Friday, November 23, 2012

ဘယ်သူ့အတွက် အစိုးရလဲ



ပူတာအို မှာ ပြည်သူတွေ ငတ်နေတာ မိုးတွင်း တလျှောက်လုံးပါ။ အခု ပွင့်လင်းရာသီ ရောက်မှ ကုန်းလမ်းဖွင့်ပေးဖို့ ကေအိုင်အေကို တောင်းဆိုတယ်....

ပူတာအို မှာ ရှိတဲ့ ပြည်သူအားလုံးပေါင်းမှ လိုင်ဇာက စစ်ပြေးဒုက္ခသည် အရေအတွက် လောက်ပဲ ရှိတာပါ။ တာတောင် ရှိသမျှလူအားလုံး ငတ်နေတာ မဟုတ်... တချို့သော သူများ ပြီးခဲ့တဲ့ နှစ်မှာ သီးနှံမဖြစ်ခဲ့တဲ့သူများ သာ ဖြစ်တယ်။ တချို့က ကမ္ဘာလှည့်ခရီးသည်များကို မှီခိုနေသူတွေဖြစ်တယ်။

ကမ္ဘာ
လှည့်ခရီးသည်များကိုလဲ အစိုးရပဲ ပိတ်လိုက်တာပါ။

ဒီတော့...


တကယ် ငတ်နေတဲ့ ပြည်သူက တစ်သောင်းကျော်လောက်ပဲ ရှိတာ အစိုးရ တာဝန်မယူနိုင်ဘူးတဲ့လေ... စစ်တပ်မှ အကျန် ဆန်တစ်ဗူး (နို့ဆီခွက်တစ်လုံး) ကို ၅၀၀ ကျပ် နဲ့ ရောင်းပေးတယ်။

ငတ်နေတဲ့ ပြည်သူတွေ တကယ် လိုအပ်နေခဲ့တာ မိုးတွင်း၊ စစ်မဖြစ်တဲ့ အချိန်လဲ ဘယ်တော့မှ မိုးတွင်းသွားလို့မရပါ။

အခု ပွင့်လင်းရာသီ ရောက်မှ ကုန်းကြောင်းသွားမယ် လုပ်တော့ ကေအိုင်အေ က ဟန့်တားတယ်... ပြည်သူတွေအတွက် ရိတ်ခါပေါ့.... သိနေတယ်လေ.. သူတို့ စစ်တပ်အတွက် ရိတ်ခါပို့မယ် ဆိုတာ.. နောက်ပြီး ကေအိုင်အေကို ပူတာအိုက ပြည်သူတွေနဲ့ ရန်တိုက်ပေးဖို့ ဖြစ်တယ်။

အစိုးရမှာ တကယ် ဘဏ္ဍငွေ မလုံလောက်ဘူး ဆိုရင် အခု တပ်မတော်က တောင်းတဲ့ ထပ်တိုး ဘက်ဂျက် ကျပ်ငွေ သန်းပေါင်း သန်းချီတော့ ချပေးတယ်။ ထိုးစစ်မလုပ်ပါဘူး လို့ပဲ တောက်လျှောက် ဗူးခံနေခဲ့တဲ့ သမ္မတက စစ်တပ်ကို ဘယ်နေရာ ဘက်ဂျက် သွားဖြုန်းလိုက်လဲ လို့တောင် မမေးရဲ ရှာဘူး။

ပူတာအို က ပြည်သူ တစ်သောင်းလောက်အတွက် လေယဉ်နဲ့ ဆန်သယ်ယူပို့ဆောင်ခ တော့ မပေးနိုင်ဘူးတဲ့လေ...

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်