Friday, February 28, 2014

လာခီးလာ ညီလာခံသို့ တင်ပြသော အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း

အစိုးရ ပြည်ထောင် စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီသည်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် တနိုင်ငံ လုံးအပစ် အခတ်ရပ် စဲရေး စာချုပ် ချုပ်ဆိုရေး အတွက်၎င်းတို့ချုပ် ဆိုလိုသည့် စာချုပ် မူကြမ်းကို ပြီးခဲ့သည့် ဇန္နာရီလ အကုန်ပိုင်း တွင် ကရင် အမျိုးသားအစည်း အရုံး (KNU) နယ်မြေ လောခီးလာ စခန်း၌ ကျင်းပသော ဒုတိယ အကြိမ်  တိုင်းရင်း သားလက်နက် ကိုင်ညီလာ ခံသို့ တင်ပြ ထား ပါသည်။
၎င်းတို့၏ စာချုပ် မူကြမ်း ကို (PDF) ဖိုင်ဖြင့် ရထား သဖြင့် ရွှေဟင်္သာ သတင်းဌာန မှပြန်လည်ရိုက်နှိပ်ပြီး အောက်ပါ အတိုင်း တင်ပြလိုက် ပါသည်။
-လှို့ဝှက်-
ပြည်ထောင်စု သမ္မတမြန်မာနို င်ငံ၏ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူ ညီချက်
(မူကြမ်း)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရနှင့် တိုင်းရင်း သားလက် နက်ကိုင် အဖွဲ့အ စည်းများ အကြား ချုပ်ဆိုသည့် တနိုင်ငံ လုံးဆိုင်ရာ အပစ်အ ခတ်ရပ် စဲရေး သဘောတူ ညီချက်သည်ယခင်က သဘောတူ ချုပ်ဆိုခဲ့သော သဘောတူညီ ချက်များ အားပြန် လည်အမှတ်ရခြင်း ၊အသိအ မှတ်ပြုခြင်း၊ ပိုမိုခိုင် မာစေခြင်းနှင့် ထပ်ဆင့် အတည်ပြုခြင်း ဖြစ်ပြီး အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှု မှတဆင့် တည်တံ့ခိုင်မြဲ သည့်ငြိမ်းချမ်းရေး ရရှိရေး ကိုဦးတည် ပါသည်။
နိဒါန်း
ဤသဘော တူညီချက်ကိုလက်မှတ်ရေး ထိုးသည့်ကျွန်ုပ်တို့အားလုံး သည် -

Thursday, February 27, 2014

ဖက်ဒရယ် စနစ် ဆိုတာ မျိုးစောင့် ဥပဒေ ပါ။

မြန်မာ စစ်ခေါင်းဆောင် တွေက ဖက်ဒရယ် စနစ် ကိုတော့ မကြိုက်ဘူးတဲ့၊ မျိုးစောင့် ဥပဒေ တော့ ပြဌာန်းမယ် ဆိုပဲ။

လူမျိုးတိုင်း၊ ဒေသန္တရတိုင်းဒေသတိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရင် မျိုးစောင့် ဥပဒေ ဆိုတာ မလိုပါ။ ဘာဖြစ်လို့ ဆိုတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ သာသနာ အရေး ကိုယ်တိုင် လုပ်ဆောင်ခွင့်ရလို့ပါပဲ။

ဗမာလူမျိုးတွေလဲ ဗမာဒေသတွေမှာ ကိုယ့်နည်း ကိုယ့်ဟန် လွတ်လွတ်လပ်လပ် ကျင့်သုံးခွင့် ရှိသလို၊ ကျန် တိုင်းရင်းသား တွေလဲ ကျင့်သုံးခွင့် ရှိလာမှာ ဖြစ်တယ်။

ရှင်းရှင်း ပြောရရင် ဖက်ဒရယ် ပြည်ထောင်စု စနစ် ဆိုတာ တိုင်းရင်းသားတွေ ကိုယ့် လူမျိုး၊ ကိုယ့် စာပေ၊ ကိုယ့် ဘာသာစကား၊ ကိုယ့် ယဉ်ကျေးမှု၊ ကိုယ့်ဘာသာတရား တွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ လိုလားခြင်းပဲ ဖြစ်ပါတယ်။

