Tuesday, November 13, 2012

ဒေါ်စုကြည်က စစ်အစိုးရရဲ့ လက်ကိုင်တုတ် ဖြစ်သွားပြီလို့ဆိုတဲ့ PDP ပါတီ

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရနဲ့ မဟာမိတ်ဖွဲ့၊ စစ်အစိုးရဘက်တော်သား ဖြစ်သွားပြီလို့ အတိုက်အခံပါတီ တစ်ခုဖြစ်တဲ့ “ပါလီမန် ဒီမိုကရေစီ ပါတီ” Parliamentary Democracy Party (PDP-Burma) ရဲ့ ဥက္ကဌ “ဦးဘိုအောင်ဒင်”က ပြောဆိုလိုက်ပါတယ်။

PDP ပါတီက နိုင်ငံတကာ စီးပွါးရေး လုပ်ငန်းရှင်းများကို “စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရ” ရွေးကောက်တင်မြှောက်ခြင်း မရှိမီအထိ ရင်းနှီးမြှုပ်နှံ မပြုလုပ်ရန် တောင်းဆိုလိုက်ပါတယ်။


“ဒေါ်စုကြည်က ဂငယ်ကွေ့ ကွေ့သွားပြီ (နောက်ကြောင်း ပြန်လှည့်သွားပြီ)။ အခု သူက စစ်အစိုးရရဲ့ မဟာမိတ်၊ ပူးပေါင်းဆောင်ရွက်သူနဲ့ စစ်အစိုးရရဲ့ လက်ကိုင်တုတ် ဖြစ်သွားပြီ။ စစ်အာဏာရှင်ရဲ့ မဟာမိတ် ညွန့်ပေါင်း ပါတနာ ဖြစ်သွားပြီ။ သူ့ကို ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင်တို့၊ ပြောင်းလဲရေး ဝါဒီတို့၊ ဒီမိုကရေစီ အိုင်ကွန်တို့ဆိုပြီး အမွှန်းတင် ခေါ်ဆိုလို့ မရတော့ဘူး၊ မမှန်တော့ဘူး”လို့ ဦးဘိုအောင်ဒင်က ဆိုပါတယ်။

PDP ပါတီဟာ ၁၉၄၅ ခုနှစ်မှာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပါဝင်တည်ထောင်ခဲ့တဲ့ ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ (the anti-Fascist and the People Freedom League)ကို တိုက်ရိုက်အမွေခံထားတဲ့ ပါတီဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ဦးဘိုအောင်ဒင်က “PDP ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲအတုကို လုံးဝ အသိအမှတ် မပြုဘူး။ ဘာကြောင့်လဲဆိုရင် စစ်အစိုးရမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲနိုင်တဲ့ အရည်အချင်း မရှိ”လို့ ပြောပါတယ်။

ကိုးကား

Now, Suu Kyi accused of joining hands with military

(http://articles.timesofindia.indiatimes.com/2012-11-12/south-asia/35068008_1_military-regime-pdp-myanmar)

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်