Thursday, November 22, 2012

စစ်အေးတိုက်ပွဲ မြန်မာပြည်သို့ ပြောင်းလာနိုင်ဖွယ်ရှိ

၁၉၄၅-၁၉၉၁ ခုနှစ်တွေမှာ စစ်မငြေညာပဲ ဖြစ်ခဲ့တဲ့ စစ်အေးတိုက်ပွဲကို အမေရိကန် ဦးဆောင်တဲ့ အနောက် ဒီမိုကရေစီ နိုင်ငံများ နှင့် ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်တဲ့ ကွန်မြူနစ်ကမ္ဘာတို့ အကြားမှာ ဖြစ်ခဲ့တာပါ။

အဓိက မြေဇာပင်ဖြစ်ခဲ့တာကတော့ ဗီယက်နမ် စစ်ပွဲပါပဲ။ လာအို နဲ့ အခြား အာဖရိက နိုင်ငံတွေမှာလဲ အနည်းအကျင်းထိခဲ့ပါတယ်။

အမေရိကန် နဲ့ ဆိုဗီယက်ပြည်ထောင်စု တို့အကြား အာကာသ နည်းပညာပြိုင်ဆိုင်မှုမှသည် နျူကလီးယား စစ်လက်နက်ခြိမ်းခြောက်မှု အထိ ပြင်းထန်ခဲ့ပါတယ်။

ဆိုဗီယက်ပြည်ထောင်စု ပြိုလဲသွားသည့်နောက်ပိုင်း၊ တရုတ်လို ကွန်မြူနစ် နိုင်ငံများလဲ ဈေးကွက်စီးပွါးရေး စနစ်ဖက် ဦးလှည့်လာရာမှ အရင်းရှင်စနစ်ကို တိုက်ခိုက်နေသော စစ်အေးတိုက်ပွဲများ အနည်းငယ် မှေးမှိန်သွားခဲ့သည်။

သို့သော်….


အခုထိ ရုရှားအဖြစ် ဆက်လိုက်ရပ်တည်နေသော ဆိုဗီယက်အစိုးရဟောင်း နှင့် တရုတ်အစိုးရတို့သည် လစ်ရင် လစ်သလို အနောက်အုပ်စုများကို တိုက်ခိုက်နေဆဲ ဖြစ်သည်။ ပိုပြီး အထင်အရှား တွေ့နိုင်တာကတော့ ကမ္ဘာ့ကုလ သမ္မဂရဲ့ လုံခြုံရေး ကောင်းစီ အစည်းအဝေးမှာ ဖြစ်သည်။ အမေရိကန် နဲ့ အနောက်အုပ်စုက တင်သွင်းတဲ့ အဆိုမှန်သမျှ တရုတ် နဲ့ ရုရှား ဒိုင်ခံ ဗီတို အာဏာသုံး ပယ်ချပေးနေသည်။

ဒါကြောင့်လဲ မြန်မာစစ်အစိုးရလို အာဏာရှင်များကို အရေးမယူနိုင်ဖြစ်နေခဲ့တာပါ။ ဒီတော့ တရုတ် နဲ့ ရုရှား ဟာ အာဏာရှင်များရဲ့ ကျေးဇူးရှင်တွေ ဖြစ်လာရတာပါ။

ဒီအတွက်….

တရုတ်က စစ်လက်နက် အများအပြား ၀ယ်ပေးသလို… ရုရှားကို တပ်မတော်က ပညာတော်သင် အများအပြား လွတ်လိုက်သည်။

ကွန်မြူနစ်ပါတီ ရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းဥပဒေ အောက်က ပညာရေး စနစ်မှာ ရှင်သန်ခဲ့ရတဲ့ ရုရှား ပညာရေးဟာ အခုထိ ကွန်မြူနစ်ဝါဒ နဲ့ အနောက်အုပ်စု ဆန့်ကျင်ရေး မူဝါဒ လောင်းရိပ် ရှိနေသေးမှာ မလွဲမသွေပါ။ ဒီတော့ ရုရှား ပညာတော်သင် များ စိုးမိုးလာနိုင်တဲ့ မြန်မာ့ တပ်မတော်ဟာလဲ အမေရိကန် နဲ့ အနောက်အုပ်စုကို အမြင်ကြည်ဖို့ မလွယ်ပါ။
တဖက်မှာ ရန်ကုန် သက္ကသိုလ် ကို အမေရိကန် ရဲ့ အထောက်အပံ့နဲ့ ကမ္ဘာ့ အဆင့်မီ သက္ကသိုလ် ဖြစ်အောင် တွန်းတင်လိုက်တဲ့ အခါမှာ နိုင်ငံရေးအတွေးအမြင်သစ် နဲ့ နေရာယူလာမဲ့ နိုင်ငံရေး မျိုးဆက်သစ်လဲ အများအပြားထွက်လာမှာ အမှန်ပင်။

တဖက်မှာ အနောက်အုပ်စုကို အမြင်မကြည်တဲ့ ရုရှား ပညာတော်သင်များ နဲ့ အမေရိကန် ပညာရေး လောင်းရိပ်က နိုင်ငံရေး သမားများ ရဲ့ အမြင်ဟာ စစ်အေးတိုက်ပွဲ အသစ်ကိုဖန်တီး လာနိုင်မလား၊ ဆိုတာ မေးခွန်း တခု ဖြစ်နေပါတယ်။ ကြားထဲမှာ တရုတ်နဲ့ ပေါင်းစားတဲ့ စီးပွါးရေး သမားတွေရဲ့ အိုင်ဒီယာကလဲ ရှိနေပြန်တယ်။

ပြင်းတာ နဲ့ ပျော့တာ လောက်ပဲ ကွာ မှာပါ။ စစ်အေးတိုက်ပွဲကတော့ အခုတောင် စနေ လောက်ပြီ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်