Wednesday, February 26, 2014

ဒီမိုကရေစီ၊ ဖွံ့ဖြိုးမှု နဲ့ ဘ၀တန်ဖိုး

ဒီမိုကရေစီ တော့ လိုချင်တယ်၊ လူတန်းစား၊ လူမျိုး။ ဘာသာ ကိုတော့ ခွဲခြားဆက်ဆံချင်တယ် ဆိုပြီး ရွေးယူလို့ မရ ပါ။ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင် တခု နဲ့ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးမှုဟာလဲ တိုက်ရိုက် ဆက်နွယ်နေလေသည်။

ဒီမိုကရေစီ ရဲ့ အနှစ်သာရ သည် လူများစုရဲ့ သဘောဆန္ဒအရ လိုချင်တဲ့ အစိုးရ ပုံစံ ကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် လူများစုရဲ့ သဘောဆန္ဒအရ လူမျိုး၊ ဘာသာ၊ လူတန်းစား ခွဲခြားခြင်း မဟုတ်။ လူများစုက လူနည်းစု ကို အများသဘောနဲ့ သတ်ဖြတ် နှိပ်ကွပ်လို့လဲ မရပါ။ ရှင်းရှင်း ပြောရရင် လူများစုရဲ့ သဘောဆန္ဒနဲ့ ဥပဒေ ချိုးဖေါက်လို့မရပါ။

ဥပဒေ လို့ ဆိုရာဝယ် နိုင်ငံတိုင်းရဲ့တည်ဆဲ ဥပဒေ ရှိသလို နိုင်ငံတကာ ဥပဒေ စည်းမျဉ်းစည်းကမ်းများလဲ ရှိလေသည်။ နိုင်ငံတနိုင်ငံကိုလဲ နိုင်ငံတကာ စံချိန်စံညွန်းနဲ့ အရမ်းကို ကွာခြားပြီး ရေးဆွဲလို့ မရပါ။ ကိုယ့်နိုင်ငံကို ဘယ်လိုပုံစံ လိုချင်တယ်၊ ကိုယ့် နိုင်ငံကို ခေတ်သစ်လူ့ဘောင်နဲ့ သဟဇာတ ဖြစ်တာ လိုချင်သလား၊ ခေတ်သစ်လူ့ဘောင်နဲ့ သွေဖယ်ပြီး သီးသန့် နေချင်သလား ဆိုတာ အများပြည်သူက ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ဒီလို ဆုံးဖြတ်မှု မှန်ကန်အောင်လဲ ပြည်သူ တစ်ယောက်ချင်းရဲ့  အတန်းပညာ၊ ဥာဏ်ပညာ အရည်အသွေး မြင့်မားမှုက စကား ပြောလာတယ်။

ဒါကြောင့် ဒီမိုကရေစီ လူ့ဘောင် ကို တည်ဆောက်ရာမှာ အရေးအကြီးဆုံးသည် ပညာရေးမှာ ရင်းနှီးမြုပ်နှံဖို့ အရေးတကြီး လိုအပ်သည်။

Tuesday, February 25, 2014

ချင်းတောင်က အဖြစ်အပျက်

ချင်းပြည်နယ်မှာ တဲ့။

ကရင်ဓမ္မဆရာ တစ်ပါး ချင်းခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းမှာ ဗမာလို တရားဟောရတယ်။

ချင်း ဆရာ တစ်ပါးက ချင်းလို ဘာသာပြန်ပေး သတဲ့။ (သက်ကြီးရွယ်အို တော်တော်များများက ဗမာ စကားမတတ်ကြဘူး။)

ဒါနဲ့ ချင်း ဆရာ ကလဲ ဗမာ စကား ကို ချင်း လို ဘာသာပြန်တာ တိုက်ရိုက် အသုံးအနှုံးတွေ သိပ် မရဘူး။ 

တနေရာမှာတော့ ကရင်ဆရာကပြောတယ်။

"ကောက်ကျစ် တယ် ဆိုတာ ဘုရား အလိုတော်နဲ့ မညီဘူး။"

လို့ ပြောလိုက်တယ်…

ချင်း ဆရာကလဲ “ ကောက်ကျစ်“ ဆိုတာကို ချင်းလို ဘယ်လို ဘာသာပြန်ရမှန်းမသိတော့ဘူး… ဒါနဲ့

“ဗမာ စိတ်ဓါတ်မျိုးဟာ ဘုရားအလိုတော်နဲ့ မညီဘူး၊“ ဆိုပြီး ဘာသာပြန်လိုက်တော့ အားလုံး သဘောပေါက်သွား သတဲ့။

