Sunday, November 18, 2012

အပြစ်ရှိ အစိုးရ ၀န်ထမ်း နယ်ပြောင်းပစ် တယ် ဆိုတာ နယ်ကို ငရဲခန်းနဲ့ နှိုင်းခြင်း ဖြစ်တယ်။



ဒီနေ့ မြန်မာနိုင်ငံရဲ့ ၀န်ထမ်း လောကမှာ လူပြောသူပြောများတဲ့ စကားလုံးဟာ "နယ်ပြောင်းပစ်မယ်" ဆိုတဲ့ အပြစ်ပေးနည်းဖြစ်ပါတယ်။

သိပ်မကြာသေးခင်ကပဲ အကျင့်ပျက်ခြစားတဲ့ ရန်ကုနိပ်ကမ်း အကောက်ခွန် အာဏာပိုင်တွေကိုလဲ နယ်ပြောင်းပစ်လိုက်ပြီ ဆိုပြီး အပစ်ပေးတဲ့ ပုံစံကို တရားဝင် ပြောလာပါတယ်။

နောက်တခုက ကျောင်းဆရာ ကိစ္စပါ။ ရန်ကုန် နဲ့ တခြား မြို့ကြီးတွေမှာ တာဝန်မကျခင် နယ်စွန် နယ်ဖျားကို အရင်သွားမယ်... နောက်မှ ပရိုမိုးရှင်းယူပြီး မြို့ကို ပြန်ပြောင်း ဆိုတဲ့ သံသရာကို လွတ်တော်မှာ တောင် ရန်ကုန်က ကျောင်းဆရာတွေ အမြန်ပြောင်းပေးပါ ဆိုပြီး တရားဝင် တောင်းဆိုလာပါတယ်။ အဲဒီ စနစ်အပေါ် လွတ်တော်အနေနဲ့ ကောင်းမကောင်း မြင်ပုံမပေါ်ပါဘူး။ သူတို့လူတွေ ရန်ကုန် ပြန်ရောက်ရေးသာ တောင်းဆိုပါတယ်။


ဒီတော့…

ကျနော်တို့ နယ်စွန် နယ်ဖျား မြန်မာ နိုင်ငံသားတွေကို မြန်မာ အစိုးရ ပေးတဲ့ ၀န်ထမ်းတွေက အပြစ်ပေးခံရတဲ့ လူတွေနဲ့ သင်တန်းဆင်း ကျောင်းဆရာတွေပေါ့…
ဒီနေရာမှာတင် မြေပြန့်ဒေသ နဲ့ တောင်ပေါ်ဒေသရဲ့ ခွဲခြားဆက်ဆံခြင်း ဆိုတဲ့ အဓိပ္ပါယ်က ပါလာပါတယ်။ နယ်စွန် နယ်ဖျား ဆိုတာ တိုင်းရင်းသား လူနည်းစု တွေအများပိုင်း မှီသင်း နေထိုင်တဲ့ နေရာတွေပါ။ ဒါက နှစ်ပေါင်း ၆၀ ကျော် ကျင့်သုံးလာတဲ့ ဗဟိုချုပ်ကိုင်မှု စနစ် အစိုးရရဲ့ မူတွေပါပဲ။
ရောက်လာတဲ့ ကျောင်းဆရာ နဲ့ ၀န်ထမ်းတွေလဲ သူတို့ ၀န်ကြီးဌာနကိုသာ ဦးစားပေးနေရပြီး၊ ဒေသခံတွေကို ခရုစိုက်တာ မဟုတ်ပါ။ 

ဒါနဲ့ပဲ တိုင်းရင်းသား နယ်မြေတွေရဲ့ အစိုးရပုံစံဟာ စိတ်မပါတဲ့ ၀န်ထမ်းတွေရဲ့ အရက်လာသောက်မဲ့ နေရာ တွေ ဖြစ်လာရပါတယ်။ ပိုဆိုးတာက ပူတာအို၊ ဆွမ်ပရာဘွမ်၊ ချီဖွေ၊ နောင့်မွန်း လို မြို့တွေမှာ တာဝန်ကျ ၀န်ထမ်းတွေဟာ အစိုးရ အလုပ်ဆိုတာ သိပ်မယ်မယ်ရရ မရှိ၊ ဒီတော့ အားအားယားယား နယ်ခံ အမျိုးသမီးတွေကို နည်းမျိုးစုံ လှည့်ဖျားပြီး ဖျက်စီးနေတာ မြင်မကောင်း ရှုမကောင်းလှပါ။ တက်လာသမျှ ၀န်ထမ်းတွေက ရန်ကုန်သား လို့ ပြောကြပါတယ် (ဟုတ် မဟုတ်တော့ မသိ)။ ဒီတော့ ရန်ကုန်အထင်ကြီးတဲ့ ဆင်ခြင်မဲ့ သမီးချောလေးတွေက သူတို့ ပြောသမျှယုံ… နောက်တော့ ဗိုက်တလုံးရလာတာနဲ့ ဌာနပြောင်းသွားပါတော့တယ်။ ဘယ်မှာ လိုက်ရှာရမှန်းလဲ မသိတော့ဘူး။ ဒီလိုနဲ့ ခံလိုက်ရတဲ့ ဒေသခံတွေ ဒုနဲ့ဒေး ပါ။ တာက ဥပမာ တွေ အများကြီးထဲက ပါးပါးလေးပဲ ရှိပါသေးတယ်။

ဒါကြောင့်…

တိုင်းရင်းသားတွေ လိုနေတာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပါ….
ရန်ကုန်၊ နေပြည်တော်က တက်လာတဲ့ အပြစ်ပေး ၀န်ထမ်း မလိုအပ်ပါ၊ လိုလဲ မလိုချင်ပါဘူး။ ကျနော်တို့ နယ်ခံတွေ ကိုယ့်ဒေသက ဌာန မှာ ကိုယ်တိုင် စိတ်ဝင်တစားနဲ့ အုပ်ချုပ်ရေး တာဝန်ယူချင်ပါတယ်။ 

နယ်ခံ ကျောင်းဆရာကို ဒေသခံတွေကိုယ်တိုင် သူတို့ကို စေတနာ ရှိတဲ့ ကျောင်းဆရာတွေကို ခန့်ချင်ကြပါတယ်။ စိတ်မ၀င်စားပဲ ပရိုမိုးရှင်း လာယူတဲ့ ကျောင်းဆရာမျိုး အလိုမရှိပါဘူး။ ဒါမှလဲ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ဘ၀ လုံခြုံစိတ်ချရမှာပါ။ 

တိုင်းရင်းသား ဒေသ တွေကို ငရဲခန်း မလုပ်လိုက်ပါနဲ့။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်