Thursday, November 8, 2012

Burma လော? မြန်မာ လော?


အခုတလော ဒေါ်စု ဆန့်ကျင်ရေး အုပ်စုတွေက ဒေါ်စု နိုင်ငံတကာ အင်္ဂလိပ်စကားပြောမိန့်ခွန်း qတွမှာ ထည့်သုံးတဲ့ Burma ဆိုတဲ့ အခေါ်အဝေါ် ကို ရေြး#fးခွင်ကျယ်လုပ်ပြီး ကြံဖန်အပြစ် တင်နေကြပါတယ်။
တချို့ကလဲ ဂဒါဖီလေသံနဲ့တမျိုး၊ ကင်မ်ဂျူံ အီး လေသံနဲ့ တဖုံ၊ မျိုးချစ်ဝါဒတွေ ဖေါဖေါသီသီ သုံးလို့ ဟစ်ကြွေးနေတာ သတိထားမိပါတယ်။

မြန်မာ ပဲမှန်တယ်ပေါ့... ဘားမား က နယ်ချဲ့အခေါ်အဝေါ် ပါတဲ့။ မှန်ပါတယ်... သို့သော်....

မရမ္မာ ဆိုပြီးသုံးလာတဲ့ ပုဂံခေတ်ကနေ မြန်မာ ဖြစ်လာတဲ့ ခေတ်ကာလထိ ဗမာပြည်ကို ကျူးကျော်တဲ့ နယ်ချဲ့ သမားများဆိုတာ ဗြိတိသျှ အစိုးရ ပဲ မဟုတ်ပါ။ မွန်ဂို၊ တရုတ်၊ Dutch, ဗြိတိန်၊ ဂျပန်၊ ဆိုတာတွေပါ။


ဒီတော့ သူတို့သုံးခဲ့တဲ့ အခေါ်အဝေါ်လေးတွေ ကြည့်ရအောင်ပါ။

ပုဂံကို သိမ်းခဲ့တဲ့ မွန်ဂို လူမျိုးတွေက မဲာန် လို့ခေါ်တာတဲ့၊ ကချင်တွေခေါ်တဲ့ လေသံနဲ့ ခတ်ဆင်ဆင်ပါ။ တရုတ် က တော့ တရုတ်စကားနဲ့ မိန်ဒဲန် (Mian dian, 緬甸) လို့သုံးပါတယ်။ အခုထိလဲ တရုတ်အစိုးရ သတင်းမီဒီယာတွေမှာ ဒီအခေါ်အဝေါ်သုံးပါတယ်။ ဒီတော့ ဒေါ်စုလဲ တရုတ်စကားတတ်လို့ တရုတ်လိုပြောရင် တော့ ဒီအခေါ်အဝေါ်ပဲ သုံးဖို့ များပါတယ်။

Dutch တွေဝင်လာတော့ Birma လို့သုံးပြန်ပါတယ်။ အခုထိလဲ မပြောင်းသေးပါဘူး။ သူတို့ရဲ့ တရားဝင်မှတ်တမ်း တွေမှာလဲ ဒီအခေါ်အဝေါ်ပါ။

ဗြိတိန်ဝင်တော့ Burma ဆိုပြီး၊ အားလုံးအသုံးများတဲ့ အခေါ်ရလာတယ်။ Burma ဆိုတာ အင်္ဂလိပ်စကားပါ။ နောက်တော့ လွတ်လပ်ရေး မရခင် ၁၉၄၇ အခြေခံဥပဒေမှာ အင်္ဂလိပ်လို Burma, ဗမာလို မြန်မာ ဖြစ်လာတယ်။ ၁၉၇၄ အခြေခံ ဥပဒေမှာလဲ ဒီလိုပဲ သုံးထားပါတယ်။ တကယ်လို့ အခြေခံ ဥပဒေ ကို တရုတ်လိုပါ ဘာသာပြန်ထားရင်တော့ မေဲန်ဒဲန် လို့ပဲ တရုတ်စာနဲ့ ပြန်ဖြစ်မှာပါ။

ဂျပန် တွေဝင်လာတယ်၊ ဂျပန်တွေက သူတို့စကားနဲ့ ဘီရူမာ ビルマ ဆိုပြီးခေါ်ပြန်တယ်။ ဂျပန်စကားပြော သတင်း မီဒီယာတွေမှာ မြန်မာပြည်နဲ့ ဆိုင်တဲ့ သတင်းတွေမှာ အခုထိ ဒီအခေါ်ပဲ သုံးပါတယ်။ အဲ  အင်္ဂလိပ် စကားပြောတဲ့ ဂျပန် မီဒီယာ တွေမှာ တော့ Burma (Myanmar) ဆိုပြီးသုံးလာတယ်။

ထိုင်းတွေက ဖမား လို့ခေါ်တယ်။ သူတို့ရဲ့ တရားဝင်အသုံးအနုန်း တွေပါ။

ကချင်လူမျိုးတွေမှာလဲ ကိုယ့်အခေါ်အဝေါ်နဲ့ ကိုယ်ရှိကြတယ်။ ကချင်လူမျိုးတွေက ကိုယ့်ကိုကိုယ် ကချင်လို့ ဘယ်သူမှ မပြောဘူး၊ ဗမာလိုပြောမှ ကျနော်က ကချင်ပါ၊ လို့ပြောတတ်ကြပါတယ်။ ကချင်လူမျိုးတွေကြတော့ မြန်မာပြည်ကို Myen Mung လို့ခေါ်တယ်။ ကချင်တစ်ယောက်က ကချင်စကားပြောရင် Myen Mung လို့ပြောတတ်ပေမယ့်၊ ဗမာ စကားပြောရင်တော့ မြန်မာပြည် ပြန်ဖြစ်သွားတယ်။ ထို့နည်းလည်းကောင်း၊ ကချင် စကားပြော ဗမာ လူမျိုး တစ်ယောက်လဲ ကချင်လိုပြောရင် Myen Mung လို့ပဲ ထွက်မှာပါ။