Monday, February 24, 2014

ဖက်ဒရယ်ကို ငြင်းပယ်ထားခြင်းရဲ့ အကျိုးဆက်။

လူမျိုးတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေး ရှိနေရင် သေနတ်ကိုင်စရာမလိုပါ။

မြန်မာပြည်ဟာ မဆင်းရဲသင့်ပဲ ဆင်းရဲနေရတဲ့ နိုင်ငံ ဖြစ်တယ် ဆိုတာ ကမ္ဘာ့ စီးပွါးရေး ပညာရှင်တွေက ထောက်ပြကြပါတယ်။

၂၀၁၃ ခုနှစ် အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ စီးပွါးရေး အခွင့်အရေးများကို ကောင်းကောင်းထောက်ပြထားပါတယ်။ သူတို့ အပြောအရ ဆိုရင် ဘယ်လိုမှ ဆင်းရဲစရာ အကြောင်းမရှိ။

ဘာဖြစ်လို့ ဆင်းရဲသလဲ

ပြောစရာတွေတော့ အများကြီး ရှိမှာပါ။

ပြည်တွင်းစစ်ကြောင့်၊ စစ်အာဏာရှင်ကြောင့်၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်၊ ဆိုရှယ်လစ်စနစ်ကြောင့်၊ ဗဟိုဦးစီး စနစ်ကြောင့်၊ နိုင်ငံရေးပဠိပက္ခများကြောင့်၊ အမြင်မတူမှုများသောကြောင့်၊ စသည်စသည်များ အမျိုးမျိုးတွေးကြ၊ ပြောကြပါလိမ့်မယ်။

ဒါတွေအားလုံးကြောင့် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒါတွေ ဖြစ်လာရတဲ့ အကြောင်းရင်းကို စဉ်းစားရမယ်။

ပြဿနာအရင်းအမြစ်ကတော့…

ပြည်ထောင်စု ဆိုတာ ပင်လုံစာချုပ်ကလာတယ်။ မြန်မာဘုရင်များလက်ထက်က လာတာမဟုတ်။

၂၀၀၈ အခြေခံ ဥပဒေ မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ရှိခဲ့တဲ့ သမိုင်းကို ဗမာ ဘုရင်များ လက်ထက်က သမိုင်းနဲ့ ဆွဲသွင်းခဲ့တယ်။

ဗမာ ဘုရင်များ လက်လက်က ဘယ်တော့ အခါမှ ပြည်ထောင်စု မဟုတ်ခဲ့ပါ။

ကချင်လူမျိုးတွေက ဗမာဆိုတဲ့ လူမျိုး မြင်တောင် မြင်ဖူးတာ မဟုတ်။ ဗမာ စကားလဲ ပြောတတ်တာ မဟုတ်။ ရှမ်းပြည်သားတွေ အခုထိ မန္တလေးဆင်းရင် ဗမာပြည်သွားမယ် လို့ ပြောကြတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆိုတာ ပင်လုံစာချုပ်က လာတယ်။ ရှင်းရှင်း ပြောရရင် ၁၉ ၄၈ မှာ ပြည်ထောင်စု ကြီး ဖြစ်လာတယ်။

ကချင်အလံ ရှင်းတမ်း


KIO/KIA အလံ နဲ့ ကချင်အမျိုးသား အလံကို မသဲကွဲပဲ ကချင်အမျိုးသား အလံ ကို ကေအိုင်အေ အလံ ဆိုပြီး ရောသမ နေခြင်းဟာ ဒီနေ့ခေတ်အထိ မြန်မာအစိုးရ ဟာ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စ ဘယ်လောက်ထိ စိတ်ဝင်စားတယ် ဆိုတာ ညွန်ပြနေခြင်း ဖြစ်ပါတယ်။

ကချင်အမျိုးသားအလံ ကို ကေအိုင်အေ အလံ နဲ့ ရောပြီး မရောင်းခိုင်း၊ မသုံးခိုင်းခြင်းဟာ

ဖြစ်နိုင်တာက

(၁) သိသိကြီးနဲ့ ကချင်လူမျိုးများရဲ့ အမျိုးသားရေး လက္ခဏာကို ပပျောက်သွားအောင် လုပ်နေခြင်း ဖြစ်တယ်။

