Thursday, December 12, 2013

SEA Games 2013 မှာ ကမ္ဘာကျော်တဲ့ မြန်မာ့သတင်းများ။


SEA Games 2013 ဟာ မြန်မာက ကမ္ဘာကို အစွမ်းပြလိုက်တဲ့ပွဲ ဖြစ်တယ် "မြန်မာ့ အမျိုးသားအောင်ပွဲ" လို့ တချို့က ဆိုကြပါတယ်။

ဒူဝါကလဲ အင်္ဂလိပ်စာတွေ နဲနဲ ဖတ်တတ်တော့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဘာရေးထားတယ် ဆိုတာ သိနေတယ်။ မြန်မာ့ ညစ်ပုံ ညစ်နည်း နာမည်ကြီးသွားတာကတော့ အသေအခြာ ပါ။

ဘာတဲ့။

(၁) အိမ်ရှင် မြန်မာက  ဘယ်သူမှ မကစားတတ်တဲ့ မြန်မာ့ခြင်းခတ်အလှပြပြိုင်ပွဲ (ပိုက်ကျော်ခြင်း မဟုတ်) ကို ထိပ်ဆုံးဇယားမှာ အကောင်းဆုံး ဆုတွေနဲ့ ထည့်ထားတယ်။ အဲဒါကြောင့် တချို့နိုင်ငံတွေက ကန့်ကွက်တဲ့ အနေနဲ့ ပြိုင်ပွဲဝင် နည်းနည်းပဲ လွတ်တော့မယ်။ (http://southeastasiansports.blogspot.com/2013/06/cambodia-laos-to-take-advantage-at-2013.html)

(၂) နိုင်ငံတကာမှာရော၊ အရှေ့တောင် အာရှမှာပါ အမြဲ ပါနေကျ၊ နိုင်ငံတိုင်းပါဝင်နိုင်တဲ့ ကစားနည်းများ ဖြစ်သော်လည်း မြန်မာ ဘယ်တော့မှ ရွှေ မရဖူးတဲ့ ကစားနည်း အားလုံးလိုလို ဖြုတ်ထားလိုက်တယ်။

(၃) မြန်မာ့ ပရိသတ်တွေဟာ ဆီးဂိမ်းကွင်းသစ် ကို ဖျက်ဆီးလိုက်တယ်။

-http://sports.inquirer.net/112895/sea-games-football-fans-damage-myanmar-stadium
-http://www.foxnews.com/world/2013/08/05/football-fans-damage-myanmar-sea-games-stadium/?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+foxnews%2Fworld+%28Internal+-+World+Latest+-+Text%29

(၄) တချို့ ကစားနည်းတွေမှာ မြန်မာ့အကြိုက် အမှတ်ပေးနည်းတွေနဲ့ စီစဉ်ထားတယ်။ (http://www.nst.com.my/sports/other/standing-tall-1.429560?cache=03%2F7.249451%2F7.284223%3Fkey%3DKuala)
 
(၅) မြန်မာက ရွှေတံဆိပ် ၁၀၀ ခု ရအောင် ယူဖို့ မျော်လင့်ကြောင်း အားကစားဝန်ကြီး ပြောတယ်။ အရင် ဆီးဂိမ်းမှာ ၁၆ ခုပဲ ရရာက သုံးဆ တောင် အရယူမယ် ဆိုတော့... (http://sports.inquirer.net/134985/sea-games-bullish-myanmar-targets-100-gold-medals)

ဆိုတော့ ခါတိုင်း ဆီးဂိမ်းတွေမှာ လိုက်အားပေးနေတဲ့ ပတ်ဝန်းကျင် နိုင်ငံက လူငယ်တွေ မြန်မာပြည်က ဆီးဂိမ်းကိုကျတော့ ကြောက်လို့ မသွားတော့ဘူးတဲ့။ ဖြစ်ပုံ။

နောက်ဆက်တွဲ သတင်းကတော့

မြန်မာ့ ဆီးဂိမ်းက စီးပွါးရေး ဆီးဂိမ်း တဲ့။ ဆီးဂိမ်း ဆိုတာ အရှေ့တောင် အာရှ နိုင်ငံ မိသားစု တွေရဲ့ ပွဲ ပေမယ့် မြန်မာ အလေးပေးတာက တရုတ် ဖြစ်နေတယ် ဆိုပါလား... (http://www.channelnewsasia.com/news/sport/sea-games-myanmar-open/918538.html)

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်