Thursday, November 8, 2012

လူမျိုးကြီး ဆိုတာ အတင်းအဓမ္မ လုပ်ယူ၍မရပါ။


လူမျိုးတစ်မျိုးကို အထင်ကြီးလေးစားဖို့၊ လူမျိုးကြီး တခုအနေနဲ့သတ်မှတ်ဖို့ ဆိုသည်မှာ ကိုယ့်ဟာကိုယ် သတ်မှတ်လို့မရသလို၊ အတင်းအဓမ္မလုပ်ယူ၍လည်း မရပါ။ လူဦးရေ များတိုင်းလဲ ဖြစ်မလာပါ။ တခြားလူမျိုးခြားတွေက အထင်ကြီးပြီး၊ အတုယူချင်စရာ ကောင်းမှ အလိုလို ဖြစ်လာတာပါ။

လာမည့် ၂၀၁၅ ခုနှစ်မှာ အာဆီယံလူ့အဖွဲ့အစည်း (ASEAN Community) ဖြစ်မြောက်ရေး အတွက်လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကနေ ပြင်ဆင်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ ၂၀၂၀ ခုနှစ်ကို သတ်မှတ်ထားပေမယ့် နောက်ပိုင်း ၂၀၁၅ ဆိုပြီး ရှေ့တိုးလိုက်တာပါ။


အာဆီယံ လူ့အဖွဲ့အစည်း ဆိုပြီး ဖြစ်လာတဲ့ အခါမှာ ဘုံဘာသာ စကား အနေနဲ့ ဘယ်ဘာသာစကားကို အသုံးပြုမလဲ ဆိုပြီး ဆွေးနွေးခဲ့ဖူးပါတယ်။ အင်္ဂလိပ်ဘာသာ စကားက အနောက်တိုင်းဘာသာ စကားမို့လို့ သိပ်တော့ မသုံးချင်၊ ဒီတော့ အာဆီယံထဲက ဘယ်ဘာသာ စကား နဲ့ စာပေကို သတ်မှတ်မလဲ ဆိုပြီး စဉ်းစားလာတဲ့ အခါ၊ လူများစု မျိုးနွယ် ဖြစ်တဲ့ မာလာယု (Bahasa Melayu) ဘာသာ စကား ကို သုံးရအောင် ဆိုပြီး အဆိုပြုခဲ့ပါတယ်။ မာလာယု ဆိုတာ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနှိုင်း၊ ဘိုနီယို ကျွန်းစု (ဖီလိပိုင်ကျွန်းအပါအ၀င်) နဲ့ ထိုင်း တောင်ပိုင်း ထဲက အာဆီယံ လူများစုများ ပြောသော ဘာသာဗေဒ ကို ပြောခြင်းဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ အရဆိုရင်လဲ တတိယ အများဆုံး ပြောသော ဘာသာဗေဒ ဖြစ်ပါတယ်။

သို့သော် ကျန် နိုင်ငံများသဘောမတူနိုင်ပဲ အင်္ဂလိပ်သာလျှင် အခုထိဆက်သုံးနေဆဲ ဖြစ်ပါတယ်။ အမှန်ဆိုရင် အင်္ဂလန် နိုင်ငံဟာ စကော့သလန် ခွဲထွက်သွားရင်တော့ ကချင်ပြည်နယ်လောက်ပဲ ရှိတော့မယ့်နိုင်ငံပါ။ လူဦးရေ အရလဲ မြန်မာ နိုင်ငံ နဲ့ အတူတူလောက်ပဲ ရှိတာပါ။ သို့သော်လဲ အခု ကမ္ဘာသုံး ဖြစ်နေတာ အကြောင်းရှိပါတယ်။

မြန်မာနိုင်ငံမှာလဲ ဗမာစကား၊ ဗမာ စာပေ၊ ဗမာ ယဉ်ကျေးမှုကို မရမက တခြား ဗမာမဟုတ်တဲ့ တိုင်းရင်းသားများကို သွပ်သွင်းလာခဲ့တာ ရာစုနှစ်ဝက်ကျော်လာပါပြီ။ သို့သော် အခုထိ ဗမာစကား၊ စာပေ၊ ယဉ်ကျေးမှု နဲ့ စိမ်းနေတဲ့ လူ့အသိုင်းအ၀ိုင်းအများကြီးရှိပါသေးတယ်။ ဘာဖြစ်လို့လဲ?