(၂) မသိလို့ လုပ်မိ၊ ပြောမိပါတယ် ဆိုရင်၊ မြန်မာအစိုးရဟာ တိုင်းရင်းသားတွေနဲ့ ဆိုင်တဲ့ အရေးကိစ္စကို အိမ်မွေးခွေးလောက်တောင် ဂရုမစိုက်တာလဲ ဖြစ်နိုင်တယ်။ (ကချင်ပြည်နယ်ရောက်တဲ့ တိုင်းမှူးတွေက အိမ်မွေးခွေးရဲ့ မွေးနေ့ ကောင်းကောင်းသိတယ်။ မွေးနေ့ပွဲလုပ်ပြီး မှောင်ခိုသမားတွေဆီက လက်ဆောင် လက်ခံတတ်လေ့ ရှိတယ်၊ လို့ ပြောကြပါတယ်။)

Monday, February 17, 2014

Independence ဆိုတာ ဗုဒ္ဓ တရား ဖြစ်တယ်။


ကိုယ့်ကိုကိုယ်သာ အားကိုးရာ ဆိုတဲ့ တရားဟာ ဗုဒ္ဓတရားတော် ဖြစ်တယ် ဆိုရင် Independence ဆိုတဲ့ အမှီအခိုကင်းတဲ့ဘ၀ ကို တောင်းနေတဲ့ လူမျိုးတွေကို ဗုဒ္ဓဘာသာဝင်စစ်စစ်တွေ သဘောမတူနိုင်စရာ အကြောင်းမရှိ။

KIA ရဲ့ အရှည်က (မသိသူများအတွက်) Kachin Independence Army လို့ခေါ်တယ်။ Independence ဆိုတာ dependence (မှီခို) ရဲ့ ဆန့်ကျင်ဖက် စကားလုံးပါ။

ကချင်တွေ တောင်းနေတာ ရိုးရိုးလေး၊ အောက်ပြည်က လူတွေကို အားမကိုးပဲ ရပ်တည်ဖို့ ဖြစ်တယ်။

အဲဒါကြောင့်

ဝန်ချီး အုန်းမြင့် ပြောသလို မြန်မာပြည်တ၀န်းက ကျေးရွာတိုင်းက ကျောင်းတွေ၊ ရေတွင်း တွေကို ၀န်ချီးက လာလုပ်ပေးဖို့မဟုတ်။ အဲဒီ ကျေးရွာသူ၊ ကျေးရွာသားများကို လုပ်ပိုင်ခွင့် ပေးဖို့ပဲ အရေးကြီးတာပါ။

ဒီလို ပြောလိုက်ရင် အဲဒီ အသေးအဖွဲအလုပ်လေးတွေကအစ အစိုးရ မလုပ်ခိုင်းဘူး ဆိုပြီး ပြောတယ် ထင်နေအုံးမယ်။

ဆိုလိုချင်တာ အာဏာ ဖြစ်တယ်။

အောက်ခြေအဆင့်အထိ လုပ်ပိုင်ခွင့် အာဏာ ပေးဖို့ ဖြစ်တယ်။

စာပေဟောပြောပွဲ ပြဿနာမှာ တွေ့ရတဲ့ လူတန်းစား နှစ်မျိုး



ဒီ စာပေ ဟောပြောပွဲနဲ့ ပတ်သက်ပြီး ငြင်းခုန်ကြတဲ့ နေရာမှာ လူတန်းစား ၂ မျိုးတွေ့လာရတယ်။

စာပေဟောပြောပွဲ ပိတ်သူ ဘုန်းကြီးများကို အားပေးတဲ့လူများရဲ့ အကောင့် ကို တခုချင်း လေ့လာလိုက်တဲ့ အခါမှာ

(၁) အဆဲသန်တဲ့အချက်
(၂) လက်ရှိအစိုးရ ကို တခါမှ မဝေဖန်ဖူးတဲ့အချက်၊ (မဝေဖန်တတ်တာလဲ ပါမယ်။)
(၃) စစ်တပ် ကို အမွန်းတင်တဲ့အချက်၊
(၄) ကျန်တဲ့အချိန်တွေမှာ နိုင်ငံရေး စကား သိပ်မပြောတတ်တဲ့အချက်၊ (နိုင်ငံရေးအကြောင်း သိပ်နားမလည်သူများလဲပါ။)
(၅) ပညာအရည်အချင်း နှိမ့်ကျနေသူများ ဖြစ်နေတဲ့အချက်၊
(၆) နိုင်ငံရပ်ခြားမှာ နေသူ ဖြစ်နေရင်၊ အောက်ခြေအလုပ်သမား ဖြစ်နေတဲ့အချက်၊
(၇) တချိန်လုံး စစ်တပ် လော်ဘီ လုပ်နေသူများ အားလုံးပါဝင်နေတဲ့အချက်၊
(၈) ဗမာလူမျိုးများ ဖြစ်နေတဲ့အချက်

တွေ သွားတူနေတာ တွေ့ရတယ်။

Census... a bullet that killed all the etnic solidarity in Myanmar

February 17, 2014 at 8:39am

၁၇ ဖေဖော်ဝါရီလ
 by Khon Ja

အို ဘာတဲ့တုန်း။။။ National Happiness နဲ့ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို တိုင်းတာတယ်။ ဟုတ်လား???


