Wednesday, November 21, 2012

ယဉ်ကျေးမှုကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း။

ယဉ်ကျေးမှု ဆိုတဲ့ ဝေါဟာရကို အခုတလော ပိုပြီး တွင်တွင်ကျယ်ကျယ် တွေ့လာရပါတယ်။ အထူးသဖြင့် ဒေါ်စုကို အနောက်နိုင်ငံသားတွေ နမ်းနေတဲ့ပုံများကို စစ်အုပ်စုတွေက မဖွယ်မရာ တွေလုပ်တင်ပြီး ရိုင်းစိုင်းတဲ့ မအေ၊ နှမ အသုံးအနှုံးတွေ သုံးပြီးတော့ မြန်မာ့ယဉ်ကျေးမှု ကို ဖေါ်ကျူးကြပါတယ်။ ပြောပုံအရ ဆိုရင်တော့ သူတို့ပဲ မြန်မာ စစ်တယ်ပေါ့။

ဒီတော့ သူတို့က တကယ်ကော လူ့ယဉ်ကျေးတွေလား? ဆိုတာ မေးခွန်းဖြစ်လာရပါတယ်။

ယဉ်ကျေးမှု ဆိုတာ ၀တ်စားဆင်ယှဉ်ထုံးဖွဲ့မှု၊ ဘာသာစကား၊ နဲ့ လူ့အကျင့်စရိုက်၊ စိတ်ဓါတ်ရေးရာ တွေအားလုံးရဲ့ သဟဇာတ ဖြစ်မှု ကို ခေါ်တာပါ။


ဝတ်စားဆင်ယဉ်မှု......

ဝတ်စားဆင်ယဉ် ထုံးဖွဲ့မှု ဆိုတာ လူ့လောကမှာ အမြဲတမ်းလိုလို ပြောင်းလဲနေတာပါ။ လွန်ခဲ့တဲ့ နှစ် ၅၀ နဲ့ အခု တောင် မတူတော့ပါဘူး။

ဟိုတခါ ဂျပန်ကို Miss International 2012 (Beauty Pageant) သွားပြိုင်တဲ့ ရှမ်းအလှမယ်လေးရဲ့ ရေကူးဝတ်စုံကိစ္စမှာလဲ တချို့သော သူတွေက မြန်မာ့ယဉ်ကျေးမှုနဲ့ ခိုင်းနှိုင်းပြီး ဝေဖန်ထားတာ တွေ့ရပါတယ်။ မြန်မာ့ယဉ်ကျေးမှု ဆိုတာကို တော်တော် စဉ်းစားယူရပါတယ်။ ဘယ်လိုဝတ်စုံကို ပြောတာလဲ ပေါ့။ ဒီခေတ်မှာ မြန်မာ့ရိုးရာ (ခေတ်ဟောင်း) ၀တ်စုံဝတ်ပြီး မြို့ထဲသွားလာတာ မတွေ့ဖူးတာ အမှန်ပါ။

ဒီတော့.. ဖုံးဖုံးဖိဖိ ၀တ်တာကို ယဉ်ကျေးတယ် လို့ပြောသလား? မူဆလင် အမျိုးသမီးတွေကို ဘယ် လူ့အသိုင်းအ၀ိုင်း အမျိုးသမီးတွေမှ လိုက်မီ မှာ မဟုတ်ပါ။

ဘာသာစကား.....

ဒေါ်အောင်ဆန်းစုကြည်လောက် ယဉ်ယဉ်ကျေးကျေး စကားပြောတတ်တာ သိပ်မရှိပါ။ မြန်မာ့ ယဉ်ကျေးမှု ကို ဘာသာစကား နဲ့ အကျင့်စရိုက်နဲ့ တိုင်းတာမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းပေါ်က စစ်အုပ်စု တွေ နောင်ဘ၀ထိ လိုက်မီ ဖို့ မလွယ်ပါ။

