Friday, December 13, 2013

အကောင်းမြင်မခံရတဲ့သူများရဲ့ နောက်ကွယ်က ကောင်းခြင်းမင်္ဂလာ


အင်အားကြီးသူ နဲ့ ဖိနှိပ်သူ လူတန်းစားများဟာ အင်အားနည်းသူ၊ သူတို့ ဖိနှိပ်ထားသူများရဲ့ ကောင်းကွက်ကို အမြဲတမ်း ချိုးနှိမ်ထားတတ်ကြပါတယ်။

အခုလဲ ကြည့်ပါ။ တောင်အာဖရိကနိုင်ငံရဲ့ တော်လှန်ရေး ခရီးစဉ်မှာ အမြဲတစေ ကူညီခဲ့တဲ့ Cuba နိုင်ငံနဲ့ ခေါင်းဆောင်များကို အင်အားကြီးနိုင်ငံနဲ့ နိုင်ငံတကာ မီဒီယာ တွေက အကောင်းမြင်ခဲ့တာ မဟုတ်ပါဘူး။ နယ်လ်ဆင် မန်ဒဲလား လွတ်မြောက်ခြင်း နဲ့ Apartheid ဥပဒေ ချုပ်ငြိမ်းဖို့ လောက်သာ လူဖြူနိုင်ငံတချို့က ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်လာဖို့ ကျူဘား နိုင်ငံသားတွေ ကျခဲ့တဲ့ သွေးတွေအတွက် အသိအမှတ်ပြု မခံရပါဘူး။

ဒါပေမယ့် နယ်လ်ဆင် မန်ဒဲလား ကတော့ ပြောင်ပြောင်တင်းတင်း ပဲ နိုင်ငံတကာရှေ့ ကျူဘားကို ချီးကျူး ခဲ့ပါတယ်။ ကျေးဇူးတင်စကားလဲ ပြောခဲ့ပါတယ်။ ဒီအတွက် သူ့ရဲ့ ဇာပန အခန်းအနားမှာ ကျူဘား ခေါင်းဆောင် နဲ့ အမေရိကန် သမ္မတ လက်ဆွဲနှုတ်ဆက်ဖို့ အကြောင်းဖန်လာတာပါ။ (http://dncdn.dvlabs.com/ipod/dn2013-1211.mp4)

အဲဒီတုန်းက သူတို့ လက်နက်ကိုင်ပြီး မတော်လှန်ခဲ့ရင် အခုလို ကမ္ဘာ့ ဇာတ်ခုံမှာ အမြင်သစ်တွေ တိုးလာမှာ မဟုတ်ပါ။ လူဖြူတွေဟာ လူမည်းတွေကို တရားဝင် ခွဲခြားဆက်ဆံပိုင်ခွင့်ရှိတယ်၊ ဆိုတဲ့ အမြင်သာ ဆက်လက် ကြီးထွားနေမှာ ဖြစ်ပါတယ်။ သူတို့ကြောင့်ပဲ လောကရဲ့ လူမှုဝန်းကျင် တခုလုံး ပြောင်းလဲ ခဲ့ပါတယ်။ အမြင်ဆန်းများ တိုးပွါးခဲ့ရသလို၊ လူတိုင်းလူမျိုးတိုင်းရဲ့ တန်းတူ အခွင့်အရေး ကိုလဲ အသိအမှတ်ပြုလာပါတော့တယ်။

သတင်းရင်းမြစ်များ

http://uk.news.yahoo.com/comment/talking-politics/censored-why-media-hides-cuba-role-end-apartheid-102945153.html#a6rMe3R

http://www.democracynow.org/2013/12/11/the_secret_history_of_how_cuba

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်