တိုင်းရင်းသားတွေအနေနဲ့ စုပေါင်း တောင်းဆိုနေတာ သန်းခေါင်စာရင်း “မကောက်ဖို့ မဟုတ်ပါဘူး” “စနစ်တကျ မှန်ကန်စွာ၊ ဘေးအန္တရယ်ကင်းစွာ၊ စည်းလုံးညီညွှတ်စွာ၊ လူတိုင်း ပူးပေါင်း ပါဝင်နိုင်အောင် ကောက်ယူဖို့” ဖြစ်ပါတယ်။


ဒီမနက်မှာ... UNFPA က မိန်းမ ရာထူးကြီးကြီး နိုင်ငံခြားမ တယောက် ကျွန်မ မနိုးခင်းဖုန်းဆက်လာတယ်။


သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး Press Conference လုပ်တာနဲ့ ပတ်သက်လို့ သိချင်ပါသတဲ့။ ဘာအတွက် တောင်းဆိုသလဲ။ လွန်ခဲ့တဲ့ တပတ်က နေပြည်တော်မှာ အစည်းအဝေး ဘာလို့ လာမတက်သလဲ တဲ့။ ထုံးစံအတိုင်း ကျွန်မက ပြန်ပြောတော့လည်း သန်းခေါင်စာရင်းကောင်ပြီးရင် တိုင်းရင်းသားတွေနဲ့ တိုင်ပင်မှာပါတဲ့... ပြီးတော့ ဒီကိစ္စက နင်တို့ အစိုးရနဲ့ နင်တို့ ဆွေးနွေးရမှာတဲ့။။ မှန်လိုက်တာ။


၁) နေပြည်တော် အစည်းအဝေး ကို ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ လုပ်တယ်။ တိုင်းရင်းသား ထဲက ၄ မျိုးပါသွားပေမဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အနေနဲ့ ပါသွားတာ မဟုတ်ဘူး။ By Name နဲ့ ဖိတ်ခံရတဲ့ လူတွေ ပါသွားတာ။ ကချင်အဖွဲ့ကတော့ By Name နဲ့ ဖိတ်သူမဟုတ်ဘဲ ကျွန်မတို့ ပို့ချင်တဲ့လူ ပို့လို့ရအောင် ၃ ရက် အချိန်ယူပြီး ညှိပြီး မြစ်ကြီးနားက ဆရာတယောက်ကို ရအောင် အစားထိုး ထဲ့လိုက်တယ်။


၂) အစိုးရနဲ့ UNFPA က မလိမ့်တပတ် လုပ်ပြီး တက်လာတဲ့ ပရိဿတ်ကို National Technical Advisory Committee ဆိုပြီးး welcome လုပ်ပြီး အော်တော်မက်တစ် ကိုယ့်လူ သူ့ဘက်သား ဖြစ်အောင် လုပ်လိုက်တယ်။ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ၂ နာရီအတွင်းမှာ သူတို့ဖြစ်ချင်တာ ပြောလွှတ်တဲ့ သဘော။ ကံကောင်းချင်တော့ တိုင်းရင်းသား များက မေးခွန်းပြန်မေးတယ်။ အဲဒါကို ဝေ့လည်ကြောင်ပတ် ဖြေပေးခဲ့တယ်။ ကံဆိုးတာက ကိုယ့်တိုင်းရင်းသား တွေကလည်း သူတို့ National Technical Advisory Committee အဖွဲ့ဝင် ဖြစ်ဖို့ လာတာမဟုတ်လို့ လက်မခံပါဘူး လို့ မပြောခဲ့ဘူး။