ကချင်လူမျိုးတွေဟာ တရုတ်နိုင်ငံနဲ့ အနီးဆုံးဖြစ်ပြီး၊ တရုတ်လူမျိုးနဲ့ အများပိုင်း ပေါင်းသင်းဆက်ဆံနေခဲ့တာပါ။ အခုထိ တရုတ်စကား၊ တရုတ်ယဉ်ကျေးမှု၊ တရုတ်စာပေကို လေ့လာရကောင်းမှန်းလဲ ကချင်တွေ မသိပါဘူး။ လူငယ်အများပိုင်းဟာ တရုတ်စာ ထက် အင်္ဂလိပ်စာ ကို ပိုပြီး လေ့လာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ?

လူတွေဟာ အဲဒီ စာပေနဲ့ ယဉ်ကျေးမှု ပိုင်ရှင်လူမျိုးတွေကို အထင်ကြီးမှုနဲ့ အသုံးဝင်မှုမှာ ဆက်စပ်ပြီး အဲဒီစာပေ၊ ယဉ်ကျေးမှု၊ တွေကို အတုခိုးလာရာကနေ၊ လေ့လာသင်ကြားလာတာပါ။

အဲဒီလိုမျိုးအထင်ကြီးစရာ ဖြစ်အောင်လဲ အဲဒီ စာပေ၊ ယဉ်ကျေးမှု ပိုင်ရှင်လူမျိုးတွေရဲ့ အရာရာအားလုံး၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ ပညာရေး၊ စီးပွါးရေး ကအစ အတုယူချင်စရာ ဖြစ်မှုမှာ မူတည်ပါတယ်။

ယနေ့လူငယ်တွေက အင်္ဂလိပ်စာကို လေ့လာရခြင်းသည်။ အသုံးဝင်မှုမှာ အားသာချက်ရှိမှု၊ ဖြစ်ပါတယ်။ ပညာရပ်လေ့လာမှုမှာ အင်္ဂလိပ်စာ မတတ်ရင် မဖြစ်ပါဘူး။ ကချင်အကြောင်းသိချင်ရင် အင်္ဂလိပ်လို ဖတ်တတ်မှ သမိုင်းအဖြစ်မှန်ကို သိတာမျိုး။ မြန်မာ ပြည်အကြောင်းကို မြန်မာ စာပေထက် အင်္ဂလိပ် လို ဘာသာရပ် စုံလင်စွာ  လေ့လာလို့ရနေပါတယ်။

