖို့ ပြောတော့ မကိုက်ဘူး ဆိုပြီး ပြောလွတ်တဲ့ စစ်သား တွေကို တွေ့လာရပါတယ်။

ရတဲ့ လစာ မလောက်စားဘူးလို့ ပြောတဲ့ ၀န်ထမ်းလောကမှာ အလုအယှက် ရာထူးနေရာ အတွက် သိန်းချီ ပေးဝယ် နေရတာကလဲ၊ မြန်မာ နိုင်ငံပဲ ရှိမှာပါ။ သူဝယ်ထားတဲ့ ရာထူးလစာ တသက်စာ ပေါင်းရင်တောင် အရင်းကျေပါ့မလား... စဉ်းစားဖူးပါတယ်။ သူပေးဝယ်ထားတဲ့ တန်ဖိုးနဲ့ ဘယ်လိုမှ မကျေနိုင်။ ဒီတော့ ဘယ်က??

ဒီဝတ်ကြွေးတွေကို မြန်မာနိုင်ငံသား ပြည်သူတွေ ၀ိုင်းခံပေါ့ကွယ် နော့...

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်