Saturday, February 15, 2014

သက်တန့်ရောင်လမ်းစဉ်



ခရစ်ယာန်ကျမ်းစာ ဓမ္မဟောင်းကျမ်းမှာ လူသားတွေ ဆိုးသွမ်းမှု များလွန်းတာကြောင့် ကမ္ဘာကြီးကို တခါ ဆေးကြောခဲ့တယ်။ တကမ္ဘာလုံး ရေလွမ်းလို့ လူအများအပြား သေကြေခဲ့ရတယ်။ (ဒီကာလ ကို သိပ္ဗံပညာရှင်တွေက ဒိုင်နိုဆော များ မျိုးသုန်းခဲ့တုန်းက အဖြစ်အပျက် နဲု့ခိုင်းနှိုင်းကြပါတယ်။) ဘုရားစကား ကို လိုက်နာတဲ့ နောဧ ဆိုတဲ့ မိသားစုကျန်ခဲ့တယ်။ သူတို့ မိသားစု ကတော့ ဘုရားရဲ့ အကြံအစည်ကို ယုံကြည်ပြီး ကြိုတင်ပြီး လှေသင်္ဘောကြီး တည်ဆောက်ခဲ့တယ်။ သူတို့ မိသားစု ကို နောက်ဆုံး ဘုရားသခင် ပြခဲ့တဲ့ ငြိမ်းချမ်းရေး နိမိတ် လက္ခဏာ ကတော့ သက်တန့်ရောင် ပါပဲ။
သက်တန့်ရောင် တည်နေသ၍ ဘယ်သောအခါမှ ဒီလို ဘေးဆိုးနဲ့ တရားမစီရင်တော့ပါ။ ဆိုသတဲ့။

ဆိုလိုချင်တာက

သက်တန့်ရောင်လို အရောင်အတွေးစုံနေခြင်း ကို လက်ခံတဲ့ လူ့လောကဟာ ငြိမ်းချမ်းခြင်း ရှိမယ် ဆိုတဲ့ သဘောပါ။

အဲဒီ အိုင်ဒီယာ ကို Unity in Diversity လို့ ပညာရှင်တွေက ခေါ်ကြပါတယ်။

Monday, February 10, 2014

2014 Myen Mung Yuptung Jahpan (2014 Census Myanmar) Hte Seng Nna Ningmu Tang Madun Dat Ai


2014 Census hte seng nna, KIO (Laiza) kaw galaw ai zuphpawng hta 'Kachin (101)" kaw jawm bang na matu myit hkrum ai nga na lu ai hte maren, Ningbaw Kaba a Rawt Malan Mungga hta mung Kachin (101) kaw jawm bang na matu tsun da ai hpe mu lu nga ai.

Ndai hte seng nna loi mi dinglun mayu nngai... 

Kachin (101) kaw jawm bang na matu ngu ai gaw tatut hta n mai byin ai masa re.

Asuya galaw da ai format nan shut taw ai re majaw, dai hpe hpang seng nna n mai shajaw ya ai. 

Ja Ja Ninghkap Ra Ai,

N mai hkap la ai. Dai format hpe nan ading tawk ninghkap ra ai, ngu nna mu lu nngai. Gara hku ninghkap na, ngu ai hpe mahtang jawm myit yu yang kaja na re.

Mungkan shawa chye hkra dai hpe ninghkap ra ai. Asuya hku nna amyu bawsang yawng ninghkap ai kata kaw nna galaw ai rai yang, 

(1) Shawa N-gun madun ra ai... KIO (Laiza) kaw galaw ai nga ai shaloi gaw Asuya hku nna tara shang hkap la lu na yak ai. Dai majaw, Asuya Uphkang ai kaw nga ai amyu sha ningbaw ningla ni hpe ninghkap n-gun madun na matu jasu ra ai. N-gun jaw ra ai.

(2) Kade ninghkap tim, matut galaw na rai yang, anhte amyu sha yawng 'boycott' galaw na matu jasu ra ai. Jahpan n bang lawm na matu mung shawa hpe kata lam jasu ra ai. 

(3) Dai zawn boycott galaw ai hpe UN chye hkra madi madun ra ai.

(4) Kaga amyu bawsang (ethnics) ni hte jawm jahkrup nna jawm ninghkap na matu masing galaw ra ai.

ngu nna hpaji jaw dat nngai.

