Friday, December 13, 2013

လူ့အခွင့်အရေး နဲ့ ဒီမို ဟာ မြန်မာ့အမျိုးသားရေး ရန်သူလား?


ဒီပိုစ့်က Michael Thu ကို တိုက်ခိုက်တဲ့ ပိုစ့် မဟုတ်ဘူးနော်။
သူ့ပိုစ့်မှာ မန့် မရလို့ ဒီမှာ တင်ဆွေးနွေးတာပါ။

ကျနော်ခပ်မှန်းတတ်သလောက် Michael Thu ဆိုတာ ရဲ တပ်ဖွဲ့ဝင် ဖြစ်မယ်။ ဒါမှ မဟုတ် လက်ရှိ အစိုးရ ၀န်ထမ်း (လက်နက်ကိုင်အဖွဲ့ တခုခုက) ဖြစ်လိမ့်မယ် လို့ ယူဆ ရပါတယ်။ သူ့ ကလေးမွေးတဲ့ အချိန် သူက အိမ်မှာ မရှိပါဘူး။ လက်ရှိ အစိုးရ ကို အကောင်းမြင်သူ လို့ ယူဆ ရပါတယ်။ (ဟုတ်ကဲ့ မြန်မာပြည်မှာ နှစ် ၅၀ ကျော်ကြာ အစိုးရ ဝေဖန်ရေးသမားတိုင်းက အဆိုးမြင်ဝါဒီ ဖြစ်တတ် ပါတယ်။ သူက ဒီလို မဟုတ်ပါဘူး။ ဘယ်တော့မှ အစိုးရ မဝေဖန်ဖူးဘူး။ မဝေဖန် တတ်တာလဲ ပါမှာပါ။) ဒူဝါ ရဲ့ စာမျက်နှာမှာ အမြဲတမ်း လာအားပေးလို့လဲ ကျေးဇူးတင်ပါတယ်။

ကဲ.. ဒါတွေ ထား... အခု ဒူဝါ ပြောချင်တဲ့ ကိစ္စက သူ့ပိုစ့် ပါ။

မြန်မာပြည်မှာ ခက်တာက ဒီလို အတွေးအခေါ် ပါ။ Michael Thu တစ်ယောက်ထဲ မဟုတ်ဘူး။ ကြံ့ဖွတ်အဖွဲ့ဝင် အပါအ၀င် အစိုးရ စစ်မှုထမ်းတော်တော်များများ (အားလုံးမဟုတ်) မှာလဲ အမျိုးသားရေး နဲ့ ဒီမို၊ လူ့အခွင့်အရေး ဆိုတာတွေကို တွဲမမြင်တတ်တာ မြန်မာပြည်ရဲ့ ပြဿနာ ဖြစ်ပါတယ်။

အမျိုးသားရေး နဲ့ ဒီမို၊ လူ့အခွင့်အရေး ဆိုတာ ရန်သူလား? ဒီလိုဆိုရင် မြန်မာပြည်ရဲ့ ဒီမိုကရေစီ ဆိုတာ ဘာလဲ? လူ့အခွင့်အရေး ဆိုတာ ဘယ်သူ့အတွက်လဲ... မြန်မာတွေကော လူ မဟုတ်ဘူးလား? ဆိုတဲ့ အတွေးတွေ ချက်ချင်း ပေါ်လာပါတယ်။

တကယ်တော့ ဒီမိုကရေစီ ဆိုတာ အမျိုးသားရေး ပါ။ လူ တစ်ဦးတစ်ယောက်ချင်းနဲ့ ဆိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ Michael Thu နဲ့ အပေါင်းအပါ မိသားစုတွေ အတွက်လဲ ပါတယ်။

မြန်မာပြည်ရဲ့ အမျိုးသားရေး သိက္ခာ ကျရှုံးခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ (မယုံရင် နိုင်ငံခြား သွားကြည့်ပါ မြန်မာ့ နိုင်ငံကူး လက်မှတ်မြင်ရင် သူများ ဘယ်လို ဆက်ဆံသလဲ သိရတာပေါ့။) အဲဒီ အချိန်အတွင်း အုပ်ချုပ်ခဲ့တဲ့လူတွေဟာ ဒီမို နဲ့ လူ့အခွင့်အရေး ကို ဘေးချိတ်ပြီး အမျိုးသားရေး ဆိုတာကြီးကို ရှေ့တန်းတင်ထားတာပါ။ ဘယ်မှာ ကောင်းလာတာ ရှိလဲ? နောက်ထပ် ဘယ်နှစ်နှစ်များ ထပ်လိုချင်သေးသလဲ။ Michael Thu?

အဲ... ခင်များတို့ ပြောသလို ဒီမို၊ လူ့အခွင့်အရေး ဆိုတာ ကုလား အားပေးတဲ့ ၀ါဒ ဆိုရင် ဒီမို၊ လူ့အခွင့်အရေးတွေ ဘေးချိတ်တဲ့ နှစ် ၅၀ အတွင်းမှာ မွတ်ကုလား မရှိတော့ဘူးလား? (မွတ်ဆလင်များကို စော်ကားခြင်း မဟုတ်ပါ။ အမြင်ဖွင့်ပေးခြင်းသာ ဖြစ်ပါတယ်။)

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်