အထူးသဖြင့်... အွန်လိုင်းပေါ်မှာ ဗမာစာနဲ့ ရေးတဲ့ဘာသာစကားမှာ အလွယ်တကူ ပြောထွက်တတ်တဲ့ စကားတွေကတော့ "စောက်ရမ်းမိုက်တယ်" "-ီး.. -ိုး.. မအေ -ိုး.. " ဆိုတာတွေက မမြင်ချင်မှ အဆုံးပါ။ ဒါတွေက နေ့စဉ်သုံး ဘာသာစကားလို ဖြစ်နေတာပါ။ ကချင်လူငယ်တွေက ကချင်စာနဲ့ ရေးတဲ့ comment တွေမှာ ဒီလို အဓိပ္ပါယ် ပါတဲ့ အသုံးအနှုံး သုံးတာ အင်မတန် ရှားပါတယ်။ တွေ့ကို မတွေ့ဖူးတာပါ။ ဗမာလို ရေးလာတဲ့ အခါကျတော့ သုံးလာတာ တွေ့ရပါတယ်။ ဒီတော့ မြန်မာ့ ယဉ်ကျေးမှုလား... တွေးလာစရာ ဖြစ်လာတယ်။

အကျင့်စရိုက် ......

လူတစ်ယောက်ကို လေးစားတဲ့ အပြုအမူမှာ၊ လူမျိုး တစ်မျိုးနဲ့တစ်မျိုး၊ လူ့အဖွဲ့အစည်း တခုနဲ့ တခု မတူပါဘူး။

နောက်ပြီး...
လူတစ်ယောက်နဲ့ တစ်ယောက် ဖက်နမ်း တာကို ရိုင်းတယ် လို့ တရားဝင် အဓိပ္ပါယ် ဖွင့်ဆိုတဲ့ လူမျိုးမရှိပါဘူး။ ဒီလိုအမြင်မျိုးရှိနေသေးတဲ့ လူ့အဖွဲ့အစည်းသာလျှင် Civilization ဆိုတဲ့ လူ့ယဉ်ကျေးမှု တခေတ်ကို မရောက်သေးသူများ အဖြင့် ပညာရှင်များက ရှု့မြင်ကြမှာပါ။

ဒီထက်ပိုအရေးကြီးတဲ့ လူ့ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ အကျင့်စရိုက် ဆိုး လက္ခဏာများမှာ လိမ်တတ်တာ၊ ညာတတ်တာ၊ ကတိမတည်တာ၊ အကျင့်ပျက် ခြစားတာ၊ ခိုးတာ၊ ၀ှက်တာ၊ လတ်စားတာ၊ စတာတွေဟာ လူသားမျိုးနွယ်တခုအတွက် တန်ဖိုး အဆုံးအဖြတ်တွေပါ။ ဒီလို စရိုက်ဆိုးများ မရှိအောင် ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်မှ လူ့ယဉ်ကျေး ဆိုတာ ဖြစ်လာတာပါ။ တခါတလေမှာ ၀တ်စားကောင်းလှ ၀တ်ထားပြီး၊ ဒီလိုအကျင့်စရိုက်ဆိုးတွေ ရှိနေတဲ့ လူကြီးလူကောင်းပုံစံတွေလဲ ရှိမှာပါ။

စိတ်ဓါတ်ရေးရာပိုင်း....

ဂျာမဏီလူမျိုးတွေ၊ ဘယ်လောက်ပညာတတ်တယ် ပြောပြော၊ စည်းကမ်းဘယ်လောက်ရှိတယ် ပြောပြော၊ ဘယ်လောက် သပ်ရပ်မှုရှိတယ် ပြောပြော၊ လူနေမှု အဆင့်အတန်းဘယ်လောက်မြင့်တယ် ပြောပြော ဂျူးလူမျိုး အရပ်သား သန်းချီသတ်လိုက်တဲ့ စိတ်ဓါတ်မျိုးဟာ တကယ်ကော ယဉ်ကျေးတဲ့ လူမျိုးလား ဆိုတဲ့ မေးခွန်းကို ဒီနေ့ထိ လူမှုရေးသိပ္ပံဘာသာရပ် လောကမှာ ငြင်းခုန်နေရဆဲပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်