Tsawra hkungga let,

Facebook Page - 'Duwa Kachin'

ကချင်ပြည်နယ်မှာ ကချင်တွေရဲ့ သမိုင်းများ ဖျက်ခြင်း။


 
 ခေတ်အဆက်ဆက် လူသားသမိုင်းမှာ အရေးအကြီးဆုံးဟာ သခ်ျိုင်း ပါ။ နောက်လူတွေ သမိုင်း အထောက်အထား ပြန်ရှာ ရင် သခ်ျိုင်းမှာ ရှာတတ် ပါတယ်။

ဒီတော့ ဗမာ အစိုးရ ရဲ့ လုပ်ရပ်ဟာ ခေတ် အဆက်ဆက် သမိုင်းအထောက်အထားများ ကို ဖျက်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ လူတစ်ယောက်ရဲ့ မှတ်တမ်းဟာ သခ်ျိုင်းမှာ ရှိ ပါတယ်။ ရာစုနှစ်များစွာ သူတို့ မဖျက် ပါဘူး။ သဘာဝဘေး အန္တရယ် ရဲ့ ဖျက်ဆီးမှု ကိုတောင် ကြိုတင် ကာကွယ်ထားကြပါတယ်။

မြစ်ကြီးနားမှာ ကချင်တွေရဲ့ သခ်ျိုင်း ဘယ် နှခါ ပြောင်းရမှန်းတောင် မသိပါ။

သန်းခေါင် စာရင်း ကိစ္စ ထောင်ချီ နှစ်က


ခရစ်ယာန် ကျမ်းစာထဲမှာ သခင်ယေရှု မွေးဖွါးရာ သမိုင်းအစမှာ ရောမ အစိုးရရဲ့ သန်းခေါင်စာရင်းကောက်တဲ့ ကိစ္စ ကနေ စခဲ့တာပါ။

ပြောချင်တာ.. သူများနိုင်ငံတွေမှာ သန်းခေါင်စာရင်း ကောက်တာ နှစ်ပေါင်း ထောင်ချီ ကြာခဲ့လေပြီ။ ဘာ ပြဿနာမှ မရှိ။

ရောမ အစိုးရ ခေတ်မတိုင်မီ ကတည်းက သန်းခေါင်စာရင်း ကောက်ခြင်းမှာ ကိုယ့် လူမျိုး၊ ကိုယ့်ဌာနေ၊ ကိုယ့် မွေးရပ် ဒေသ မှာပဲ စာရင်း ထည့်ရတာပါ။

အဲဒါကြောင့် သခင်ယေရှု ရဲ့ မိဘ များက သန်းခေါင်စာရင်း ထည့်ဖို့ သူတို့ မွေးဖွါးရာ မွေးရပ်ဇာတိ ဖြစ်တဲ့ ဗက်ဒ်လေဟမ် မြို့လေးသို့ နေ့ည ခရီးနင် သွားခဲ့တာပါ။ အဲဒီ အသွားလမ်းမှာတင် သခင်ယေရှု ကို မွေးခဲ့တယ် လို့ သမိုင်းအစ ဆိုထားပါတယ်။

Sunday, February 9, 2014

Ndai wa hpe sadi ga!!!!!!!!!!!


Anhte Jinghpaw Wunpawng amyu sha ni gaw makam masham lam hku rai yang yawng hpe kam loi ai re majaw, tai hpyen wa gaw ladat amyu myu shaw nna shang wa ai hpe sadi ra ai.

Gospel Interview nga ai youtube hku sasana galaw nga ai Sam sara langai gaw grai nhten na zawn rai nga ai.

Thursday, February 6, 2014

မြန်မာ နဲ့ ထိုင်း ဘာကွာလဲ?

ပြီးခဲ့တဲ့ ၂ နှစ် က ထိုင်းနိုင်ငံမှာ ကျင်းပ တဲ့ မနောပွဲကို ဒူဝါ သွားခဲ့ ပါတယ်။

ပြန်လာတော့ သူငယ်ချင်း တစ်ယောက်က မေးတယ်။

ထိုင်း နဲ့ မြန်မာ ဘာကွာလဲ တဲ့။

ကွာတာတော့ အများကြီး ပါ။

ထင်သာ မြင်သာ လူတကာ သိတဲ့ ထုထည် ပိုင်း ပြောရမယ် ဆိုရင်တော့...

လမ်း၊ တံတား တိုက်တာ အဆောက်အအုံ မိုးနဲ့ မြေ ကွာတယ်။
ဖုန်းကတ် (SIM) ထိုင်းမှာ အလကား ပေးတယ် (လေဆိပ် အ၀င်မှာ)။ မြန်မာမှာက ၅ သိန်း အထက် ပေးဝယ်နေရဆဲ။ ဖုန်းလိုင်း နေရာတကာ မိတယ်.. မြန်မာမှာ အော်ပြောနေရဆဲ။

အင်တာနက်လိုင်း ထိုင်းမှာ တီဗီ နဲ့ ကြည့်လို့ ရနေချိန် မြန်မာမှာ..... loading....