အထူးသဖြင့် ဗမာစာ နဲ့ နှစ်ပေါင်း ရာစုနှစ်ဝက်လောက် ဆင်ဆာ ဖြတ်တောက်လိုက်ချိန် ဗမာလိုရေးထားတဲ့ သမိုင်းအမှန်မရှိ၊ ကချင်လိုရေးထားတဲ့ ကိုးကားစရာ လဲ မရှိတဲ့အချိန်မှာ အင်္ဂလိပ်ကို အားကိုးလာရတာဟာ သဘာဝကျလှပါတယ်။ ဒီလိုဖြစ်လာအောင် ရာစုနှစ်ပေါင်းများစွာ ကတည်းက အင်္ဂလိပ်လူမျိုးတွေရဲ့ ကြိုးစားအားထုတ်မှု၊ စည်းကမ်းရှိမှု၊ ကတိတည်မှု၊ ပညာရေးမှာ အရင်းအနှီးထည့်ဝင်မှုတွေက ဖြစ်ပေါ်လာတာပါ။ သူတို့ရဲ့ ကိုလိုနီ နယ်ချဲ့နိုင်ငံတွေမှာတောင် နာမည်ဆိုးမကျန်အောင် အင်မတန် သတိထားခဲ့ပါတယ်။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့၊ မြန်မာ ပြည်မှာ အခုထိ မြန်မာ အစိုးရ ခေတ်အဆက်ဆက် အင်္ဂလိပ်ခေတ်လောက် ရထားလမ်း၊ ကားလမ်း၊ မဆောက်နိုင်သေးပါဘူး။ အခုရှိနေတဲ့ မြို့ပြစီမံကိန်း အများပိုင်း အင်္ဂလိပ် ခေတ်က လုပ်ထားသလောက် ပဲ ရှိပါသေးတယ်။ ရန်ကုန်၊ မန္တလေး မြို့ ရေနုတ်မြောင်းတွေက အစ၊ အင်္ဂလိပ်ခေတ်က လုပ်ထားတာပါ။ ကျွန်းသစ်ထုတ်တာတောင် အင်္ဂလိပ်ခေတ်မှာ စည်းကမ်းနဲ့ ထုတ်တယ်။ အခုတော့ ဖြစ်သလို ကုန်အောင်ထုတ်တယ်။ တရားဥပဒေ စိုးမိုးရေး တောင် အင်္ဂလိပ် ခေတ်လောက်တောင် မရှိဘူး လို့ ပြောကြပါတယ်။ အင်္ဂလိပ် စစ်သားတွေ မဒိမ်းမှုနာမည် မထွက်ဘူး၊ ရွာမီးရှို့တာ မရှိဘူး၊ စစ်သုံ့ပန်း ဥပဒေမဲ့ မသတ်ဘူး၊ ဒီလိုပြောလိုက်ရင် တချို့က အမေကျော် ဒွေးတော်လွမ်း ဆိုတာမျိုးပြောပါလိမ့်မယ်။ အဖြစ်မှန်ကို ထောက်ပြတာပါ။

အခုခေတ် အင်တာနက်၊ စမတ်ဖုန်းတွေ မှာ မြန်မာ စာ နဲ့ ရိုက်ရခက်နေတဲ့ အချိန် ကချင်လူငယ်တွေ အတွက်က Roman Alphabet အခြေခံနဲ့ လုပ်ထားတဲ့ ကချင်စာပေဟာ မြန်မာစာ ထက်တောင် ပိုအသုံးဝင်ပါသေးတယ်။ ဒီတော့ အသုံးမ၀င်တဲ့ စာပေ၊ ယဉ်ကျေးမှုကို စိတ်မ၀င်စားတာ လူတွေရဲ့ အပြစ် မဟုတ်ပါဘူး။

ကိုယ့်ရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတန်းစဉ်လာကို တခြားလူတွေ အထင်ကြီးပြီး၊ အတုယူချင်စရာ ကောင်းဖို့ဆိုသည်မှာ အဆိုပါ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံး ပိုင်ရှင်လူမျိုးတွေရဲ့ စရိုက်မှ အခရာ ကျတာမို့ မြန်မာနိုင်မှာလဲ ဗမာလူမျိုးကြီးရောဂါထ ချင်နေသူတွေအနေနဲ့ ကိုယ်ကိုယ်တိုင် အများကြီး ကြိုးစားရအုံးမှာပါ။ အတင်းအဓမ္မလုပ်ယူလို့ မရပါဘူး။ ကိုယ်ဟာကိုယ် အထင်ကြီးနေလို့တော့ရတာပေါ့။ ဒါပေမယ့်၊ တခြားလူမျိုးတွေ အမြင်မှာ အထင်ကြီးစရာ မကောင်းရင် ဘယ်တော့မှ တခြားလူမျိုးတွေ အပေါ် လွမ်းမိုးလို့ မရပါ။ လူဦးရေ များတိုင်းလဲ မဖြစ်မလာတာ တရုတ် သက်သေပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်