ဒီလိုကွဲပြားတဲ့ အချက်ကို တချို့က ဗမာ ကို အထင်သေးလို့ခေါ်တယ်ဆိုပြီး ကြံဖန်တွေးတတ်ကြပါတယ်။

ဗမာ စကားမှာလဲ France ကို ပြင်သစ်၊ ထိုင်းကို ယိုးဒယား၊ China ကို တရုတ်၊ Arakan ကို ရခိုင်၊ Siam ကို ရှမ်း လို့သုံးခြင်းသည်၊ အဲဒီလူမျိုးကို အထင်သေးလို့မဟုတ်၊ ကိုယ့်အခေါ်အဝေါ်နဲ့ ကိုယ်သာ ဖြစ်တယ်။ တရုတ်တွေက သူတို့ကိုယ်သူတို့ ကျူံးဂေါ့ လို့ပဲခေါ်လို့ ဗမာသတင်းစာတွေမှာ ကျူံးဂေါ့ လို့ပဲရေးရမယ် ဆိုတာ မရှိသလို။ ဂျပန်တွေက သူတို့ကိုယ် သူတို့ နီဟောန်း (Nihon) လို့သုံးခြင်းကြောင့် အင်္ဂလိပ် သတင်းစာတွေမှာ Japan လို့သုံးတာကို အတွန့်မတက်ပါ။ ဂျပန်လူမျိုးလဲ အင်္ဂလိပ် စကားပြောရင် Japan လို့ပဲသုံးပေမဲ့လို့ ဂျပန်စကားပြောရင်တော့ Nihon ဖြစ်သွားတယ်။

ဒီလိုပါပဲ... ဒေါ်စုက အင်္ဂလိပ်လိုပြောတဲ့အခါမှာ သူတို့ရဲ့ ဘာသာစကားအရ သုံးရမဲ့ Burma အသုံးအနုန်း ကိုသုံးခြင်းသာ ဖြစ်ပါတယ်။ ဥပဒေ ကြောင်း အရလဲ မှန်နေပါသေးတယ်။ ၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ-၄၄၆ မှာ ရှိပြီးသား တည်ဆဲ ဥပဒေ များသည် ပြည်ထောင်စုလွတ်တော် က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ကာလထိ အတည်ဖြစ်သည်။ လို့ အသိအလင်း ဖေါ်ပြထားလေတော့ အခုထိ လွတ်တော်မှာ ဒီအကြာင်း ဆွေးနွေးတာ မရှိသေးပါ။ ထို့ကြောင့် အင်္ဂလိပ် ဘာသာစကား သုံးတဲ့ နယ်ပယ်မှာ Burma ဆိုတဲ့ ဝေါဟာရကို တရားဝင် ဟောကြားခြင်း၊ ရေးသားခြင်း၊ ပြောဆိုခြင်း ပြုနိုင်သေး၏ လို့မြင်ပါတယ်။ ဒေါ်စု ထိုင်းကိုသွားတုန်းက ထိုင်းစကားများတတ်ရင်တော့ဖြင့် ဖမား လို့ပဲပြောဖြစ်မှာ သေချာပါတယ်။ ဒါပေမယ့်၊ ဗမာစကားပြောတဲ့ မိန့်ခွန်းတွေမှာ ဘားမားနိုင်ငံ ဆိုတာတော့ မကြားဖူးပါ။ မြန်မာနိုင်ငံ၊ မြန်မာ ပြည်သူများ ဆိုတာပဲ ကြားဖူးပါကြောင်းပါ ခင်ဗျား။

ဒီတော့ Burma လော? မြန်မာ လော? ဆိုတဲ့ နေရာမှာ လူမျိုးခြားဘာသာစကား အရ ကွဲပြီးပြောဆိုတယ် ဆိုရင် မှားတဲ့ အခေါ်အဝေါ်တော့ မဟုတ်ပါ။

မြန်မာပြည်နဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်မှာ ကချင်လူမျိုးတွေရဲ့ အမြင်မှာတော့ ဗမာပြည်လို့ပဲ ပြောပြော၊ မြန်မာပြည်လို့ပဲ ပြောပြော၊ ဒီလူမျိုး.. ဒီဘာသာစကား... ဒီယဉ်ကျေးမှု.... ဒီစာပေ သာ အဓိကကျတဲ့ အတွက် အတူတူလို့ပဲ မြင်ကြပါတယ်။ ဗမာပြည်ဆိုတဲ့ ပြည်နယ် တခု သတ်သတ် မှတ်မှတ် ရှိလာရင်တော့ အမြင်တမျိုးရှိကောင်း ရှိလာနိုင်စရာ ရှိပါတယ်။ အားလုံးငြိမ်းချမ်းကြပါစေ။

အားလုံးကိုလေးစားလျှက်
kachinduwa@gmail.com

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်