စစ်ဖြစ်ရခြင်း ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ နှင့် ဖြစ်သင့် ဖြစ်ထိုက်သော နိုင်ငံရေး လမ်းစဉ်


ပြီးခဲ့တဲ့ ၂ နှစ်တာကာလမှာ ဖြစ်ခဲ့တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာ အစိုးရ တပ်ကြား စစ်ပွဲသတင်းတွေ ဖတ်ပြီး Facebook ပေါ်က ကောမ်မန့်တွေကို ဖတ်ရင်း အတွေး တခု ရလာပါတယ်။
မြန်မာ စစ်တပ် အတိုင်းအ၀ိုင်းကတော့ သူပုန်မို့လို့ တိုက်တယ် ပေါ့၊ ကချင်လူမျိုးတွေကို တိုက်တာ မဟုတ်ဘူး၊ ဘာညာ ဆိုပြီး ပြောနေတာတွေ့ရပါတယ်။
အလားတူပဲ ကချင်လူမျိုးလို့ ထင်ရတဲ့ လူငယ်တော်တော် များများကလဲ မကျေမနပ်နဲ့ တုန့်ပြန်တာတွေ ဆဲတာတွေ တွေ့လာရပါတယ်။

ဒီနေရာမှာ……

မြန်မာ အစိုးရ က၊ ဥပဒေအရ လုပ်တယ်ပဲ ဆိုဆို၊ အစိုးရ စစ်တပ်မို့လို့ လုပ်ရမယ့်တာဝန်ရှိုလို့ပဲ ပြောပြော ကချင်တွေရဲ့ အမြင်မှာတော့ မြန်မာ စစ်တပ်ဟာ ကချင်တော်လှန်ရေး စစ်တပ်ကို တိုက်နေတဲ့ ရန်သူ စစ်တပ်ပါပဲ၊ အစိုးရအဖြစ် တရားဝင်တဲ့ စစ်လို့ မမြင်ပါဘူး။

ဒီလိုပဲ မြန်မာ လူမျိုးတစ်ယောက်အနေနဲ့ မြန်မာ အစိုးရ စစ်တပ် အနေနဲ့ အခုလို ကချင်တော်လှန်ရေး စစ်တပ်ကို တိုက်ထုတ်နေတာ လုပ်သင့်လုပ်ထိုက်တဲ့ ကာကွယ်ရေး အလုပ်လို့ မြင်ပါလိမ့်မယ်။ မြန်မာလူမျိုးတွေရဲ့ ဘာသာ၊ သာသနာ ကို ကာကွယ်တယ် လို့တောင် ထင်ပါအုံးမယ်။

Wednesday, February 5, 2014

စိတ်ပျက် စရာ ကောင်းတဲ့ မြန်မာ့ သန်းခေါင်စာရင်း


ယူအန် က နေ မြန်မာ နိုင်ငံ ကို နှစ်ပေါင်း သုံးဆယ် ကျော် အထိ သန်းခေါင် စာရင်း အမှန်အကန် မရှိပဲ အုပ်ချုပ်နေတဲ့ အစိုးရ အတွက် အကူအညီ ပေးခဲ့ ပါတယ်။

နည်းနည်းနောနော မဟုတ်... ဒေါ်လာ သန်းချီ ပါ။

ဒါပေမယ့် ဗမာ အစိုးရ က လက်နက် တဖွယ် အသုံးချခဲ့တယ်။

မြစ်ကြီးနား မှာ ခရိုင် လ၀က အရာရှိ လိုက်ဟောတဲ့ ပွဲတွေမှာ ပြောသွားတာက တခြားတော့ သိပ်မမှတ်မိ... သူ အခေါက်ခေါက် အခါခါ ပြောတာက
နိုင်ငံတော်က စေတနာ နဲ့ ငွေကုန်ကြေးကျခံပြီး လုပ်ပေးတာဖြစ်တဲ့ အတွက် ပြည်သူ အားလုံး အားသက်တရော ပါဝင် ကြပါ။ဆိုသတဲ့။ (မသိတဲ့ တောသူ တောင်သား၊ သတင်း မဖတ်တဲ့ လူတွေအတွက် တော့ ဟုတ်ပ့ ပေါ့။ သူများ က အကုန်အကျ ခံ ပေး တာ မသိရှာပဲကိုး။)

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်